Final Fantasy 14 ရဲ့ Glamour

Glamour လုပ်တယ် ဆိုတာ ဘာလဲ?

 

Glamour ဆိုတာကတော့ အင်္ကျီအဝတ်အစားဖြစ်ဖြစ် လက်ဝတ်လက်စားဖြစ်ဖြစ် သူ့ မူလပုံသဏ္ဍာန်မှာ တခြားအရာရဲ့ ပုံသဏ္ဍာန် ထပ်ကပ်လိုက်တာပါ။ အမျိုးအစားတော့ တူရမှာပါ။ မူလပစ္စည်းက သူ့ရဲ့ အရည်အသွေး ပျက်မသွားပဲ တည်ရှိနေပြီး ပုံသဏ္ဍာန်ကတော့ သူ့အပေါ် ထပ်ကပ်လိုက်တဲ့ အရာရဲ့ ပုံသဏ္ဍာန်နဲ့ ဖြစ်သွားတာပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ပွဲတက်ညနေခင်း ပိုးသားဝတ်စုံ အပေါ် ညအိပ်ဝတ် ဝတ်စုံ ထပ်ဝတ်လိုက်သလိုပါပဲ။ သင်ဟာ နူးညံ့တဲ့ ပိုးသားအထိအတွေ့ရနေဆဲ ဖြစ်ပြီး အပြင်လူကတော့ သင့်ကို မြင်လိုက်ရင် ဟာ သူက ညအိပ်ဝတ်စုံ ဝတ်ထားတာပဲ လို့ မြင်နေရသလိုမျိုးပါ။ ပစ္စည်းအသွင်အပြင်က တခြားပုံစံ ဖြစ်နေပေမဲ့ နဂိုမူလပစ္စည်းရဲ့ အာနိသင်တွေ အထောက်ပံ့တွေက ဆက်လက်တည်ရှိနေဆဲ ဖြစ်ပြီး ကိုယ့်ကာရိုက်တာမှာလည်း သက်ရောက်မှု ရှိနေဆဲ ဖြစ်ပါတယ်။

Glamour လုပ်ရင် Level နိမ့် Gear type အပေါ် Level မြင့် Gear type ကို ထပ်ကပ်လို့ မရတဲ့ ကန့်သတ်ချက်ရှိပါတယ်။ ဒီတော့ လက်ရှိဝတ်ထားဆဲ Gear က Level မြင့်နေရပါမယ်။ ပြီးတော့ လုပ်ဖို့အတွက် မိမိမှာ Glamour prism ဆိုတာ ရှိနေရပါမယ်။ တကယ်လို့ အပေါ်က ထပ်ကပ်ထားတဲ့ ပုံသဏ္ဍာန်မလိုချင်ဘူး မူလပစ္စည်းရဲ့ အသွင်သဏ္ဍာန်ပဲ ပေါ်နေစေချင်တယ်ဆိုရင်တော့ Glamour လုပ်ပြီးသား အဲ့ဒီ့ item ကို Glamour dispeller ထပ်သုံးပြီး ဖျက်ပေးရပါတယ်။ Glamour dispeller က ရှိနေတဲ့ လုပ်ထားပြီးသား Glamour ကို ဖျက်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ 

 



Glamour လုပ်နည်းကတော့

  • မိမိ Character ရဲ့ inventory မှာ Glamour prism ရှိနေရပါမယ်။
  • မိမိ Character ရဲ့ Profile ကို ဖွင့်ပါ။
  • မိမိ အသွင်ပြောင်းစေချင်တဲ့ အပိုင်း (piece) ကို Right click နှိပ်ပါ။ (ဥပမာ ခန္ဓာကိုယ်က Armor ကို တခြား Armor အသွင်ပြောင်းချင်ရင် Body piece တခုတည်းကိုပဲ Right click နှိပ်ပါ)
  • Cast Glamour ကို နှိပ်ပါ။
  • Window ငယ်တခု တက်လာပါမယ်။
  • ထို Window ငယ်ထဲမှာ ဘယ်ဘက်အခြမ်းကတော့ မိမိ Character လက်ရှိဝတ်ထားဆဲ Armor piece တွေ (လက်နက် ဦးခေါင်း ကိုယ်ထည် လက် ခါး ခြေထောက် ခြေ) ပြထားပြီး ညာဘက်ခြမ်းကတော့ မိမိ ပြောင်းနိုင်သည့် Armor piece တွေ ပြထားတာ တွေ့ရမှာ ဖြစ်ပါတယ်။
  • ညာဘက်ခြမ်းက List ထဲက မိမိ ပြောင်းချင်သော အသွင်ပုံစံရှိတဲ့ item (body piece) ကို နှိပ်ပါ။
  • ပုံစံ အသွင်ပြောင်းမဲ့အကြောင်းပြမည့် Window ငယ်တခု တက်လာပါမယ်။
  • မိမိ ပြောင်းစေချင်တဲ့ ပုံစံ ဖြစ်တယ်ဆိုလျှင် cast ကို နှိပ်ပါ။
  • ထိုအခါ လက်ရှိ Armor (body piece- Wyrm's Mail) မှာ မိမိလိုချင်သော အသွင်ပုံစံ (Foestriker's Tabard) ကို ပြောင်းလဲသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။
  • Armor piece တခု Glamour လုပ်လျှင် Glamour prism တခု ကုန်ပါတယ်။
  • Accessories တွေကိုပါ Glamour လုပ်နိုင်ပါတယ်။


