The Girl and her Destiny 2

စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version
2018 နိုဝင်ဘာမှာ ကောင်မလေးတစ်ယောက် Destiny 2 ကို free ပေးမယ်ဆိုတဲ့ သတင်း တွေ့လိုက်ရတော့ စိတ်ဝင်စားသွားတယ် ။ Destiny 2 ဆိုတဲ့ဂိမ်းက သာမန်အချိန်တွေမှာဆို $60 လောက် ပေးဝယ်ရပြီး ဂိမ်းပလေးက ကောင်းတယ်လို့ နာမည်ကြီးနေပြီးသား ။ အွန်လိုင်းဂိမ်းဆို အမြဲ စမ်းဆော့ကြည့်ချင်နေတဲ့ ကောင်မလေး။ အခု free ပေးတာကလည်း Battlenet ကနေ ပေးမှာ ဆိုတော့ သူ့အတွက် အံကိုက်ပဲလေ။ ဒီတော့ Battlenet acc လုပ်ပြီး ကောက် claim လိုက်တယ်။

Library ထဲတော့ ဂိမ်း ရောက်သွားပြီ။ အခက်အခဲ စတွေ့ရပြီ ။ download ဆွဲမလို့ စတင်လိုက်တာနဲ့ မြင်လိုက်ရတဲ့ data size ကြောင့် သူ ငိုချင်ချင် ဖြစ်သွားတယ် ။ 89GB တဲ့လေ ။ အင်တာနက်လိုင်းကလည်း ယူထားတာ မရှိတော့ အဲ့ဒီ 89GB ကြီး သူဘယ်လိုလုပ် ဒေါင်းရပါ့? ယူပြီးမှ အခုမှ သူ ကြည့်မိတယ် ။ First person shooter အမျိုးအစား ဇာတ်လမ်းသွားဂိမ်းတဲ့ ။ Third person view ဂိမ်းတွေပဲ ဆော့လာသမားဖြစ်တဲ့ ကောင်မလေးဟာ နဲနဲ တွေဝေသွားတယ် ။ ဒါပေမယ့် အွန်လိုင်းဂိမ်းဖြစ်နေတာကြောင့်လည်း သူ လက်မလွတ်ချင် ။ အမျိုးအစား စုံအောင်ကစားကြည့်ရတာပေါ့လေ ဒါမှ ကွဲပြားတဲ့ အချက်တွေ အမြင်အသစ်တွေ မြင်ရမှာ ဗဟုသုတ ပိုရတာပေါ့ ဆိုပြီး 89GB ကြီးကို mobile data နဲ့ စ down တော့တာပဲ ။

တခြားကောင်မလေးတွေက ပိုက်ဆံနဲ့ အစားအစာ၊ အသုံးအဆောင်ပစ္စည်းတွေ ဝယ်တယ် ။ သူကျတော့ ပိုက်ဆံနဲ့ ဂိမ်းမင်းအတွေ့အကြုံ ဖလှယ်တယ်ပေါ့ ။ မုန့်ဖိုးပြတ်ရင် ခဏ နားလိုက်၊ ပြန်ရရင် ပြန် down လိုက်နဲ့ free ပေးတဲ့ရက် ကုန်လို့ တပတ်ကျော်ကြာမှ သူ့ download ကပြီးသွားတယ်။

စဆော့ဖို့ ဝင်လိုက်တော့ ဘာမှန်းကိုမသိ ဘာကို လုပ်ချရမှန်းမသိဖြစ်နေပြီး သူငိုချင်သွားပြန်တယ် ။ ဂိမ်းက သူဆော့နေကျနဲ့ ပုံစံမတူ လုံးဝကွဲပြားနေတာကိုး။ ဘယ်သူ့ကို အားကိုးပြီး မေးရမယ်မှန်းလည်း မသိ။ တကယ့်ကို သူ့ တယောက်တည်း။ Final Fantasy 14 မှာ တယောက်တည်းဖြစ်တာတောင် အဲ့လောက်မဆိုးဘူးရယ်။ သူ့မှာ Destiny 2 ဂိမ်းထဲ ဝင်လိုက် Alt+F4 နှိပ် ပြန်ထွက်လိုက်နဲ့ ဘာကိုဆော့ရမယ်မှန်းမသိ ဖြစ်နေရော။

Final Fantasy 14 က ကလေးတစ်ယောက် စာရေးတတ်အောင် လက်ကိုင်သင်ပေးသလို သင်ပေးတော့ ကောင်မလေးအနေနဲ့ ဆော့တတ်ဖို့ သိပ်မခက်ခဲ့ဘူး ။ Destiny 2 ကျတော့ လူကြီးတယောက်လို ကိုယ့်ဘာသာ စမ်း၊ research လုပ်၊ အပေါင်းအသင်းတွေနဲ့ မေးတတ်စမ်းတတ်အောင် လွတ်ပေးထားပြီး ဒါကနေတဆင့် ဂိမ်းပလေး နားလည်လာအောင် ကိုယ်ကိုယ်တိုင် လုပ်ယူရတာဆိုတော့ ကောင်မလေးမှာ ငိုချင်လောက်တဲ့ အခက်အခဲတွေ အများကြီး တွေ့ခဲ့ရတာပေါ့ ။

