Multi-Core War: Intel vs. AMD

စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version
Intel အနေနဲ့ လွန်ခဲ့တဲ့ ၅ နှစ် 6th Generation CPU တွေနဲ့အစပြုခဲ့တဲ့ 14nm Skylake microarchitecture အပေါ် ယခု 2020 အထိ သံယောဇဉ်မကုန်သေးပါဘူး။

Sandy Bridge ကနေ Kaby Lake အထိ Core/Thread အရေအတွက် တူညီစွာအသုံးပြုလာခဲ့တဲ့ Intel ရဲ့ ရိုးအီနေတဲ့ဖော်မြူလာဟာ အစဉ်အလာပြိုင်ဖက် AMD ရဲ့ 1st Gen Zen (Ryzen 1000 Series) တွေဈေးကွက်ထဲစတင်ဝင်ရောက်လာချိန်မှသာ တိုးတက်ပြောင်းလဲမှုတစ်ချို့ရှိလာခဲ့ပါတယ်။

Intel ရဲ့ CPU တွေကိုမျိုးဆက်အလိုက်ခွဲခြားတဲ့အခါမှာ အုပ်စုနှစ်ခု ရှိတာကိုသိထားဖို့ရာလိုပါတယ်။
ဟိုးအဝေးကြီးကဟာတွေကိုတော့ထည့်မပြောတော့ပါဘူး၊ လက်ရှိနဲ့ဆက်နွယ်နေတဲ့ အစုတွေကိုသာပြောပါ့မယ်။

Intel ဟာ သူ့ရဲ့ CPU တွေကို ၁၂ လ - ၁၅ လ အတွင်းမှာ တစ်ကြိမ် Gen အသစ်ထုတ်လုပ်ပေးလေ့ရှိပါတယ်



အလွယ်မှတ်ရရင် တစ်နှစ်တစ်ကြိမ်။

ဒီတော့မိမိရဲ့ Intel CPU က ဘယ် Gen လည်းသိချင်ရင် အလွယ်ခွဲလို့ရပါတယ်။

  • i3-2100
  • i5-2300
  • i7-2700K

ဆိုရင် 2nd Gen

  • i3-6100
  • i5-6500
  • i7-6700
ဆိုရင် 6th Gen

စသဖြင့်သိနိုင်ပါတယ်။

ဒီလိုနဲ့ထုတ်လာလိုက်တာက လက်ရှိမှာ 10th Gen အထိရောက်လာခဲ့ပြီဖြစ်ပါတယ်။

(Pentium/Celeron တို့လို အနိမ့်ပိုင်းတွေမှာတော့ နာမည်ပေးပုံစနစ်က အနည်းငယ်ကွဲပြားပါတယ်၊
ဒါပေမဲ့ Gaming အတွက်ဆိုရင် သူတို့ကို ထည့်စဉ်းစားဖို့ရာ မသင့်တော့တဲ့အတွက် ထည့်မရေးတော့ပါဘူး)

ရှေ့မှာပြောခဲ့တယ်၊

အုပ်စု နှစ်ခုရှိနေတယ်ဆိုပြီး . .

Intel Microarchitecture Generations


  • အုပ်စု A


1st Gen (Nehalem)
LGA1156, 45nm, 2008
2nd Gen (Sandy Bridge)
LGA1155, 32nm, 2011

3rd Gen (Ivy Bridge)
LGA1155, 22nm, 2012

4th Gen (Haswell)
LGA1150, 22nm, 2013

5th Gen (Broadwell)
LGA1150, 14nm, 2014

6th Gen (Skylake)
LGA1151, 14nm, 2015

7th Gen (Kaby Lake)
LGA1151, 14nm, 2016

7th Gen နောက်ပိုင်းကိုတော့ အုပ်စု B အဖြစ်သတ်မှတ်ပါမယ်။

  • အုပ်စု B


8th Gen (Coffee Lake)
LGA1151, 14nm, 2017

9th Gen (Coffee Lake)
LGA1151, 14nm, 2018

10th Gen (Comet Lake)
LGA1200, 14nm, 2020

1st Gen ကနေ 7th Gen အထိ အုပ်စု A
8th Gen ကနေ လက်ရှိ 10th Gen အထိကို အုပ်စု B

အဖြစ်သတ်မှတ်ရမှာပါ။


အုပ်စု A မှာရှိတဲ့ CPU တွေအားလုံးဟာ သူ့ level နဲ့သူမှာ core/thread အရေအတွက်တွေဟာ အတူတူပဲဖြစ်ကြပါတယ်။

i3 ဆိုရင် 2cores/4threads
i5 ဆိုရင် 4cores/4threads
i7 ဆိုရင် 4cores/8threads

အုပ်စု A အတွင်းမှာ Intel CPU တွေဟာ တစ်နှစ်နဲ့တစ်နှစ် အသစ်အသစ်တွေသာထွက်လာခဲ့ပေမဲ့ core/thread အရေအတွက် ပြောင်းလဲခြင်းမရှိတာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ မသိသာပဲ လိမ်ဖယ်လိမ်ဖယ်သာရှိနေခဲ့ပါတယ်။

သို့ပေမဲ့ 2017 အရောက်မှာတော့ Intel အဖို့ သူ့ရဲ့ ဖော်မြူလာကို ပြောင်းလဲဖို့ရာအကြောင်းဖန်လာပါတယ်။

ပြိုင်ဖက် AMD ဟာ ထိုနှစ်ထဲမှာ Zen architecture ကိုစတင်မိတ်ဆက်ခဲ့ပြီး core/thread အားဖြင့် Intel ထက်များပြားသလို ဈေးနှုန်းသက်သာတဲ့ Ryzen 1000 Seires ကို ဈေးကွက်အတွင်းပို့ဆောင်လိုက်ပါတယ်။

Ryzen ဖိအားကြောင့် Intel အနေနဲ့ ယခင် (အုပ်စု A) ဖော်မြူလာကိုဆက်သုံးရန်မဖြစ်နိုင်တော့ပဲ ဈေးကွက်ပြန်လည်ရယူရန်အတွက် သူ့ရဲ့ CPU တွေကို core/thread အရေအတွက် တိုးမြှင့်ထုတ်လုပ်ရန်စီစဉ်ပါတော့တယ်။

ဒါက multi-core စစ်ပွဲရဲ့ အစပါပဲ။

အုပ်စု B ကာလအတွင်း Intel ဟာ ပြိုင်ဖက် AMD ရဲ့ ခြေလှမ်းကိုစောင့်ကြည့်ပီး တိုးသင့်တာတိုး လျော့သင့်တာလျော့ လုပ်လာပါတယ်။

  • 8th Gen တွင်


i3 = 4cores/4threads (အုပ်စု A မှ i5 level)
i5 = 6cores/6threads
i7 = 6cores/12threads

  • 9th Gen တွင်


i3 = 4cores/4threads
i5 = 6cores/6threads
i7 = 8cores/8threads
i9 = 8cores/16threads

  • လက်ရှိ 10th Gen တွင်


i3 = 4cores/8threads (အုပ်စု A မှ i7 level)
i5 = 6cores/12threads (8th Gen i7 level)
i7 = 8cores/16threads (9th Gen i9 level)
i9 = 10cores/20threads

အထိဖြစ်လာခဲ့ပါတယ်။

i3-10100 ဆိုရင်ကို i7-7700 ကို အသာလေး ထိပ်ပုတ်ခေါင်းပုတ်လုပ်လို့ရနေပါပီ။

AMD ရဲ့ Ryzen တွေသာရှိမလာခဲ့ရင် ခုချိန်အထိ အုပ်စု A ရဲ့ ဖော်မြူလာအတိုင်း ဆက်သွားရင်သွားနေအုံးမှာပါ။


ထားတော့. .

