Final Fantasy 14 Free trial သမားတွေအတွက် Linkshells


Free Trial သမားတွေဟာ ဂိမ်းထဲမှာ မိမိက စ friend add လို့ မရသလို စကားပြောရာမှာလည်း အခက်တွေ့ပါတယ်။ 

စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version

Final Fantasy 14 မှာ chatbox မှာ Say, Tell, Yell, Shout, Party, Alliance, Linkshell, Cross-world Linkshell, Free Company, Novice Network ဆိုပြီး လိုင်း ၁၀ မျိုးပါရှိပါတယ်။

Say = ကိုယ့်အနီးတဝိုက်မှာရှိတဲ့ player တွေ မြင်နိုင် ပြောနိုင်ပါတယ်။ သူ့ရဲ့ သက်ရောက်မှုက minimap မှာပြထားတဲ့ ဧရိယာတဝိုက်သာသာပဲ ရှိပါတယ်။ 

Tell = player တစ်ယောက်တည်းကိုပဲ တိုက်ရိုက်ဆက်သွယ် ပြောလို့ရတာ ဖြစ်ပါတယ်။

Yell = Say ထက် သက်ရောက်မှု ဧရိယာ ပိုကျယ်ပါတယ်။ ဒါပေမယ့် Shout ထက်တော့ ကျဥ်းပါတယ်။

Shout = Map တခုလုံးမှာ ရှိတဲ့ player တွေ အကုန်မြင်နိုင်ပါတယ်။ 

Party = Dungeon, Trial, Raid ထဲရောက်မှ သုံးလို့ရတယ်။ ကိုယ့် ပါတီဝင်တွေသာ မြင်နိုင် ပြောနိုင်တယ်။

Alliance = dungeon, trial, raid ထဲ ရောက်နေမှ သုံးလို့ရပါတယ်။ သူကတော့ ကိုယ့် party ဝင်တွေအပြင် တခြား Party ဝင်တွေပါ အကုန်လုံး မြင်နိုင်တယ် ပြောနိုင်တယ်။

Linkshell = အဲ့ဒီလိုင်းမှာ မန်ဘာဝင်ထားတဲ့သူတွေသာလျှင် မြင်နိုင် ပြောနိုင်ပါတယ်။ သို့သော်လည်း မန်ဘာတွေဟာ world တခုတည်းမှာ ရှိနေမှ သုံးနိုင်တဲ့ လိုင်းဖြစ်ပါတယ်။

Cross-world Linkshell = Server တစ်ခုလုံးမှာရှိတဲ့ World အားလုံးက Player တွေ မန်ဘာ ဝင်နိုင်၊ မြင်နိုင်၊ ပြောဆိုနိုင်တဲ့ လိုင်းတစ်ခု ဖြစ်ပါတယ်။ မန်ဘာဝင်တွေဟာ world တခုတည်းမှာ ရှိနေစရာ မလိုပါဘူး။

Free Company = (Guild) Free Company အဖွဲ့ဝင် မန်ဘာတွေသာ မြင်နိုင် ပြောနိုင်တဲ့ လိုင်း ဖြစ်ပါတယ်။

Novice Network = ဒီလိုင်းကတော့ လက်ရှိ ဆော့နေဆဲ ဝါရင့် Mentor player တွေနဲ့ အခုမှစဆော့တဲ့ new player တွေ ရှိနေကြ၊ ပြောဆိုကြတဲ့ လိုင်းပါတယ်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ရှိကြပါတယ်။ data center အလိုက် ထိုလိုင်းရဲ့ active ဖြစ်မှုက ကွာခြားသွားကြပြီး Elemental ''Tonberry'' world မှာတော့ တော်တော်လေး active ဖြစ်ပါတယ်။ အဲ့ဒီလိုင်းကို ဝင်ဖို့အတွက်က mentor player တယောက်ယောက်က ကိုယ့်ကို invite ပေးမှ ရတာ ဖြစ်ပါတယ်။