ကိုယ်တိုင် research လုပ်နိုင်တဲ့ စကေး မသေးလှတဲ့ ကောင်မလေးဟာ အကူအညီတောင်းဖို့ facebook ပေါ် လိုက်ရှာတဲ့အခါ Destiny 2 MM ဆိုတဲ့ group ကို သူ သွားတွေ့တယ်။ အဲ့ဒီ facebook group ကနေတဆင့် သူတို့အဖွဲ့ထဲ ဝင်လိုက်တယ် ။ ဒါကနေတဆင့် သူတို့ ပြောတာတွေ နားထောင်၊ လိုက်ကြည့်၊ လိုက်မှတ်၊ ကိုယ်တိုင်လည်း စမ်းတဝါးဝါးနဲ့ လိုက်ဆော့ရင်း Destiny 2 ဂိမ်းအကြောင်း အနဲငယ် စ သိလာတယ်။ ဒါပေမယ့် ကောင်မလေးက စကားသိပ်မပြောတတ်တော့ Destiny 2 က bro တွေနဲ့တော့ စိမ်းနေဆဲပဲ။

တနေ့တော့ Final Fantasy 14 မှာ တူတူဆော့ခဲ့ဖူးပြီး ခင်မင်ရင်းနှီးခဲ့တဲ့ bro နဲ့ စကားစပ်မိလို့ Destiny 2 လာဆော့ပါလို့ ကောင်မလေးက အဆွယ်တရားဟောလိုက်တယ် ။ အဲ့ bro ကလည်း စိတ်ပါသွားပြီး ဂိမ်းကလည်း စျေးချရောင်းနေတော့ ကောက်ဝယ်လိုက်ပြီး Destiny 2 ကို ရောက်ချလာတယ် ။ တကယ်တော့ ကောင်မလေးက Destiny 2 မှာ တယောက်တည်း အူကြောင်ကြောင်ဖြစ်နေပြီး အဖော်မရှိပဲ အားငယ်နေတာ ။ အဲ့ bro ရောက်လာတော့ သူ အရမ်းပျော်သွားတယ် ။

2 ယောက်အတူတူ ဆော့ရင်း တယောက်သိတာ တယောက် ဖလှယ်ရင်း ဗဟုသုတတွေ ဝေမျှရင်းနဲ့ ဂိမ်းအကြောင်း သူ ပိုပိုသိလာတယ် ။ ဆော့လို့လည်း ပိုကောင်းလာတယ် ။ Destiny 2 က လူကြီးဂိမ်းဖြစ်တဲ့အလျောက် in game community ယဉ်ကျေးမှုက သိပ်မကြီးကျယ်ဘူး ။ Final Fantasy 14 လောက် နက်နဲမှု မရှိ၊ အကျိုးသက်ရောက်မှုလည်း နည်းတယ် လူတွေဟာ ဂိမ်းကို ဂိမ်းလိုပဲ ဆော့ကြတယ် ဆိုတာ သူ သတိထားမိလာတယ် ။

First person shooter ဂိမ်းဆိုတာ ကောင်မလေးအတွက်တော့ လုံးဝကို အစိမ်းသက်သက်။ အခုမှ စထိတွေ့ဖူးတော့ gun play စကေးက လုံးဝကို ညံ့တာ ။ ပစ်တာတွေက အမြဲ သောက်တလွဲ ။ ဒါပေမယ့် သူ ကြိုးစား ဆော့ရှာပါတယ် ။ ကောင်မလေးက သူ့ကြောင့် သူများစိတ်အနှောက့်အယှက် ဖြစ်တာတို့ နှောင့်နှေးတာတို့ ဖြစ်မှာကို အရမ်းကြောက်တယ်။ အရမ်းလည်း အားနာနေတတ်တယ်။ သူငယ်ချင်းတွေနဲ့ တူတူ ပျော်ပျော်ပါးပါးဆော့ချင်နေတဲ့ ကောင်မလေးခမျာ အဲ့ဒါတွေကြောင့် တယောက်တည်း ကြောက်ကြောက်နဲ့ ဆော့နေခဲ့တာပေါ့ ။ ဟို bro ရောက်လာခဲ့တဲ့ အချိန်ထိပေါ့ ။

Final Fantasy 14 က bro ရောက်လာပြီး သူနဲ့ တူတူဆော့ရင်းနဲ့မှ Destiny 2 က bro တွေနဲ့ ပိုရင်းနှီးလာခဲ့တယ် ။ သူငယ်ချင်းအသစ်တွေ သူ ထပ်ရခဲ့တယ် ။ သူ့ရဲ့ Destiny 2 ဂိမ်းဘဝ တဖြည်းဖြည်း ပျော်ဖို့ကောင်းတယ် ။ အဲ့ဒီမှာပဲ Destiny 2 က bro တွေက Raid တွေဝင်ရင် သူ့ကိုပါ ခေါ်ဆော့လာခဲ့တယ် ။ ကောင်မလေးမှာ ကျေးဇူးတင်ခဲ့ရသလို ပျော်လည်း ပျော်ခဲ့ရတယ် ။