ဒါက လက်ရှိ Intel ရဲ့အနေအထားကိုအကဲဆက်လို့ရအောင်ရယ် CPU Gen အဟောင်းဝယ်မဲ့သူတွေမဝယ်ခင် ချိန်ဆ လို့ရအောင်အတွက်ရယ်ရေးပေးရတာ၊ Review အရဆိုရင်တော့ လိုတော့မလိုပါဘူး။

Intel Comet Lake: Skylake All Over Again!

10th Gen Comet Lake ဟာ Skylake microarchitecture ကိုပဲအခြေခံထားခြင်းဖြစ်ကာ မပြောင်းလဲပဲ 14nm process node ကိုပဲအသုံးပြုထားပါတယ်။ အာဘော်အရ 14nm+++++ ပေါ့လေ။

ကောင်းတဲ့အချက်ကိုကွက်ပြောရမယ်ဆိုင်ရင် Pentium အစ i9 အဆုံး အားလုံး Hyperthreading ပါဝင်လာပါတယ်။

AMD ကတော့ လက်ရှိ Zen 2 နဲ့ 7nm ကိုရောက်နေသလို PCIe 4 ကိုလည်းအထောက်အပံ့လည်းရနေပီဖြစ်ပါတယ်။

လတ်တလော ပြည်တွင်းမှာ အလွယ်တကူ ဝယ်ယူလို့ရနိုင်တာက

  • i7-10700K (~$500)
  • i5-10400 (~$230)
နှစ်မျိုးပဲရှိပါအုံးမယ်။

ကျနော် review sample ကတော့ i5-10600 ဖြစ်ပြီး ဈေးနှုန်းအားဖြင့် $280 ဝန်းကျင်ဖြစ်ပါတယ်။ သူ့အထက်မှာ manual OC ပြုလုပ်လို့ရမဲ့ i5-10600K ပဲရှိပါတော့မယ်။

မူလကတည်းက i5-10600K ကိုဝယ်ယူဖို့စိတ်ကူးထားပြီးသားဖြစ်ပေမဲ့ လုံးဝ ရှားပါးဖြစ်နေတာကတကြောင်း၊ ဈေးနှုန်းအားဖြင့်လည်း i7-10700 နဲ့ သိပ်မကွာတော့မှာကတကြောင်း စတဲ့အချက်တွေကြောင့် i5-10600 ကိုပဲယူလိုက်ပါတော့တယ်။

ယခု 10600 တောင်မှ လက်တလော စာရေးနေစဉ်ကာလအထိ ဆိုင်တွေမှာ ဝယ်ယူလို့မရသေးတာကြောင့် local user အနေနဲ့ ကျနော်တစ်ယောက်ပဲရှိအုံးမယ်ထင်ပါတယ်။

10600K မရသော်ငြားလည်း 10600 ကိုမရ ရအောင်မှာယူပေးခဲ့တဲ့ MyCom ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

Benchmarking & Specification


  • i5-10600 Specs
  • Core/Thread: 6/12
  • Base/Boost Clock: 3.3GHz/4.8GHz
  • L1/L2/L3 Cache: 192KB/1.5MB/12MB
  • iGPU: HD 630
  • Socket: LGA1200
  • Process Node: 14nm
  • TDP: 65W

အစမှာဖော်ပြခဲ့သလိုပဲ 10th Gen i5 ဟာ 6core/12thread ဖြစ်သွားတဲ့အတွက် 8th Gen i7 နဲ့ တစ်တန်းထဲဖြစ်သွားပါတယ်။i5-10600 မှာဆိုရင် base/boost clock ဟာ i7-8700 ထက်ပင်ပိုမိုမြန်ဆန်ပါသေးတယ်။

  • i5-10600: 3.3GHz Base / 4.8GHz Boost
  • i7-8700: 3.2GHz Base / 4.6GHz Boost

10th Gen မှာ Intel အနေနဲ့ Memory frequency အထောက်အပံ့ကို တိုးမြှင့်ပေးထားပါတယ်။

  • i3/i5 မှာ 2666MHz
  • i7/i9 မှာ 2933MHz
အသီးသီး native အသုံးပြုနိုင်မှာဖြစ်ပါတယ်။

(အဆိုပါ မြန်နှုန်းထက်ပိုများတဲ့ RAM နဲ့တွဲဖက်အသုံးပြုမယ်ဆိုရင်တော့ XMP profile ဖြင့် ဆိုင်ရာ motherboard ကိုအသုံးပြုနိုင်ပါတယ်)

i5-10600 ဟာ Locked multiplier ဖြစ်တဲ့အတွက် stock cooler နဲ့အသုံးပြုလိုများအတွက် cooler တစ်ခု ထည့်သွင်းပေးထားပါတယ်။

cooler ပုံစံအနည်းငယ်ပြောင်းလဲမှုလေးရှိပေမဲ့ ယခင်မြင်နေကျ Intel stock cooler များနှင့် သိသိသာသာကွဲပြားမှုတော့မရှိပါဘူး။

AMD ရဲ့ Ryzen CPU တွေနဲ့အတူပါဝင်တဲ့ stock cooler တွေနဲ့ယှဉ်ကြည့်မယ်ဆိုရင် ပုံ "အ" တဲ့အထဲမှာပါပါတယ်။

ကျနော့်အနေနဲ့ကတော့ သူ့ကိုအသုံးမပြုတော့ပဲ အမြင်အရကော thermal အရပါပိုမိုစိတ်ချရတဲ့ Corsair AIO Liquid Cooler ကိုအသုံးပြုလိုက်ပါတယ်။

Motherboard ကိုလည်း MSI ရဲ့ MPG Z490 Gaming Plus ကိုအသုံးပြုထားပါတယ်။

ပုံမှန်အားဖြင့် non-K CPU အတွက် Z490 chipset မလိုပေမဲ့ လက်ရှိအနေအထားအရ H470, B460 ဘုတ်တွေဈေးကွက်ထဲရောက်လာဖို့က တစ်လလောက်စောင့်ရအုံးမှာဖြစ်တာကြောင့် Z490 ကိုပဲရွေးလိုက်ပါတယ်။

နောက်တစ်ချက်က RAM ကို 4800MHz အထိအထောက်အပံ့ပေးတာကြောင့် future upgrade ရည်ရွယ်ပြီးသားလည်းဖြစ်သွားပါတယ်။



Tested Specs


  • CPU: Intel Core i5-10600
  • CPU Cooler: Corsair H100i RGB Pro XT
  • GPU: MSI GTX 1660 Gaming X
  • Mobo: MSI MPG Z490 Gaming Plus
  • RAM: HyperX Fury RGB 2x8GB @2666MHz
  • PSU: CoolerMaster MWE Gold 650W Full Modular

Storage:


