RGB Full vs. RGB Limited: အရောင်များနှင့်ကခုန်ခြင်း

RGB ဆိုတာနဲ့ 

(ခေါင်းစဉ်ကလည်း အရောင်များနှင့်ဆိုတော့ ..) 

စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version

PC အစိတ်အပိုင်းတွေမှာ ဘုရားပွဲလှည့်သလိုပြေးနေတဲ့ မီးရောင်စုံကိုပဲပြေးမြင်မိကြပါလိမ့်မယ် . .
အခုပြောမဲ့ဟာက အဲ့ဒီ RGB မဟုတ်ပါဘူး၊

Original Writer, Soe Thu Aung.

TV နဲ့ Monitor တွေရဲ့ dynamic range လို့ခေါ်တဲ့ color spacing အကြောင်းကိုပြောမှာပါ။
သင့်မှာ Monitor/TV တစ်လုံးရှိတယ်ဆိုပါစို့ . .

အဲ့ဒီ Monitor/TV ကို PC (သို့) Console ဂိမ်းစက် (သို့) DVD/Blu-ray Player တစ်ခုခုနဲ့ ချိတ်ဆက်ပီးအသုံးပြုတဲ့အခါမှာ မြင်ရတဲ့ အရုပ်တွေ အရောင်တွေဟာ ပြတ်သားတောက်ပခြင်းမရှိပဲ မွဲခြောက်ခြောက်ဖြစ်နေမယ်၊ 

ကာလာတော့စိုပါရဲ့ ဒါပေမဲ့ လိုတာထက်ပိုနေတယ်လို့ခံစားရတယ် ..
အချို့နေရာတွေမှာ မဲလွန်း/ဖြူလွန်း ဖြစ်နေတယ်
ဖော်ပြပါဖြစ်ရပ်မျိုးတွေ ကြုံဖူးကြပါလိမ့်မယ်၊

ဒါက ကွဲပြားတဲ့ color space အပေါ် Monitor/TV တွေက နားလည်လက်ခံပုံခြင်းမတူကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
RGB Limited နဲ့ RGB Full ဆိုတာ မတူညီကြတဲ့ color space နှစ်ခုပါ။ 

TV ကြည့်တယ်၊ TV နဲ့ချိတ်ပီး ဂိမ်းကစားတယ်၊ PC နဲ့ Monitor ချိတ်ပီး ဘက်စုံသုံးကြတယ် ..

အဲ့ဒီမှာ Monitor/TV မှာ ကာလာ အရောင်တွေကို ဖြူ နီ ဝါ ပြာ စိမ်း စသဖြင့် ဖော်ပြပေးတယ် .. ကျနော်တို့မြင်ကြရတယ် ..

ဒါပေမဲ့ တစ်ဖက်မှာတော့ (Monitor/TV တွေက) ကျနော်တို့မြင်သလို သိသလိုမျိုး အသိညဏ်သူတို့မှာမရှိပါဘူး။ 

သူတို့နားလည်တာက ကိန်းဂဏန်းတွေပါ။

PC/BD Player/Console တွေက ကိန်းဂဏန်းတွေပါတဲ့ အချက်အလက်တပြွတ်ကြီးကို Monitor/TV စီကိုပို့လွှတ်လိုက်တယ်၊

ဒါကိုမှ ဘယ်ဂဏန်းက ဘယ်အရောင်အတွက်ဆိုတာကို သူတို့မှာ ဘာသာပြန် translate လုပ်သိရှိပြီး မှန်သားပြင်မှာပေါ်စေခြင်းဖြစ်ပါတယ်။ 

