Final Fantasy XIV "Treasure Hunt"
စာဖတ်မရလျှင် ဒီကိုနှိပ်ပါ Zawgyi version
သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး treasure hunt လုပ်ရင်း သူဠေးလုပ်ကြရအောင် ။
Treasure Hunt က အတော်လေး ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ် ။ ထီကံစမ်းသလိုပါပဲ ကိုယ့်ကံအပေါ်မူတည်နေပါတယ် ။ ကံကောင်းလျှင် စျေးကွက်မှာ 10 သန်းလောက်တန်နေတဲ့ ပစ္စည်း ရတတ်သလို တခါတလေကျ 5 ကျပ်တောင်မရှိတဲ့ ပစ္စည်းတွေလည်း ရတတ်ပါသေးတယ် ။ ဒါပေမယ့် treasure map စလုပ်ကတည်းက gil 5000 ကတော့ ရနေပြီးပါပြီ။ နောက်ပြီး အခန်းတွေ ဖွင့်ရာမှာလည်း အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ် ။ ပွင့်မလိုလိုနဲ့ ပိတ်သွားတဲ့အခါမျိုး ၊ ပိတ်သွားပြီထင်ပေမယ့် ရုတ်တရက် နောက်တခန်း ပွင့်သွားတာမျိုး ၊ အဲ့လို အခိုက်အတန့်လေးတွေကိုက ပျော်စရာကောင်းနေတာမို့ပါ ။
Treasure Hunt ရာမှာ အဓိကဖြစ်တဲ့ Timeworn ???? Map တွေက ရှာရခက်သလို လက်ထဲမှာ 1 ခုပဲ ကိုင်ခွင့်ပေးထားတော့ အတော်လေးကို လက်ပေါက်ကပ်ပါတယ် ။ လူစုမိဖို့လည်းခက်တော့ Map တခုလုပ်ဖို့ရာ တခါလူစုရတာလည်း မတန်လေတော့ map 5 ခု 6 ခုလောက် စုမိမှ တခါတည်းလုပ်ချင်ကြတယ် မဟုတ်လား ။ ဒီတော့ လူတွေက ကိုယ်ယုံကြည်ရတဲ့သူဆီ Timeworn ??? Map တွေ အခု 20 လောက် Moogle Mail ကနေ ပို့ပြီး သိမ်းခိုင်းထားတာပဲ ဖြစ်ဖြစ်၊ Retainer တယောက်မှာ တခုစီ ထားထားပြီး  Marketboard ပေါ်မှာလည်း retainer တစ်ယောက်ကို တခုစီ လူမဝယ်နိုင်တဲ့ စျေးနှင့် မြင့်မြင့်ထား ရောင်းခိုင်းထားတာပဲ ဖြစ်ဖြစ် စုထားကြပြီး များလာမှ Treasure Hunt မှ တခုစီထုတ်ယူ လုပ်ကြပါတယ် ။ ပိုက်ဆံ အပိုမသုံးသူတစ်ဦးဟာ အနည်းဆုံး Treasure Map 7 ခု စုနိုင်ပါတယ် ။
Item loot နည်းစနစ်ကတော့ Timeworn map ကို decipher လုပ်၊ dig သူက အမြဲ ပထမ ဆိုတော့ သူက Need ၊ ကျန်တဲ့သူတွေက Greed သို့ Pass ယူရပါတယ် ။ ဒါကတော့ သိနေရမယ့် ဂိမ်းရဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုပါပဲ ။ ခြွင်းချက်တွေ ရေးထားလျှင် ခြွင်းချက်တွေအရ ကွဲပြားသွားပါမယ် ။ ခြွင်းချက်တွေက PF မှာ ခေါ်တဲ့အခါမှာပဲ ရေးထားတတ်ကြပြီး ကိုယ့် အဖွဲ့သားနဲ့ ကိုယ်ဆိုရင်တော့ အချင်းချင်းညှိယူ ခွဲဝေသွားကြတာပေါ့ ။
Treasure Hunt လုပ်နည်း
  • 1. လူစုပါ ။ အနည်းဆုံး 4 ယောက်လောက်ရှိလျှင် အဆင်ပြေပါပြီ ။
  • 2. Timeworn ??????? ဆိုတာ ရှာပါ ။
  • 3. ​Decipher လုပ်ပါ ။ ကြက်ခြေခတ် အမှတ်အသားပြထားတဲ့ Map အပိုင်းအစတစ်ခု ရလာပါမယ် ။
  • 4. Map အပိုင်းအစ နှင့် တထပ်တည်းကျတဲ့ Map ကို လိုက်တိုက်ကြည့်ပြီး ရှာပါ ။
  • 5. Dig ပါ ။  Treasure Map လုပ်ရာမှာ သုံးတဲ့ Dig က Character ရဲ့ Action And Traits ထဲက General ဆိုတဲ့ အကန့်ထဲမှာ ရှိပါတယ် ။ Dig ကိုအမှတ်အသားပြထားတဲ့ map အပိုင်းအစ နဲ့ တထပ်တည်းကျတဲ့ နေရာမှာ လုပ်ရမှာ ဖြစ်ပါတယ် ။