  • For OS (Windows 10 v2004 64-bit)
  • XPG SX 8200 Pro 256GB M.2 NVMe

For Data

  • 2TB + 4TB Seagate HDDs

  • Casing: Phanteks P400 TG
  • Monitor: Samsung 24" 1080p

Benchmark ပြုလုပ်တဲ့နေရာမှာ ကျနော့်ရဲ့ ယခင်က i5-6500 ရဲ့ရလဒ်ကိုပါ ထည့်သွင်းပေးထားပါတယ်။
Skylake ဘိုးအေ i5-6500 နဲ့ သူ့ရဲ့ နောက်ဆုံးသွေးရင်း i5-10600 တို့အကြား ဘယ်လိုတိုးတက်ပြောင်းလဲမှုတွေရှိလာမယ်ဆိုတာကို မြင်တွေ့စေလိုရင်းဖြစ်ပါတယ်။

Synthetic Benchmarks


Cinebench R20 (Single Core)

i5-6500 = 351
i5-10600 = 451

Cinebench R20 (Multi Core)

i5-6500 = 1230
i5-10600 = 3283

CPU-Z (Single Core)

i5-6500 = 366
i5-10600 = 508

CPU-Z (Multi Core)

i5-6500 = 1439
i5-10600 = 3916

Gaming Benchmarks

(frames per second / higher is better)

Assassin's Creed Unity (DX11, TXAA, Max)

i5-6500 = 53
i5-10600 = 54

Assassin's Creed Origins (DX11, Max)

i5-6500 = 49
i5-10600 = 67

Assasain's Creed Odyssey (DX11, Max)

i5-6500 = 49
i5-10600 = 49

Battlefield 1 (DX12, TAA, Max)

i5-6500 = 87
i5-10600 = 94

Batman Arkham Knight (DX11, Max)

i5-6500 = 67
i5-10600 = 76

Civilization VI (DX11, No AA, Max)

i5-6500 = 55
i5-10600 = 79

Devil May Cry 4 Special Edition (DX11, Max)

i5-6500 = 181
i5-10600 = 211

Devil May Cry 5 (DX12, TAA, Max)

i5-6500 = 101
i5-10600 = 108

Far Cry Primal (DX11, SMAA, Max)

i5-6500 = 76
i5-10600 = 80

Middle Earth Shadow of Mordor (DX11, Max)

i5-6500 = 100
i5-10600 = 102

Resident Evil 2 (DX12, TAA, Max)

i5-6500 = 80
i5-10600 = 92

Tomb Raider (DX11, 4x SSAA, Max)

i5-6500 = 60
i5-10600 = 62

Rise of the Tomb Raider (DX12, No AA, Max)

i5-6500 = 91
i5-10600 = 91

Shadow of the Tomb Raider (DX12, TAA, Max)

i5-6500 = 64
i5-10600 = 72

Total War Three Kingdoms (DX11, Max)

i5-6500 = 36
i5-10600 = 39

Assassin's Creed Origins တွင် CPU load အနေနဲ့ အမြင့်ဆုံး 54℅ အထိအသုံးပြီး ကျန်ဂိမ်းများတွင်တော့ 30℅ ဝန်းကျင်သာရှိပါတယ်။

GTX 1660 လိုမျိုး စကောစက GPU မျိုးနဲ့ ဂိမ်းတွေကို 1080p Max မှာ run ခြင်းက GPU bottleneck ကြောင့် i5-10600 ရဲ့ full potential ကို မြင်ရဖို့မဖြစ်နိုင်မှန်းသိပြီးသားပါ။

ယခုလို setup မျိုးနဲ့မည်သူကမျှ 720p အတွက် အသုံးပြုမှာမဟုတ်တာကြောင့် 1080p နဲ့ပဲ test လုပ်လိုက်ခြင်းဖြစ်ပါတယ်။

GPU အမြင့်သုံးလေလေ i5-10600 ရဲ့ စွမ်းဆောင်ရည် ယခုထက်ပိုတိုးလာလေလေကိုမြင်ရပါလိမ့်မယ်။

GTAV, Assassin's Creed, The Witcher တို့လို open-world ဂိမ်းတွေအတွက် quad core ဟာ ပြီးပြည့်စုံတဲ့အဆင့်မှာရှိမနေပါဘူး။

PS5, Xbox Series X တို့နဲ့အတူ အနာဂတ်ကာလမှာထွက်ပေါ်လာမဲ့ဂိမ်းတွေအတွက် 6core အသုံးပြု Intel နဲ့ AMD တို့ရဲ့ CPU တွေဟာ mainstream ဖြစ်လာမှာအသေအချာပါပဲ။

Windows 10 May 2020 update မှာပါဝင်လာတဲ့ Hardware-Accelerated GPU Scheduling ကိုတော့ benchmark လုပ်နေစဉ်အတောအတွင်း ပိတ်ထားပါတယ်။

သူ့အကြောင်းနောက်မှ အလျင်းသင့်ရင် သီးသန့်ရေးပေးသွားပါ့မယ်။



Temperature/Thermal


Comet Lake ဟာ သက်တမ်း ၅ နှစ်ကျော်ရှိပြီဖြစ်တဲ့ 14nm ထံကနေ performance နဲ့ efficiency ကို ရနိုင်သမျှ ထုတ်ညှစ်ထားခြင်းသာဖြစ်ပါတယ်။

i5-6500 4c/4t @3.6GHz Boost တွင် 65W TDP ဖြစ်သလို 6c/6t @4.8GHz Boost အထိလုပ်ဆောင်နိုင်တဲ့ i5-10600 မှာလည်းပဲ TDP သည် မပြောင်းလဲပဲ 65W နဲ့ပဲဖြစ်ပါတယ်။

i5-6500 တွင် cooling အတွက် stock cooler ကိုသာအသုံးပြုခဲ့ပြီး တိုင်းတာချက်အရ idle 45°C / full load 83°C အထိ ရှိခဲ့ပါတယ်။

ယခု i5-10600 တွင်မတော့ Corsair ရဲ့ 240mm AIO ကိုပြောင်းလဲအသုံးပြုလိုက်ပြီး idle 43°C / full load 68°C နဲ့ run ပါတယ်။

(full load မှာ Cinebench R20 multi-core test အတွင်းမှ အပူချိန်ဖြစ်ပါသည်)
4.4GHz all core အလုပ်လုပ်သော 65W CPU တစ်လုံးအတွက် အဆိုပါ temperature ဟာ ကောင်းမွန်တယ်လို့သတ်မှတ်ရမှာပါ။



Conclusion


10th Gen တွေထွက်ရှိလာခြင်းက လက်ရှိအနေအထားမှာ CPU upgrade ပြုလုပ်ဖို့ရာကြံရွယ်နေသူတွေအဖို့ ရွေးချယ်စရာပိုများလာပါတယ်။

Professional Streaming အတွက်မဟုတ်ပဲ low budget gaming ကိုဦးတည်ထားသူများအနေနဲ့

i3 10th Gen (သို့မဟုတ်) Ryzen 3 3000 Series ကိုရွေးချယ်နိုင်ပါတယ်။
i3 10th Gen မှာ လောလောဆယ်ဈေးကွက်ထဲမရောက်သေးပါ၊

သို့သော် ခနစောင့်လိုက်ပါ။

i7-7700 အဟောင်းကို နှစ်သိန်းပေးသုံးမလား
i3-10300 အသစ်ကို နှစ်သိန်းပေးသုံးမလား

စဉ်းစားတတ်ပါစေ။

CPU bottlebeck ရှောင်ရှားလိုပြီး GPU ရဲ့ စွမ်းဆောင်ရည်အပြည့်အဝအသုံးချလိုသူတွေအတွက်
i5 10th Gen (သို့) Ryzen 5 3600 Series ကိုသုံးနိုင်ပါတယ်။
core တူ thread တူရင် Gaming မှာတော့ Intel က သာပါအုံးမယ်။