အဲ့ဒီ ကိန်းဂဏန်းတွေက color space (dynamic range) အတွင်းမှာပဲရှိပါတယ်။

RGB Full = 0 to 255
RGB Limited = 16 to 235 

RGB Full မှာဆိုရင် 

0 က pure black (တခြားဘာအရောင်မှမရောတဲ့ အနက်စစ်စစ်)
255 က pure white (လုံးဝအဖြူ) ကိုပြောခြင်းဖြစ်ပါတယ်။
ကြားထဲက ကိန်းဂဏန်းတွေကလည်း ကိုယ်စီမှာ အရောင်တွေနဲ့ပေါ့။
RGB Full ကို ဘယ်မှာသုံးလည်းဆိုရင် ဂိမ်းတွေနဲ့ ဆော့ဖ်ဝဲ တွေမှာသုံးပါတယ်။

ဘာလို့ဆိုတော့ သူတို့တွေက အရောင်တွေတိကျပြတ်သားဖို့ရာလိုတာကိုး ...
ဒီတော့ Monitor ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ Monitor ကို RGB Full ကိုလက်ခံပြသပေးနိုင်တဲ့ စံ စနစ်နဲ့ပဲထုတ်လုပ်ပါတယ်။ 

နောက်တစ်ခုက RGB Limited 

Limited ဆိုတဲ့အတိုင်း သူက 16 ကနေစပြီး 235 မှာဆုံးတယ်၊

16 အောက်ဆိုရင် black (အနက်) အဖြစ်သတ်မှတ်တယ်
15 လည်း black
14 လည်း black
0 လည်း black 

ဘာကြီးနေနေ 16 အောက်ဆို black အနက်လို့ပဲမြင်တယ်။
အဲ့ဒီလိုပဲ 235 အထက်ဆိုရင် white (အဖြူ) အဖြစ်သတ်မှတ်ပါတယ်။ 

ဒီတော့ Full နဲ့ Limited မှာဆိုရင် Full က ပိုကောင်းတယ် သုံးသင့်တာပေါ့ဆိုပြီး စောဒက တက်စရာရှိပါတယ်။

ဆောင်းပါးအဆုံးထိကြည့်ပြီးရင် နားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
စကားစပြတ်သွားပီ၊ 

Limited အကြောင်းပြန်ဆက်ကြစို့ရဲ့ .. 

RGB Limited ကိုဘယ်နေရာတွေမှာသုံးလည်းဆိုရင် ရုပ်ရှင် ဗွီဒီယိုတွေရိုက်ကူးရာမှာအသုံးပြုပါတယ်။
အကယ်၍ ရုပ်ရှင်တွေမှာ RGB Limited နဲ့မဟုတ်ပဲ RGB Full ကိုသုံးခဲ့မယ်ဆိုရင် အမှောင်ခန်းအသားပေး ဇာတ်ကွက် (ဥပမာ သရဲကားလိုမျိုး) တွေမှာ အခြား ဝှက်ထားတဲ့အရာတွေကို မြင်ရမှာစိုးလို့ပါတဲ့ .. 

ဒါကြောင့်ရုပ်ရှင်ထုတ်လုပ်သူတွေဟာ ယနေ့ကာလအထိ RGB Limited နဲ့သာအသုံးပြုရိုက်ကူးကြပါတယ်။
လိုက်ဖက်စွာပဲ TV ကုမ္ပဏီများကလည်း သူတို့ရဲ့ TV တွေကို RGB Limited စနစ်ကိုလက်ခံပေးနိုင်တဲ့ စံစနစ်နဲ့ ထုတ်လုပ်ကြပါတယ်။ 

အလွယ်မှတ်ရရင် 

RGB Full
– ဂိမ်းများ၊ ဆော့ဖ်ဝဲများတွင်အသုံးပြု
– Monitor များမှ လက်ခံပြသပေးနိုင် 

RGB Limited
– ရုပ်ရှင် ဗွီဒီယိုများတွင်အသုံးပြု
– TV များမှ လက်ခံပြသပေးနိုင် 

Monitor (RGB Full) မှာ DVD/Blu-ray ဖွင့်စက်တွေနဲ့ချိတ်ပြီး ရုပ်ရှင်ဇာတ်ကားတွေကြည့်မယ်ဆိုရင်ဘာဖြစ်မလည်း ? 

