ကျမနှင့် MMORPG
ကျမတို့ဘဝမှာ အခက်အခဲ ကျပ်တည်းမှုတွေနှင့်အတူ စားဝတ်နေရေးအတွက် နေ့တိုင်း ဖြေရှင်းနေကြရတယ်။ တနေ့ တနေ့ ဒီပုံစံ ဒီစာရင်းဇယားတွေနှင့်အတူ ချိန်သားကိုက် လှုပ်ရှားနေကြတယ်။ နေ့တိုင်း ဒီလိုပုံစံနဲ့ချည်း တနေ့နေ့ ဖြတ်သန်းနေကြတယ်။ ဒီတော့
ပျော်ရွှင်မှုဆိုတာ ဘယ်မှာလဲ?
စာဖတ်မရလျှင် ဒီကိုနှိပ်ပါ Zawgyi version
တခါတလေမှာ တွေးမိတယ်။ ပျော်ရွှင်မှုဆိုတာ ကျမဘဝမှာ ဆိတ်သုဉ်းပျောက်ကွယ်နေသလို။
ဒါပေမဲ့ ဘဝဆိုတဲ့ အနှစ်သာရကိုက ရုန်းကန်လှုပ်ရှားခြင်းပဲ မဟုတ်ပါလား။
လူတိုင်း လူတိုင်းမှာ ဘဝအမောတွေ ဖြေဖျောက်ဖို့ မိမိကို ပျော်ရွှင်မှုပေးနိုင်တဲ့ အရာတွေ ရှိပါတယ်။ တယောက်နှင့်တယောက် မတူကြတာပဲ ရှိတယ်။
ကျမအတွက်တော့ Final Fantasy 14 ပေါ့။
အပြင်လူတွေကတော့ ထင်ကြမယ်
ဘာမဟုတ်တဲ့ ဂိမ်းတစ်ခုကို ဒီလောက်အထိ အဖြစ်သည်းတယ်လို့
မဟုတ်ဘူး။
ကျမ အတွက် Final Fantasy 14 ဂိမ်းဟာ ဂိမ်းတစ်ခုထက်ပိုပါတယ်။ 
MMORPG ကို နက်နက်နဲနဲ ဆော့ဖူးသူတိုင်း သိကြပါတယ်။ ဒီလို ဂိမ်းမျိုးဟာ ဂိမ်းတစ်ခု ဆိုတာထက် ပိုတယ်ဆိုတာ။
ပျော်ရွှင်မှု ပေးတယ်ဆိုတာထက် ဒီမှာ ဆော့နေတဲ့သူတွေရဲ့ သံယောဇဉ်၊ အခက်အခဲ အတူတကွ ဖြတ်သန်းလာရတဲ့ အတွေ့အကြုံ အပြင် လူလူချင်း လေးစားမှု ပေါင်းသင်းဆက်ဆံရေး စတာတွေ ပေးပါတယ်။
အပြင်မှာဆို မိမိအခြေအနေနှင့်ဆို မရနိုင်တဲ့ အဖြစ်အပျက်၊ ခံစားချက်၊ အတွေ့အကြုံ ၊ သာယာမှုတွေ ဒီဂိမ်းထဲ ရနိုင်တယ်။
Final Fantasy 14 က ကမ္ဘာထဲ ရောက်တာနဲ့ ကျမ ဘဝ ပြောင်းလဲသွားတယ်။
အဲ့ဒီကမ္ဘာထဲမှာ ကျမ အပြင်ကထက်ကို ခရီး ပိုသွားခဲ့တယ်။ နေရာအနှံ့ ရောက်ခဲ့တယ်။ လူပေါင်းစုံနဲ့ တွေ့ခဲ့တယ်။ ကျမတို့တတွေဟာ အပြင်မှာ တခါမှာ မတွေ့ဖူးကြပေမဲ့ တနေရာစီ ဝေးကွာနေကြရပေမဲ့ ဒီကမ္ဘာကြီးထဲမှာတော့ ဆွေမျိုးရင်းခြာပမာ ချစ်ခင်ရင်းနှီးကြတယ်။ အချင်းချင်းနားလည်ပြီး ကူညီရိုင်းပင်းကြတယ်။ အပျော်တွေ ဝေမျှကြတယ်။ အခက်အခဲတွေလည်း အတူတူ ဖြတ်သန်းခဲ့ကြတယ်။ လူဆိုးတွေကိုလည်း နှိမ်နင်းခဲ့ကြတယ်။ ကမ္ဘာကြီးကိုလည်း အတူတကွ ကယ်တင်ခဲ့ကြဖူးတယ်။
အပြင်လောကမှာ မည်သည့်စိတ်ဆင်းရဲမှုတွေ ကြုံခဲ့ပါစေ။ ဤကမ္ဘာလေးထဲ ရောက်တာနဲ့ အကုန်လွင့်ပျယ် ကွယ်ပျောက်သွား စမြဲ။ ကျမဘဝရဲ့ ဒုတိယ မိသားစု။ ကျမ အသက်ထပ်တူ ထပ်မျှ ချစ်ခင်ရပါသော မိသားစုဝင်များ။ သူတို့တွေနှင့်အတူဆိုလျှင် ဘယ်အရာဖြစ်ဖြစ် ရင်ဆိုင်ရဲတဲ့သတ္တိ ရှိတယ်။ 
အပြင်မှာ လူချင်းတွေ့မှ သူငယ်ချင်းဖြစ်၊ ချစ်ခင်ရင်းနှီးမှု တည်ဆောက်နိုင်တာ မဟုတ်။ လူလူချင်း မမြင်တွေ့ဖူးပဲလည်း သူငယ်ချင်းဖြစ်နိုင်တယ်၊ ချစ်ခင်ရင်းနှီးမှု တည်ဆောက်နိုင်တယ် ဆိုတာကို သူတို့ ပြသသွားခဲ့တယ်။ လူ့ပုံပန်းသဏ္ဍန်၊ အသက်အရွယ် အပိုင်းအခြားက အရေးမကြီး။ စိတ်ဓာတ် သံယောဇဉ် မေတ္တာ ကိုယ်ချင်းစာစိတ် လေးစားမှု စတာတွေသာ အရေးကြီးကြောင်း သူတို့ သက်သေ ပြသွားခဲ့တယ်။ ချစ်ခြင်းမေတ္တာ၊ စေတနာ၊ ဂရုဏာတွေကို မော်နီတာဖန်သားပြင်ကနေ တဆင့် ကျမတို့ ခံစားသိရှိနိုင်တယ်ဆိုတဲ့ အချက်လည်း သက်သေပြပေးခဲ့တယ်။
သူတို့?
အဲ့ဒါ ကျမရဲ့ ဒုတိယမိသားစုပဲပေါ့
ကျမရဲ့ စိတ် နားခိုရာ အရိပ်လေးတစ်ခု ဖြစ်ပေးလို့ ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့
Zawgyi
ကျမနှင့် MMORPG
မဟုတ်ဘူး။
သူတို့?
Post a Comment
0 Comments