ယခုအတန်းမှာ အသေးစိတ်ယှဉ်ဆနိုင်ဖို့ရာပြောပါအုံးမယ်။

i5-10400 @2.9GHz ဟာ လက်ရှိမှာ 340000 Ks ဝန်းကျင်ပေါက်ပါတယ်၊
နောက်ထပ် လေးသောင်းလောက်လိုက်နိုင်တယ်ဆိုရင် i5-10500 @3.1GHz ရှိပါမယ် (local တွင်တော့ပစ္စည်းမရောက်သေးပါ)

ဆက်ပြီးပဲ လေးသောင်းထပ်ပေါင်းလိုက်ပါ
i5-10600 (လေးသိန်းနှစ်သောင်း) ရပါမယ်။
i5-10600K ဆိုရင်တော့ ၅ သိန်းနီးပါးရောက်သွားမှာပါ။

ဒီတော့ကာ 10th Gen i5 တွေကိုနှိုင်းယှဉ်ကြည့်ရင အနိမ့်ဆုံးဖြစ်တဲ့ i5-10400 နဲ့ အမြင့်ဆုံး i5-10600K တို့အကြားမှာ ငွေတစ်သိန်းခွဲလောက်အနည်းဆုံး ဟ သွားပါတယ်။

iGPU မပါတဲ့ F ဗားရှင်း (i5-10400F) နဲ့ဆိုပါက နှစ်သိန်းနီးပါး ကွာသွားမှာပါ။

i5-10600K ရဲ့အထက်မှာ ရှိနေမှာက i7-10700 (non-K) ပါ။

ဆိုတော့ သင့်အနေနဲ့ 10600K ကိုယူဖို့စိတ်ကူးထားပြီဆိုရင် နောက်ထပ် ငွေလိုက်နိုင်သေးသလားကြည့်ပါ၊

ရသေးရင် core/thread ပိုများတဲ့ i7-10700 ကိုသာဆက်လှမ်းပါ။

i7-10700K local price = 700000 ဝန်းကျင်
i7-10700 local price (ခန့်မှန်း) = 600000

(ဈေးနှုန်းတွေကိုဖော်ပြတဲ့နေရာမှာ ပြည်တွင်းရှိ retailer တွေအနေနဲ့ သတ်မှတ်ပုံချင်း မတူကြတဲ့အတွက် အနီးစပ်ဆုံး ရေးပေးထားခြင်းဖြစ်ပါတယ်)

AMD ထဲကဆိုရင် 10th Gen i5 level တန်းမှာ Ryzen 5 3600 / 3600X နှစ်မျိုးရှိနေပါမယ်။

i5-10600 (non-K) နဲ့ Ryzen 5 3600X ဆိုရင် ဈေးနှုန်းပိုင်းမှာ သိပ်မကွာတော့ပဲ နှစ်သောင်းဝန်းကျင်သာ ဟ နေပါတော့မယ်။

AMD ဟာ gaming မှာ Intel ကိုမမီသေးပေမဲ့ အားသာချက်က PCIe 4 ရနေပြီဖြစ်ပါတယ်။

မိမိမှာ PCIe 4 ready device တွေရှိနေတယ်/သုံးဖို့စိတ်ကူးထားတယ်ဆိုရင် Ryzen 3000 Series ကိုရွေးရမှာဖြစ်ပါတယ်။

Intel ကတော့ အဆိုပါ feature ကို 2021 မှသာ 11th Gen CPU တွေနဲ့အတူအသုံးပြုလို့ရမှာပါ။

i5-10600 ဟာ i7-8700 ထက်ပင် clock speed ပိုများတဲ့အတွက် frames တွေအပေါ်ရူးသွပ်တဲ့ gamer တွေအနေနဲ့ ဈေးနှုန်းအရကော စွမ်းဆောင်ရည်အရပါ ပြီးပြည့်စုံသည့်အနေအထားတွင်ရှိနေပြီး Ryzen 5 3600X အပေါ်ထိထိရောက်ရောက်ဖိအားပေးနိုင်တဲ့ Intel ရဲ့ လက်နက်တစ်ခုဖြစ်လာပါတယ်။

Ryzen 5 3600X သည်လည်းမညံ့ခဲ့ပါဘူး၊
i5-9600 ကိုအေးအေးဆေးဆေး နောက်ကောက်ချနိုင်ခဲ့ပါတယ်၊

သို့သော် core/thread ထပ်တိုးထားတဲ့ 10th Gen i5 တွေရောက်ရှိလာချိန်မှာတော့ သူဟာ နောက်ကိုရောက်သွားခဲ့ရပါတယ်။

PCIe 4 သုံးလိုတယ် ဈေးသိပ်မများတဲ့ motherboard ကိုပဲရည်ရွယ်ထားတယ်ဆိုရင် 3600X

gaming မှာ fps များများလိုချင်တယ် PCIe 4 က ကိုယ့်အတွက်မလိုသေးဘူး မရှိလည်းဖြစ်တယ်ဆိုရင် 10600

တစ်ခုရှိတာက လောလောဆယ် 10th Gen အတွက် Z490 motherboard တွေသာဝယ်လို့ရနေပါအုံးမယ်။

အနည်းဆုံး $170 လောက်ကနေ အမြင့်ဆုံး $1100 အထိရှိပါတယ်။
MSI MPG Z490 Gaming Plus မှာ $199 ဖြစ်ပါတယ်။

(ယခု review အတွက် Windows 10 Pro Retail License key အထောက်အပံ့ပေးသော En Thue Tech မှ ကိုအဲမွန် ဟိုယခင်ကတည်းကနေ လိုအပ်သမျှ ကူညီပေးသော ကိုမြတ်စည်သူ
MSI Gaming Jacket လက်ဆောင်ထည့်ပေးလိုက်သော အမ မဟန်စု
 i5-10400 သာရှိသေးသည့်အချိန်တွင် 10600 ကိုရက်ပိုင်းအတွင်းမှာယူပေးသော MyCom (Mandalay) တို့အား ကျေးဇူးအထူးတင်ပါတယ်)

Writer Seo Thu Aung



Zawgyi


Multi-Core War: Intel vs. AMD

စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version
Intel အေနနဲ႔ လြန္ခဲ့တဲ့ ၅ ႏွစ္ 6th Generation CPU ေတြနဲ႔အစျပဳခဲ့တဲ့ 14nm Skylake microarchitecture အေပၚ ယခု 2020 အထိ သံေယာဇဥ္မကုန္ေသးပါဘူး။

Sandy Bridge ကေန Kaby Lake အထိ Core/Thread အေရအတြက္ တူညီစြာအသုံးျပဳလာခဲ့တဲ့ Intel ရဲ႕ ႐ိုးအီေနတဲ့ေဖာ္ျမဴလာဟာ အစဥ္အလာၿပိဳင္ဖက္ AMD ရဲ႕ 1st Gen Zen (Ryzen 1000 Series) ေတြေဈးကြက္ထဲစတင္ဝင္ေရာက္လာခ်ိန္မွသာ တိုးတက္ေျပာင္းလဲမႈတစ္ခ်ိဳ႕ရွိလာခဲ့ပါတယ္။