DVD/Blu-ray စက်တွေဟာ ဗွီဒီယိုဖွင့်စက်တွေဖြစ်တာနဲ့အညီ RGB Limited singal တွေကိုပဲထုတ်လွှတ်ပါတယ်၊ 

ဒီတော့ Limited signal ကိုပဲလက်ခံတဲ့ TV နဲ့ချိတ်မယ်ဆိုရင် အပေးအယူမျှတယ်။

ဒါပေမဲ့ Monitor နဲ့သွားချိတ်မယ်ဆိုရင် Monitor က Full range ကိုပဲနားလည်တဲ့အတွက် ပုံရိပ်တွေက ဆောင်းပါးအစမှာပြောခဲ့တဲ့အတိုင်း ကာလာမစိုတော့ပဲ မွဲခြောက်ခြောက်ဖြစ်နေပါမယ်။
color washed-out ဖြစ်တယ်လို့ခေါ်ပါတယ်။ 

အပြန်အလှန်ပဲ Limited RGB ကိုပဲနားလည်ထားတဲ့ TV မှာ PC/Console အသုံးပြုပီး ဂိမ်းတွေ run မယ်ဆိုရင် မှောင်တဲ့နေရာတွေမှာ တခြားဘာမှမမြင်ရတော့ပဲ အနက်တစ်မျိုးထဲပဲဖြစ်နေတာမျိုးကြုံရမှာပါ။ 

ဒါကိုတော့ black crashed လို့ခေါ်ပါတယ်။ 

မဲနေတာကြီးကို brightness/contrast တွေအတိုးအလျော့လုပ်ပြီး ဖြေရှင်းလို့မရဘူးလားဆိုပြီး မေးစရာရှိပါတယ်။

ဒါက မူလထက် အနည်းငယ်ပဲသက်သာစေမှာပါ၊
မှန်ကန်တဲ့နည်းလမ်းတော့မဟုတ်ပါဘူး။ 

အခုဆောင်းပါးကိုရေးရခြင်းအကြောင်းရင်းက black crashed / color washed-out တွေ တော်တော်များများ ကြုံတွေ့မိကြမယ်လို့မျှော်လင့်မိတဲ့အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ 

မိမိ source device (PC, Console, Blu-ray player etc..,) ရဲ့ RGB Full/Limited လို့ခေါ်တဲ့ Dynamic Range ကို ပြောင်းချင်ရင် သက်ဆိုင်ရာ display settings တွေကနေ ဝင်ပြီးပြောင်းနိုင်ပါတယ်။

NVIDIA GPU တွေအတွက် 

NVIDIA Control Panel > Change resolution > Use NVIDIA color settings > Output dynamic range 

အဆင့်ဆင့်ဝင်ရောက်ကာ နှစ်သက်သလိုအပြောင်းအလဲပြုလုပ်နိုင်သလို AMD GPU တွေလည်း Radeon Settings အတွင်းမှာ ချိန်ညှိနိုင်ပါတယ်။

PlayStation, Xbox စက်တွေမှာလည်း ဆိုင်ရာ Display output settings အတွင်းမှာရှိပါတယ်။
ကာလာ အရောင်တွေ မူမမှန်ဘူးထင်ရင် ဝင်ပြီးအပြောင်းအလဲလုပ်ကြည့်ပါ။
Dynamic range မှာ အဲ့လိုကြီးဝင်မပြောင်းချင်ဘူး၊
Auto/default mode ပါတယ်၊

သူ့ကိုထားလိုက်မယ်ဆိုရင်ရောဖြစ်လား ?