Free Trial သမားတွေဟာ ဂိမ်းထဲမှာ မိမိက စ friend add လို့ မရပါဘူး။ (သို့သော်လည်း ဂိမ်းဝယ်ဆော့နေသူတွေက မိမိကို friend အဖြစ် add လို့ရပါတယ်) (Guild) Free Company ကိုလည်း Join ခွင့်ပိတ်ထားပါတယ်။ ပြီးတော့ မိမိကအစ party ဖွဲ့လို့မရတဲ့အပြင် စကားပြောရာမှာလည်း Chatbox စနစ်မှာ Say, party, alliance ၃ မျိုးသာ သုံးခွင့်ပေးထားတာမို့ အခက်တွေ့ပါတယ်။ တခုခုဆို ဂိမ်းထဲမှာ ဘယ်လိုမေး ပြောရမလဲဆိုတာ မသိ ဖြစ်နေတတ်ပါတယ်။ 

ဒါပေမယ့် စိတ်မပူပါနဲ့။ 

Final Fantasy 14 ဟာ free trial သမားတွေကို Linkshell တွေ ဖွင့်ခွင့် မပေးထားပေမယ့် Join ခွင့်တော့ ပေးထားပါတယ်။ 

ဒီ့အတွက်

ဒီမှာရှိနေတဲ့ ဆော့နေကြတဲ့ ကျနော်တို့ player တွေ ဖွင့်ထားတဲ့ Cross-world Linkshell တွေရှိပါတယ်။ မြန်မာချည်းပါပဲ။

Elemental Data Center မှာ ၂ ခုရှိပါတယ်။
Mana Data Center မှာ တစ်ခု ရှိပါတယ်။

Join ဖို့အတွက် Facebook ပေါ် သူတို့ကို ဆက်သွယ်ပြီး in game မှာ ချိတ်ဆက်ကာ မန်ဘာ ဝင်လို့ရပါတယ်။ Cross-World Linkshell မှာ ဝင်ထားရင်တော့ ကိုယ် ဘယ်နေရာပဲ ရောက်ရောက် စကားပြောလို့ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ တယောက်ကို Cross-World Linkshell ၁၀ ခု Join လို့ရပါတယ်။

လက်လှမ်းမီသလောက် သိတဲ့ Cross-World Linkshell က ၃ ခုပဲ ရှိပါတယ်။ တခြား Data center တွေမှာ ဆော့နေတဲ့သူတွေ Cross-World Linkshell ဖွင့်ထားလို့ရှိရင် ဒီပို့စ်မှာ လာမန့်ပေးလို့ရပါတယ်။ data center တူတဲ့ Free trial သမားတွေ ဝင်လို့ ရအောင်လို့ပါ။
Join ချင်သူများ ဒီ ဂရုမှာ ပို့စ်တင် မေးလို့ရပါတယ်။


 

UI communication guide

Elemental Server အတွက်ဆိုရင် ဒီ Bro ကို ဆက်သွယ်လို့ရပါတယ်။

Post Link = https://www.facebook.com/groups/2158208491153315/permalink/2374028042904691/

MM Elemental Lounge

Elemental Server မှာ ပါဝင်တဲ့ World တွေက

  • Aegis
  • Atomos
  • Carbuncle
  • Garuda
  • Gungnir
  • Kujata
  • Ramuh
  • Tonberry
  • Typhon
  • Unicorn


ဒါကတော့ Mana server အတွက်။ ဝင်ချင်ရင် ကျနော့်ကို ဆက်သွယ်လို့ ရပါတယ်။

Post Link = https://www.facebook.com/groups/2158208491153315/permalink/2374001282907367/

Hades MM group

Mana server မှာ ပါဝင်တဲ့ World တွေက

  • Anima
  • Asura
  • Belias
  • Chocobo
  • Hades
  • Ixion
  • Mandragora
  • Masamune
  • Pandaemonium
  • Shinryu
  • Titan

Elemental Server မှာ ရှိတဲ့ Cross-World Linkshell နောက်တစ်ခုပါ။ ဝင်ချင်ရင်တော့ ဒီ ညီမငယ် ပေ့ချ်ကနေတဆင့် ဆက်သွယ်လို့ရပါတယ်။ သူစီမံနေတဲ့ Cross-World Linkshell ပါ။

