Final Fantasy XIV "Hunt"
စာဖတ်မရလျှင် ဒီကိုနှိပ်ပါ Zawgyi version
Eorzea ကမ္ဘာကြီးမှာ
Hunt ဘာကြောင့်လုပ်သလဲလို့ ကျနော့်ကို မေးလာရင်
gil ရလို့
experience ရလို့
အချုပ်အနှောင်မရှိ၊ ကိုယ်အဆင်ပြေသလို ကြိုက်တဲ့အချိန် လုပ်လို့ရလို့
free teleport ticket တွေ လိုချင်လို့
Zodiac weapon သို့ Anima weapon လုပ်တဲ့အခါ လိုအပ်တဲ့ item တွေ ဝယ်လို့ရလို့
လို့ ပြန်ဖြေရပါလိမ့်မယ် ။ အဓိကကတော့ gil ၊ experience နှင့် hunt seal တွေ လိုချင်လို့ပါပဲ ။ hunt seal နဲ့ ဝယ်လို့ရတဲ့အထဲ စောနက ကျနော် ပြောခဲ့သလို free teleport ticket နှင့် Zodiac weapon သို့ Anima weapon လုပ်တဲ့အခါ လိုအပ်တဲ့ item တွေ ရှိနေလို့ပါပဲ ။ DR တွေ ဝင်ရင် gils အများကြီးရတာမှန်ပေမယ့် တခါတလေမှာ DR တွေဝင်ရတာ လူက စိတ်ကုန်ပြီး ငြီးငွေ့လာတယ် ။ လွတ်လွတ်လပ်လပ်နဲ့ Eorzea ကမ္ဘာကြီးကို explore လုပ်၊ အလှအပ ခံစားရင်း gil ရ exp ရတာမျိုး ဆော့ချင်လာတယ် ။ ဒါ့အပြင် တနေရာကနေ တနေရာကို teleport လုပ်ရင် gil အရမ်းကုန်တယ် ။ ပစ္စည်းများများစားစား ဝယ်စရာမရှိရင် teleport ဖိုးကြောင့် ကုန်တာ မသိသာပေမယ့် DR တွေမလုပ်တော့တဲ့အခါ အဝင်မရှိပဲ အထွက်ပဲရှိနေရင် ကြာလာ မွဲလာရော ။  ဒါတွေကြောင့် ကျနော် Hunt လုပ်တာပဲ ဖြစ်ပါတယ် ။
Hunt ဆိုတာ ဘာလဲ?
Hunt ဆိုတာက သူသတ်မှတ်ထားတဲ့ အကောင်ကို လိုက်ရှာသတ်ရတာ ဖြစ်ပါတယ် ။ သူသတ်ခိုင်းတဲ့ အကောင်တွေထဲ တယောက်တည်း သတ်နိုင်တဲ့ အကောင်တွေ ရှိသလို လူအင်အားများများနဲ့မှ သတ်မှ ရတဲ့အကောင်ကြီးတွေလည်း ပါပါတယ် ။
Hunt က ဘာတွေပေးလဲ?
