Till the End of the Moon [Review]




Till the End of the Moon


အဆက်ပြတ်နေတာ ၁၀နှစ်နီးနီး ရှိနေပြီဖြစ်တဲ့ C-drama လောကထဲ ပြန်ရောက်ဖြစ်တာ ဒီကားနဲ့ပေါ့။ 

ငွေအများကြီးသုံးထားတဲ့ကားတစ်ကားဖြစ်တာနဲ့အညီ costume အရမ်းကိုလှ၊ အရမ်းကို ခမ်းနားတယ်။ ost တွေဆိုလည်း အပုဒ်တိုင်း နားထောင်လို့ကောင်း။ ခေါင်းဆောင် မင်းသားမင်းသမီးသာမက တခြားသော သရုပ်ဆောင်တွေလည်း acting အပိုင်းမှာ ပီပြင်ပိုင်နိုင်ကြတယ်။ stage setting, CGI အလန်းစားတွေ။ မျက်စိဖမ်းစားနိုင်လွန်းတယ်။ 

ဇာတ်လမ်းလည်း အတော်ကောင်းတယ်။ အဓိကက မင်းသား သရုပ်ဆောင်ချက် ပိုင်နိုင်မှု ရှိလွန်းတာပါပဲ။ ရင်ဘတ်ထဲ အပ်ချောင်းအစိုက်ခံရတဲ့အချိန်မှာ မျက်နှာအမူအရာ ၃ မျိုး တဆက်တည်း သရုပ်ဆောင်ပြသွားတာက ဇာတ်လမ်းရဲ့ အထွတ်အထိပ်ပဲ။ တခုရှိတာက နောက်ဆုံးနားမှာ စူးစူး ဇာတ်ကြောင်းကို ကသုတ်ကရက်ရိုက်သလို ပြသွားတာက သိပ်သဘောမကျဘူး။ နောက်မှသိရတာက အပိုင်းအရေအတွက်က သတ်မှတ်ချက်ထက် ကျော်လွန်နေလို့ ဖြတ်ချထားရတာဆိုပဲ့။ 

ဇာတ်ကားရဲ့ ဇာတ်သိမ်းကို မကျေနပ်လို့ သူ့မူရင်း novel ရှိတယ်လည်းကြားရော လိုက်ရှာဖတ်တော့တာပဲ။ novel က live action ရဲ့ ဇာတ်လမ်းနဲ့ သိပ်မတူဘူး။ novel ဖတ်မထားပဲ ဇာတ်ကားကြည့်ရင် ဒီဇာတ်ကားက အတော်လေးကို ဆွဲဆောင်မှုရှိတယ်။ ရင်ထဲ တသသနဲ့ စွဲသွားအောင် ဖမ်းစားနိုင်တယ်။ အဲ့ကားကြည့်ပြီး move on ဖို့ အတော်ကို ကြိုးစားလိုက်ရတယ်။ နေ့ရှိသရွေ့ ခေါင်းထဲ အဲ့ကားအကြောင်းချည်း တွေးနေမိနေလို့။ 

သူ့ novel လည်း အချဉ်မဟုတ်ဘူး။ လူကို တသသနဲ့ ဖြစ်နေအောင် ဆွဲဆောင်မှု ရှိနေပြန်တယ်။ ဒီnovelကြောင့်ပဲ တရုတ် novel လောကထဲ ရောက်သွားပြန်တယ်။ novel ဖတ်ပြီး ဇာတ်ကားကြည့်သမားတော့ ဘယ်လိုနေမလဲ မသိပေမဲ့ ဇာတ်ကားကြည့်ပြီး novel ဖတ်တာ ဘာကြောင့် novel အတိုင်း မရိုက်ခဲ့တာလဲဆိုတဲ့အတွေး တွေးမိတယ်။ novel ဇာတ်လမ်းက တော်တော်ကို ကောင်းနေလို့။ ပြီးတော့ ဝါရင့် novel ဖတ်သမားတွေ အပြောနဲ့ ပြောရရင် အရမ်းလောင်ရတယ်။ ခွေးသွေးတွေ များလွန်းတယ်။ ဒါပေမဲ့ novel ဇာတ်သိမ်းကို ကြိုက်တယ်။ 

ကိုယ့်အနေနဲ့ပြောရရင် ဒီကားက masterpiece ပဲ။ ဘယ်နှခါလောက် ပြန်ကြည့်နေမိလဲ မသိတော့ဘူး။ ost ဆိုလည်း အခုထိ အားရင်အားသလို နားထောင်ဖြစ်နေတုန်းပါပဲ။

••••••••••••


Drama: Till the End of the Moon (长月烬明)
Country: China
Episodes: 40
Aired: Apr 6, 2023 - May 9, 2023
Aired On: Monday, Tuesday, Wednesday, Thursday, Sunday
Original Network: Youku
Duration: 53 min.
Content Rating: 13+ - Teens 13 or older


Adapted from novel 黑月光拿稳BE剧本

•••••••••••••






                                                     2 = https://myfavnovel.wordpress.com/black-moonlight-holds-be-script-2/


Thank you!

Post a Comment

0 Comments