Facebook Page = https://www.facebook.com/yournextdoorgamerrox/

Elemental cwls

Elemental Server မှာ ပါဝင်တဲ့ World တွေက

  • Aegis
  • Atomos
  • Carbuncle
  • Garuda
  • Gungnir
  • Kujata
  • Ramuh
  • Tonberry
  • Typhon
  • Unicorn

Cross-World Linkshell ထဲဝင်လိုလျှင်

1. ဝင်လိုသော Cross-World Linkshell ရဲ့ leader သို့ member တစ်ယောက်နှင့် ဂိမ်းထဲမှာ လူချင်းတွေ့ဖို့ လိုပါတယ်။

2. Notification လေးနဲ့ ပြပါတယ်။ နှိပ်လိုက်လျှင် Cross-World Linkshell List ပေါ်လာပါမယ်။

3. Cross-World Linkshell List မှာ မိမိကို Invite လိုက်သော Cross-World Linkshell နာမည်ကို ရွေးပါ။

4. ဒီအထဲက မိမိနာမည်ကို Right click နှိပ်ပြီး ပေါ်လာတဲ့ Menu ထဲက Accept Cross-World Linkshell invite ကို နှိပ်ပါ။

5. အတည်ပြု ဝင်းဒိုး ပေါ်လာလျှင် Yes ကို နှိပ်ပါ။ 

Cross-World Linkshell ကို ညာဘက်အောက်ထောင့်နားက Social ဆိုတဲ့ Icon ထဲမှာ ရှာတွေ့နိုင်ပါတယ်။


Zawgyi

 

Free trial သမားေတြအတြက္

Free Trial သမားေတြဟာ ဂိမ္းထဲမွာ မိမိက စ friend add လို႔ မရသလို စကားေျပာရာမွာလည္း အခက္ေတြ႕ပါတယ္။ 

-----------------

Final Fantasy 14 မွာ chatbox မွာ Say, Tell, Yell, Shout, Party, Alliance, Linkshell, Cross-world Linkshell, Free Company, Novice Network ဆိုၿပီး လိုင္း ၁၀ မ်ိဳးပါရွိပါတယ္။

Say = ကိုယ့္အနီးတဝိုက္မွာရွိတဲ့ player ေတြ ျမင္ႏိုင္ ေျပာႏိုင္ပါတယ္။ သူ႔ရဲ႕ သက္ေရာက္မႈက minimap မွာျပထားတဲ့ ဧရိယာတဝိုက္သာသာပဲ ရွိပါတယ္။ 

Tell = player တစ္ေယာက္တည္းကိုပဲ တိုက္႐ိုက္ဆက္သြယ္ ေျပာလို႔ရတာ ျဖစ္ပါတယ္။

Yell = Say ထက္ သက္ေရာက္မႈ ဧရိယာ ပိုက်ယ္ပါတယ္။ ဒါေပမယ့္ Shout ထက္ေတာ့ က်ဥ္းပါတယ္။

Shout = Map တခုလုံးမွာ ရွိတဲ့ player ေတြ အကုန္ျမင္ႏိုင္ပါတယ္။ 

Party = Dungeon, Trial, Raid ထဲေရာက္မွ သုံးလို႔ရတယ္။ ကိုယ့္ ပါတီဝင္ေတြသာ ျမင္ႏိုင္ ေျပာႏိုင္တယ္။

Alliance = dungeon, trial, raid ထဲ ေရာက္ေနမွ သုံးလို႔ရပါတယ္။ သူကေတာ့ ကိုယ့္ party ဝင္ေတြအျပင္ တျခား Party ဝင္ေတြပါ အကုန္လုံး ျမင္ႏိုင္တယ္ ေျပာႏိုင္တယ္။

Linkshell = အဲ့ဒီလိုင္းမွာ မန္ဘာဝင္ထားတဲ့သူေတြသာလွ်င္ ျမင္ႏိုင္ ေျပာႏိုင္ပါတယ္။ သို႔ေသာ္လည္း မန္ဘာေတြဟာ world တခုတည္းမွာ ရွိေနမွ သုံးႏိုင္တဲ့ လိုင္းျဖစ္ပါတယ္။