(အချို့ စက်များတွင် Dynamic range အတွက် content နှင့် device အလိုက် အလိုအလျောက်ချိန်ညှိပေးသည့် auto mode ပါပါသည်
NVIDIA GPU များတွင် default color settings ဆိုပြီးပါရှိပါသည်)
HomeTheater association ကတော့ auto အစား မိမိကိုယ်တိုင် manual ဝင်ရောက်ပြောင်းလဲအသုံးပြုခြင်းက အကောင်းဆုံးလို့ ပြောထားပါတယ်။ 

များပြားလှတဲ့ TV/Monitor တွေ PC GPU တွေ Blu-ray စက်တွေအကြားမှာ တိကျတဲ့ အဖြေကိုထုတ်ပေးဖို့ဆိုတာက auto mode ဟာ conflict ဖြစ်ပြီး မှားယွင်းနိုင်တဲ့အတွက်ကြောင့်လို့ဆိုပါတယ်။ 

PC ကို HDMI ကနေတဆင့် Monitor နဲ့ ချိတ်ထားတယ်၊
အရောင်တွေမွဲခြောက်ခြောက် (washed-out) ဖစ်နေတယ်။
အဲ့ဒီ Monitor ကိုပဲ DisplayPort ကနေချိတ်တော့ စိုစိုပြေပြေနဲ့ကြည့်ကောင်းတယ်တယ်၊
ဘာလို့လည်း ?

Monitor (RGB Full)

PC (RGB Full) ဆိုရင် သူဟာ့နဲ့သူ ကွတ်တိဖြစ်ပြီးသားပါ၊ 

ဒါပေမဲ့ washed-out ဖြစ်နေရခြင်းအကြောင်းရင်းက သုံးထားတဲ့ HDMI cable ကြောင့်ဖြစ်ပါတယ်။
HDMI ဆိုတာက သူ့ရဲ့ အဓိကစားကျက်သည် TV ဖြစ်ပါတယ်။

ဒီတော့ HDMI သည် monitor နှင့်ချိတ်ထားသော်လည်း monitor ဟုမမြင်ပဲ TV ဟုသာမြင်ပါတယ်။
ဒီတော့ auto/default mode မှာဆိုရင် HDMI သည် RGB Limited signal ကိုသာထုတ်ပေးပါတယ်။
ထို့ကြောင့် monitor တွင် မွဲခြောက်ခြောက်ဖြစ်ရခြင်းဖြစ်ပါတယ်။ 

DisplayPort တွင်အဆိုပါပြသနာမဖြစ်ရခြင်းကတော့ DP standard သည် TV များတွင်မရှိပဲ Monitor သီးသန့်သာဖြစ်ပါတယ်။

ထို့ကြောင့် TV ဟု အမှတ်မှားခြင်းမရှိပဲ RGB Full ကိုထုတ်လွှတ်ပေးခြင်းဖြစ်ပါတယ်။
RGB Full/Limited အပြင် YCbCr 422/444 ဆိုပြီးရှိပါသေးတယ်။

သူတို့ကိုတော့ ယနေ့ကာလနဲ့ လိုက်လျောညီထွေသိပ်မဖြစ်တော့အတွက် ထည့်မရေးတော့ပါဘူး။
ဒီလောက်ဆိုရင် Dynamic range အကြောင်း သိရှိပြီး ကာလာများနဲ့ကခုန်နိုင်မယ်လို့မျှော်လင့်ပါတယ်။

*Photo was taken and edited-out from BenQ

Original Writer, Soe Thu Aung. 

 


Zawgyi

 

RGB Full vs. RGB Limited: အေရာင္မ်ားႏွင့္ကခုန္ျခင္း
● ● ● ● ● ● ●
RGB ဆိုတာနဲ႔ 

(ေခါင္းစဥ္ကလည္း အေရာင္မ်ားႏွင့္ဆိုေတာ့ ..) 

PC အစိတ္အပိုင္းေတြမွာ ဘုရားပြဲလွည့္သလိုေျပးေနတဲ့ မီးေရာင္စုံကိုပဲေျပးျမင္မိၾကပါလိမ့္မယ္ . .
အခုေျပာမဲ့ဟာက အဲ့ဒီ RGB မဟုတ္ပါဘူး၊

Original Writer, Soe Thu Aung. 