Intel ရဲ႕ CPU ေတြကိုမ်ိဳးဆက္အလိုက္ခြဲျခားတဲ့အခါမွာ အုပ္စုႏွစ္ခု ရွိတာကိုသိထားဖို႔ရာလိုပါတယ္။

ဟိုးအေဝးႀကီးကဟာေတြကိုေတာ့ထည့္မေျပာေတာ့ပါဘူး၊ လက္ရွိနဲ႔ဆက္ႏြယ္ေနတဲ့ အစုေတြကိုသာေျပာပါ့မယ္။ Intel ဟာ သူ႔ရဲ႕ CPU ေတြကို ၁၂ လ - ၁၅ လ အတြင္းမွာ တစ္ႀကိမ္ Gen အသစ္ထုတ္လုပ္ေပးေလ့ရွိပါတယ္

အလြယ္မွတ္ရရင္ တစ္ႏွစ္တစ္ႀကိမ္။

ဒီေတာ့မိမိရဲ႕ Intel CPU က ဘယ္ Gen လည္းသိခ်င္ရင္ အလြယ္ခြဲလို႔ရပါတယ္။

  • i3-2100
  • i5-2300
  • i7-2700K
 ဆိုရင္ 2nd Gen

  • i3-6100
  • i5-6500
  • i7-6700
ဆိုရင္ 6th Gen

စသျဖင့္သိႏိုင္ပါတယ္။

ဒီလိုနဲ႔ထုတ္လာလိုက္တာက လက္ရွိမွာ 10th Gen အထိေရာက္လာခဲ့ၿပီျဖစ္ပါတယ္။ (Pentium/Celeron တို႔လို အနိမ့္ပိုင္းေတြမွာေတာ့ နာမည္ေပးပုံစနစ္က အနည္းငယ္ကြဲျပားပါတယ္၊ ဒါေပမဲ့ Gaming အတြက္ဆိုရင္ သူတို႔ကို ထည့္စဥ္းစားဖို႔ရာ မသင့္ေတာ့တဲ့အတြက္ ထည့္မေရးေတာ့ပါဘူး)

ေရွ႕မွာေျပာခဲ့တယ္၊ အုပ္စု ႏွစ္ခုရွိေနတယ္ဆိုၿပီး . .



Intel Micro-architecture Generations


  • အုပ္စု A


1st Gen (Nehalem)
LGA1156, 45nm, 2008

2nd Gen (Sandy Bridge)
LGA1155, 32nm, 2011

3rd Gen (Ivy Bridge)
LGA1155, 22nm, 2012

4th Gen (Haswell)
LGA1150, 22nm, 2013

5th Gen (Broadwell)
LGA1150, 14nm, 2014

6th Gen (Skylake)
LGA1151, 14nm, 2015

7th Gen (Kaby Lake)
LGA1151, 14nm, 2016

7th Gen ေနာက္ပိုင္းကိုေတာ့ အုပ္စု B အျဖစ္သတ္မွတ္ပါမယ္။

  • အုပ္စု B


8th Gen (Coffee Lake)
LGA1151, 14nm, 2017

9th Gen (Coffee Lake)
LGA1151, 14nm, 2018

10th Gen (Comet Lake)
LGA1200, 14nm, 2020

1st Gen ကေန 7th Gen အထိ အုပ္စု A

8th Gen ကေန လက္ရွိ 10th Gen အထိကို အုပ္စု B အျဖစ္သတ္မွတ္ရမွာပါ။

အုပ္စု A မွာရွိတဲ့ CPU ေတြအားလုံးဟာ သူ႔ level နဲ႔သူမွာ core/thread အေရအတြက္ေတြဟာ အတူတူပဲျဖစ္ၾကပါတယ္။

  • i3 ဆိုရင္ 2cores/4threads
  • i5 ဆိုရင္ 4cores/4threads
  • i7 ဆိုရင္ 4cores/8threads

အုပ္စု A အတြင္းမွာ Intel CPU ေတြဟာ တစ္ႏွစ္နဲ႔တစ္ႏွစ္ အသစ္အသစ္ေတြသာထြက္လာခဲ့ေပမဲ့ core/thread အေရအတြက္ ေျပာင္းလဲျခင္းမရွိတာေၾကာင့္ စြမ္းေဆာင္ရည္ပိုင္းမွာ မသိသာပဲ လိမ္ဖယ္လိမ္ဖယ္သာရွိေနခဲ့ပါတယ္။

သို႔ေပမဲ့ 2017 အေရာက္မွာေတာ့ Intel အဖို႔ သူ႔ရဲ႕ ေဖာ္ျမဴလာကို ေျပာင္းလဲဖို႔ရာအေၾကာင္းဖန္လာပါတယ္။

ၿပိဳင္ဖက္ AMD ဟာ ထိုႏွစ္ထဲမွာ Zen architecture ကိုစတင္မိတ္ဆက္ခဲ့ၿပီး core/thread အားျဖင့္ Intel ထက္မ်ားျပားသလို ေဈးႏႈန္းသက္သာတဲ့ Ryzen 1000 Seires ကို ေဈးကြက္အတြင္းပို႔ေဆာင္လိုက္ပါတယ္။

Ryzen ဖိအားေၾကာင့္ Intel အေနနဲ႔ ယခင္ (အုပ္စု A) ေဖာ္ျမဴလာကိုဆက္သုံးရန္မျဖစ္ႏိုင္ေတာ့ပဲ ေဈးကြက္ျပန္လည္ရယူရန္အတြက္ သူ႔ရဲ႕ CPU ေတြကို core/thread အေရအတြက္ တိုးျမႇင့္ထုတ္လုပ္ရန္စီစဥ္ပါေတာ့တယ္။

ဒါက multi-core စစ္ပြဲရဲ႕ အစပါပဲ။

အုပ္စု B ကာလအတြင္း Intel ဟာ ၿပိဳင္ဖက္ AMD ရဲ႕ ေျခလွမ္းကိုေစာင့္ၾကည့္ပီး တိုးသင့္တာတိုး ေလ်ာ့သင့္တာေလ်ာ့ လုပ္လာပါတယ္။

  • 8th Gen တြင္


i3 = 4cores/4threads (အုပ္စု A မွ i5 level)
i5 = 6cores/6threads
i7 = 6cores/12threads

  • 9th Gen တြင္


i3 = 4cores/4threads
i5 = 6cores/6threads
i7 = 8cores/8threads
i9 = 8cores/16threads

  • လက္ရွိ 10th Gen တြင္


i3 = 4cores/8threads (အုပ္စု A မွ i7 level)
i5 = 6cores/12threads (8th Gen i7 level)
i7 = 8cores/16threads (9th Gen i9 level)
i9 = 10cores/20threads

အထိျဖစ္လာခဲ့ပါတယ္။

i3-10100 ဆိုရင္ကို i7-7700 ကို အသာေလး ထိပ္ပုတ္ေခါင္းပုတ္လုပ္လို႔ရေနပါပီ။

AMD ရဲ႕ Ryzen ေတြသာရွိမလာခဲ့ရင္ ခုခ်ိန္အထိ အုပ္စု A ရဲ႕ ေဖာ္ျမဴလာအတိုင္း ဆက္သြားရင္သြားေနအုံးမွာပါ။

ထားေတာ့. .