 

 

  • Glamour ဖျက်ပစ်ချင်လျှင် မိမိတွင် Glamour dispeller ရှိနေရမှာဖြစ်ပြီး ဖျက်ပစ်ချင်သော item ကို Right Click > Cast Glamour > Remove လုပ်နိုင်ပါတယ်။

ဂိမ်းမှာ ဆော့နေရင်းနဲ့ Glamour ဆိုတာ ဘာလဲ? Glamour ဘယ်လိုလုပ်ရလဲဆိုတာကို ဂိမ်းက တခါတည်း ရှင်းပြပေးသွားတာမို့ သေချာလိုက်ဖတ်ကြည့်ရင်ကို နားလည်သွားမှာ ဖြစ်ပါတယ်။ 

Glamour လုပ်နည်း၊ Dye လုပ်နည်း၊ Glamour dressor, Armory သုံးနည်း 

Glamour အကြောင်း  

 

Glamour Prism ကို ဘယ်လိုရနိုင်လဲ

  •  Grand Company တွေမှာ GC seal တွေနဲ့ ဝယ်ယူရရှိနိုင်တယ်။ (သို့သော် မိမိ GC rank က 2nd lieutenant အဆင့်ကို ရောက်နေရပါမယ်)
  •  Level 15 Crafter class တခုခု နဲ့ ကိုယ့်ဘာသာကိုယ် Craft ယူလို့လည်းရတယ်။ (ကုန်ကြမ်းပစ္စည်းကတော့ အနည်းဆုံး ၄ မျိုးတော့ လိုပါတယ်)
  •  Marketboard ကနေ Gil နဲ့ ဝယ်လို့ ရတယ်။
  •  PvP ကရတဲ့ Currency "Wolf Mark" နဲ့ ဝယ်လို့ရတယ်။
  •  Shadowbringer ဧရိယာက Fate တွေကနေ ရတဲ့ Currency "Bicolor Gemstone" နဲ့ ဝယ်လို့ရတယ်။

Glamour dispeller ကိုတော့

  •  Market board ကနေ ဝယ်လို့ ရနိုင်တယ်။
  •  ရောင်းတဲ့ NPC တွေ ရှိပါတယ်။ Bango Zango in Limsa Lominsa Lower Decks(X9,Y11), Maisenta in New Gridania (X11, Y11) and Roarich in Ul'dah - Steps of Nald (X10,Y9) ။ ရှာရ အလွယ်ဆုံးက Limsa Lominsa Aetheryte tower အနီးက NPC (Bango Zango)။
  •  Grand Company တွေမှာ GC seal နဲ့ ဝယ်ယူရရှိနိုင်တယ်။ (သို့သော် မိမိ GC rank က 2nd lieutenant အဆင့်ကို ရောက်နေရပါမယ်)

 

Armor တွေထားစရာ နေရာ

 

 

Retainer မှာ ထည့်ဖို့ နေရာ ကုန်သွားရင် Armory နှင့် Glamour dresser ရှိပါသေးတယ်နော်။

Armory က Job armor gear တွေနှင့် Seasonal event gear တွေ In game reward gear တွေ Mog station က Gear တွေ ထည့်လို့ရတယ်။ ကြိုက်သလောက် ထည့်ထည့် ရတယ်။

Glamour Dresser က ဘယ် Gear item မဆို ထည့်လို့ ရတယ်။ ထည့်ဖို့အတွက် Glamour prism တော့ လိုပါတယ်။ Glamour dresser က အခုပေါင်း ၄၀၀ ဆန့်တယ်။ နောက်ပြီး Glamour အတွက် ဝမ်းဆက်တစ်ဆက်စာ အစုံလိုက် ကြိုတင် လုပ်ထားလို့ရတယ်။ ဒီတော့ လက်ထဲမှာ Glamour prism တွေ များများ ရှိထားဖို့လိုပါတယ်။

Armory, Glamour dresser အကြောင်း

နောက်မှ Free trial သမားတွေအတွက် Glamour prism ရှာနည်း ရေးပါဦးမည်။

Post a Comment

0 Comments