TV နဲ႔ Monitor ေတြရဲ႕ dynamic range လို႔ေခၚတဲ့ color spacing အေၾကာင္းကိုေျပာမွာပါ။
သင့္မွာ Monitor/TV တစ္လုံးရွိတယ္ဆိုပါစို႔ . .
အဲ့ဒီ Monitor/TV ကို PC (သို႔) Console ဂိမ္းစက္ (သို႔) DVD/Blu-ray Player တစ္ခုခုနဲ႔ ခ်ိတ္ဆက္ပီးအသုံးျပဳတဲ့အခါမွာ ျမင္ရတဲ့ အ႐ုပ္ေတြ အေရာင္ေတြဟာ ျပတ္သားေတာက္ပျခင္းမရွိပဲ မြဲေျခာက္ေျခာက္ျဖစ္ေနမယ္၊ 

ကာလာေတာ့စိုပါရဲ႕ ဒါေပမဲ့ လိုတာထက္ပိုေနတယ္လို႔ခံစားရတယ္ ..
အခ်ိဳ႕ေနရာေတြမွာ မဲလြန္း/ျဖဴလြန္း ျဖစ္ေနတယ္
ေဖာ္ျပပါျဖစ္ရပ္မ်ိဳးေတြ ႀကဳံဖူးၾကပါလိမ့္မယ္၊

ဒါက ကြဲျပားတဲ့ color space အေပၚ Monitor/TV ေတြက နားလည္လက္ခံပုံျခင္းမတူၾကတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။

RGB Limited နဲ႔ RGB Full ဆိုတာ မတူညီၾကတဲ့ color space ႏွစ္ခုပါ။ 

TV ၾကည့္တယ္၊ TV နဲ႔ခ်ိတ္ပီး ဂိမ္းကစားတယ္၊ PC နဲ႔ Monitor ခ်ိတ္ပီး ဘက္စုံသုံးၾကတယ္ ..
အဲ့ဒီမွာ Monitor/TV မွာ ကာလာ အေရာင္ေတြကို ျဖဴ နီ ဝါ ျပာ စိမ္း စသျဖင့္ ေဖာ္ျပေပးတယ္ .. က်ေနာ္တို႔ျမင္ၾကရတယ္ ..

ဒါေပမဲ့ တစ္ဖက္မွာေတာ့ (Monitor/TV ေတြက) က်ေနာ္တို႔ျမင္သလို သိသလိုမ်ိဳး အသိညဏ္သူတို႔မွာမရွိပါဘူး။ 

သူတို႔နားလည္တာက ကိန္းဂဏန္းေတြပါ။

PC/BD Player/Console ေတြက ကိန္းဂဏန္းေတြပါတဲ့ အခ်က္အလက္တႁပြတ္ႀကီးကို Monitor/TV စီကိုပို႔လႊတ္လိုက္တယ္၊

ဒါကိုမွ ဘယ္ဂဏန္းက ဘယ္အေရာင္အတြက္ဆိုတာကို သူတို႔မွာ ဘာသာျပန္ translate လုပ္သိရွိၿပီး မွန္သားျပင္မွာေပၚေစျခင္းျဖစ္ပါတယ္။ 

အဲ့ဒီ ကိန္းဂဏန္းေတြက color space (dynamic range) အတြင္းမွာပဲရွိပါတယ္။

RGB Full = 0 to 255
RGB Limited = 16 to 235 

RGB Full မွာဆိုရင္ 

0 က pure black (တျခားဘာအေရာင္မွမေရာတဲ့ အနက္စစ္စစ္)
255 က pure white (လုံးဝအျဖဴ) ကိုေျပာျခင္းျဖစ္ပါတယ္။