ဒါက လက္ရွိ Intel ရဲ႕အေနအထားကိုအကဲဆက္လို႔ရေအာင္ရယ္ CPU Gen အေဟာင္းဝယ္မဲ့သူေတြမဝယ္ခင္ ခ်ိန္ဆ လို႔ရေအာင္အတြက္ရယ္ေရးေပးရတာ၊ Review အရဆိုရင္ေတာ့ လိုေတာ့မလိုပါဘူး။

Intel Comet Lake: Skylake All Over Again!


10th Gen Comet Lake ဟာ Skylake microarchitecture ကိုပဲအေျခခံထားျခင္းျဖစ္ကာ မေျပာင္းလဲပဲ 14nm process node ကိုပဲအသုံးျပဳထားပါတယ္။ အာေဘာ္အရ 14nm+++++ ေပါ့ေလ။

ေကာင္းတဲ့အခ်က္ကိုကြက္ေျပာရမယ္ဆိုင္ရင္ Pentium အစ i9 အဆုံး အားလုံး Hyperthreading ပါဝင္လာပါတယ္။

AMD ကေတာ့ လက္ရွိ Zen 2 နဲ႔ 7nm ကိုေရာက္ေနသလို PCIe 4 ကိုလည္းအေထာက္အပံ့လည္းရေနပီျဖစ္ပါတယ္။

လတ္တေလာ ျပည္တြင္းမွာ အလြယ္တကူ ဝယ္ယူလို႔ရႏိုင္တာက

  • i7-10700K (~$500)
  • i5-10400 (~$230)
ႏွစ္မ်ိဳးပဲရွိပါအုံးမယ္။

က်ေနာ္ review sample ကေတာ့ i5-10600 ျဖစ္ၿပီး ေဈးႏႈန္းအားျဖင့္ $280 ဝန္းက်င္ျဖစ္ပါတယ္။ သူ႔အထက္မွာ manual OC ျပဳလုပ္လို႔ရမဲ့ i5-10600K ပဲရွိပါေတာ့မယ္။

မူလကတည္းက i5-10600K ကိုဝယ္ယူဖို႔စိတ္ကူးထားၿပီးသားျဖစ္ေပမဲ့ လုံးဝ ရွားပါးျဖစ္ေနတာကတေၾကာင္း၊ ေဈးႏႈန္းအားျဖင့္လည္း i7-10700 နဲ႔ သိပ္မကြာေတာ့မွာကတေၾကာင္း စတဲ့အခ်က္ေတြေၾကာင့္ i5-10600 ကိုပဲယူလိုက္ပါေတာ့တယ္။

ယခု 10600 ေတာင္မွ လက္တေလာ စာေရးေနစဥ္ကာလအထိ ဆိုင္ေတြမွာ ဝယ္ယူလို႔မရေသးတာေၾကာင့္ local user အေနနဲ႔ က်ေနာ္တစ္ေယာက္ပဲရွိအုံးမယ္ထင္ပါတယ္။

10600K မရေသာ္ျငားလည္း 10600 ကိုမရ ရေအာင္မွာယူေပးခဲ့တဲ့ MyCom ကိုလည္း ေက်းဇူးအထူးတင္ပါတယ္။

Benchmarking & Specification


  • i5-10600 Specs
  • Core/Thread: 6/12
  • Base/Boost Clock: 3.3GHz/4.8GHz
  • L1/L2/L3 Cache: 192KB/1.5MB/12MB
  • iGPU: HD 630
  • Socket: LGA1200
  • Process Node: 14nm
  • TDP: 65W

အစမွာေဖာ္ျပခဲ့သလိုပဲ 10th Gen i5 ဟာ 6core/12thread ျဖစ္သြားတဲ့အတြက္ 8th Gen i7 နဲ႔ တစ္တန္းထဲျဖစ္သြားပါတယ္။i5-10600 မွာဆိုရင္ base/boost clock ဟာ i7-8700 ထက္ပင္ပိုမိုျမန္ဆန္ပါေသးတယ္။

  • i5-10600: 3.3GHz Base / 4.8GHz Boost
  • i7-8700: 3.2GHz Base / 4.6GHz Boost

10th Gen မွာ Intel အေနနဲ႔ Memory frequency အေထာက္အပံ့ကို တိုးျမႇင့္ေပးထားပါတယ္။

  • i3/i5 မွာ 2666MHz
  • i7/i9 မွာ 2933MHz

အသီးသီး native အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။

(အဆိုပါ ျမန္ႏႈန္းထက္ပိုမ်ားတဲ့ RAM နဲ႔တြဲဖက္အသုံးျပဳမယ္ဆိုရင္ေတာ့ XMP profile ျဖင့္ ဆိုင္ရာ motherboard ကိုအသုံးျပဳႏိုင္ပါတယ္)

i5-10600 ဟာ Locked multiplier ျဖစ္တဲ့အတြက္ stock cooler နဲ႔အသုံးျပဳလိုမ်ားအတြက္ cooler တစ္ခု ထည့္သြင္းေပးထားပါတယ္။ cooler ပုံစံအနည္းငယ္ေျပာင္းလဲမႈေလးရွိေပမဲ့ ယခင္ျမင္ေနက် Intel stock cooler မ်ားႏွင့္ သိသိသာသာကြဲျပားမႈေတာ့မရွိပါဘူး။

AMD ရဲ႕ Ryzen CPU ေတြနဲ႔အတူပါဝင္တဲ့ stock cooler ေတြနဲ႔ယွဥ္ၾကည့္မယ္ဆိုရင္ ပုံ "အ" တဲ့အထဲမွာပါပါတယ္။ က်ေနာ့္အေနနဲ႔ကေတာ့ သူ႔ကိုအသုံးမျပဳေတာ့ပဲ အျမင္အရေကာ thermal အရပါပိုမိုစိတ္ခ်ရတဲ့ Corsair AIO Liquid Cooler ကိုအသုံးျပဳလိုက္ပါတယ္။

Motherboard ကိုလည္း MSI ရဲ႕ MPG Z490 Gaming Plus ကိုအသုံးျပဳထားပါတယ္။

ပုံမွန္အားျဖင့္ non-K CPU အတြက္ Z490 chipset မလိုေပမဲ့ လက္ရွိအေနအထားအရ H470, B460 ဘုတ္ေတြေဈးကြက္ထဲေရာက္လာဖို႔က တစ္လေလာက္ေစာင့္ရအုံးမွာျဖစ္တာေၾကာင့္ Z490 ကိုပဲေ႐ြးလိုက္ပါတယ္။

ေနာက္တစ္ခ်က္က RAM ကို 4800MHz အထိအေထာက္အပံ့ေပးတာေၾကာင့္ future upgrade ရည္႐ြယ္ၿပီးသားလည္းျဖစ္သြားပါတယ္။



Tested Specs


  • CPU: Intel Core i5-10600
  • CPU Cooler: Corsair H100i RGB Pro XT
  • GPU: MSI GTX 1660 Gaming X
  • Mobo: MSI MPG Z490 Gaming Plus
  • RAM: HyperX Fury RGB 2x8GB @2666MHz
  • PSU: CoolerMaster MWE Gold 650W Full Modular

Storage:


For OS (Windows 10 v2004 64-bit)
XPG SX 8200 Pro 256GB M.2 NVMe

For Data

  • 2TB + 4TB Seagate HDDs
  • Casing: Phanteks P400 TG
  • Monitor: Samsung 24" 1080p

