The Girl and her Final Fantasy XIV

စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version
ကောင်မလေးတစ်ယောက် အွန်လိုင်းဂိမ်းဆော့ဖို့ ကြံခဲ့တယ်။ offline game ချည်း ဆော့လာသလို တစ်ယောက်တည်းလည်း ဖြစ်နေတော့ ဂိမ်းဆော့ရတာ ပျင်းလာတယ်လေ။ 2014 တုန်းကပေါ့။ အဲ့ဒီအချိန်တုန်းက ဖုန်းကဒ် သိန်းကျော်ပေးဝယ်နေရတုန်းဖြစ်ပြီး နယ်မှာနေတော့ အင်တာနက်ဆိုတာ ရှားပါးပစ္စည်းတစ်ခု။ အလျှိုလျှိုပေါက်လာတဲ့ အင်တာနက်ဆိုင်တွေထဲက တစ်ဆိုင်က အင်တာနက်ကို Wifi CPE နဲ့ထပ်ဆင့်လွှင့်ပေးတော့ အဲ့ဒီဆိုင်ဆီက တဆင့်ခံ ဝယ်သုံးခဲ့တယ်။ တလ 2 သောင်းနဲ့ download speed က အများဆုံးရမှ 200kbps ပဲရတယ်။ သာမန်အချိန်မှာတော့ 30 to 50 kbps နဲ့။

အဲ့ဒီအချိန်မှာ Dynasty Warrior ဖန်ဆိုတော့ အဲ့ဂိမ်းနဲ့ ဆက်စပ်တဲ့ Dynasty Warriors online ဆိုတာကို မရမက down ပီး ဆော့ခဲ့တယ်။ ဝင်တဲ့အချိန်တိုင်း ကာရိုက်တာခေါင်းပေါ်မှာ အနီကွင်းလေးလည်လို့။ ဘာလုပ်ရမှန်းမသိ တဝဲလည်လည်နဲ့ လျှောက်ကစားရင်း လမ်းမှာ player တယောက်စ နှစ်ယောက်စ တွေ့တာကို အရမ်းပျော်ခဲ့တဲ့သူ။ 2015 လောက်အရောက်မှာ ဂိမ်းဆာဗာတခုလုံး ဖျက်သိမ်းလိုက်လို့ ကောင်မလေး အရမ်းဝမ်းနည်းခဲ့ရတယ်။

ဒါနဲ့ လက်မလျော့ပဲ နောက်အွန်လိုင်းဂိမ်းတစ်ခု အသည်းအသန်ရှာပါလေရော။ တနေ့တော့ gameworm ထဲက post တခု သွားတွေ့မိတယ်။ Final Fantasy XIV online ဆော့ချင်တဲ့သူတွေ ကျတော်ကူညီပေးနိုင်ပါတယ် ဆိုတဲ့ comment ပါတဲ့ post ။ ဒီအချိန် သူက Final Fantasy စီးရီးမှာ Final Fantasy 13 ဆော့ဖူးထားသလို ကြိုက်လည်း အရမ်းကြိုက်ခဲ့တယ်။ ဒီတော့ Final Fantasy 14 လည်း ကစားလို့ကောင်းနိုင်လောက်တယ် ဆိုပီး အင်တာနက်အပေါ် research လုပ်တော့တယ် ။ research လုပ်ရင်း သူ သိလာရတာက အဲ့ဂိမ်းက subscription လစဉ်ကြေးနဲ့ဂိမ်း ဖြစ်နေတယ်ဆိုတာပဲ ။ ဒါပေမယ့် လိုက် research လုပ်ရင်း လုပ်ရင်းနဲ့ အဲ့ဂိမ်း ကြိုက်လာပီး သူ ဆော့ချင်လာတယ်။ ဆော့ဖို့ မဆော့ဖို့ ချိန်ရင်းနဲ့ ဟာ ဘာပဲ ဖြစ်ဖြစ် စမ်းဆော့ကြည့်မယ်ကွာ။ တယောက်တည်းမဟုတ်ပဲ လူတွေအများကြီးနဲ့ ဆော့ရမှာကို။ ဆဲခံထိလည်း ဆဲခံထိပလေ့စေ ဆိုပီး ကျတော်ကူညီပေးနိုင်တယ်ဆိုတဲ့ bro ကို messenger ကနေ နှုတ်ဆက်ပီး သူ အကူအညီ စတောင်းတော့တာပဲ။

အဲ့ bro ကလည်း ဂိမ်းဝယ်တာကအစ အကုန်လုပ်ပေးပီး အစစအရာရာ အကုန် အကူအညီပေးတယ်။ Sub ဖို့ကိစ္စ သူ့အနေနဲ့ အဆင်မပြေလည်းပဲ ရအောင် ကူညီပေးခဲ့တာကတော့ ကောင်မလေးအတွက် အတော့်ကို ကျေးဇူးတင်ဖို့ကောင်းတဲ့ကိစ္စ ဖြစ်ခဲ့တယ်။ ဂိမ်းအကြောင်း သေသေချာချာ ပြောပြတယ်။ ဂိမ်းထဲလည်း လိုက်ပြပေးတယ်။ သူတို့ အဖွဲ့ထဲ ထည့်ပေးတယ်။ တယောက်တည်း အဖော်မရှိပဲ ဆော့လာခဲ့တဲ့ ဂိမ်းရူးမလေးကတော့ အရမ်းကို အူမြူးပီး ပျော်နေတော့တာပဲ။ မှတ်မှတ်ရရ 2016 ရဲ့ ပူပြင်းတဲ့ ဧပရယ်လအစမှာပဲ။

သူ့အနေနဲ့တော့ MMORPG ဆို ဒါ ပထမဦးဆုံးသောဂိမ်း ဖြစ်ခဲ့တယ်။ ယောင်လည်လည်နဲ့ ဘာမသိ ညာမသိနဲ့ တခုခုဆို အကူအညီလှမ်းတောင်းတာပဲ သိတဲ့ ကောင်မလေးဟာ ဆော့တာ သိပ်မကြာသေး၊ ဂိမ်းထဲ ဘုမသိ ဘမသိနဲ့ Eternal Bonding ceremony တခု တက်ဖို့ အဖိတ်ခံခဲ့ရတယ်။ အပြင်အခေါ်အဝေါ်အနေနဲ့ ပြောရရင် မင်္ဂလာဆောင် ပွဲ တက်ဖို့ ဖိတ်ခံရတယ်ပေါ့။ ဖိတ်တဲ့သူတွေကိုလည်းမသိ၊ ပွဲလာပရိသတ်တွေကိုလည်း သူ,မရင်းနှီးလေတော့ သူတို့သွားရာနောက် လျှောက်လိုက်တယ်။ သူတို့ လုပ်တဲ့အတိုင်း လိုက်လုပ်တယ်။ ဂိမ်းက အတော်လေးလှတော့ ပါးစပ်အဟောင်းသား ကြည့်နေခဲ့တာပေါ့။