ၾကားထဲက ကိန္းဂဏန္းေတြကလည္း ကိုယ္စီမွာ အေရာင္ေတြနဲ႔ေပါ့။ 

RGB Full ကို ဘယ္မွာသုံးလည္းဆိုရင္ ဂိမ္းေတြနဲ႔ ေဆာ့ဖ္ဝဲ ေတြမွာသုံးပါတယ္။
ဘာလို႔ဆိုေတာ့ သူတို႔ေတြက အေရာင္ေတြတိက်ျပတ္သားဖို႔ရာလိုတာကိုး ...
ဒီေတာ့ Monitor ထုတ္လုပ္သူေတြဟာ သူတို႔ရဲ႕ Monitor ကို RGB Full ကိုလက္ခံျပသေပးႏိုင္တဲ့ စံ စနစ္နဲ႔ပဲထုတ္လုပ္ပါတယ္။ 

ေနာက္တစ္ခုက RGB Limited
Limited ဆိုတဲ့အတိုင္း သူက 16 ကေနစၿပီး 235 မွာဆုံးတယ္၊

16 ေအာက္ဆိုရင္ black (အနက္) အျဖစ္သတ္မွတ္တယ္
15 လည္း black
14 လည္း black
0 လည္း black 

ဘာႀကီးေနေန 16 ေအာက္ဆို black အနက္လို႔ပဲျမင္တယ္။

အဲ့ဒီလိုပဲ 235 အထက္ဆိုရင္ white (အျဖဴ) အျဖစ္သတ္မွတ္ပါတယ္။
ဒီေတာ့ Full နဲ႔ Limited မွာဆိုရင္ Full က ပိုေကာင္းတယ္ သုံးသင့္တာေပါ့ဆိုၿပီး ေစာဒက တက္စရာရွိပါတယ္။

ေဆာင္းပါးအဆုံးထိၾကည့္ၿပီးရင္ နားလည္လိမ့္မယ္လို႔ေမွ်ာ္လင့္ပါတယ္။
စကားစျပတ္သြားပီ၊ 

Limited အေၾကာင္းျပန္ဆက္ၾကစို႔ရဲ႕ .. 

RGB Limited ကိုဘယ္ေနရာေတြမွာသုံးလည္းဆိုရင္ ႐ုပ္ရွင္ ဗြီဒီယိုေတြ႐ိုက္ကူးရာမွာအသုံးျပဳပါတယ္။
အကယ္၍ ႐ုပ္ရွင္ေတြမွာ RGB Limited နဲ႔မဟုတ္ပဲ RGB Full ကိုသုံးခဲ့မယ္ဆိုရင္ အေမွာင္ခန္းအသားေပး ဇာတ္ကြက္ (ဥပမာ သရဲကားလိုမ်ိဳး) ေတြမွာ အျခား ဝွက္ထားတဲ့အရာေတြကို ျမင္ရမွာစိုးလို႔ပါတဲ့ ..
ဒါေၾကာင့္႐ုပ္ရွင္ထုတ္လုပ္သူေတြဟာ ယေန႔ကာလအထိ RGB Limited နဲ႔သာအသုံးျပဳ႐ိုက္ကူးၾကပါတယ္။
လိုက္ဖက္စြာပဲ TV ကုမၸဏီမ်ားကလည္း သူတို႔ရဲ႕ TV ေတြကို RGB Limited စနစ္ကိုလက္ခံေပးႏိုင္တဲ့ စံစနစ္နဲ႔ ထုတ္လုပ္ၾကပါတယ္။ 

အလြယ္မွတ္ရရင္

RGB Full
– ဂိမ္းမ်ား၊ ေဆာ့ဖ္ဝဲမ်ားတြင္အသုံးျပဳ
– Monitor မ်ားမွ လက္ခံျပသေပးႏိုင္

RGB Limited
– ႐ုပ္ရွင္ ဗြီဒီယိုမ်ားတြင္အသုံးျပဳ
– TV မ်ားမွ လက္ခံျပသေပးႏိုင္ 

Monitor (RGB Full) မွာ DVD/Blu-ray ဖြင့္စက္ေတြနဲ႔ခ်ိတ္ၿပီး ႐ုပ္ရွင္ဇာတ္ကားေတြၾကည့္မယ္ဆိုရင္ဘာျဖစ္မလည္း ?
DVD/Blu-ray စက္ေတြဟာ ဗြီဒီယိုဖြင့္စက္ေတြျဖစ္တာနဲ႔အညီ RGB Limited singal ေတြကိုပဲထုတ္လႊတ္ပါတယ္၊ 