Cross-world Linkshell = Server တစ္ခုလုံးမွာရွိတဲ့ World အားလုံးက Player ေတြ မန္ဘာ ဝင္ႏိုင္၊ ျမင္ႏိုင္၊ ေျပာဆိုႏိုင္တဲ့ လိုင္းတစ္ခု ျဖစ္ပါတယ္။ မန္ဘာဝင္ေတြဟာ world တခုတည္းမွာ ရွိေနစရာ မလိုပါဘူး။
Free Company = (Guild) Free Company အဖြဲ႕ဝင္ မန္ဘာေတြသာ ျမင္ႏိုင္ ေျပာႏိုင္တဲ့ လိုင္း ျဖစ္ပါတယ္။

Novice Network = ဒီလိုင္းကေတာ့ လက္ရွိ ေဆာ့ေနဆဲ ဝါရင့္ Mentor player ေတြနဲ႔ အခုမွစေဆာ့တဲ့ new player ေတြ ရွိေနၾက၊ ေျပာဆိုၾကတဲ့ လိုင္းပါတယ္။ လူမ်ိဳးေပါင္းစုံ ဘာသာေပါင္းစုံ ရွိၾကပါတယ္။ data center အလိုက္ ထိုလိုင္းရဲ႕ active ျဖစ္မႈက ကြာျခားသြားၾကၿပီး Elemental ''Tonberry'' world မွာေတာ့ ေတာ္ေတာ္ေလး active ျဖစ္ပါတယ္။ အဲ့ဒီလိုင္းကို ဝင္ဖို႔အတြက္က mentor player တေယာက္ေယာက္က ကိုယ့္ကို invite ေပးမွ ရတာ ျဖစ္ပါတယ္။


Free Trial သမားေတြဟာ ဂိမ္းထဲမွာ မိမိက စ friend add လို႔ မရပါဘူး။ (သို႔ေသာ္လည္း ဂိမ္းဝယ္ေဆာ့ေနသူေတြက မိမိကို friend အျဖစ္ add လို႔ရပါတယ္) (Guild) Free Company ကိုလည္း Join ခြင့္ပိတ္ထားပါတယ္။ ၿပီးေတာ့ မိမိကအစ party ဖြဲ႕လို႔မရတဲ့အျပင္ စကားေျပာရာမွာလည္း Chatbox စနစ္မွာ Say, party, alliance ၃ မ်ိဳးသာ သုံးခြင့္ေပးထားတာမို႔ အခက္ေတြ႕ပါတယ္။ တခုခုဆို ဂိမ္းထဲမွာ ဘယ္လိုေမး ေျပာရမလဲဆိုတာ မသိ ျဖစ္ေနတတ္ပါတယ္။ 

ဒါေပမယ့္ စိတ္မပူပါနဲ႔။ 

Final Fantasy 14 ဟာ free trial သမားေတြကို Linkshell ေတြ ဖြင့္ခြင့္ မေပးထားေပမယ့္ Join ခြင့္ေတာ့ ေပးထားပါတယ္။ 

ဒီ့အတြက္

ဒီမွာရွိေနတဲ့ ေဆာ့ေနၾကတဲ့ က်ေနာ္တို႔ player ေတြ ဖြင့္ထားတဲ့ Cross-world Linkshell ေတြရွိပါတယ္။ ျမန္မာခ်ည္းပါပဲ။

Elemental Data Center မွာ ၂ ခုရွိပါတယ္။
Mana Data Center မွာ တစ္ခု ရွိပါတယ္။

Join ဖို႔အတြက္ Facebook ေပၚ သူတို႔ကို ဆက္သြယ္ၿပီး in game မွာ ခ်ိတ္ဆက္ကာ မန္ဘာ ဝင္လို႔ရပါတယ္။ Cross-World Linkshell မွာ ဝင္ထားရင္ေတာ့ ကိုယ္ ဘယ္ေနရာပဲ ေရာက္ေရာက္ စကားေျပာလို႔ အဆင္ေျပသြားမွာ ျဖစ္ပါတယ္။ တေယာက္ကို Cross-World Linkshell ၁၀ ခု Join လို႔ရပါတယ္။