ကံကောင်းတာက ဒီပွဲမှာ သူငယ်ချင်းတွေ ရခဲ့တယ်။ သူတို့ သင်ပေးသမျှ မှတ်စုလေးနဲ့ လိုက်မှတ်တယ်။ လူတွေနဲ့ ဆော့ချင်တယ်သာ ပြောတာ Dungeon တွေ Trial တွေကို တယောက်တည်းဝင်ဖို့ကျတော့ ကြောက်နေခဲ့တယ်။ သူနဲ့ရင်းနှီးတဲ့သူငယ်ချင်း တယောက်လောက်ပါမှ ဆော့ရဲတဲ့ ကောင်မလေးပေါ့။

စကားသိပ်မပြောတတ်ပေမယ့် သူခင်မင်ရတဲ့ သူငယ်ချင်းတွေဆို မျက်နှာအညှိုးမခံ စိတ်နှစ် ကိုယ်နှစ် ပေါင်းသင်းတတ်တဲ့ ကောင်မလေးအတွက်တော့ သူငယ်ချင်းတွေ မရှားခဲ့ပါဘူး။ ကိုယ့်အပေါ် ​ပြုဖူးတဲ့ သူ့ကျေးဇူးတွေဆို သတိတရ ပြန်ဆပ်တတ်ပြီး ကျေးဇူးအမြဲတင်တတ်၊ အမြဲတစေ ကူညီပေးတတ်တဲ့ ကောင်မလေးဟာ အွန်လိုင်းပေါ် ခင်မင်ရတဲ့ သူငယ်ချင်းတွေဆိုပေမယ့် ကြီးကြီးငယ်ငယ် အကုန် respect ထား သူ ပေါင်းခဲ့တော့ ရန်သူဆိုတာ သူ့မှာ မရှိခဲ့ဘူး ။

နောက်တော့ ဘာဖြစ်မှန်း သူမသိဘူး။ လူတချို့ အဖွဲ့ထဲက ထွက်ကုန်ကြတယ်။ သူကတော့ ထုံးစံအတိုင်း အူလည်လည်နဲ့ ဆော့နေလျက်။ အင်တာနက်လည်း အဆင်မပြေတော့ တော်တော်ကြာကြာ နားလိုက်ရပြီး ပြန်လာတဲ့အချိန် အဖွဲ့ထဲမှာ သူ အကူအညီတောင်းနေကျလူတွေက မရှိတော့ဘူး။ သူ့ စိတ်ထဲမှာတော့ နဲနဲ ဝမ်းနည်းသွားပေမယ့် ဂိမ်းအကြောင်း အတော်လေးသိလာတဲ့အချိန် ဖြစ်နေတော့ ဂိမ်းထဲ နစ်မျောပြီး ဆက်ဆော့နေခဲ့တယ်။ တယောက်တည်း ပြန်ဖြစ်နေတာပေါ့။

အဲ့ဒီမှာဆော့ရင်းနဲ့ လူတချို့နဲ့ ပိုသိကျွမ်းလာတယ်။ တူတူဆော့ရင်း ရင်းနှီးသွားတဲ့ သူငယ်ချင်းတစ်ယောက်က နိုင်ငံခြားအုပ်စုထဲမှာ လာနေကြည့်ဖို့ခေါ်တော့ အတွေ့အကြုံလေးရအောင် ဆိုပီး သူတို့နဲ့ သွားဂျွိုင်းလိုက်တယ်။ နဂိုကတည်းကကို ကိုယ်မြန်မာတွေနဲ့တောင် စကားသိပ်မပြောတတ်တာ အဲ့ကောင်မလေး နိုင်ငံခြားအုပ်စုထဲ ရောက်သွားတော့ အင်္ဂလိပ်လိုကလည်း မပြောတတ် ဂိမ်း community အကြောင်းလည်း နားမလည်တော့ ဘာမှမပြောပဲ သူတို့ပြောသမျှ နားထောင်ခဲ့ရတယ်။ အဲ့ဒီအုပ်စုက အဖွဲ့လိုက် raid တာတွေ treasure hunt တာတွေထဲ သူ့ပါ ခေါ်တော့ ရောပါသွားတယ်။ အင်္ဂလိပ်လို ပြောတာတွေ သိပ်နားမလည်လို့ အခက်တွေ့ခဲ့ပေမယ့် အဲ့ဒီနိုင်ငံခြားသားတွေက နားလည်ပေးထားတော့ သူဆော့ရတာ ပျော်ခဲ့ရတယ်။

ဆော့ရင်းနဲ့ မင်္ဂလာဆောင် ဖိတ်တဲ့ စုံတွဲနဲ့ အခုမှ ပိုရင်းနှီးလာခဲ့တယ်။ အဲ့ဒီ စုံတွဲက bro က ဘာမှန်းမသိ ဘာစာမှမဖတ် ကပေါက်တိကပေါက်ချာ ဆော့နေတဲ့ ကောင်မလေးကို တွေ့သွားပြီး သနားသွားတယ်။ ဒါနဲ့ ခေါ်ပြီး job ဆော့နည်း တလုံးချင်း သေချာရှင်းပြပေးမှ အဲ့ဒီတော့မှ ကောင်မလေးက သူဘာကြောင့် ဆော့တိုင်း အ blame ခံ နေရလဲဆိုတာ သိသွားပြီး job rotation တို့ ဘာတို့ ရှိတယ်ဆိုတာ နားလည်သွားတယ်။ အဲ့မှာ အဲ့ bro တွေနဲ့အတူတူ အခက်အခဲဆုံးဖြစ်တဲ့ raid savage ဆိုတာကို သူ စတင်မြည်းစမ်းခွင့် ရခဲ့တယ်။

Deltascape Raid savage (Stromblood raids)