ဒီေတာ့ Limited signal ကိုပဲလက္ခံတဲ့ TV နဲ႔ခ်ိတ္မယ္ဆိုရင္ အေပးအယူမွ်တယ္။
ဒါေပမဲ့ Monitor နဲ႔သြားခ်ိတ္မယ္ဆိုရင္ Monitor က Full range ကိုပဲနားလည္တဲ့အတြက္ ပုံရိပ္ေတြက ေဆာင္းပါးအစမွာေျပာခဲ့တဲ့အတိုင္း ကာလာမစိုေတာ့ပဲ မြဲေျခာက္ေျခာက္ျဖစ္ေနပါမယ္။
color washed-out ျဖစ္တယ္လို႔ေခၚပါတယ္။ 

အျပန္အလွန္ပဲ Limited RGB ကိုပဲနားလည္ထားတဲ့ TV မွာ PC/Console အသုံးျပဳပီး ဂိမ္းေတြ run မယ္ဆိုရင္ ေမွာင္တဲ့ေနရာေတြမွာ တျခားဘာမွမျမင္ရေတာ့ပဲ အနက္တစ္မ်ိဳးထဲပဲျဖစ္ေနတာမ်ိဳးႀကဳံရမွာပါ။
ဒါကိုေတာ့ black crashed လို႔ေခၚပါတယ္။ 

မဲေနတာႀကီးကို brightness/contrast ေတြအတိုးအေလ်ာ့လုပ္ၿပီး ေျဖရွင္းလို႔မရဘူးလားဆိုၿပီး ေမးစရာရွိပါတယ္။ ဒါက မူလထက္ အနည္းငယ္ပဲသက္သာေစမွာပါ၊
မွန္ကန္တဲ့နည္းလမ္းေတာ့မဟုတ္ပါဘူး။ 

အခုေဆာင္းပါးကိုေရးရျခင္းအေၾကာင္းရင္းက black crashed / color washed-out ေတြ ေတာ္ေတာ္မ်ားမ်ား ႀကဳံေတြ႕မိၾကမယ္လို႔ေမွ်ာ္လင့္မိတဲ့အတြက္ အေထာက္အကူျဖစ္ေစရန္ ရည္႐ြယ္ျခင္းျဖစ္ပါတယ္။ 

မိမိ source device (PC, Console, Blu-ray player etc..,) ရဲ႕ RGB Full/Limited လို႔ေခၚတဲ့ Dynamic Range ကို ေျပာင္းခ်င္ရင္ သက္ဆိုင္ရာ display settings ေတြကေန ဝင္ၿပီးေျပာင္းႏိုင္ပါတယ္။

NVIDIA GPU ေတြအတြက္ 

NVIDIA Control Panel > Change resolution > Use NVIDIA color settings > Output dynamic range 

အဆင့္ဆင့္ဝင္ေရာက္ကာ ႏွစ္သက္သလိုအေျပာင္းအလဲျပဳလုပ္ႏိုင္သလို AMD GPU ေတြလည္း Radeon Settings အတြင္းမွာ ခ်ိန္ညႇိႏိုင္ပါတယ္။

PlayStation, Xbox စက္ေတြမွာလည္း ဆိုင္ရာ Display output settings အတြင္းမွာရွိပါတယ္။
ကာလာ အေရာင္ေတြ မူမမွန္ဘူးထင္ရင္ ဝင္ၿပီးအေျပာင္းအလဲလုပ္ၾကည့္ပါ။ 

Dynamic range မွာ အဲ့လိုႀကီးဝင္မေျပာင္းခ်င္ဘူး၊
Auto/default mode ပါတယ္၊
သူ႔ကိုထားလိုက္မယ္ဆိုရင္ေရာျဖစ္လား ?