Leviathan Raid

Final Fantasy 14 ဆော့တဲ့ ကောင်မလေးအတွက် ပျော်ဖို့ကောင်းသလို ဗဟုသုတတွေ အတွေ့အကြုံအသစ်တွေ ပေးခဲ့တဲ့ Raid ။ Final Fantasy 14 raid နဲ့ ဘာတွေ ကွာတယ် ဆိုတာ သူသိလာတယ် ။ Destiny 2 raid က ပိုလွတ်လပ်မှုရှိတယ် ။ အခက်အခဲကျော်လွှားနိုင်ဖို့ အဖြေရှာရာမှာ ဘက်ပေါင်းစုံက ချဉ်းကပ် အဖြေရှာသွားလို့ရတယ် ။ သတ်မှတ်ဘောင်နဲ့ အသေဘောင်ခတ်ပစ်လိုက်တာ မဟုတ်လို့ စိတ်ဖိစီးမှု သိပ်မရှိဘူးလို့ သူခံစားရတယ် ။ ဒါ့အပြင် Raid နေစဉ် လူတွေ ဝင်လိုက် ထွက်လိုက်၊ မအားတဲ့ လူနဲ့ အားတဲ့လူ လဲဆော့လိုက်နဲ့ စိတ်အေးလက်အေး ဆော့နေကြတာကို တွေ့ရတဲ့အခါ ကောင်မလေးတယောက် တအံ့တဩ ဖြစ်ခဲ့တယ် ။ Final Fantasy 14 မှာ raid ဝင်ပြီဆိုရင် ကျောက်ချထိုင်ရပြီ ။ ဘယ်ကိုမှ သွားလို့မရတော့ဘူး ။ ဂိမ်းပလေး mechanic ကို မမှားအောင် အာရုံစိုက်ဆော့ရပြီကိုး ။

Leviathan: Eater Worlds prestige

ကောင်မလေးဟာ အဲ့ bro တွေနဲ့အတူ normal raid တွေအပြင် အခက်ဆုံး mode ဖြစ်တဲ့ prestige mode raid တွေပါ ဝင်ဆော့နိုင်ခဲ့တယ် ။ Prestige mode မှာကျတော့ gun တွေ ကန့်သတ်လိုက်တယ် ။ ကန့်သတ်ချက်တွေက ကျပန်းတွေ ။ enemy တွေက normal ထက်ကြမ်းသွားတယ် ။ သတ်ရခက်သွားတယ် ။ အဲ့ဒီတုန်းက ကောင်မလေးတို့ ဆော့တဲ့အချိန်တုန်းက gun slot 3 ခုမှာ 2 ခုကို ကန့်သတ်ချက်ထားထားတယ် ။ Hand Cannon နှင့် Sniper အမျိုးအစား gun တွေပဲ ပေးကိုင်တော့ pulse rifle ပဲကိုင်တတ်တဲ့ ကောင်မလေးခမျာ ပစ်တတ် မပစ်တတ်နဲ့ ပစ်နေခဲ့ရတော့ စိတ်တွေညစ်နေခဲ့ရတယ် ။ စိတ်တွေညစ်ခဲ့ရပေမယ့် ပျော်ပျော်နေတတ်တဲ့ bro တွေရဲ့ mechanic ခေါ်ပေးသံတွေကြောင့် သူ့မှာ ရယ်နေခဲ့ရတယ် ။

အဲ့ဒီအချိန်ကစလို့ ကောင်မလေးကတော့ အဲ့ raid ထဲ ရောက်တိုင်း mechanic နာမည်တွေ မသိပေမယ့် bro တွေရဲ့ mechanic ခေါ်သံ ပြန်ပြန် ကြားယောင်နေလေရဲ့ ။ "အလုံးချက်လို့ရဘီနော် .... ချက်တော့ဟေ့... " "ဘယ်အလုံးတုန်း?" "အနီ နှစ် လုံး အပြာ တ လုံး .... အဲ ဟုတ်ဘူးဟ! ဟိုဘက်ခြမ်းက ဘာအလုံးတုန်း" "ခရမ်း!!" "ခရမ်း... ခရမ်းတလုံးတဲ့ဟေ့ " "မှန်အောင် ချက်ကြ... သားပေါက်တို့"

ကောင်မလေးတယောက် Raid တွေ ဝင်ပြီးကာမှ gun ကောင်းကောင်းတလက် ရှိဖို့လိုတယ်ဆိုတာ သိလာရတယ် ။ အဲ့ဒီအချိန်ကျမှ expansion တွေဝယ်၊ season pass တွေဝယ်ပြီး forge တွေနဲ့ ရှာတော့တာပဲ ။ Destiny 2 က PvE ရှိပေမယ့် Gun အကောင်းစား အများစုဟာ PvP ကပဲ ရနိုင်တယ်ဆိုတာ သူသိရတော့ နဲနဲ စိတ်ညစ်သွားတယ် ။ သူက လူလူချင်း ယှဉ်ပြိုင်တာမျိုး မကြိုက်ဘူးလေ ။ တူတူပဲ ဆော့ချင်တာ ။ ဒါပေမယ့် လိုချင်တော့ ကြိတ်မှိတ်ပြီး သူရှာခဲ့တယ် ။ အဲ့ဒီ PvP ဆော့တာက သူ့ gun play စကေး တက်စေခဲ့တာ သူ မြင်လာတယ် ။