Macro တွေ အရေးကြီးပုံ၊ Mechanic နေရာတွေ အလုပ်လုပ်ပုံတွေ အဲ့အချိန်မှာမှ စတင်သိရှိလာတယ်။ ဂျပန်တွေနဲ့ဆော့ရတာ ဘာသာစကားမှာ အခက်အခဲရှိပေမယ့် ဂျပန်တွေက စိတ်ရှည်ကြသလို တိလည်းတိကျ နားလည်မှုလည်း ရှိကြတယ်။ အနောက်တိုင်းကလူတွေဆို ဘာကြောင့်လက်မခံကြလဲဆိုတာ သူ သိလာရတယ်။ ကိုယ်တစ်ယောက်တည်း တော်နေလို့မဖြစ် အဖွဲ့လိုက် ကျရာနေရာက စိတ်ရှည်သည်းခံ မှန်ကန်စွာ ကစားတတ်ဖို့လိုကြောင်း သိလာရတယ်။ သိုးမည်းလေးတွေ salty player တွေ ကဖျက်ကယက်လုပ်တတ်တဲ့ player တွေရှိတယ်ဆိုတာ သူ သိလာရတယ်။

Savage ဆိုတာမျိုးက တချက်လေးမှ အမှားမခံဘူးဆိုတာ သူ နားလည်လာတယ်။ စာဖတ်၊ guide video အသေအချာကြည့်၊ မှတ်ထားတာတောင်မှ တကယ်ဆော့တဲ့အခါမှာ ကွာကိုကွာတယ်ဆိုတာ သူ သိလာရတယ်။ ဇွဲရှိဖို့လိုတယ်၊ အမှားတွေကြောင့် စိတ်မပျက်ပဲ ခဏခဏသေဖို့လိုတယ်ဆိုတာပါ သိလာတယ်။ ခဏခဏသေမှ Mechanic တွေ ပိုမှတ်မိလာပြီး ပိုမှတ်မိလာမှ အမှားနည်းလာတယ်ဆိုတာ သိလာရတယ်။ ခဏခဏကျရှုံးပြီးမှ အောင်နိုင်ရတဲ့ အရသာက ပိုချိုမြိန်တယ်ဆိုတာ သူ သိလာရတယ်။ တစ်ယောက်တည်းဖြစ်လည်း အများကြားထဲ ဝင်ရောပြီး ဆော့တတ်လာခဲ့ပြီ။ လေးခုရှိတဲ့အထဲ V2 အထိ နိုင်ခဲ့ပေမယ့် ဆက်ဆော့ဖို့ လူမရှိတော့တာမို့ သူ ရပ်ခဲ့ရတယ်။

သူငယ်ချင်းတွေလည်း သူ့အလုပ်နဲ့သူမို့ ရပ်သွားကုန်ကြပြီ။ နိုင်ငံခြားအဖွဲ့ထဲကနေ သူထွက်ပြီး နဂို မြန်မာတွေရှိတဲ့အဖွဲ့ကို သူပြန်လာခဲ့တယ်။ သို့ပေမယ့် အဲ့အဖွဲ့မှာ လူသိပ်မရှိတော့သလို ကျန်နေတဲ့သူတွေကလည်း sub ကုန်တော့ ဆက်မဆော့ကြတော့ဘူး။ သူတစ်ယောက်တည်း ပြန်ဖြစ်ရပြန်တာပေါ့။

ကူညီချင်စိတ်ရှိတဲ့ ကောင်မလေးက အဲ့ဂိမ်းနဲ့ ပတ်သက်ပြီး သူသိထားသလောက် မျှဝေမယ်ဆိုပြီး blog ရေးပါလေရော။ ဒါပေမယ့်အဲ့အချက်ကပဲ သူ့ကို ဆက်ဆော့ဖြစ်ဖို့ တွန်းအားတစ်ခု ဖြစ်ခဲ့တယ်။ သူ့တယောက်တည်း ဂိမ်းဆော့ရင်း research လုပ်လိုက် ရေးလိုက်နဲ့ပေါ့။ တခါတလေမှာတော့ ဆော့ရင်းနဲ့ အရင်က သူငယ်ချင်းတွေနဲ့ ဆော့ခဲ့တာတွေ ပြန်အမှတ်ရမိတဲ့အခါ အထီးကျန်တယ်လို့ သူ ခံစားလာရတယ်။

ဒီအချိန် အတွေးတစ်ခု ရလာတယ်။ ကာရိုက်တာအသစ်နဲ့ တယောက်တည်း ဘယ်သူ့အကူအညီမှ မပါပဲ ဆော့ရင် အစအဆုံး အချိန်ဘယ်လောက်ယူမလဲဆိုတာ သူ သိချင်လာတယ်။ စမ်းသပ်ချင်လာတယ်။ ဒါနဲ့ ဘယ်ဆာဗာမှာ လုပ်ရမလဲဆိုတာ သူစဉ်းစားတယ်။ သူ့ကို ဂိမ်းဆော့ဖြစ်အောင် အစအဆုံးကူညီခဲ့တဲ့ bro က တခြားဆာဗာမှာ ဆော့နေတယ်ဆိုတာ သိလိုက်ရတော့ အဲ့ bro ဆော့တဲ့ ဆာဗာမှာ ကာရိုက်တာ အသစ်လုပ်ပြီး သူ စဆော့တော့တာပဲ။ A Realm Reborn ကနေ Stromblood အထိ quest ပေါင်း 632 ခုပြီးအောင် သူဆော့ပစ်လိုက်တာ 15 ရက်ကြာသွားတယ်။ သူ့ကိုယ်သူ မဆိုးဘူး။ မြန်တော့မြန်သားလို့ တွေးပြီး ပျော်နေတယ်။ Story အပိုင်းမှာ Stromblood patch တွေရောက်မှ အဲ့ bro အုပ်စုနဲ့ သူဂျွိုင်းလိုက်တယ်။

သူ့ဂိမ်းဘဝ ပြန်ပြီး ပျော်ဖို့ကောင်းလာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲ့အုပ်စုက မြန်မာတွေချည်းပဲဖြစ်ပြီး savage raid တွေ trial extreme တွေ အုပ်စုလိုက် ဆော့နေကြတာမို့လို့ပဲ။ မြန်မာအချင်းချင်းဆိုတော့ စကားနားမလည်တာတွေ ပြန်ပြောပြမတတ်တာတွေ မရှိတော့ဘူးလေ။ အဲ့ဒီမှာ သူ သူငယ်ချင်းအသစ်တွေ ထပ်ရခဲ့တယ်။ savage raid တွေ အုပ်စုလိုက်ပါတဲ့အထဲ အစားထိုးအဆင့်ကနေ တဖြည်းဖြည်းနဲ့ practice party ထဲ သူပါလာခဲ့တယ်။ အဲ့အချိန်မှာ ကပေါက်တိကပေါက်ချာ တွေ့ရာ button အကုန်နှိပ်ဆော့တတ်တဲ့ ကောင်မလေး မဟုတ်တော့ဘူး။ အတွေ့ကြုံရှိတဲ့ advance player ဖြစ်နေပြီ။ ဒါပေမယ့် တခါတလေ မျက်စိလျှမ်းတတ်တဲ့အကျင့်တော့ ရှိသေးတာပေါ့။