Benchmark ျပဳလုပ္တဲ့ေနရာမွာ က်ေနာ့္ရဲ႕ ယခင္က i5-6500 ရဲ႕ရလဒ္ကိုပါ ထည့္သြင္းေပးထားပါတယ္။
Skylake ဘိုးေအ i5-6500 နဲ႔ သူ႔ရဲ႕ ေနာက္ဆုံးေသြးရင္း i5-10600 တို႔အၾကား ဘယ္လိုတိုးတက္ေျပာင္းလဲမႈေတြရွိလာမယ္ဆိုတာကို ျမင္ေတြ႕ေစလိုရင္းျဖစ္ပါတယ္။

Synthetic Benchmarks


Cinebench R20 (Single Core)

i5-6500 = 351
i5-10600 = 451

Cinebench R20 (Multi Core)

i5-6500 = 1230
i5-10600 = 3283

CPU-Z (Single Core)

i5-6500 = 366
i5-10600 = 508

CPU-Z (Multi Core)

i5-6500 = 1439
i5-10600 = 3916

Gaming Benchmarks


(frames per second / higher is better)

Assassin's Creed Unity (DX11, TXAA, Max)

i5-6500 = 53
i5-10600 = 54

Assassin's Creed Origins (DX11, Max)

i5-6500 = 49
i5-10600 = 67

Assasain's Creed Odyssey (DX11, Max)

i5-6500 = 49
i5-10600 = 49

Battlefield 1 (DX12, TAA, Max)

i5-6500 = 87
i5-10600 = 94

Batman Arkham Knight (DX11, Max)

i5-6500 = 67
i5-10600 = 76

Civilization VI (DX11, No AA, Max)

i5-6500 = 55
i5-10600 = 79

Devil May Cry 4 Special Edition (DX11, Max)

i5-6500 = 181
i5-10600 = 211

Devil May Cry 5 (DX12, TAA, Max)

i5-6500 = 101
i5-10600 = 108

Far Cry Primal (DX11, SMAA, Max)

i5-6500 = 76
i5-10600 = 80

Middle Earth Shadow of Mordor (DX11, Max)

i5-6500 = 100
i5-10600 = 102

Resident Evil 2 (DX12, TAA, Max)

i5-6500 = 80
i5-10600 = 92

Tomb Raider (DX11, 4x SSAA, Max)

i5-6500 = 60
i5-10600 = 62

Rise of the Tomb Raider (DX12, No AA, Max)

i5-6500 = 91
i5-10600 = 91

Shadow of the Tomb Raider (DX12, TAA, Max)

i5-6500 = 64
i5-10600 = 72

Total War Three Kingdoms (DX11, Max)

i5-6500 = 36
i5-10600 = 39

Assassin's Creed Origins တြင္ CPU load အေနနဲ႔ အျမင့္ဆုံး 54℅ အထိအသုံးၿပီး က်န္ဂိမ္းမ်ားတြင္ေတာ့ 30℅ ဝန္းက်င္သာရွိပါတယ္

GTX 1660 လိုမ်ိဳး စေကာစက GPU မ်ိဳးနဲ႔ ဂိမ္းေတြကို 1080p Max မွာ run ျခင္းက GPU bottleneck ေၾကာင့္ i5-10600 ရဲ႕ full potential ကို ျမင္ရဖို႔မျဖစ္ႏိုင္မွန္းသိၿပီးသားပါ။

ယခုလို setup မ်ိဳးနဲ႔မည္သူကမွ် 720p အတြက္ အသုံးျပဳမွာမဟုတ္တာေၾကာင့္ 1080p နဲ႔ပဲ test လုပ္လိုက္ျခင္းျဖစ္ပါတယ္။

GPU အျမင့္သုံးေလေလ i5-10600 ရဲ႕ စြမ္းေဆာင္ရည္ ယခုထက္ပိုတိုးလာေလေလကိုျမင္ရပါလိမ့္မယ္။

GTAV, Assassin's Creed, The Witcher တို႔လို open-world ဂိမ္းေတြအတြက္ quad core ဟာ ၿပီးျပည့္စုံတဲ့အဆင့္မွာရွိမေနပါဘူး။

PS5, Xbox Series X တို႔နဲ႔အတူ အနာဂတ္ကာလမွာထြက္ေပၚလာမဲ့ဂိမ္းေတြအတြက္ 6core အသုံးျပဳ Intel နဲ႔ AMD တို႔ရဲ႕ CPU ေတြဟာ mainstream ျဖစ္လာမွာအေသအခ်ာပါပဲ။

Windows 10 May 2020 update မွာပါဝင္လာတဲ့ Hardware-Accelerated GPU Scheduling ကိုေတာ့ benchmark လုပ္ေနစဥ္အေတာအတြင္း ပိတ္ထားပါတယ္။

သူ႔အေၾကာင္းေနာက္မွ အလ်င္းသင့္ရင္ သီးသန႔္ေရးေပးသြားပါ့မယ္။



Temperature/Thermal


Comet Lake ဟာ သက္တမ္း ၅ ႏွစ္ေက်ာ္ရွိၿပီျဖစ္တဲ့ 14nm ထံကေန performance နဲ႔ efficiency ကို ရႏိုင္သမွ် ထုတ္ညႇစ္ထားျခင္းသာျဖစ္ပါတယ္။

i5-6500 4c/4t @3.6GHz Boost တြင္ 65W TDP ျဖစ္သလို 6c/6t @4.8GHz Boost အထိလုပ္ေဆာင္ႏိုင္တဲ့ i5-10600 မွာလည္းပဲ TDP သည္ မေျပာင္းလဲပဲ 65W နဲ႔ပဲျဖစ္ပါတယ္။

i5-6500 တြင္ cooling အတြက္ stock cooler ကိုသာအသုံးျပဳခဲ့ၿပီး တိုင္းတာခ်က္အရ idle 45°C / full load 83°C အထိ ရွိခဲ့ပါတယ္။

ယခု i5-10600 တြင္မေတာ့ Corsair ရဲ႕ 240mm AIO ကိုေျပာင္းလဲအသုံးျပဳလိုက္ၿပီး idle 43°C / full load 68°C နဲ႔ run ပါတယ္။ (full load မွာ Cinebench R20 multi-core test အတြင္းမွ အပူခ်ိန္ျဖစ္ပါသည္)

4.4GHz all core အလုပ္လုပ္ေသာ 65W CPU တစ္လုံးအတြက္ အဆိုပါ temperature ဟာ ေကာင္းမြန္တယ္လို႔သတ္မွတ္ရမွာပါ။

Conclusion


10th Gen ေတြထြက္ရွိလာျခင္းက လက္ရွိအေနအထားမွာ CPU upgrade ျပဳလုပ္ဖို႔ရာႀကံ႐ြယ္ေနသူေတြအဖို႔ ေ႐ြးခ်ယ္စရာပိုမ်ားလာပါတယ္။

Professional Streaming အတြက္မဟုတ္ပဲ low budget gaming ကိုဦးတည္ထားသူမ်ားအေနနဲ႔

i3 10th Gen (သို႔မဟုတ္) Ryzen 3 3000 Series ကိုေ႐ြးခ်ယ္ႏိုင္ပါတယ္။
i3 10th Gen မွာ ေလာေလာဆယ္ေဈးကြက္ထဲမေရာက္ေသးပါ၊