  • 6. Treasure box ပေါ်လာပါပြီ ။ Treasure box ကို ဖွင့်လိုက်လျှင် enemy တွေထွက်လာပါလိမ့်မယ် ။ ပေါ်လာသမျှ အကုန်သတ်ပါ။
  • 7. ပြီးလျှင် Treasure box ကို နောက်တခါ ထပ်ဖွင့်ပါ ။ reward တွေရလာပါလိမ့်မယ် ။ 
ဒီနေရာမှာ ကံမကောင်းခဲ့လျှင်တော့ Treasure Hunt တာ အဲ့အဆင့်မှာတင် ပြီးသွားပါလိမ့်မယ် ။ အကယ်၍ ကံကောင်းခဲ့လျှင်တော့ Portal တစ်ခု ပွင့်လာပါလိမ့်မယ် ။ မိမိလုပ်နေတဲ့ treasure map ဟာ Timeworn Zonureskin Map ဖြစ်လျှင် The Dungeons of Lyhe Ghiah ပွင့်သွားပါလိမ့်မယ် ။ ထို့အတူ Timeworn Gazelleskin Map ဆိုလျှင် The Lost Cannals of Uznair ၊ Timeworn Dragonskin Map ဆိုလျှင် The Aquapolis အသီးသီး ပွင့်သွားမှာ ဖြစ်ပါတယ် ။ Portal ပွင့်သွားလျှင်တော့
  • 8. ပွင့်သွားတဲ့ Portal ထဲဝင်ပါ ။ Treasure map ကို decipher လုပ်၊ Dig သူကိုယ်တိုင်သာလျှင် portal ကို ထိလို့ရတာတွေ့ရမှာ ဖြစ်ပါတယ် ။
  • 9. အထဲ ရောက်လျှင် ခန်းမအလယ်မှာ Treasure box တလုံး တွေ့ရပါမယ် ။ ဖွင့်ပါ ။ ပေါ်လာသမျှ အကုန် သတ်ပါ ။
  • 10. ပြီးလျှင် Treasure Box ကို ထပ်ဖွင့်ပါ ။ reward တွေရလာပါလိမ့်မယ် ။
  • 11. ဝင်ပေါက် 2 ခုထဲက တခုကို ရွေးဖွင့်ခိုင်းပါပြီ ။
ဒီနေရာမှာ နောက်တစ်ခန်းကို ရောက်မရောက်ကတော့ သင့်ကံအပေါ် မူတည်ပါတယ် ။ တကယ်လို့ မပွင့်သွားပဲ ပိတ်သွားလျှင်တော့ သင်နဲ့ party တခုလုံး အပြင် ပြန်ရောက်သွားပြီး treasure hunt ခြင်း ပြီးဆုံးသွားမှာ ဖြစ်ပါတယ် ။ နောက်တခန်းပွင့်သွားခဲ့လျှင်တော့ အပေါ်က အဆင့်တွေအတိုင်း ပြန်လုပ်ရပါလိမ့်မယ် ။
ခန်းမအလယ်က treasure box ဖွင့် ၊ အကောင်ပေါ်လာ ၊ ပေါ်လာသမျှ အကုန်သတ် ၊ ပြီးလျှင် treasure box နောက်တခါ ပြန်ဖွင့် ၊ reward တွေရ ၊ ပြီးလျှင် ဝင်ပေါက် ထပ်ရွေး ၊ ရွေးလို့ မှန်သွားခဲ့လျှင် နောက်တစ်ခန်းရောက် ၊ ဒီလိုနည်းနဲ့သွားရင်း နောက်ဆုံးအခန်းအထိ ဝင်နိုင်ခဲ့ရင်တော့ Reward အကြီးစားတွေ တနင့်တပိုးရလာပါလိမ့်မယ် ။ နောက်ဆုံးအခန်းထိ ဝင်နိုင်ဖို့က တော်တော်ကံကောင်းနေမှ ရတတ်တာပါ ။
ဝင်ပေါက် ရွေးရတာတွေက Map အလိုက် ကွာပါတယ် ။ Timeworn Gazelleskin Map နှင့် Timeworn Dragonskin Map က အခန်း 7 ခန်းပါရှိပြီး Timeworn Zonureskin က အခန်း 5 ခန်းပါပါတယ် ။ Shadowbringer က Treasure map ဖြစ်တဲ့ "Timeworn Zonureskin Map" မှာတော့ ရှေ့က map တွေနဲ့ အဆင့်တွေက အကုန်တူပေမယ့် သူ့မှာ High or low ဆိုတဲ့ လောင်းကစားတစ်ခု လုပ်ရတာ ပိုသွားပါတယ် ။
Treasure Map "Timeworn ???? Map" ရှာနည်း