နောက်ပြီး gun ကောင်းတလက်ဆိုတာ အမြဲတမ်း ကောင်းတယ်ဆိုတာ မရှိဘူးဆိုတာ သူသိလာတယ် ။ အပတ်အလိုက် ကောင်းတဲ့ gun တွေဟာ meta အလိုက် အမြဲပြောင်းနေတယ် ။ ဒီတပတ် gun meta ထဲ နံပါတ် 1 ရနေတဲ့ gun ဟာ နောက်တပတ်ဆို gun meta 5 အဆင့်ထိ ရောက်သွားနိုင်တယ်ဆိုတာ သူသိလာခဲ့တယ် ။ ဒီ meta အလိုက် ဆော့ရင် gun play က ပိုပိုကောင်းလာတယ် သူများသတ်တာချည်း ခံရတာနည်းလာတယ် ဆိုတာ သူသိလာတယ် ။

သိကျွမ်းလာခဲ့ရတဲ့ Destiny 2 က bro တွေအထဲ Destiny 2 ကို နှိုက်နှိုက်ချွတ်ချွတ်သိပြီး သူသိတာ ဝေမျှပေးတဲ့ bro တယောက်နဲ့ သူငယ်ချင်းဖြစ်ခဲ့ရတာတော့ ကောင်မလေးအတွက် ကံကောင်းတယ်လို့ ဆိုရမှာပါ ။ သူ့ကြောင့်ပဲ raid ကို နည်းပေါင်းစုံနဲ့ ဆော့တာ အပျော်ဆော့တာ၊ တိုတိုထွာထွာလေးတွေ၊ တပတ်လှည့်နည်းတွေ၊ လက်တလုံးခြား ဆော့နည်းတွေ၊ မထင်ထားတဲ့အကွက်တွေ သိလာခဲ့တယ် ။

​Destiny 2 မှာ raid ရင် team work နဲ့ စကားပြောဆက်သွယ်ဖို့ လိုအပ်ပြီး အခက်ခဲဆုံးဆိုတာ achievement title တွေ ရအောင်လုပ်ရတာပဲလို့ သူထင်တယ် ။ ဒါပေမယ့် ကောင်မလေးအတွက်တော့ PvP ဟာ အခက်ခဲဆုံး ဖြစ်နေဆဲပါပဲ ။

ကောင်မလေး ဆော့လို့ ကောင်းနေဆဲအချိန် 2019 လောက်အရောက်မှာ Destiny 2 ရဲ့ ဒက်ဘလော်ပါ Bungie က ဂိမ်းဆာဗာတစ်ခုလုံးကို Battlenet ကနေ Steam ပြောင်းရွှေ့လိုက်တယ် ။ အဲ့ဒီမှာ ကောင်မလေး ဒုက္ခရောက်တော့တာပဲ ။ ဆာဗာတစ်ခုလုံး ပြောင်းရွှေ့ရတော့ client အသစ်မှာ data ကို အစကနေ ပြန်ဒေါင်းရပြီလေ ။ နဂိုကတည်းက ရှိစုမဲ့စုလေးနဲ့ အကုန်ပုံအောပြီး download ဆွဲမှ ရခဲ့တာကို နောက်ထပ် တခါပြန်ဒေါင်းဖို့ရာ ကောင်မလေးက မတတ်နိုင်တော့ဘူး ။ ဒီတော့ ဆက်ဆော့ချင်ပေမယ့် မဆော့နိုင်တော့ပဲ ရပ်ခဲ့ရတော့တယ် ။ ဒါနဲ့ပဲ အွန်လိုင်းဂိမ်းမာဘဝ တခန်းရပ်ခဲ့ရတယ် ။

Destiny 2 ဆော့သာမဆော့ပေမယ့် ဒီဂိမ်းနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ သူ ဝေမျှ နေဆဲပါပဲ ။ ကောင်မလေးကတော့ ဂိမ်းဆော့တဲ့ အမှတ်တရတွေ အမြဲသတိရနေပြီး အခြေအနေပေးလို့ ပြန်ဆော့ဖြစ်ရင် အရင်ဆော့တုန်းက သိကျွမ်းခဲ့တဲ့ သူငယ်ချင်းတွေနဲ့ တူတူပျော်ပျော်ပါးပါး ဆော့နိုင်ဖို့ မျှော်လင့်လျှက်နဲ့ပေါ့ ။


Zawgyi



2018 ႏိုဝင္ဘာမွာ ေကာင္မေလးတစ္ေယာက္ Destiny 2 ကို free ေပးမယ္ဆိုတဲ့ သတင္း ေတြ႕လိုက္ရေတာ့ စိတ္ဝင္စားသြားတယ္ ။ Destiny 2 ဆိုတဲ့ဂိမ္းက သာမန္အခ်ိန္ေတြမွာဆို $60 ေလာက္ ေပးဝယ္ရၿပီး ဂိမ္းပေလးက ေကာင္းတယ္လို႔ နာမည္ႀကီးေနၿပီးသား ။ အြန္လိုင္းဂိမ္းဆို အၿမဲ စမ္းေဆာ့ၾကည့္ခ်င္ေနတဲ့ ေကာင္မေလး။ အခု free ေပးတာကလည္း Battlenet ကေန ေပးမွာ ဆိုေတာ့ သူ႔အတြက္ အံကိုက္ပဲေလ။ ဒီေတာ့ Battlenet acc လုပ္ၿပီး ေကာက္ claim လိုက္တယ္။