(အခ်ိဳ႕ စက္မ်ားတြင္ Dynamic range အတြက္ content ႏွင့္ device အလိုက္ အလိုအေလ်ာက္ခ်ိန္ညႇိေပးသည့္ auto mode ပါပါသည္
NVIDIA GPU မ်ားတြင္ default color settings ဆိုၿပီးပါရွိပါသည္)

HomeTheater association ကေတာ့ auto အစား မိမိကိုယ္တိုင္ manual ဝင္ေရာက္ေျပာင္းလဲအသုံးျပဳျခင္းက အေကာင္းဆုံးလို႔ ေျပာထားပါတယ္။
မ်ားျပားလွတဲ့ TV/Monitor ေတြ PC GPU ေတြ Blu-ray စက္ေတြအၾကားမွာ တိက်တဲ့ အေျဖကိုထုတ္ေပးဖို႔ဆိုတာက auto mode ဟာ conflict ျဖစ္ၿပီး မွားယြင္းႏိုင္တဲ့အတြက္ေၾကာင့္လို႔ဆိုပါတယ္။ 

PC ကို HDMI ကေနတဆင့္ Monitor နဲ႔ ခ်ိတ္ထားတယ္၊
အေရာင္ေတြမြဲေျခာက္ေျခာက္ (washed-out) ဖစ္ေနတယ္။ အဲ့ဒီ Monitor ကိုပဲ DisplayPort ကေနခ်ိတ္ေတာ့ စိုစိုေျပေျပနဲ႔ၾကည့္ေကာင္းတယ္တယ္၊

ဘာလို႔လည္း ?

Monitor (RGB Full)

PC (RGB Full) ဆိုရင္ သူဟာ့နဲ႔သူ ကြတ္တိျဖစ္ၿပီးသားပါ၊ 

ဒါေပမဲ့ washed-out ျဖစ္ေနရျခင္းအေၾကာင္းရင္းက သုံးထားတဲ့ HDMI cable ေၾကာင့္ျဖစ္ပါတယ္။
HDMI ဆိုတာက သူ႔ရဲ႕ အဓိကစားက်က္သည္ TV ျဖစ္ပါတယ္။

ဒီေတာ့ HDMI သည္ monitor ႏွင့္ခ်ိတ္ထားေသာ္လည္း monitor ဟုမျမင္ပဲ TV ဟုသာျမင္ပါတယ္။

ဒီေတာ့ auto/default mode မွာဆိုရင္ HDMI သည္ RGB Limited signal ကိုသာထုတ္ေပးပါတယ္။
ထို႔ေၾကာင့္ monitor တြင္ မြဲေျခာက္ေျခာက္ျဖစ္ရျခင္းျဖစ္ပါတယ္။ 

DisplayPort တြင္အဆိုပါျပသနာမျဖစ္ရျခင္းကေတာ့ DP standard သည္ TV မ်ားတြင္မရွိပဲ Monitor သီးသန႔္သာျဖစ္ပါတယ္။

ထို႔ေၾကာင့္ TV ဟု အမွတ္မွားျခင္းမရွိပဲ RGB Full ကိုထုတ္လႊတ္ေပးျခင္းျဖစ္ပါတယ္။
RGB Full/Limited အျပင္ YCbCr 422/444 ဆိုၿပီးရွိပါေသးတယ္။ 

သူတို႔ကိုေတာ့ ယေန႔ကာလနဲ႔ လိုက္ေလ်ာညီေထြသိပ္မျဖစ္ေတာ့အတြက္ ထည့္မေရးေတာ့ပါဘူး။
ဒီေလာက္ဆိုရင္ Dynamic range အေၾကာင္း သိရွိၿပီး ကာလာမ်ားနဲ႔ကခုန္ႏိုင္မယ္လို႔ေမွ်ာ္လင့္ပါတယ္။

*Photo was taken and edited-out from BenQ 

Original Writer, Soe Thu Aung.

Post a Comment

0 Comments