မျက်စိလျှမ်းတဲ့အကျင့်က မွေးရာပါ အရည်အချင်း ဖြစ်နေတော့ အားနာနာနဲ့ပဲ သူဆော့ခဲ့တယ်။ အဲ့ bro တွေက ရုပ်ချော သဘောကောင်း မနောကောင်းကြတော့ သည်းခံဆော့ပေးရှာပါတယ်။ လူမှမရှိပဲကိုး။ ကောင်မလေးကတော့ သူ့ကိုယ်သူ သိနေတာပေါ့။ အရမ်းလည်း ကျေးဇူးတင်နေတယ်။ သူ့ကို ခေါ်ပြီး တူတူဆော့ပေးတဲ့အတွက်ပေါ့။ တယောက်တည်း အထီးကျန်ဆော့လာသမားဆိုတော့ သူငယ်ချင်းတွေနဲ့ အတူတူဆော့ရတာမျိုးကို အရမ်းကို သူ လိုချင်နေခဲ့တာ။

Eden Raid savage (Shadowbringer Raids)


Shadowbringer ရဲ့ Raid savage လေးခုလုံးကို နောက် patch မထွက်ခင်လေးမှာ တဆက်တည်း နိုင်အောင် ဆော့နိုင်ခဲ့တယ်။ ဒီ raid တွေဆော့နေတဲ့အချိန်မှာ server tick တာ ဘာလဲဆိုတာ သူ ထပ်သိလာရတယ်။ အထူးသဖြင့် Titan savage ဆော့နေတဲ့အချိန်ပေါ့။

lag တာထက် ဆိုးတဲ့ server tick နဲ့ ရင်ဆိုင်ရတာ။ Titan savage ကို နိုင်ဖို့ လေ့ကျင့်နေတဲ့အချိန်မှာ ကောင်မလေးခမျာ ကြိုးစားဆော့နေပေမယ့် server tick ကြီးက ဆိုးဆိုးဝါးဝါးနဲ့မို့ လက်ထဲမှာ ဖုန်းကဒ်ပေါင်းစုံနဲ့ သူ့မှာ ငိုရမလို ရယ်ရမလို ဘယ်သူ့ကိုပဲ ဒေါသထွက်ရမှန်းမသိ ဗြောင်းသောင်းဆန်ဖြစ်နေခဲ့တယ်။ မိဘတွေတောင် တအံ့တဩ ဖြစ်ကုန်တယ်။ ငါတို့သမီး ဂိမ်းဆော့ရင်းရူးသွားပီလားမသိဘူး?

အဲ့ bro တွေတော့ မသိရှာပါဘူး။ သူက discord မှာ အသံပိတ်ဆော့နေတာကိုး။ ဘာအသံမှ မကြားရပေမယ့် အပြင်မှာ သံသေးသံကြောင်နဲ့ မျိုးစုံ ငြီးတွား ဆော့နေခဲ့တာလေ။

Titan savage နိုင်သွားတဲ့အချိန် တရက်လောက် သူ့မှာ ကြောင်စီစီ ဖြစ်လိုက်သေးတယ်။ ဝမ်းသာလုံးဆို့သွားတဲ့ ဒဏ်ပေါ့။ နောက်မှ ပုံမှန်ဖြစ်သွားခဲ့တာ။ သူ့မှာ အဲ့ raid ကရတဲ့ skyslipper mount ကြီးကို ခဏခဏ ထုတ်စီးရတာလည်း အမော။

အခုတော့ အဲ့ဂိမ်းရူးမလေး လစဉ်ကြေးဖိုးဒဏ် မခံနိုင်တော့လို့ သူအရမ်းကြိုက်တဲ့ဂိမ်းကနေ အနားယူတော့မယ်လို့ ဆုံးဖြတ်ထားတယ်။ free log in ပေးရင်တော့ လျှပ်တပြက် ဝင်ဆော့ဦးမှာပါတဲ့။ ဂိမ်းနဲ့ပတ်သက်တာရှိရင် သူ့ကို အကူအညီ တောင်းလာရင် အစွမ်းကုန်ကူညီပေးမယ်လို့ သူ ဆုံးဖြတ်ထားတယ်။ Final Fantasy 14 ဟာ သူ့ဘဝမှာ အတွေ့အကြုံအများကြီးပေးခဲ့တဲ့ ပျော်စရာ အမှတ်တရ အများကြီးရှိခဲ့တဲ့ အဖိုးတန် သူငယ်ချင်းအများကြီး ရခဲ့တဲ့ ဂိမ်းတစ်ခု ဖြစ်ခဲ့တယ်။ သူ့ကို international gamer အဆင့် ရောက်ခဲ့သလို ခံစားရစေခဲ့တယ်။


Zawgyi


ေကာင္မေလးတစ္ေယာက္ အြန္လိုင္းဂိမ္းေဆာ့ဖို႔ ႀကံခဲ့တယ္။ offline game ခ်ည္း ေဆာ့လာသလို တစ္ေယာက္တည္းလည္း ျဖစ္ေနေတာ့ ဂိမ္းေဆာ့ရတာ ပ်င္းလာတယ္ေလ။ 2014 တုန္းကေပါ့။ အဲ့ဒီအခ်ိန္တုန္းက ဖုန္းကဒ္ သိန္းေက်ာ္ေပးဝယ္ေနရတုန္းျဖစ္ၿပီး နယ္မွာေနေတာ့ အင္တာနက္ဆိုတာ ရွားပါးပစၥည္းတစ္ခု။ အလွ်ိဳလွ်ိဳေပါက္လာတဲ့ အင္တာနက္ဆိုင္ေတြထဲက တစ္ဆိုင္က အင္တာနက္ကို Wifi CPE နဲ႔ထပ္ဆင့္လႊင့္ေပးေတာ့ အဲ့ဒီဆိုင္ဆီက တဆင့္ခံ ဝယ္သုံးခဲ့တယ္။ တလ 2 ေသာင္းနဲ႔ download speed က အမ်ားဆုံးရမွ 200kbps ပဲရတယ္။ သာမန္အခ်ိန္မွာေတာ့ 30 to 50 kbps နဲ႔။