Gil ၊ Experience နှင့် Hunt seal ဆိုတာ ပေးပါတယ် ။ Hunt seal နဲ့ ဝယ်လို့ရတာတွေတော့ အများကြီးပဲ ။ glamour လုပ်လို့ကောင်းတဲ့ gear တွေ၊ mount, minion, mount speed up, DOH DOL item တွေ Zodiac weapon သို့ Anima weapon လုပ်တဲ့အခါ လိုအပ်တဲ့ item တွေ စသဖြင့် အမျိုးအစားတော်တော်များများကို ဝယ်လို့ရပြီး အထူးသဖြင့် အဲ့ဒီအထဲ ကျနော်အကြိုက်ဆုံး item ဖြစ်တဲ့ Free teleport ticket "Aethyrte Ticket" ပါနေလို့ပါပဲ ။
Daily Hunt, Weekly Hunt
Hunt မှာ Daily Hunt နှင့် Weekly Hunt ဆိုပြီး နှစ်မျိုးခွဲထားပါတယ် ။ Daily Hunt က သူသတ်မှတ်ထားတဲ့ အကောင်တွေကို List လေးနဲ့ သတ်ခိုင်းပါတယ် ။ သူ့ list ထဲပါတဲ့ အကောင်တွေက ရှာတွေ့ဖို့ လွယ်တာမို့ ကိုယ် အဆင်ပြေတဲ့အချိန်မှ လိုက်ရှာသတ်ရုံပါပဲ ။ gil, exp, hunt seal ရတယ် ။ ဒါပေမယ့် နည်းပါတယ် ။ နေ့တိုင်း reset time (9:30pm) ရောက်ရင် list အသစ် ပြန်ယူပြီး လုပ်လို့ရတယ် ။ list တွေက တခါနဲ့တခါ မတူဘူးပေါ့ ။
Weekly hunt ကျတော့ တကောင်တည်းကိုပဲ ရှာသတ်ခိုင်းတာပါ ။ အဲ့အကောင်တွေက ပေါ်တဲ့နေရာတွေက တခေါက်နဲ့ တခေါက်မတူလို့ ရှာရနဲနဲခက်ပြီး သတ်ရလည်း အနဲငယ်ခက်ပါတယ် ။ 5K gils နှင့် hunt seal 100 ပေးတယ် ။
Heavensward ကစလို့ ခုနောက်ဆုံးထွက် Expansion အထိ Daily Hunt က အပိုင်း သုံးပိုင်းနဲ့ ဖြစ်သွားတယ် ။ Level 3 clan marks, Level 2 clan marks, Level 1 clan marks ဆိုပြီး List သုံးခု နဲ့ Daily Hunt သုံးခု ဖြစ်သွားတာပါ ။
Hunt Rank "B" , "A" and "S" and "SS"
Hunt မှာ အကောင်တွေကို rank အလိုက် အဆင့်အလိုက် ခွဲထားပါတယ် ။ Rank "B" , "A" and "S" and "SS" ဆိုပြီးတော့ပါ ။ Weekly Hunt က အကောင်တွေကတော့ Rank "B" အမျိုးအစားတွေ ဖြစ်ပါတယ် ။ အနိမ့်ဆုံးပေါ့ ။ သူတို့ကတော့ ကိုယ်အရင်ချမှ လိုက်ချတတ်တဲ့ passive type ဖြစ်ပါတယ် ။ သေသွားလို့ရှိရင် သူတို့ ပြန်ပေါ်ဖို့က 1 မိနစ် သို့ စက္ကန့် 30 လောက်ပဲကြာတတ်တယ် ။ ဒါပေမယ့် ပေါ်လာတဲ့နေရာတွေက တခေါက်နဲ့ တခေါက် မတူကြဘူးပေါ့ ။
Rank "A" ကတော့ aggressive type ဖြစ်ပြီး ရှာတွေ့ဖို့ခက်သလို သူ့အချိန်နဲ့သူ၊ သူနေရာနဲ့သူမှ ပေါ်လာတတ်တဲ့ အကောင်တွေ ဖြစ်ပါတယ် ။ spawn time နဲ့ တခါတလေမှာ ပေါ်လာနိုင်ဖို့ ကိုယ်က trigger လိုက်လုပ်ပေးရတာတွေ ရှိပါတယ် ။ Rank "A" တွေက Map တခုမှာ တကောင်ပဲ ပေါ်လေ့ရှိတယ် ။ Stromblood နှင့် Shadowbringer မှာကျတော့ Rank "A" တွေက Map တခုမှာ နှစ်ကောင် ပေါ်လေ့ရှိပါတယ် ။