Library ထဲေတာ့ ဂိမ္း ေရာက္သြားၿပီ။ အခက္အခဲ စေတြ႕ရၿပီ ။ download ဆြဲမလို႔ စတင္လိုက္တာနဲ႔ ျမင္လိုက္ရတဲ့ data size ေၾကာင့္ သူ ငိုခ်င္ခ်င္ ျဖစ္သြားတယ္ ။ 89GB တဲ့ေလ ။ အင္တာနက္လိုင္းကလည္း ယူထားတာ မရွိေတာ့ အဲ့ဒီ 89GB ႀကီး သူဘယ္လိုလုပ္ ေဒါင္းရပါ့? ယူၿပီးမွ အခုမွ သူ ၾကည့္မိတယ္ ။ First person shooter အမ်ိဳးအစား ဇာတ္လမ္းသြားဂိမ္းတဲ့ ။ Third person view ဂိမ္းေတြပဲ ေဆာ့လာသမားျဖစ္တဲ့ ေကာင္မေလးဟာ နဲနဲ ေတြေဝသြားတယ္ ။ ဒါေပမယ့္ အြန္လိုင္းဂိမ္းျဖစ္ေနတာေၾကာင့္လည္း သူ လက္မလြတ္ခ်င္ ။ အမ်ိဳးအစား စုံေအာင္ကစားၾကည့္ရတာေပါ့ေလ ဒါမွ ကြဲျပားတဲ့ အခ်က္ေတြ အျမင္အသစ္ေတြ ျမင္ရမွာ ဗဟုသုတ ပိုရတာေပါ့ ဆိုၿပီး 89GB ႀကီးကို mobile data နဲ႔ စ down ေတာ့တာပဲ ။

တျခားေကာင္မေလးေတြက ပိုက္ဆံနဲ႔ အစားအစာ၊ အသုံးအေဆာင္ပစၥည္းေတြ ဝယ္တယ္ ။ သူက်ေတာ့ ပိုက္ဆံနဲ႔ ဂိမ္းမင္းအေတြ႕အႀကဳံ ဖလွယ္တယ္ေပါ့ ။ မုန႔္ဖိုးျပတ္ရင္ ခဏ နားလိုက္၊ ျပန္ရရင္ ျပန္ down လိုက္နဲ႔ free ေပးတဲ့ရက္ ကုန္လို႔ တပတ္ေက်ာ္ၾကာမွ သူ႔ download ကၿပီးသြားတယ္။

စေဆာ့ဖို႔ ဝင္လိုက္ေတာ့ ဘာမွန္းကိုမသိ ဘာကို လုပ္ခ်ရမွန္းမသိျဖစ္ေနၿပီး သူငိုခ်င္သြားျပန္တယ္ ။ ဂိမ္းက သူေဆာ့ေနက်နဲ႔ ပုံစံမတူ လုံးဝကြဲျပားေနတာကိုး။ ဘယ္သူ႔ကို အားကိုးၿပီး ေမးရမယ္မွန္းလည္း မသိ။ တကယ့္ကို သူ႔ တေယာက္တည္း။ Final Fantasy 14 မွာ တေယာက္တည္းျဖစ္တာေတာင္ အဲ့ေလာက္မဆိုးဘူးရယ္။ သူ႔မွာ Destiny 2 ဂိမ္းထဲ ဝင္လိုက္ Alt+F4 ႏွိပ္ ျပန္ထြက္လိုက္နဲ႔ ဘာကိုေဆာ့ရမယ္မွန္းမသိ ျဖစ္ေနေရာ။

Final Fantasy 14 က ကေလးတစ္ေယာက္ စာေရးတတ္ေအာင္ လက္ကိုင္သင္ေပးသလို သင္ေပးေတာ့ ေကာင္မေလးအေနနဲ႔ ေဆာ့တတ္ဖို႔ သိပ္မခက္ခဲ့ဘူး ။ Destiny 2 က်ေတာ့ လူႀကီးတေယာက္လို ကိုယ့္ဘာသာ စမ္း၊ research လုပ္၊ အေပါင္းအသင္းေတြနဲ႔ ေမးတတ္စမ္းတတ္ေအာင္ လြတ္ေပးထားၿပီး ဒါကေနတဆင့္ ဂိမ္းပေလး နားလည္လာေအာင္ ကိုယ္ကိုယ္တိုင္ လုပ္ယူရတာဆိုေတာ့ ေကာင္မေလးမွာ ငိုခ်င္ေလာက္တဲ့ အခက္အခဲေတြ အမ်ားႀကီး ေတြ႕ခဲ့ရတာေပါ့ ။

ကိုယ္တိုင္ research လုပ္ႏိုင္တဲ့ စေကး မေသးလွတဲ့ ေကာင္မေလးဟာ အကူအညီေတာင္းဖို႔ facebook ေပၚ လိုက္ရွာတဲ့အခါ Destiny 2 MM ဆိုတဲ့ group ကို သူ သြားေတြ႕တယ္။ အဲ့ဒီ facebook group ကေနတဆင့္ သူတို႔အဖြဲ႕ထဲ ဝင္လိုက္တယ္ ။ ဒါကေနတဆင့္ သူတို႔ ေျပာတာေတြ နားေထာင္၊ လိုက္ၾကည့္၊ လိုက္မွတ္၊ ကိုယ္တိုင္လည္း စမ္းတဝါးဝါးနဲ႔ လိုက္ေဆာ့ရင္း Destiny 2 ဂိမ္းအေၾကာင္း အနဲငယ္ စ သိလာတယ္။ ဒါေပမယ့္ ေကာင္မေလးက စကားသိပ္မေျပာတတ္ေတာ့ Destiny 2 က bro ေတြနဲ႔ေတာ့ စိမ္းေနဆဲပဲ။