အဲ့ဒီအခ်ိန္မွာ Dynasty Warrior ဖန္ဆိုေတာ့ အဲ့ဂိမ္းနဲ႔ ဆက္စပ္တဲ့ Dynasty Warriors online ဆိုတာကို မရမက down ပီး ေဆာ့ခဲ့တယ္။ ဝင္တဲ့အခ်ိန္တိုင္း ကာ႐ိုက္တာေခါင္းေပၚမွာ အနီကြင္းေလးလည္လို႔။ ဘာလုပ္ရမွန္းမသိ တဝဲလည္လည္နဲ႔ ေလွ်ာက္ကစားရင္း လမ္းမွာ player တေယာက္စ ႏွစ္ေယာက္စ ေတြ႕တာကို အရမ္းေပ်ာ္ခဲ့တဲ့သူ။ 2015 ေလာက္အေရာက္မွာ ဂိမ္းဆာဗာတခုလုံး ဖ်က္သိမ္းလိုက္လို႔ ေကာင္မေလး အရမ္းဝမ္းနည္းခဲ့ရတယ္။

ဒါနဲ႔ လက္မေလ်ာ့ပဲ ေနာက္အြန္လိုင္းဂိမ္းတစ္ခု အသည္းအသန္ရွာပါေလေရာ။ တေန႔ေတာ့ gameworm ထဲက post တခု သြားေတြ႕မိတယ္။ Final Fantasy XIV online ေဆာ့ခ်င္တဲ့သူေတြ က်ေတာ္ကူညီေပးႏိုင္ပါတယ္ ဆိုတဲ့ comment ပါတဲ့ post ။ ဒီအခ်ိန္ သူက Final Fantasy စီးရီးမွာ Final Fantasy 13 ေဆာ့ဖူးထားသလို ႀကိဳက္လည္း အရမ္းႀကိဳက္ခဲ့တယ္။ ဒီေတာ့ Final Fantasy 14 လည္း ကစားလို႔ေကာင္းႏိုင္ေလာက္တယ္ ဆိုပီး အင္တာနက္အေပၚ research လုပ္ေတာ့တယ္ ။ research လုပ္ရင္း သူ သိလာရတာက အဲ့ဂိမ္းက subscription လစဥ္ေၾကးနဲ႔ဂိမ္း ျဖစ္ေနတယ္ဆိုတာပဲ ။ ဒါေပမယ့္ လိုက္ research လုပ္ရင္း လုပ္ရင္းနဲ႔ အဲ့ဂိမ္း ႀကိဳက္လာပီး သူ ေဆာ့ခ်င္လာတယ္။ ေဆာ့ဖို႔ မေဆာ့ဖို႔ ခ်ိန္ရင္းနဲ႔ ဟာ ဘာပဲ ျဖစ္ျဖစ္ စမ္းေဆာ့ၾကည့္မယ္ကြာ။ တေယာက္တည္းမဟုတ္ပဲ လူေတြအမ်ားႀကီးနဲ႔ ေဆာ့ရမွာကို။ ဆဲခံထိလည္း ဆဲခံထိပေလ့ေစ ဆိုပီး က်ေတာ္ကူညီေပးႏိုင္တယ္ဆိုတဲ့ bro ကို messenger ကေန ႏႈတ္ဆက္ပီး သူ အကူအညီ စေတာင္းေတာ့တာပဲ။

အဲ့ bro ကလည္း ဂိမ္းဝယ္တာကအစ အကုန္လုပ္ေပးပီး အစစအရာရာ အကုန္ အကူအညီေပးတယ္။ Sub ဖို႔ကိစၥ သူ႔အေနနဲ႔ အဆင္မေျပလည္းပဲ ရေအာင္ ကူညီေပးခဲ့တာကေတာ့ ေကာင္မေလးအတြက္ အေတာ့္ကို ေက်းဇူးတင္ဖို႔ေကာင္းတဲ့ကိစၥ ျဖစ္ခဲ့တယ္။ ဂိမ္းအေၾကာင္း ေသေသခ်ာခ်ာ ေျပာျပတယ္။ ဂိမ္းထဲလည္း လိုက္ျပေပးတယ္။ သူတို႔ အဖြဲ႕ထဲ ထည့္ေပးတယ္။ တေယာက္တည္း အေဖာ္မရွိပဲ ေဆာ့လာခဲ့တဲ့ ဂိမ္း႐ူးမေလးကေတာ့ အရမ္းကို အူျမဴးပီး ေပ်ာ္ေနေတာ့တာပဲ။ မွတ္မွတ္ရရ 2016 ရဲ႕ ပူျပင္းတဲ့ ဧပရယ္လအစမွာပဲ။

သူ႔အေနနဲ႔ေတာ့ MMORPG ဆို ဒါ ပထမဦးဆုံးေသာဂိမ္း ျဖစ္ခဲ့တယ္။ ေယာင္လည္လည္နဲ႔ ဘာမသိ ညာမသိနဲ႔ တခုခုဆို အကူအညီလွမ္းေတာင္းတာပဲ သိတဲ့ ေကာင္မေလးဟာ ေဆာ့တာ သိပ္မၾကာေသး၊ ဂိမ္းထဲ ဘုမသိ ဘမသိနဲ႔ Eternal Bonding ceremony တခု တက္ဖို႔ အဖိတ္ခံခဲ့ရတယ္။ အျပင္အေခၚအေဝၚအေနနဲ႔ ေျပာရရင္ မဂၤလာေဆာင္ ပြဲ တက္ဖို႔ ဖိတ္ခံရတယ္ေပါ့။ ဖိတ္တဲ့သူေတြကိုလည္းမသိ၊ ပြဲလာပရိသတ္ေတြကိုလည္း သူ,မရင္းႏွီးေလေတာ့ သူတို႔သြားရာေနာက္ ေလွ်ာက္လိုက္တယ္။ သူတို႔ လုပ္တဲ့အတိုင္း လိုက္လုပ္တယ္။ ဂိမ္းက အေတာ္ေလးလွေတာ့ ပါးစပ္အေဟာင္းသား ၾကည့္ေနခဲ့တာေပါ့။