သို႔ေသာ္ ခနေစာင့္လိုက္ပါ။

i7-7700 အေဟာင္းကို ႏွစ္သိန္းေပးသုံးမလား
i3-10300 အသစ္ကို ႏွစ္သိန္းေပးသုံးမလား

စဥ္းစားတတ္ပါေစ။

CPU bottlebeck ေရွာင္ရွားလိုၿပီး GPU ရဲ႕ စြမ္းေဆာင္ရည္အျပည့္အဝအသုံးခ်လိုသူေတြအတြက္
i5 10th Gen (သို႔) Ryzen 5 3600 Series ကိုသုံးႏိုင္ပါတယ္။
core တူ thread တူရင္ Gaming မွာေတာ့ Intel က သာပါအုံးမယ္။

ယခုအတန္းမွာ အေသးစိတ္ယွဥ္ဆႏိုင္ဖို႔ရာေျပာပါအုံးမယ္။

i5-10400 @2.9GHz ဟာ လက္ရွိမွာ 340000 Ks ဝန္းက်င္ေပါက္ပါတယ္၊

ေနာက္ထပ္ ေလးေသာင္းေလာက္လိုက္ႏိုင္တယ္ဆိုရင္ i5-10500 @3.1GHz ရွိပါမယ္ (local တြင္ေတာ့ပစၥည္းမေရာက္ေသးပါ)

ဆက္ၿပီးပဲ ေလးေသာင္းထပ္ေပါင္းလိုက္ပါ

i5-10600 (ေလးသိန္းႏွစ္ေသာင္း) ရပါမယ္။
i5-10600K ဆိုရင္ေတာ့ ၅ သိန္းနီးပါးေရာက္သြားမွာပါ။

ဒီေတာ့ကာ 10th Gen i5 ေတြကိုႏႈိင္းယွဥ္ၾကည့္ရင အနိမ့္ဆုံးျဖစ္တဲ့ i5-10400 နဲ႔ အျမင့္ဆုံး i5-10600K တို႔အၾကားမွာ ေငြတစ္သိန္းခြဲေလာက္အနည္းဆုံး ဟ သြားပါတယ္။

iGPU မပါတဲ့ F ဗားရွင္း (i5-10400F) နဲ႔ဆိုပါက ႏွစ္သိန္းနီးပါး ကြာသြားမွာပါ။

i5-10600K ရဲ႕အထက္မွာ ရွိေနမွာက i7-10700 (non-K) ပါ။

ဆိုေတာ့ သင့္အေနနဲ႔ 10600K ကိုယူဖို႔စိတ္ကူးထားၿပီဆိုရင္ ေနာက္ထပ္ ေငြလိုက္ႏိုင္ေသးသလားၾကည့္ပါ၊

ရေသးရင္ core/thread ပိုမ်ားတဲ့ i7-10700 ကိုသာဆက္လွမ္းပါ။

i7-10700K local price = 700000 ဝန္းက်င္
i7-10700 local price (ခန႔္မွန္း) = 600000

(ေဈးႏႈန္းေတြကိုေဖာ္ျပတဲ့ေနရာမွာ ျပည္တြင္းရွိ retailer ေတြအေနနဲ႔ သတ္မွတ္ပုံခ်င္း မတူၾကတဲ့အတြက္ အနီးစပ္ဆုံး ေရးေပးထားျခင္းျဖစ္ပါတယ္)


AMD ထဲကဆိုရင္ 10th Gen i5 level တန္းမွာ Ryzen 5 3600 / 3600X ႏွစ္မ်ိဳးရွိေနပါမယ္။

i5-10600 (non-K) နဲ႔ Ryzen 5 3600X ဆိုရင္ ေဈးႏႈန္းပိုင္းမွာ သိပ္မကြာေတာ့ပဲ ႏွစ္ေသာင္းဝန္းက်င္သာ ဟ ေနပါေတာ့မယ္။

AMD ဟာ gaming မွာ Intel ကိုမမီေသးေပမဲ့ အားသာခ်က္က PCIe 4 ရေနၿပီျဖစ္ပါတယ္။

မိမိမွာ PCIe 4 ready device ေတြရွိေနတယ္/သုံးဖို႔စိတ္ကူးထားတယ္ဆိုရင္ Ryzen 3000 Series ကိုေ႐ြးရမွာျဖစ္ပါတယ္။

Intel ကေတာ့ အဆိုပါ feature ကို 2021 မွသာ 11th Gen CPU ေတြနဲ႔အတူအသုံးျပဳလို႔ရမွာပါ။

i5-10600 ဟာ i7-8700 ထက္ပင္ clock speed ပိုမ်ားတဲ့အတြက္ frames ေတြအေပၚ႐ူးသြပ္တဲ့ gamer ေတြအေနနဲ႔ ေဈးႏႈန္းအရေကာ စြမ္းေဆာင္ရည္အရပါ ၿပီးျပည့္စုံသည့္အေနအထားတြင္ရွိေနၿပီး Ryzen 5 3600X အေပၚထိထိေရာက္ေရာက္ဖိအားေပးႏိုင္တဲ့ Intel ရဲ႕ လက္နက္တစ္ခုျဖစ္လာပါတယ္။

Ryzen 5 3600X သည္လည္းမညံ့ခဲ့ပါဘူး၊

i5-9600 ကိုေအးေအးေဆးေဆး ေနာက္ေကာက္ခ်ႏိုင္ခဲ့ပါတယ္၊

သို႔ေသာ္ core/thread ထပ္တိုးထားတဲ့ 10th Gen i5 ေတြေရာက္ရွိလာခ်ိန္မွာေတာ့ သူဟာ ေနာက္ကိုေရာက္သြားခဲ့ရပါတယ္။

PCIe 4 သုံးလိုတယ္ ေဈးသိပ္မမ်ားတဲ့ motherboard ကိုပဲရည္႐ြယ္ထားတယ္ဆိုရင္ 3600X

gaming မွာ fps မ်ားမ်ားလိုခ်င္တယ္ PCIe 4 က ကိုယ့္အတြက္မလိုေသးဘူး မရွိလည္းျဖစ္တယ္ဆိုရင္ 10600

တစ္ခုရွိတာက ေလာေလာဆယ္ 10th Gen အတြက္ Z490 motherboard ေတြသာဝယ္လို႔ရေနပါအုံးမယ္။

အနည္းဆုံး $170 ေလာက္ကေန အျမင့္ဆုံး $1100 အထိရွိပါတယ္။
MSI MPG Z490 Gaming Plus မွာ $199 ျဖစ္ပါတယ္။

(ယခု review အတြက္ Windows 10 Pro Retail License key အေထာက္အပံ့ေပးေသာ En Thue Tech မွ ကိုအဲမြန္ ဟိုယခင္ကတည္းကေန လိုအပ္သမွ် ကူညီေပးေသာ ကိုျမတ္စည္သူ
MSI Gaming Jacket လက္ေဆာင္ထည့္ေပးလိုက္ေသာ အမ မဟန္စု
i5-10400 သာရွိေသးသည့္အခ်ိန္တြင္ 10600 ကိုရက္ပိုင္းအတြင္းမွာယူေပးေသာ MyCom (Mandalay) တို႔အား ေက်းဇူးအထူးတင္ပါတယ္) 

 Writer Seo Thu Aung

Post a Comment

0 Comments