တေန႔ေတာ့ Final Fantasy 14 မွာ တူတူေဆာ့ခဲ့ဖူးၿပီး ခင္မင္ရင္းႏွီးခဲ့တဲ့ bro နဲ႔ စကားစပ္မိလို႔ Destiny 2 လာေဆာ့ပါလို႔ ေကာင္မေလးက အဆြယ္တရားေဟာလိုက္တယ္ ။ အဲ့ bro ကလည္း စိတ္ပါသြားၿပီး ဂိမ္းကလည္း ေစ်းခ်ေရာင္းေနေတာ့ ေကာက္ဝယ္လိုက္ၿပီး Destiny 2 ကို ေရာက္ခ်လာတယ္ ။ တကယ္ေတာ့ ေကာင္မေလးက Destiny 2 မွာ တေယာက္တည္း အူေၾကာင္ေၾကာင္ျဖစ္ေနၿပီး အေဖာ္မရွိပဲ အားငယ္ေနတာ ။ အဲ့ bro ေရာက္လာေတာ့ သူ အရမ္းေပ်ာ္သြားတယ္ ။

2 ေယာက္အတူတူ ေဆာ့ရင္း တေယာက္သိတာ တေယာက္ ဖလွယ္ရင္း ဗဟုသုတေတြ ေဝမွ်ရင္းနဲ႔ ဂိမ္းအေၾကာင္း သူ ပိုပိုသိလာတယ္ ။ ေဆာ့လို႔လည္း ပိုေကာင္းလာတယ္ ။ Destiny 2 က လူႀကီးဂိမ္းျဖစ္တဲ့အေလ်ာက္ in game community ယဥ္ေက်းမႈက သိပ္မႀကီးက်ယ္ဘူး ။ Final Fantasy 14 ေလာက္ နက္နဲမႈ မရွိ၊ အက်ိဳးသက္ေရာက္မႈလည္း နည္းတယ္ လူေတြဟာ ဂိမ္းကို ဂိမ္းလိုပဲ ေဆာ့ၾကတယ္ ဆိုတာ သူ သတိထားမိလာတယ္ ။

First person shooter ဂိမ္းဆိုတာ ေကာင္မေလးအတြက္ေတာ့ လုံးဝကို အစိမ္းသက္သက္။ အခုမွ စထိေတြ႕ဖူးေတာ့ gun play စေကးက လုံးဝကို ညံ့တာ ။ ပစ္တာေတြက အၿမဲ ေသာက္တလြဲ ။ ဒါေပမယ့္ သူ ႀကိဳးစား ေဆာ့ရွာပါတယ္ ။ ေကာင္မေလးက သူ႔ေၾကာင့္ သူမ်ားစိတ္အေႏွာက့္အယွက္ ျဖစ္တာတို႔ ေႏွာင့္ေႏွးတာတို႔ ျဖစ္မွာကို အရမ္းေၾကာက္တယ္။ အရမ္းလည္း အားနာေနတတ္တယ္။ သူငယ္ခ်င္းေတြနဲ႔ တူတူ ေပ်ာ္ေပ်ာ္ပါးပါးေဆာ့ခ်င္ေနတဲ့ ေကာင္မေလးခမ်ာ အဲ့ဒါေတြေၾကာင့္ တေယာက္တည္း ေၾကာက္ေၾကာက္နဲ႔ ေဆာ့ေနခဲ့တာေပါ့ ။ ဟို bro ေရာက္လာခဲ့တဲ့ အခ်ိန္ထိေပါ့ ။

Final Fantasy 14 က bro ေရာက္လာၿပီး သူနဲ႔ တူတူေဆာ့ရင္းနဲ႔မွ Destiny 2 က bro ေတြနဲ႔ ပိုရင္းႏွီးလာခဲ့တယ္ ။ သူငယ္ခ်င္းအသစ္ေတြ သူ ထပ္ရခဲ့တယ္ ။ သူ႔ရဲ႕ Destiny 2 ဂိမ္းဘဝ တျဖည္းျဖည္း ေပ်ာ္ဖို႔ေကာင္းတယ္ ။ အဲ့ဒီမွာပဲ Destiny 2 က bro ေတြက Raid ေတြဝင္ရင္ သူ႔ကိုပါ ေခၚေဆာ့လာခဲ့တယ္ ။ ေကာင္မေလးမွာ ေက်းဇူးတင္ခဲ့ရသလို ေပ်ာ္လည္း ေပ်ာ္ခဲ့ရတယ္ ။