ကံေကာင္းတာက ဒီပြဲမွာ သူငယ္ခ်င္းေတြ ရခဲ့တယ္။ သူတို႔ သင္ေပးသမွ် မွတ္စုေလးနဲ႔ လိုက္မွတ္တယ္။ လူေတြနဲ႔ ေဆာ့ခ်င္တယ္သာ ေျပာတာ Dungeon ေတြ Trial ေတြကို တေယာက္တည္းဝင္ဖို႔က်ေတာ့ ေၾကာက္ေနခဲ့တယ္။ သူနဲ႔ရင္းႏွီးတဲ့သူငယ္ခ်င္း တေယာက္ေလာက္ပါမွ ေဆာ့ရဲတဲ့ ေကာင္မေလးေပါ့။

စကားသိပ္မေျပာတတ္ေပမယ့္ သူခင္မင္ရတဲ့ သူငယ္ခ်င္းေတြဆို မ်က္ႏွာအညႇိဳးမခံ စိတ္ႏွစ္ ကိုယ္ႏွစ္ ေပါင္းသင္းတတ္တဲ့ ေကာင္မေလးအတြက္ေတာ့ သူငယ္ခ်င္းေတြ မရွားခဲ့ပါဘူး။ ကိုယ့္အေပၚ ​ျပဳဖူးတဲ့ သူ႔ေက်းဇူးေတြဆို သတိတရ ျပန္ဆပ္တတ္ၿပီး ေက်းဇူးအၿမဲတင္တတ္၊ အၿမဲတေစ ကူညီေပးတတ္တဲ့ ေကာင္မေလးဟာ အြန္လိုင္းေပၚ ခင္မင္ရတဲ့ သူငယ္ခ်င္းေတြဆိုေပမယ့္ ႀကီးႀကီးငယ္ငယ္ အကုန္ respect ထား သူ ေပါင္းခဲ့ေတာ့ ရန္သူဆိုတာ သူ႔မွာ မရွိခဲ့ဘူး ။

ေနာက္ေတာ့ ဘာျဖစ္မွန္း သူမသိဘူး။ လူတခ်ိဳ႕ အဖြဲ႕ထဲက ထြက္ကုန္ၾကတယ္။ သူကေတာ့ ထုံးစံအတိုင္း အူလည္လည္နဲ႔ ေဆာ့ေနလ်က္။ အင္တာနက္လည္း အဆင္မေျပေတာ့ ေတာ္ေတာ္ၾကာၾကာ နားလိုက္ရၿပီး ျပန္လာတဲ့အခ်ိန္ အဖြဲ႕ထဲမွာ သူ အကူအညီေတာင္းေနက်လူေတြက မရွိေတာ့ဘူး။ သူ႔ စိတ္ထဲမွာေတာ့ နဲနဲ ဝမ္းနည္းသြားေပမယ့္ ဂိမ္းအေၾကာင္း အေတာ္ေလးသိလာတဲ့အခ်ိန္ ျဖစ္ေနေတာ့ ဂိမ္းထဲ နစ္ေမ်ာၿပီး ဆက္ေဆာ့ေနခဲ့တယ္။ တေယာက္တည္း ျပန္ျဖစ္ေနတာေပါ့။

အဲ့ဒီမွာေဆာ့ရင္းနဲ႔ လူတခ်ိဳ႕နဲ႔ ပိုသိကြၽမ္းလာတယ္။ တူတူေဆာ့ရင္း ရင္းႏွီးသြားတဲ့ သူငယ္ခ်င္းတစ္ေယာက္က ႏိုင္ငံျခားအုပ္စုထဲမွာ လာေနၾကည့္ဖို႔ေခၚေတာ့ အေတြ႕အႀကဳံေလးရေအာင္ ဆိုပီး သူတို႔နဲ႔ သြားဂြၽိဳင္းလိုက္တယ္။ နဂိုကတည္းကကို ကိုယ္ျမန္မာေတြနဲ႔ေတာင္ စကားသိပ္မေျပာတတ္တာ အဲ့ေကာင္မေလး ႏိုင္ငံျခားအုပ္စုထဲ ေရာက္သြားေတာ့ အဂၤလိပ္လိုကလည္း မေျပာတတ္ ဂိမ္း community အေၾကာင္းလည္း နားမလည္ေတာ့ ဘာမွမေျပာပဲ သူတို႔ေျပာသမွ် နားေထာင္ခဲ့ရတယ္။ အဲ့ဒီအုပ္စုက အဖြဲ႕လိုက္ raid တာေတြ treasure hunt တာေတြထဲ သူ႔ပါ ေခၚေတာ့ ေရာပါသြားတယ္။ အဂၤလိပ္လို ေျပာတာေတြ သိပ္နားမလည္လို႔ အခက္ေတြ႕ခဲ့ေပမယ့္ အဲ့ဒီႏိုင္ငံျခားသားေတြက နားလည္ေပးထားေတာ့ သူေဆာ့ရတာ ေပ်ာ္ခဲ့ရတယ္။

ေဆာ့ရင္းနဲ႔ မဂၤလာေဆာင္ ဖိတ္တဲ့ စုံတြဲနဲ႔ အခုမွ ပိုရင္းႏွီးလာခဲ့တယ္။ အဲ့ဒီ စုံတြဲက bro က ဘာမွန္းမသိ ဘာစာမွမဖတ္ ကေပါက္တိကေပါက္ခ်ာ ေဆာ့ေနတဲ့ ေကာင္မေလးကို ေတြ႕သြားၿပီး သနားသြားတယ္။ ဒါနဲ႔ ေခၚၿပီး job ေဆာ့နည္း တလုံးခ်င္း ေသခ်ာရွင္းျပေပးမွ အဲ့ဒီေတာ့မွ ေကာင္မေလးက သူဘာေၾကာင့္ ေဆာ့တိုင္း အ blame ခံ ေနရလဲဆိုတာ သိသြားၿပီး job rotation တို႔ ဘာတို႔ ရွိတယ္ဆိုတာ နားလည္သြားတယ္။ အဲ့မွာ အဲ့ bro ေတြနဲ႔အတူတူ အခက္အခဲဆုံးျဖစ္တဲ့ raid savage ဆိုတာကို သူ စတင္ျမည္းစမ္းခြင့္ ရခဲ့တယ္။

Deltascape Raid savage (Stromblood raids)


