Final Fantasy 14's Macro

Final Fantasy 14 ကို ဆော့ရင်းနဲ့ တဖြည်းဖြည်း ထဲထဲဝင်ဝင် သိလာတဲ့အခါ Macro က ဘာလဲ ဘယ်လိုသုံးရတယ်ဆိုတာ သိလာခဲ့တယ်။ အစကတော့ Chat box မှာ စက္ကန့်ဝက်မကြာပဲ စာတွေ တသီတတန်းကြီး ဆင့်ကာဆင့်ကာ အဆက်မပြတ်ပေါ်လာတာတွေ့ရတော့ အမ် သူ ဘယ်လိုလုပ် ဒီစာတွေ အဆက်မပြတ်တက်လာအောင် လုပ်လိုက်တာလဲ ဘယ်လိုရေးလိုက်တာလဲလို့ တအံ့တသြ တွေးခဲ့တယ်။ စာရိုက်ရင် ရိုက်ဖို့အချိန်၊ Chat box မှာ ပေါ်လာဖို့ကြာချိန်တွေ ရှိတာကိုး။ နောက်တော့ ဒီလိုပေါ်လာဖို့ကို Macro ဆိုတာကို သုံးရတယ်ဆိုတာ သိလာခဲ့တယ်။

 

Macro ဟာ တော်တော် အသုံးဝင်ပါတယ်။ High End Raid (Savage Raid) တွေမှာ Tank healer dps နေရာတွေ နေရာချဖို့အတွက် Macro သုံးပါတယ်။ Macro မှာ အသံလည်း ပါတာမို့ ဆော့နေရင်း သတိထားရမဲ့ နေရာတွေကို Macro နဲ့ သုံးပြီး သတိပေးကြတယ်။ ပြီးတော့ တိုက်ပွဲထဲမှာ ကိုယ် ဘာ Skill တွေ သုံးတော့မယ်ဆိုတာ Macro နဲ့ အသိပေးလေ့ရှိတယ်။ (*အဲ့ဒီ တိုက်ပွဲထဲ သုံးရတဲ့ Combat macro တွေဟာ သုံးတဲ့အခါမှာ Skill တခုနဲ့ တခုအကြား မီလီစက္ကန့်လောက် နောက်ကျတတ်တဲ့အပြင် Action တွေ ကျော်သွားတတ်တဲ့ ပြစ်ချက် ရှိတာကြောင့် အချိန် မီလီစက္ကန့်မလပ်အောင် ကစားရမဲ့ Savage raid တွေမှာ သုံးလေ့ မရှိကြပါဘူး*) Crafting, Gathering တွေမှာ craft action တွေ Gather action တွေကို Macro နဲ့ကြိုတင်ရေးထားပြီး သုံးကြတယ်။ ကိုယ်က ကလစ် တချက်သာ နှိပ်ယုံ။ သူ့ဟာသူ အော်တို Craft သွား၊ Gather သွားတာကိုး။ အပျော်သဘောနဲ့ ရေးထားတဲ့ အပြောင်အပျက်စာသားတွေ၊ စာနဲ့ ဖန်တီးထားတဲ့ အရုပ်တွေ Chat box ထဲ အစီစဥ်တကျ ပေါ်လာဖို့ Macro နဲ့ ရေးကြတယ်။

Macro ဟာ ကြိုတင်ပြီး ကိုယ်လိုချင်တဲ့ ဖြစ်စေချင်တဲ့ text command တွေကို အစီစဥ်တကျ ထည့်ရေးထားတဲ့ စာစုပါ။ သုံးချင်ရင်တော့ Text command ထည့်ထားတဲ့ Macro ရဲ့ Icon ကို မိမိသုံးနေတဲ့ Hot bar ပေါ် Drag ဆွဲပြီး ထည့်ကာ ကလစ်တချက်နှိပ်ယုံပါပဲ။ Text command ထဲက Command တွေ ကိုယ့်ဘာသာ လေ့လာပြီး ထည့်ကာ စမ်းသပ်ကြည့်နိုင်ပါတယ်။ ကိုယ့်ပါကိုယ် လေ့လာရ ပျင်းတယ်ဆိုရင်လည်း အင်တာနက်ပေါ်မှာ ရှာပြီး စာသားချည်းကို Copy > Paste လုပ်ကာ သုံးနိုင်ပါတယ်။ ကျနော်လည်း သိပ်မကျွမ်းတော့ အင်တာနက်ပေါ်က ရှာပြီး Copy > Paste နဲ့ သုံးနေပါတယ်။

 

Savage Raid Macro စာသားတွေ၊ အပြောင်အပျက်စာသားတွေ ရုပ်ပုံတွေကိုလည်း အင်တာနက်ပေါ်မှာ ရှာပြီး ဒီအတိုင်း ကော်ပီ ကူးယူထည့်ကာ သုံးနိုင်ပါတယ်။

Comment ထဲ ကျနော်သုံးနေတဲ့ Macro စာသားတွေ မန့်ပေးထားပါမယ်။ မိမိသုံးနေကျ Macro စာသားတွေကိုလည်း Comment မှာ ထည့်မန့်သွားနိုင်ပါတယ်နော်။ မသိသေးတဲ့သူတွေလည်း ကူးယူသုံးလို့ လွယ်အောင်လို့ပါ။

အပြောင်အပျက် Macro များ   (from reddit)

>> https://pastebin.com/4XTeHJNw

>> https://pastebin.com/3nWU9gwN

Macro ရေးနည်း 

----------------

Easy Raise Macro

/micon "Resurrection" 
/macroerror off 
/ac "Swiftcast" <me> <wait.2> 
/ac "Resurrection" <t> 
/ac "Resurrection" <1> 
/ac "Resurrection" <2> 
/ac "Resurrection" <3> 
/ac "Resurrection" <4> 
/ac "Resurrection" <5> 
/ac "Resurrection" <6> 
/ac "Resurrection" <7>

/micon Resurrection
/ac Swiftcast <me>
/ft
/wait 1.2
/ft
/ac Resurrection <t>
/wait 0.5
/p <se.9> Casted Resurrection on <t>

Hunt Macro

/sh 【  Rank 】 <t>   <pos>

/echo {The Hunt}     <flag>

----------------

Auto translate

job တွေရဲ့ Action နာမည်တွေ၊ Skill နာမည်တွေကို Auto translate ထဲမှာ ရှိပါတယ်။ Auto translate ရဲ့ ထူးခြားချက်က စာလုံး သို့ စာသားရဲ့ အစနှင့်အဆုံးမှာ နှစ်ဘက်မျှားခေါင်း အနီ အစိမ်းနဲ့ ပိတ်ထားပါတယ်။ သူ့ကို ခေါ်ဖို့က Chat box မှာ Cursor ချပြီးနောက် pc မှာဆိုလျှင် Tab ကို နှိပ်၊ Playstation မှာဆိုလျှင် R1 နှိပ်ရပါတယ်။ နှိပ်လိုက်ရင် စာသားများစွာ ထွက်လာပြီး အဲ့အထဲ ကိုယ်လိုချင်တဲ့ စာသားကို ရွေးပေးရပါတယ်။ Auto translate ထဲက စာသားဟာ Jp player တွေဘက်မှာဆို ဂျပန်လို ပေါ်ပါတယ်။ ထို့အတူ ပြင်သစ်၊ ဒိန်းမတ် ပလေယာတို့ဘက်မှာဆို သူတို့သက်ဆိုင်ရာ ဘာသာစကားနဲ့ သွားပေါ်နေမှာ ဖြစ်ပါတယ်။

Post a Comment

0 Comments