Leviathan Raid

Final Fantasy 14 ေဆာ့တဲ့ ေကာင္မေလးအတြက္ ေပ်ာ္ဖို႔ေကာင္းသလို ဗဟုသုတေတြ အေတြ႕အႀကဳံအသစ္ေတြ ေပးခဲ့တဲ့ Raid ။ Final Fantasy 14 raid နဲ႔ ဘာေတြ ကြာတယ္ ဆိုတာ သူသိလာတယ္ ။ Destiny 2 raid က ပိုလြတ္လပ္မႈရွိတယ္ ။ အခက္အခဲေက်ာ္လႊားႏိုင္ဖို႔ အေျဖရွာရာမွာ ဘက္ေပါင္းစုံက ခ်ဥ္းကပ္ အေျဖရွာသြားလို႔ရတယ္ ။ သတ္မွတ္ေဘာင္နဲ႔ အေသေဘာင္ခတ္ပစ္လိုက္တာ မဟုတ္လို႔ စိတ္ဖိစီးမႈ သိပ္မရွိဘူးလို႔ သူခံစားရတယ္ ။ ဒါ့အျပင္ Raid ေနစဥ္ လူေတြ ဝင္လိုက္ ထြက္လိုက္၊ မအားတဲ့ လူနဲ႔ အားတဲ့လူ လဲေဆာ့လိုက္နဲ႔ စိတ္ေအးလက္ေအး ေဆာ့ေနၾကတာကို ေတြ႕ရတဲ့အခါ ေကာင္မေလးတေယာက္ တအံ့တဩ ျဖစ္ခဲ့တယ္ ။ Final Fantasy 14 မွာ raid ဝင္ၿပီဆိုရင္ ေက်ာက္ခ်ထိုင္ရၿပီ ။ ဘယ္ကိုမွ သြားလို႔မရေတာ့ဘူး ။ ဂိမ္းပေလး mechanic ကို မမွားေအာင္ အာ႐ုံစိုက္ေဆာ့ရၿပီကိုး ။

Leviathan: Eater Worlds prestige

ေကာင္မေလးဟာ အဲ့ bro ေတြနဲ႔အတူ normal raid ေတြအျပင္ အခက္ဆုံး mode ျဖစ္တဲ့ prestige mode raid ေတြပါ ဝင္ေဆာ့ႏိုင္ခဲ့တယ္ ။ Prestige mode မွာက်ေတာ့ gun ေတြ ကန႔္သတ္လိုက္တယ္ ။ ကန႔္သတ္ခ်က္ေတြက က်ပန္းေတြ ။ enemy ေတြက normal ထက္ၾကမ္းသြားတယ္ ။ သတ္ရခက္သြားတယ္ ။ အဲ့ဒီတုန္းက ေကာင္မေလးတို႔ ေဆာ့တဲ့အခ်ိန္တုန္းက gun slot 3 ခုမွာ 2 ခုကို ကန႔္သတ္ခ်က္ထားထားတယ္ ။ Hand Cannon ႏွင့္ Sniper အမ်ိဳးအစား gun ေတြပဲ ေပးကိုင္ေတာ့ pulse rifle ပဲကိုင္တတ္တဲ့ ေကာင္မေလးခမ်ာ ပစ္တတ္ မပစ္တတ္နဲ႔ ပစ္ေနခဲ့ရေတာ့ စိတ္ေတြညစ္ေနခဲ့ရတယ္ ။ စိတ္ေတြညစ္ခဲ့ရေပမယ့္ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ bro ေတြရဲ႕ mechanic ေခၚေပးသံေတြေၾကာင့္ သူ႔မွာ ရယ္ေနခဲ့ရတယ္ ။

အဲ့ဒီအခ်ိန္ကစလို႔ ေကာင္မေလးကေတာ့ အဲ့ raid ထဲ ေရာက္တိုင္း mechanic နာမည္ေတြ မသိေပမယ့္ bro ေတြရဲ႕ mechanic ေခၚသံ ျပန္ျပန္ ၾကားေယာင္ေနေလရဲ႕ ။ "အလုံးခ်က္လို႔ရဘီေနာ္ .... ခ်က္ေတာ့ေဟ့... " "ဘယ္အလုံးတုန္း?" "အနီ ႏွစ္ လုံး အျပာ တ လုံး .... အဲ ဟုတ္ဘူးဟ! ဟိုဘက္ျခမ္းက ဘာအလုံးတုန္း" "ခရမ္း!!" "ခရမ္း... ခရမ္းတလုံးတဲ့ေဟ့ " "မွန္ေအာင္ ခ်က္ၾက... သားေပါက္တို႔"

ေကာင္မေလးတေယာက္ Raid ေတြ ဝင္ၿပီးကာမွ gun ေကာင္းေကာင္းတလက္ ရွိဖို႔လိုတယ္ဆိုတာ သိလာရတယ္ ။ အဲ့ဒီအခ်ိန္က်မွ expansion ေတြဝယ္၊ season pass ေတြဝယ္ၿပီး forge ေတြနဲ႔ ရွာေတာ့တာပဲ ။ Destiny 2 က PvE ရွိေပမယ့္ Gun အေကာင္းစား အမ်ားစုဟာ PvP ကပဲ ရႏိုင္တယ္ဆိုတာ သူသိရေတာ့ နဲနဲ စိတ္ညစ္သြားတယ္ ။ သူက လူလူခ်င္း ယွဥ္ၿပိဳင္တာမ်ိဳး မႀကိဳက္ဘူးေလ ။ တူတူပဲ ေဆာ့ခ်င္တာ ။ ဒါေပမယ့္ လိုခ်င္ေတာ့ ႀကိတ္မွိတ္ၿပီး သူရွာခဲ့တယ္ ။ အဲ့ဒီ PvP ေဆာ့တာက သူ႔ gun play စေကး တက္ေစခဲ့တာ သူ ျမင္လာတယ္ ။