Timeworn ???? Map ရဲ့ item ပုံစံက စာလိပ်ထည့်ထားတဲ့ ဖန်ပုလင်းပုံ ဖြစ်ပြီး  Market board ကနေ ဝယ်လို့ရနိုင်သလို Disciple of Land class တွေဖြစ်တဲ့ Botanist, Miner, Fisher တွေနဲ့ လိုက်တူးရင်းနဲ့လည်း ရလာတတ်ပါတယ် ။ ဒီ Timeworn ??????? ဆိုတာတွေက အမြဲ မပေါ်တတ်ပါဘူး ။ ပုန်းကွယ်နေတတ်လို့ စိတ်ရှည်ရှည်နဲ့လိုက်ရှာရပါမယ် ။ တနေ့မှာ Timeworn Map တခုသာလျှင် တူးယူခွင့် ရှိပါတယ် ။ တူးယူပြီးတာနဲ့ နာရီ စတွက်မှာ ဖြစ်ပြီး နောက် 18 နာရီအကြာမှ နောက်တခု ထပ်တူးယူခွင့်ရမှာ ဖြစ်ပါတယ် ။
ပြီးတော့ လက်ထဲမှာ Timeworn ???? Map 1 ခုပဲ ပေးကိုင်တာမို့ များများစုမိချင်ရင်တော့ ကြံဖန်စုရပါတယ် ။ ကျနော် အပေါ်မှာ ပြောခဲ့သလို ကိုယ်ယုံကြည်ရတဲ့သူဆီ Timeworn ??? Map တွေ အခု 20 လောက် Moogle Mail ကနေ ပို့ပြီး သိမ်းခိုင်းထားတာပဲ ဖြစ်ဖြစ်၊ Retainer တယောက်မှာ တခုစီ ထားထားပြီး  Marketboard ပေါ်မှာလည်း retainer တစ်ယောက်ကို တခုစီနဲ့ လူမဝယ်နိုင်တဲ့ စျေးနှင့် မြင့်မြင့်ထား ရောင်းခိုင်းထားတာပဲ ဖြစ်ဖြစ် စုထားကြပြီး များလာမှ Treasure Hunt မှ တခုစီထုတ်ယူ လုပ်ကြပါတယ် ။ ပိုက်ဆံ အပိုမသုံးသူတစ်ဦးဟာ အနည်းဆုံး Treasure Map 7 ခု စုနိုင်ပါတယ် ။
Timeworn ???? Map တွေ နောက်ထပ် ရနိုင်တဲ့နည်း တနည်းက Wondrous Tails book က ရတာပဲ ဖြစ်ပါတယ် ။ Level 60 ရောက်ရင် unlock လုပ်လို့ရတဲ့ ဒီ Wondrous Tails ကတော့ weekly reward ပေးတာ ဖြစ်ပြီး အဲဒီ reward တွေမှာ တခါတလေ Timeworn ??? Map တွေ ပါလာတတ်ပါတယ် ။
Treasure Map အမျိုးအစားများ
Timeworn Zonureskin Map (Unlock portal: "The Dungeons of Lyhe Ghiah")
Timeworn Gaganaskin Map
Timeworn Gazelleskin Map (Unlock Portal: "The Lost Cannals of Uznair")
Timeworn Leather Map
Timeworn Goatskin Map
Timeworn Toadskin Map
Timeworn Boarskin Map
Timeworn Peisteskin Map
Timeworn Archaeoskin Map
Timeworn Wyvernskin Map
Timeworn Dragonskin Map (Unlock Portal: "Aquapolis")
လူတွေ Treasure Hunt အလုပ်အများဆုံး Map ကတော့ Timeworn Zonureskin Map ဖြစ်ပြီး အဲ့ဒီနောက်မှာ Timeworn Gazelleskin Map က ဒုတိယ ၊ Timeworn Dragonskin Map က တတိယ လိုက်ပါတယ် ။
Timeworn Leather Map
Timeworn Goatskin Map
Timeworn Toadskin Map
Timeworn Boarskin Map
Timeworn Peisteskin Map
Timeworn Archaeoskin Map
Timeworn Wyvernskin Map
Timeworn Gaganaskin Map တွေကတော့ party နဲ့ လုပ်လို့ရသလို တယောက်တည်းလည်း လုပ်လို့ ရနိုင်ပါတယ် ။ ဒါပေမယ့် Reward တွေကတော့ နည်းပါးပါတယ် ။
ဒါတွေကတော့ Treasure hunt နဲ့ ပတ်သက်တာ ကျနော် သိသလောက် ရေးထားတာပဲ ဖြစ်ပါတယ် ။
Zawgyi
  • 2. Timeworn ??????? ဆိုတာ ရှာပါ ။
Timeworn Leather Map
Timeworn Goatskin Map
Timeworn Toadskin Map
Timeworn Boarskin Map
Timeworn Leather Map
Timeworn Goatskin Map
Timeworn Toadskin Map
Timeworn Boarskin Map
Post a Comment
0 Comments