Macro ေတြ အေရးႀကီးပုံ၊ Mechanic ေနရာေတြ အလုပ္လုပ္ပုံေတြ အဲ့အခ်ိန္မွာမွ စတင္သိရွိလာတယ္။ ဂ်ပန္ေတြနဲ႔ေဆာ့ရတာ ဘာသာစကားမွာ အခက္အခဲရွိေပမယ့္ ဂ်ပန္ေတြက စိတ္ရွည္ၾကသလို တိလည္းတိက် နားလည္မႈလည္း ရွိၾကတယ္။ အေနာက္တိုင္းကလူေတြဆို ဘာေၾကာင့္လက္မခံၾကလဲဆိုတာ သူ သိလာရတယ္။ ကိုယ္တစ္ေယာက္တည္း ေတာ္ေနလို႔မျဖစ္ အဖြဲ႕လိုက္ က်ရာေနရာက စိတ္ရွည္သည္းခံ မွန္ကန္စြာ ကစားတတ္ဖို႔လိုေၾကာင္း သိလာရတယ္။ သိုးမည္းေလးေတြ salty player ေတြ ကဖ်က္ကယက္လုပ္တတ္တဲ့ player ေတြရွိတယ္ဆိုတာ သူ သိလာရတယ္။

Savage ဆိုတာမ်ိဳးက တခ်က္ေလးမွ အမွားမခံဘူးဆိုတာ သူ နားလည္လာတယ္။ စာဖတ္၊ guide video အေသအခ်ာၾကည့္၊ မွတ္ထားတာေတာင္မွ တကယ္ေဆာ့တဲ့အခါမွာ ကြာကိုကြာတယ္ဆိုတာ သူ သိလာရတယ္။ ဇြဲရွိဖို႔လိုတယ္၊ အမွားေတြေၾကာင့္ စိတ္မပ်က္ပဲ ခဏခဏေသဖို႔လိုတယ္ဆိုတာပါ သိလာတယ္။ ခဏခဏေသမွ Mechanic ေတြ ပိုမွတ္မိလာၿပီး ပိုမွတ္မိလာမွ အမွားနည္းလာတယ္ဆိုတာ သိလာရတယ္။ ခဏခဏက်ရႈံးၿပီးမွ ေအာင္ႏိုင္ရတဲ့ အရသာက ပိုခ်ိဳၿမိန္တယ္ဆိုတာ သူ သိလာရတယ္။ တစ္ေယာက္တည္းျဖစ္လည္း အမ်ားၾကားထဲ ဝင္ေရာၿပီး ေဆာ့တတ္လာခဲ့ၿပီ။ ေလးခုရွိတဲ့အထဲ V2 အထိ ႏိုင္ခဲ့ေပမယ့္ ဆက္ေဆာ့ဖို႔ လူမရွိေတာ့တာမို႔ သူ ရပ္ခဲ့ရတယ္။

သူငယ္ခ်င္းေတြလည္း သူ႔အလုပ္နဲ႔သူမို႔ ရပ္သြားကုန္ၾကၿပီ။ ႏိုင္ငံျခားအဖြဲ႕ထဲကေန သူထြက္ၿပီး နဂို ျမန္မာေတြရွိတဲ့အဖြဲ႕ကို သူျပန္လာခဲ့တယ္။ သို႔ေပမယ့္ အဲ့အဖြဲ႕မွာ လူသိပ္မရွိေတာ့သလို က်န္ေနတဲ့သူေတြကလည္း sub ကုန္ေတာ့ ဆက္မေဆာ့ၾကေတာ့ဘူး။ သူတစ္ေယာက္တည္း ျပန္ျဖစ္ရျပန္တာေပါ့။

ကူညီခ်င္စိတ္ရွိတဲ့ ေကာင္မေလးက အဲ့ဂိမ္းနဲ႔ ပတ္သက္ၿပီး သူသိထားသေလာက္ မွ်ေဝမယ္ဆိုၿပီး blog ေရးပါေလေရာ။ ဒါေပမယ့္အဲ့အခ်က္ကပဲ သူ႔ကို ဆက္ေဆာ့ျဖစ္ဖို႔ တြန္းအားတစ္ခု ျဖစ္ခဲ့တယ္။ သူ႔တေယာက္တည္း ဂိမ္းေဆာ့ရင္း research လုပ္လိုက္ ေရးလိုက္နဲ႔ေပါ့။ တခါတေလမွာေတာ့ ေဆာ့ရင္းနဲ႔ အရင္က သူငယ္ခ်င္းေတြနဲ႔ ေဆာ့ခဲ့တာေတြ ျပန္အမွတ္ရမိတဲ့အခါ အထီးက်န္တယ္လို႔ သူ ခံစားလာရတယ္။

ဒီအခ်ိန္ အေတြးတစ္ခု ရလာတယ္။ ကာ႐ိုက္တာအသစ္နဲ႔ တေယာက္တည္း ဘယ္သူ႔အကူအညီမွ မပါပဲ ေဆာ့ရင္ အစအဆုံး အခ်ိန္ဘယ္ေလာက္ယူမလဲဆိုတာ သူ သိခ်င္လာတယ္။ စမ္းသပ္ခ်င္လာတယ္။ ဒါနဲ႔ ဘယ္ဆာဗာမွာ လုပ္ရမလဲဆိုတာ သူစဥ္းစားတယ္။ သူ႔ကို ဂိမ္းေဆာ့ျဖစ္ေအာင္ အစအဆုံးကူညီခဲ့တဲ့ bro က တျခားဆာဗာမွာ ေဆာ့ေနတယ္ဆိုတာ သိလိုက္ရေတာ့ အဲ့ bro ေဆာ့တဲ့ ဆာဗာမွာ ကာ႐ိုက္တာ အသစ္လုပ္ၿပီး သူ စေဆာ့ေတာ့တာပဲ။ A Realm Reborn ကေန Stromblood အထိ quest ေပါင္း 632 ခုၿပီးေအာင္ သူေဆာ့ပစ္လိုက္တာ 15 ရက္ၾကာသြားတယ္။ သူ႔ကိုယ္သူ မဆိုးဘူး။ ျမန္ေတာ့ျမန္သားလို႔ ေတြးၿပီး ေပ်ာ္ေနတယ္။ Story အပိုင္းမွာ Stromblood patch ေတြေရာက္မွ အဲ့ bro အုပ္စုနဲ႔ သူဂြၽိဳင္းလိုက္တယ္။

