The Blossoming love [Review]



The Blossoming love


The Blossoming love ကို အခုမှ ကြည့်ပြီးတယ်။ ကိုယ့်အမြင် ပြောရရင် တခြား xian Xia ကားတွေနဲ့ ယှဉ်ရင် လျှော့တွက်ခံရတဲ့ (underrated) စီးရီးတစ်ခုလို့ ဆိုရမယ်။ တကယ်တော့ အတော်ကို ကောင်းတာ။ သဘောတရားတွေ၊ အတွေးအမြင် ယူဆချက်တွေက ပုံမှန်ထက် ကွဲထွက်နေတာ ပိုသိသာတဲ့ ကားတစ်ကား။

Xian xia ကား တော်တော်များများ ကြည့်ဖူးပေမဲ့ ရင်ထဲရောက်တာ နဲနဲလေးပဲ ရှိတယ်။ တစ်ခုက Til the end of the moon နောက်တစ်ခုက the blossoming love

ကြည့်ပြီးသွားတော့ အတွေးတွေ စုပြုံနေလိုက်တာများ ပြောမတတ်အောင်ပဲ။ ဇာတ်လမ်းနားလည်နေလို့ ဒီလိုဖြစ်နေတာများလားပဲ။ Reddit မှာ သွားဖတ်ကြည့်တာ ကိုယ်တွေးတဲ့အတွေးလိုမျိုး တွေးမိနေတဲ့သူတွေ တပြုံကြီး တွေ့ရတယ်။ သူတို့ပြောသလို နန်းရွှီးယွဲ့ syndrome တောင် ရမိသလိုလို။

မင်းသား မင်းသမီးကို ကြိုက်လို့ ကြည့်တာမဟုတ်ပဲ ဒီအတိုင်း ပျင်းလို့ကြည့်လိုက်တာ။ အစပိုင်းကတော့ အွန်း … သာမန် ရှန်းရှကားပေါ့လေ။ နောက်ကြည့်ရင်းနဲ့မှ စကြဝဠာနဲ့ချီတဲ့ ဇာတ်ကွက်ကြီးတွေပါ ထွက်လာရော။ အဆုံးထိ ကြည့်ချင်လာအောင် ဆွဲသွားနိုင်တယ်။ future past timeline ၂ ခုပေါင်းတာ။ universe ထဲက universe ရဲ့ အသေးငယ်ဆုံး universe မှာ ဖြစ်ပျက်နေတာကို ဖော်ပြသွားတာ။ ခရစ်စတိုဖာနိုလန်ရဲ့ လက်ရာတွေကိုတောင် သွားသတိရမိတယ်။ သူ့ကားတွေ ကြည့်ဖူးရင် အဲ့ကားကို နားလည်တယ်။

CGI - မိုက်တယ်။ မဆိုးဘူး။ လှတယ်။ မျက်စိဖမ်းစားထားနိုင်တယ်။

Acting - male lead ထက် side male lead က ပိုကောင်းတယ်လို့ ခံစားမိတယ်။ သူနဲ့ အံဝင်ခွင်ကျရှိလွန်းတယ်လို့ ပြောရမလားပဲ။ female lead လည်း တော်တယ်။ ချစ်စရာကောင်းတယ်။ male lead ကျတော့ တခုခုလိုနေသလို ခံစားရတာကလွဲလို့ ကျန်တာ အံဝင်ခွင်ကျရှိပါတယ်။ male lead က မိစ္ဆာဘုရင် နေရာနဲ့မှ ပိုလိုက်သလိုပဲ။

OST and background music - မဆိုးပါဘူး။ ရင်ထဲရောက်တဲ့ အပုဒ်တွေ ရှိတယ်။

ခြုံငုံကြည့်ရင် တန်းတူ ရှန်းရှ ကားတွေထဲမှာ ထူးထူးခြားခြား ရှိနေတဲ့ ကားတစ်ကားဖြစ်ပြီး တိမ်မြုပ်သွားရင် နှမျောစရာကောင်းမဲ့ ကားတကားပဲ။

•••••••••••

Drama: The Blossoming Love
Country: China
Episodes: 40
Aired: Jan 2, 2025 - Jan 23, 2025
Aired On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday
Original Network: Youku
Duration: 45 min.

•••••••••••

Info details - https://mydramalist.com/741959-qian-duo-tao-hua-yi-shi-kai

မြန်မာစာတန်းထိုး (telegram link) - https://t.me/gcchinesecollection/408

အင်္ဂလိပ်စာတန်းထိုး (YouTube) - https://youtube.com/playlist?list=PLIPiKkS-FpK_mrqBuNmPgaCVL8EDQH2lr&si=gboYvffDPq-jv25a




Thank You!


Post a Comment

0 Comments