ေနာက္ၿပီး gun ေကာင္းတလက္ဆိုတာ အၿမဲတမ္း ေကာင္းတယ္ဆိုတာ မရွိဘူးဆိုတာ သူသိလာတယ္ ။ အပတ္အလိုက္ ေကာင္းတဲ့ gun ေတြဟာ meta အလိုက္ အၿမဲေျပာင္းေနတယ္ ။ ဒီတပတ္ gun meta ထဲ နံပါတ္ 1 ရေနတဲ့ gun ဟာ ေနာက္တပတ္ဆို gun meta 5 အဆင့္ထိ ေရာက္သြားႏိုင္တယ္ဆိုတာ သူသိလာခဲ့တယ္ ။ ဒီ meta အလိုက္ ေဆာ့ရင္ gun play က ပိုပိုေကာင္းလာတယ္ သူမ်ားသတ္တာခ်ည္း ခံရတာနည္းလာတယ္ ဆိုတာ သူသိလာတယ္ ။

သိကြၽမ္းလာခဲ့ရတဲ့ Destiny 2 က bro ေတြအထဲ Destiny 2 ကို ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္သိၿပီး သူသိတာ ေဝမွ်ေပးတဲ့ bro တေယာက္နဲ႔ သူငယ္ခ်င္းျဖစ္ခဲ့ရတာေတာ့ ေကာင္မေလးအတြက္ ကံေကာင္းတယ္လို႔ ဆိုရမွာပါ ။ သူ႔ေၾကာင့္ပဲ raid ကို နည္းေပါင္းစုံနဲ႔ ေဆာ့တာ အေပ်ာ္ေဆာ့တာ၊ တိုတိုထြာထြာေလးေတြ၊ တပတ္လွည့္နည္းေတြ၊ လက္တလုံးျခား ေဆာ့နည္းေတြ၊ မထင္ထားတဲ့အကြက္ေတြ သိလာခဲ့တယ္ ။

Destiny 2 မွာ raid ရင္ team work နဲ႔ စကားေျပာဆက္သြယ္ဖို႔ လိုအပ္ၿပီး အခက္ခဲဆုံးဆိုတာ achievement title ေတြ ရေအာင္လုပ္ရတာပဲလို႔ သူထင္တယ္ ။ ဒါေပမယ့္ ေကာင္မေလးအတြက္ေတာ့ PvP ဟာ အခက္ခဲဆုံး ျဖစ္ေနဆဲပါပဲ ။

ေကာင္မေလး ေဆာ့လို႔ ေကာင္းေနဆဲအခ်ိန္ 2019 ေလာက္အေရာက္မွာ Destiny 2 ရဲ႕ ဒက္ဘေလာ္ပါ Bungie က ဂိမ္းဆာဗာတစ္ခုလုံးကို Battlenet ကေန Steam ေျပာင္းေ႐ႊ႕လိုက္တယ္ ။ အဲ့ဒီမွာ ေကာင္မေလး ဒုကၡေရာက္ေတာ့တာပဲ ။ ဆာဗာတစ္ခုလုံး ေျပာင္းေ႐ႊ႕ရေတာ့ client အသစ္မွာ data ကို အစကေန ျပန္ေဒါင္းရၿပီေလ ။ နဂိုကတည္းက ရွိစုမဲ့စုေလးနဲ႔ အကုန္ပုံေအာၿပီး download ဆြဲမွ ရခဲ့တာကို ေနာက္ထပ္ တခါျပန္ေဒါင္းဖို႔ရာ ေကာင္မေလးက မတတ္ႏိုင္ေတာ့ဘူး ။ ဒီေတာ့ ဆက္ေဆာ့ခ်င္ေပမယ့္ မေဆာ့ႏိုင္ေတာ့ပဲ ရပ္ခဲ့ရေတာ့တယ္ ။ ဒါနဲ႔ပဲ အြန္လိုင္းဂိမ္းမာဘဝ တခန္းရပ္ခဲ့ရတယ္ ။

Destiny 2 ေဆာ့သာမေဆာ့ေပမယ့္ ဒီဂိမ္းနဲ႔ ပတ္သက္တဲ့ ဗဟုသုတေတြ သူ ေဝမွ် ေနဆဲပါပဲ ။ ေကာင္မေလးကေတာ့ ဂိမ္းေဆာ့တဲ့ အမွတ္တရေတြ အၿမဲသတိရေနၿပီး အေျခအေနေပးလို႔ ျပန္ေဆာ့ျဖစ္ရင္ အရင္ေဆာ့တုန္းက သိကြၽမ္းခဲ့တဲ့ သူငယ္ခ်င္းေတြနဲ႔ တူတူေပ်ာ္ေပ်ာ္ပါးပါး ေဆာ့ႏိုင္ဖို႔ ေမွ်ာ္လင့္လွ်က္နဲ႔ေပါ့ ။

Post a Comment

0 Comments