Final Fantasy 14 က Minion

Minion

သတိထားမိကြလား။ တခါတလေ player တွေ အများကြီးထဲ ရပ်ပြီး ကိုယ့်အလုပ်နဲ့ ကိုယ်အလုပ်ရှုပ်နေရင်းကမှ ရုတ်တရက်ကြည့်လိုက်မိရင် တချို့ Player တွေရဲ့ minion နဲ့ ကိုယ့် minion တို့ ကိုယ့်အနောက်မှာ တိုက်ပွဲအကြီးအကျယ် ဖြစ်နေကြတာမျိုး။
 
Final Fantasy 14 မှာ သဘောကျဖို့ ကောင်းတဲ့အချက် ဒီလိုမျိုး ပလေယာတွေ သတိမထားမိတဲ့ လျှို့ဝှက်ချက်လေးတွေ အသေးစိတ်လေးတွေ ထည့်ပေးထားတာပဲ ဖြစ်တယ်။
 
Minion တခုချင်းစီမှာ ဇာတ်လမ်းလေးတွေ ရှိကြသလို သူနဲ့မတည့်တဲ့ ရန်ဘက် Minion တွေရှိကြတယ်။ ဥပမာ Wind-Up Estinien နဲ့ Wind-Up Nidhogg ၂ ကောင် နီးလို့ရှိရင် အကြီးအကျယ် ချလေ့ရှိပါတယ်။ ဘယ်လိုချကြလဲသိချင်ရင် အဲ့ ၂ ကောင် ပူးပြီး စမ်းထားကြည့်ကြည့်ပါလေ။

တချို့ Minion တွေဆိုလျှင် သူနှင့်မျိုးတူ Minion တွေနဲ့ တွေ့မှ အပြုအမူအသစ်တွေ ထွက်လာတတ်ပါတယ်။ ဥပမာ Wind up Moogle အချင်းချင်း တွေ့တဲ့အခါ အပြိုင် တီးမှုတ်ကခုန်တတ်ကြပါတယ်။ Wind Up Moogle နဲ့ Wind up delivery moogle တွေ့တဲ့အခါမှာလည်း ၂ ကောင် ပြိုင်တူ ကခုန်တတ်ကြပါတယ်။ Fat cat ၂ ကောင် မျက်နှာချင်းဆိုင် တွေ့လျှင် မြေပြင်မှာ အပြန်အလှန် လူးလှိမ့်ပြတတ်ကြပါတယ်။

ပြီးတော့ Minion တိုင်းလိုလိုမှာ ကိုယ်က Emote သုံးလိုက်မှ ထွက်လာတတ်တဲ့ အပြုအမူလေးတွေ ရှိကြပါတယ်။ ဥပမာ Boom boko ဆိုတဲ့ ရက်ကွန်းဝက်ဝံငယ် ဆိုရင် သူ့ကို /backon သုံးလိုက်တဲ့အခါ ကိုယ့်ပုခုံးအပေါ် လာထိုင်ပါတယ်။ မိမိ ကာရိုက်တာက Lalafel ဆိုရင်တော့ ခေါင်းပေါ်မှာ တက်ထိုင်ပါတယ်။ 

Minion တွေမှာ
/handover
/slap
/backon
/poke
/cheer
/pet
/stroke
/clap
/throw

ဒီ Emote တွေ အသုံးများကြပါတယ်။ ဘယ် Minion က ဘာအပြုအမူအသစ်လေးတွေ ရှိလဲဆိုတာ Emote သုံးပြီး စမ်းကြည့်နိုင်ပါတယ်။ အပျင်းပြေတာပေါ့။
Minion Interaction List တွေ အင်တာနက်ပေါ်မှာ ရှိနေကြပေမဲ့ ပြီးပြည့်စုံတဲ့ List မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ Content အသစ်တွေ ထပ်ထည့်ကြသလို Minion အသစ်တွေလည်း ထပ်ထပ်တိုးနေကြတာမို့လို့။



Post a Comment

0 Comments