Coach Women Watch Review


နာရီ ရီဗျူး

နာရီလေးရဲ့ ဒိုင်ခွက်လေး သဘောကျဖို့ကောင်းတယ်။ ပုံထဲမှာလည်း လှသလို အပြင်မှာလည်း တကယ်လှတယ်။ Rose Gold အရောင်လေး ချစ်ဖို့ ကောင်းလွန်း။ ကိုယ်၌က ဒိုင်ခွက်ကြီးကြီး သဘောကျတာမို့ 36mm မှာလိုက်တာ အစကတော့ Size ကြီးသွားမှာ စိုးရိမ်ခဲ့တယ်။ ရောက်လည်းရောက်လာတော့ လက်နဲ့ အံကိုက်ပဲ။ ဝမ်းသာသွားတယ်။

 
ဒိုင်ခွက် နောက်ခံ အဖြူနှင့် နာရီလက်တံက ကြည့်လိုက်ရင် ရိုးရှင်းပြီး ထင်းကနဲမြင်။ လက်ပတ်က သားရေကြိုးမို့ ဝတ်လိုက်ရင် စေ့ပြီး တင်းကျပ်မှု မရှိတော့ ဝတ်ရ သက်တောင့်သက်သာရှိ။ အလေးချိန် - သူ့ထုထည်နဲ့ မလိုက်အောင် အတော်ပေါ့ပါး။


နာရီက Brand အစစ် ဖြစ်ကြောင်း အာမခံသည်တဲ့။
စျေး သိပ်မကြီး။
မှာတုန်း ငွေ တဝက်ချေ၊ ပစ္စည်း ကိုယ့်ဆီရောက်မှ ကျန်တဲ့ တဝက်ချေ။
အိမ်အရောက်ပို့။
ကြာချိန် 7 weeks ရှိ။


ဝယ်သူကို စိတ်လှုပ်ရှားအောင် လုပ်ထားသလား အောက်မေ့ရ။ နာရီတလုံး ထုပ်ပိုးထားတာကို ပြန်ဖြေကြည့်တာ အချိန် 15 min လောက် ယူလိုက်ရတယ်။ တိပ်အကြည်နှင့် အဆင့်ဆင့် အထပ်ထပ် ရစ်ပတ်ပိတ်ထားတယ်။ စိတ်လှုပ်ရှားရတာ တန်ပါတယ်လေ။ တကယ်ကောင်း တကယ်တန် ရိုးရိုးရှင်းရှင်းနဲ့ တကယ်လှတဲ့ နာရီမို့ အရမ်းကြိုက်။ 

US Brand အစစ် ဝယ်ပတ်ချင်က USA Fair Price Store Facebook Page တွင် စိတ်ချလက်ချ ဝယ်နိုင်ပါ၏။

စျေးအများကြီး လျှော့ပေးလို့ ကျေးဇူးတင်ပါတယ်။

Post a Comment

0 Comments