လက္လွမ္းမီသေလာက္ သိတဲ့ Cross-World Linkshell က ၃ ခုပဲ ရွိပါတယ္။ တျခား Data center ေတြမွာ ေဆာ့ေနတဲ့သူေတြ Cross-World Linkshell ဖြင့္ထားလို႔ရွိရင္ ဒီပို႔စ္မွာ လာမန္႔ေပးလို႔ရပါတယ္။ data center တူတဲ့ Free trial သမားေတြ ဝင္လို႔ ရေအာင္လို႔ပါ။
Join ခ်င္သူမ်ား ဒီ ဂ႐ုမွာ ပို႔စ္တင္ ေမးလို႔ရပါတယ္။


 

UI communication guide

Elemental Server အတြက္ဆိုရင္ ဒီ Bro ကို ဆက္သြယ္လို႔ရပါတယ္။

Post Link = https://www.facebook.com/groups/2158208491153315/permalink/2374028042904691/

MM Elemental Lounge

Elemental Server မွာ ပါဝင္တဲ့ World ေတြက 

  • Aegis
  • Atomos
  • Carbuncle
  • Garuda
  • Gungnir
  • Kujata
  • Ramuh
  • Tonberry
  • Typhon
  • Unicorn


ဒါကေတာ့ Mana server အတြက္။ ဝင္ခ်င္ရင္ က်ေနာ့္ကို ဆက္သြယ္လို႔ ရပါတယ္။

Post Link = https://www.facebook.com/groups/2158208491153315/permalink/2374001282907367/

Hades MM group

Mana server မွာ ပါဝင္တဲ့ World ေတြက

  • Anima
  • Asura
  • Belias
  • Chocobo
  • Hades
  • Ixion
  • Mandragora
  • Masamune
  • Pandaemonium
  • Shinryu
  • Titan


Elemental Server မွာ ရွိတဲ့ Cross-World Linkshell ေနာက္တစ္ခုပါ။ ဝင္ခ်င္ရင္ေတာ့ ဒီ ညီမငယ္ ေပ့ခ်္ကေနတဆင့္ ဆက္သြယ္လို႔ရပါတယ္။ သူစီမံေနတဲ့ Cross-World Linkshell ပါ။

Facebook Page = https://www.facebook.com/yournextdoorgamerrox/

Elemental cwls

Elemental Server မွာ ပါဝင္တဲ့ World ေတြက

  • Aegis
  • Atomos
  • Carbuncle
  • Garuda
  • Gungnir
  • Kujata
  • Ramuh
  • Tonberry
  • Typhon
  • Unicorn 

Cross-World Linkshell ထဲဝင္လိုလွ်င္ 

1. ဝင္လိုေသာ Cross-World Linkshell ရဲ႕ leader သို႔ member တစ္ေယာက္ႏွင့္ ဂိမ္းထဲမွာ လူခ်င္းေတြ႕ဖို႔ လိုပါတယ္။

2. Notification ေလးနဲ႔ ျပပါတယ္။ ႏွိပ္လိုက္လွ်င္ Cross-World Linkshell List ေပၚလာပါမယ္။

3. Cross-World Linkshell List မွာ မိမိကို Invite လိုက္ေသာ Cross-World Linkshell နာမည္ကို ေ႐ြးပါ။

4. ဒီအထဲက မိမိနာမည္ကို Right click ႏွိပ္ၿပီး ေပၚလာတဲ့ Menu ထဲက Accept Cross-World Linkshell invite ကို ႏွိပ္ပါ။

 5. အတည္ျပဳ ဝင္းဒိုး ေပၚလာလွ်င္ Yes ကို ႏွိပ္ပါ။ 

Cross-World Linkshell ကို ညာဘက္ေအာက္ေထာင့္နားက Social ဆိုတဲ့ Icon ထဲမွာ ရွာေတြ႕ႏိုင္ပါတယ္။


Linkshell ဝင္နည္းလည္း ထို႔အတူပါပဲ။

Post a Comment

0 Comments