Love of the Divine Tree
Facebook ပေါ်မှာ စူးယိရွှေကို ဘလိန်းထားတဲ့ပို့စ်တွေ တွေ့ရဖန်များလို့ ကြည့်ဖြစ်သွားတာ။ ဥပမာ မိန်းမနဲ့ ကြည်နူးလို့ ကောင်းနေတုန်း ပွဲဝင်ဖျက်တဲ့သူကို နဂါးတို့ မျက်စောင်းနဲ့ ထိုးပလိုက်တဲ့ scene ကို ဘလိန်းထားတဲ့ ပို့စ်တွေ။ မင်းသားမျက်စောင်းက မိန်းမတို့မျက်စောင်းထက် ပိုထက်နေတာ .. မျက်စောင်းတချက်နဲ့တင် လူက သာခွေယိုင်ဖြစ်။
Story - မဆိုးဘူး။ တော်တော်ကောင်းတယ်။ သိချင်စိတ်နဲ့ မနားတမ်းကြည့်ဖြစ်အောင် ဆွဲဆောင်ထားနိုင်တယ်။ ongoing အမှီမလိုက်ပဲ ဥ,ထားပြီးမှ ကြည့်တာ မှန်သွားတယ်။ ဘာက ဘယ်လိုဖြစ်တာကို စကားပြောထဲထည့်ထားတော့ ဘာသာပြန်ကောင်းကောင်းသာ ရထားရင် နားလည်လွယ်တယ်။ ဒါလည်းပဲ timeline distortion တွေနဲ့ ဖွဲ့တည်ထားတဲ့ ဇာတ်လမ်းပဲ။ ကြည့်ရင်းနဲ့ ကိုယ့်အကြိုက်ဆုံးဂိမ်း Final fantasy 14 ကိုတောင် သွားသတိရမိတယ်။ နတ်ကားဆိုတော့ တာအိုဝါဒတွေ အယူအဆတွေ နားမလည်ထားရင် ဒီကားက အပြစ်ပြောစရာများလိမ့်မယ်။ သိပ္ပံ၊ ရူပဗေဒ နားမလည်ထားရင်လည်း ဇာတ်လမ်းကို နားလည်မှာ မဟုတ်ဘူး။ plot လေးတွေက မဆိုးဘူး။ သိချင်စိတ်ကို ဆွဲထားနိုင်တယ်။ အဆုံးသတ်မှာ အဆုံးသတ်တော့မလိုလိုနဲ့ ၃ ခေါက်လောက် ဇာတ်ရှိန်ကို အလျော့အတင်း လုပ်သွားလိုက်သေးတယ်။ ဒါကတော့ နတ်ကားဇာတ်သိမ်းတို့ထုံးစံ ဖြစ်နေပါပြီလေ။
Acting - ဘာလို့မှန်းမသိဘူး။ ML acting, FL acting က တခုခုလိုနေသလို ခံစားရတယ်။ မျက်နှာအမူအရာတွေက ကြည့်လို့ အားမရဘူး။ ဒါပေမဲ့ မင်းသားရဲ့ ‘ငါ့ချစ်သူထိ ဓားကြည့်’ ဆိုတဲ့အမူအရာလေးတွေကိုတော့ သဘောကျမိတယ်။ ကျန်သရုပ်ဆောင်တွေရဲ့ acting တွေလည်း သိပ်မဆိုးလှဘူး။
OSTs - သိပ်မကောင်းလှ။ အားထည့်ထားတာ မရှိဘူး။ တကိုယ်ရေအမြင်ပြောရရင် ရင်ထဲရောက်တဲ့ အပုဒ် မရှိဘူး။ ဇာတ်ရှိန်မြင့်ပေးတဲ့အပိုင်းက တီးလုံးတွေတော့ ကောင်းနေတယ်။
Costume - ဒီဇိုင်းတွေ လှတယ်။ တိုက်လေထဲ တလွင့်လွင့်ဖြစ်စေတဲ့ အမြီးရှည်ရှည် ဝတ်ရုံရှည်ကြီးတွေနဲ့ အတော်လှသား။ မင်းသားမင်းသားတွေတော့ အတော်ချမ်းမှာပဲ။ မင်္ဂလာဆောင်အခန်းမှာ ခေါင်းဆောင်းသရဖူလေးတွေ အရမ်းလှ။ အရမ်းမိုက်။ စူးယိရွှေရဲ့ မင်္ဂလာခေါင်းဆောင်းသရဖူက မိုက်တယ်။ အတော်ကို လှတာ။
CGI - ကောင်းတယ်။ လှတယ်။ မင်းသား မင်းသမီး acting တွေက အဲ့နေရာမှာတော့ ပီပြင်တယ်။ ကြည့်ကောင်းတယ်။ timeline distortion ဖြစ်နေတဲ့ အခန်းတွေမှာ CGI ထည့်ထားတာ ကြည့်ကောင်းတယ်။
ဗီလိန်ကြီး ဝေ့ကျိုးကိုတော့ တော်တော် သဘောကျမိ။ မာနတခွဲသားနဲ့ ကလေးကွက်တွေနဲ့ ဗီလိန်လုပ်နေတာ။ ဘလိန်းခံနေရတာ ခံသင့်တယ်။ အတည်ပေါက်ရုပ်လေးနဲ့ သရုပ်ဆောင်နေတာ ကိုယ့်မှာ မုန်းရမှာထက် သနားရမှာလား ရယ်ရမှာလားပဲ။
ဇာတ်လမ်း plot ကောင်းကောင်း၊ မင်းသား ရုပ်ချောချောလေး မင်းသမီးရုပ်ချောချောလေးနဲ့ မထိတထိ အချစ်စမ်းအကွက်လေးတွေ ကြည်နူးရတာတွေ ပါတာ ကြည့်ချင်ရင် love of the divine tree က သင့်အတွက်ပါပဲလို့။
•••••••••••
Drama: Love of the Divine Tree
Country: China
Episodes: 40
Aired: Feb 7, 2025 - Feb 22, 2025
Aired On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday
Original Network: iQiyi
Duration: 45 min.
Country: China
Episodes: 40
Aired: Feb 7, 2025 - Feb 22, 2025
Aired On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday
Original Network: iQiyi
Duration: 45 min.
••••••••••••
Info Details - https://mydramalist.com/755789-xian-tai-you-shu
အင်္ဂလိပ်စာတန်းထိုး (YouTube) -
Thank You!
Thank You!
0 Comments