သူ႔ဂိမ္းဘဝ ျပန္ၿပီး ေပ်ာ္ဖို႔ေကာင္းလာတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ အဲ့အုပ္စုက ျမန္မာေတြခ်ည္းပဲျဖစ္ၿပီး savage raid ေတြ trial extreme ေတြ အုပ္စုလိုက္ ေဆာ့ေနၾကတာမို႔လို႔ပဲ။ ျမန္မာအခ်င္းခ်င္းဆိုေတာ့ စကားနားမလည္တာေတြ ျပန္ေျပာျပမတတ္တာေတြ မရွိေတာ့ဘူးေလ။ အဲ့ဒီမွာ သူ သူငယ္ခ်င္းအသစ္ေတြ ထပ္ရခဲ့တယ္။ savage raid ေတြ အုပ္စုလိုက္ပါတဲ့အထဲ အစားထိုးအဆင့္ကေန တျဖည္းျဖည္းနဲ႔ practice party ထဲ သူပါလာခဲ့တယ္။ အဲ့အခ်ိန္မွာ ကေပါက္တိကေပါက္ခ်ာ ေတြ႕ရာ button အကုန္ႏွိပ္ေဆာ့တတ္တဲ့ ေကာင္မေလး မဟုတ္ေတာ့ဘူး။ အေတြ႕ႀကဳံရွိတဲ့ advance player ျဖစ္ေနၿပီ။ ဒါေပမယ့္ တခါတေလ မ်က္စိလွ်မ္းတတ္တဲ့အက်င့္ေတာ့ ရွိေသးတာေပါ့။

မ်က္စိလွ်မ္းတဲ့အက်င့္က ေမြးရာပါ အရည္အခ်င္း ျဖစ္ေနေတာ့ အားနာနာနဲ႔ပဲ သူေဆာ့ခဲ့တယ္။ အဲ့ bro ေတြက ႐ုပ္ေခ်ာ သေဘာေကာင္း မေနာေကာင္းၾကေတာ့ သည္းခံေဆာ့ေပးရွာပါတယ္။ လူမွမရွိပဲကိုး။ ေကာင္မေလးကေတာ့ သူ႔ကိုယ္သူ သိေနတာေပါ့။ အရမ္းလည္း ေက်းဇူးတင္ေနတယ္။ သူ႔ကို ေခၚၿပီး တူတူေဆာ့ေပးတဲ့အတြက္ေပါ့။ တေယာက္တည္း အထီးက်န္ေဆာ့လာသမားဆိုေတာ့ သူငယ္ခ်င္းေတြနဲ႔ အတူတူေဆာ့ရတာမ်ိဳးကို အရမ္းကို သူ လိုခ်င္ေနခဲ့တာ။

Eden Raid savage (Shadowbringer Raids)


Shadowbringer ရဲ႕ Raid savage ေလးခုလုံးကို ေနာက္ patch မထြက္ခင္ေလးမွာ တဆက္တည္း ႏိုင္ေအာင္ ေဆာ့ႏိုင္ခဲ့တယ္။ ဒီ raid ေတြေဆာ့ေနတဲ့အခ်ိန္မွာ server tick တာ ဘာလဲဆိုတာ သူ ထပ္သိလာရတယ္။ အထူးသျဖင့္ Titan savage ေဆာ့ေနတဲ့အခ်ိန္ေပါ့။

lag တာထက္ ဆိုးတဲ့ server tick နဲ႔ ရင္ဆိုင္ရတာ။ Titan savage ကို ႏိုင္ဖို႔ ေလ့က်င့္ေနတဲ့အခ်ိန္မွာ ေကာင္မေလးခမ်ာ ႀကိဳးစားေဆာ့ေနေပမယ့္ server tick ႀကီးက ဆိုးဆိုးဝါးဝါးနဲ႔မို႔ လက္ထဲမွာ ဖုန္းကဒ္ေပါင္းစုံနဲ႔ သူ႔မွာ ငိုရမလို ရယ္ရမလို ဘယ္သူ႔ကိုပဲ ေဒါသထြက္ရမွန္းမသိ ေျဗာင္းေသာင္းဆန္ျဖစ္ေနခဲ့တယ္။ မိဘေတြေတာင္ တအံ့တဩ ျဖစ္ကုန္တယ္။ ငါတို႔သမီး ဂိမ္းေဆာ့ရင္း႐ူးသြားပီလားမသိဘူး?

အဲ့ bro ေတြေတာ့ မသိရွာပါဘူး။ သူက discord မွာ အသံပိတ္ေဆာ့ေနတာကိုး။ ဘာအသံမွ မၾကားရေပမယ့္ အျပင္မွာ သံေသးသံေၾကာင္နဲ႔ မ်ိဳးစုံ ၿငီးတြား ေဆာ့ေနခဲ့တာေလ။

Titan savage ႏိုင္သြားတဲ့အခ်ိန္ တရက္ေလာက္ သူ႔မွာ ေၾကာင္စီစီ ျဖစ္လိုက္ေသးတယ္။ ဝမ္းသာလုံးဆို႔သြားတဲ့ ဒဏ္ေပါ့။ ေနာက္မွ ပုံမွန္ျဖစ္သြားခဲ့တာ။ သူ႔မွာ အဲ့ raid ကရတဲ့ skyslipper mount ႀကီးကို ခဏခဏ ထုတ္စီးရတာလည္း အေမာ။

အခုေတာ့ အဲ့ဂိမ္း႐ူးမေလး လစဥ္ေၾကးဖိုးဒဏ္ မခံႏိုင္ေတာ့လို႔ သူအရမ္းႀကိဳက္တဲ့ဂိမ္းကေန အနားယူေတာ့မယ္လို႔ ဆုံးျဖတ္ထားတယ္။ free log in ေပးရင္ေတာ့ လွ်ပ္တျပက္ ဝင္ေဆာ့ဦးမွာပါတဲ့။ ဂိမ္းနဲ႔ပတ္သက္တာရွိရင္ သူ႔ကို အကူအညီ ေတာင္းလာရင္ အစြမ္းကုန္ကူညီေပးမယ္လို႔ သူ ဆုံးျဖတ္ထားတယ္။ Final Fantasy 14 ဟာ သူ႔ဘဝမွာ အေတြ႕အႀကဳံအမ်ားႀကီးေပးခဲ့တဲ့ ေပ်ာ္စရာ အမွတ္တရ အမ်ားႀကီးရွိခဲ့တဲ့ အဖိုးတန္ သူငယ္ခ်င္းအမ်ားႀကီး ရခဲ့တဲ့ ဂိမ္းတစ္ခု ျဖစ္ခဲ့တယ္။ သူ႔ကို international gamer အဆင့္ ေရာက္ခဲ့သလို ခံစားရေစခဲ့တယ္။

Post a Comment

0 Comments