Final Fantasy 14 မှာ Glamour အတွက် Ref ယူဖို့ကောင်းတဲ့ နေရာလေးတွေ

Glamour အတွက် Ref ယူဖို့ကောင်းတဲ့ နေရာလေးတွေ

FF14 မှာ ဂိမ်းပလေး အကြိတ်အနယ် ဆော့တဲ့သူတွေ ရှိကြသလို Glamour ဖက်ရှင်ချည်းသက်သက် ဆော့ကြတာတွေလည်း ရှိကြတယ်။ အပြင်လောကမှာ အဝတ်အစားဒီဇိုင်းတွေက မရိုးနိုင်တဲ့ ထာဝရေစီးကြောင်း တခုဖြစ်နေသလို Eorzea ကမ္ဘာကြီးမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ FF14 ထဲ အဝတ်အစား ဖက်ရှင်ဒီဇိုင်းထုတ်ပြီး ကစားရတာလည်း အရသာ တမျိုးပဲနော်။

Lodestone Blog တွေထဲ လိုက်ကြည့်နေရင်းနဲ့ Chiyo Asakura ဆိုတဲ့ တယောက် သွားသတိထားမိတယ်။ Girl လား Boy လား မသိပေမဲ့ သူက Armor piece တွေ Weapon တခုချင်းစီ စေ့စေ့ပေါက်ပေါက် လိုက်ရှာပြီး ဓာတ်ပုံသေသေချာချာရိုက်၊ Gallery လေးနဲ့ စုထားတယ်။ တော်တော်ကို စုံတာ။ တချို့ Armor Piece တွေ weapon တွေဆို အခက်တကာ့အခက်ဆုံး Raid တွေက ဟာတွေ၊ မဟုတ်ရင်လည်း အခုချိန်မှာဆို ရှာရခက်တဲ့ လူစုပြီး ရှာမှသာ ရနိုင်တဲ့ Armor piece တွေ။ သူ့ဓာတ်ပုံတွေကို Eorzea database နဲ့ ဆက်ထားတာကြောင့် Armor piece က ဘယ်မှာ ရှိလဲ ဘယ်က ရနိုင်လဲ ဆိုတာ တန်းသိတယ်။ ဖက်ရှင်ဒီဇိုင်း ထုတ်ချင်တဲ့ Bro တွေ Sis တွေအတွက် Ref ယူဖို့ ကောင်းတဲ့ နေရာလေးတစ်ခုပါပဲ။

_____________________

နောက်တခုက ဖက်ရှင်ဒီဇိုင်း ထုတ်တတ်သူတွေ စုစည်းတည်ထောင်ထားတဲ့ ဝက်ဘ်ဆိုက်။ အဲ့ထဲ တချို့ ဖက်ရှင်တွေက Mog station က ဝယ်ရတဲ့ gear တွေနဲ့ ဂိမ်းထဲရတဲ့ gear တွေ ပေါင်းစပ် ဖန်တီးထားတာ ရှိတယ်။ အများအားဖြင့် ဖက်ရှင်တွေက အမိုက်စားတွေ များပါတယ်။ 

Website

_____________________

Link တွေကနေ နည်းနာယူပြီး ကိုယ်ပိုင်ဖက်ရှင်ဒီဇိုင်းလေးတွေ ဖန်တီးနိုင်ကြပါစေ။



Post a Comment

0 Comments