Summoner ရဲ့ Demi-Bird size နှင့် Egi glamour

Summoner ရဲ့ ငှက်ကြီးတွေကို နှံပြီစုပ်ဆိုဒ်ဖြစ်အောင် ပြောင်းကြမယ်

Raid နေလို့ အဖွဲ့ထဲ Summoner ၂ယောက်လောက် ပါလာရင်ကို ကိုယ့်ရဲ့စခရင်မှာ အဲ့ Summoner တွေရဲ့ ငှက်ကြီးတွေနဲ့ ဖုံးနေလို့ AOE တွေ သိပ်မမြင်ရတော့ဘူး။ ဒါနဲ့ပဲ AOE နင်းမိပြီး ကိုယ်ချည်းသေနေရကော။ သူတို့အပြစ်ဆိုလို့လည်းမရဘူးဆိုတော့ ကိုယ့်မော်နီတာကြီးကိုပဲ အပြစ်တင်ရတော့တယ်။ ကံကောင်းတာက Patch 4.2 မှာ Summoner ရဲ့ Egi ဆိုဒ်တွေ ငယ်ချပေးတဲ့ text command တခု ထည့်ပေးလိုက်တယ်။ (ထည့်ပေးတယ်သာဆိုတယ် ကိုယ်ကသတင်းတွေ ဘာတွေမကြည့်တော့မသိ။ Noti ခေါ် Leo ပြောပြမှ သိခဲ့ရတယ်။)

 

Summoner ရဲ့ Egi ဆိုဒ်အသေးဆုံး (နှံပြီစုပ်အရွယ်) ထားလိုက်မှပဲ Raid တွေမှာကြည့်ရ၊ ဆော့ရ အဆင်ပြေသွားတော့တယ်။ အဲ့သလို အရွယ်အစား ငယ်ချတာက ကိုယ့်ဘက်မှာပဲဖြစ်ပြီး တခြား Player တွေမှာ သက်ရောက်မှု မရှိပါဘူး။

Chat box မှာ

/bahamutsize small

ဆိုပြီးရိုက်ထည့်၊ Enter or Confirm လိုက်ရင် ကိုယ့်စခရင်မှာ ပေါ်မဲ့ Bahamut ဆိုဒ်တွေအကုန် Minion အရွယ်တွေ ဖြစ်ကုန်ပါလိမ့်မယ်။ Bahamut လို့ ရိုက်ရပေမဲ့ Phoneix ပါ အရွယ်အစား သေးသွားမှာ ဖြစ်ပါတယ်။

USAGE:

/bahamutsize [subcommand]

Changes your Demi-Bahamut display settings. These settings will not apply to other players.

>>Subcommands:

large
Set Demi-Bahamut size to large.

medium
Set Demi-Bahamut size to medium.

small
Set Demi-Bahamut size to small.

Toggles between small, medium, and large when no subcommand is specified.

——————–

Summoner ရဲ့ Titan, Ifrit, Garuda အကောင်တွေကို Carbuncle အဖြစ်ပြောင်းချင်ရင်

——————–

ဥပမာ Garuda ကို Carbuncle အဖြစ် ပြောင်းချင်တဲ့အခါ Chat box မှာ

/egiglamour “Garuda-Egi” “Emerald Carbuncle”

carbuncle အရောင်တွေကတော့ ၃ မျိုး ရှိပြီး ကိုယ့်စိတ်ကြိုက် ထည့်နိုင်ပါတယ်။ Default အရတော့ Garuda ဆိုလျှင် Emerald carbuncle ၊ Titan ဆိုလျှင် Topaz carbuncle ၊ Ifrit ဆိုလျှင် Ruby carbuncle ဖြစ်ပါတယ်။ ထို Command ကတော့ Summoner job တစ်ခုတည်းအတွက်သာဖြစ်ပြီး သုံးနိုင်ဖို့အတွက် Level 50 Side Quest တစ်ခု လုပ်ပေးရပါတယ် ။ဝေးဝေးရှာစရာမလိုပါဘူး။ Arcanist guild မှာပဲရှိပါတယ်။

USAGE:

/egiglamour “egi name” “glamour”

Alter the appearance of your egi. You must resummon the egi for the glamour to take effect. Command not applicable in PvP instances.

>>Egi Name:

Garuda-Egi
Titan-Egi
Ifrit-Egi

>>Glamour:

Emerald Carbuncle
Topaz Carbuncle
Ruby Carbuncle

The glamour will be removed when no glamour is specified.

>>Examples:

/egiglamour “Garuda-Egi” “Ruby Carbuncle”

(Garuda-Egi will appear glamoured as Ruby Carbuncle.)

/egiglamour “Garuda-Egi” (Remove the glamour from Garuda-Egi.)

Post a Comment

0 Comments