Final Fantasy 14 ရဲ့ Damage meter

တိုက်ပွဲထဲ ကိုယ့်ရဲ့ Damage ဘယ်လောက်ထွက်လဲ


သိချင်ရင် မျဉ်းတားထားတဲ့ နံပါတ်လေးတွေကို ကြည့်ပါ။ 

ဒီနံပါတ်လေးတွေက Enmity list ရန်သူ့ attention ကို ဘယ်သူအရများဆုံးလဲဆိုတာ ပြတဲ့ နံပါတ်လေးတွေပဲ ဖြစ်ပါတယ်။ A > 2 > 3 > 4 > 5 > 6 > 7 > 8 အစဥ်အတိုင်းသွားပြီး Tank ကတော့ အမြဲ A ဖြစ်နေမှာပါ။
 
နံပါတ် 2 ရတဲ့ Dps သမားကတော့ သူထုတ်တဲ့ Damage အမြင့်ဆုံး ဖြစ်နေလို့။ Healer နဲ့ Tank တွေက နံပါတ် ၈ ရလည်း ဘာမှမဖြစ်ပေမဲ့ Dps သမားက ရနေပြီဆိုရင်တော့ အဲ့တစ်ယောက်ရဲ့ အခြေအနေ တော်တော်ဆိုးနေပြီလို့ ယူဆရမှာပါ။ ပုံမှန်အားဖြင့် Job တွေရဲ့ Skill/Spell ထုတ်ဖို့ အချိန်၊ Boss ရဲ့ Mechanic တွေကြောင့် ရှောင်နေရတဲ့ အချိန်၊ ကစားသူရဲ့ Playstyle ၊ Rotation တွေကြောင့် Damage ထွက်တဲ့ ပမာဏ နည်းလိုက် များလိုက် ဖြစ်နေမှာမို့ နံပါတ်တွေကတော့ အမြဲ ပြောင်းလဲနေမှာ ဖြစ်ပါတယ်။

ယေဘူယျအားဖြင့် မိမိ နံပါတ်က 2, 3, 4 လောက်မှာ လည်နေရင် Rotation မှန်နေပြီး ကျွမ်းကျင်အဆင့်ရှိ Dps သမားလို့ သတ်မှတ်နိုင်ပါတယ်။ 4 > 5 > 6 မှာ လည်နေရင် ပုံမှန်သမား။ 6 > 7 > 8 ဆိုရင် "ညံ့" အဆင့်။ 2 ကနေ 8 အထိ အစုံရောက်နေရင်တော့ တနေရာရာမှာ ယွင်းနေပါပြီ။ 8 မှာချည်း ကျောက်ချ ထိုင်နေရင်တော့ အဲ့ဒါ ခဏခဏ သေပြီး ပြန်ထလာသမား။

ဒီနံပါတ်လေးတွေကို ကြည့်ခြင်းအားဖြင့် မိမိရဲ့ playstyle၊ Armor gearset အခြေအနေ၊ Job rotation မှန်မမှန် ကိုယ်ဘာသာကိုယ် ဆန်းစစ်ကြည့်နိုင်သလို တခြားသူတွေရဲ့ အခြေအနေကို ခန့်မှန်းလေ့လာ အတုယူနိုင်ပါတယ်။


Post a Comment

0 Comments