နောက်ထပ် aggressive type ဖြစ်တဲ့ Rank "S" ကတော့ ရှာတွေ့ဖို့ အခက်ဆုံး၊ ပေါ်လာဖို့ အခက်ခဲဆုံး ဖြစ်ပြီး Rank "S" အကောင်ပေါ်လာတာနဲ့ ထို အကောင်ရှိတဲ့ Map ထဲရောက်နေတဲ့ player တိုင်းရဲ့ ဖန်သားပြင်ပေါ် အသိပေး စာသား တက်လာပါတယ် ။ ဒါဆို Rank "S" အကောင်ရှိနေပြီလို့ သိလိုက်ကြပြီး payer တိုင်းလိုလို လိုက်ရှာပြီး အုပ်စုဖွဲ့၊ အသိပေးရင်း လူများလာအောင် စောင့်ဆိုင်းပြီးမှ သတ်လေ့ရှိကြပါတယ် ။ ဒီအချိန်ဆို party finder မှာ S rank Hunt အတွက် party ခေါ်တာ တွေ့ရမှာ ဖြစ်သလို Hunt ရှိတဲ့ Map မှာလည်း Shout နဲ့ လူတွေကို အသိပေးတာကို ကိုယ့်ရဲ့ chat box မှာ မြင်ရမှာ ဖြစ်ပါတယ် ။
နောက်ဆုံး expansion "Shadowbringer" မှာမှ ထည့်လိုက်တဲ့ Rank "SS" ကတော့ ရှာတွေ့ဖို့ အခက်တကာ့ အခက်ဆုံးဖြစ်ပြီး ကျနော်တောင်မှ တခါမှ မ kill ဖူးပါဘူး ။
Hunt spawn time အကြောင်း သေချာသိချင်ရင် ဒီ link ထဲ ဝင်ဖတ်လို့ရပါတယ် ။
> https://docs.google.com/document/d/1WB6XaqEghvgwMwLwLMIvVcm8LGu8_l6wekEvZw556fQ/mobilebasic#h.f0h89aolctyt
Hunt Train
Hunt Train ကတော့ Player တယောက်ကနေ ပေါ်လာတဲ့ Rank "A" အကောင်တွေကို နေရာမှတ်၊ စာရင်းပြုစုထားပြီး လူများလာအောင် သူစုပါတယ် ။ နောက်ပြီး ဒီအုပ်စုကို သူဦးဆောင်ကာ Map အလိုက် တကောင်ပြီးတကောင် ဆက်တိုက် သတ်သွားတာ ဖြစ်ပါတယ် ။ အဝေးက ကြည့်လိုက်ရင်  train လို လူရထားတန်းကြီးနဲ့မို့ Hunt train လို့ ခေါ်ကြတာ ဖြစ်ပါတယ် ။
Hunt train မစမီ party finder မှာ Hunt စမယ့်အချိန်ကို ကြိုတင်သတိပေးလေ့ရှိပါတယ် ။ Hunt Train တခေါက်လိုက်ရင် အစမှ အဆုံးထိ နာရီဝက်လောက်သာ ကြာတတ်ပြီး ကိုယ်က သူ့ဦးဆောင်မှုနောက် အုပ်စုထဲ အသာလေး ရောလိုက်သွားပြီး သတ်ရတာ ဖြစ်ပါတယ် ။ ဒါပေမယ့် မိမိက Hunt train ထဲရှိ party တခု ထဲ ရောက်နေဖို့လိုပါတယ် ။ ကိုယ့်တယောက်တည်းနဲ့တော့ Hunt kill reward တွေမရဘူး ။ party တခုထဲမှာ ဝင်နေနေမှ reward တွေရတာဖြစ်ပါတယ် ။
အခုချိန်မှာတော့ Shadowbringer က Hunt train သာ လုပ်ကြပါတော့တယ် ။ Shadowbringer က Hunt Train မှာ "A" Rank အဆင့်ရှိအကောင်ကြီး 12 ကောင်ပါပါတယ် ။ Hunt train တွေတော့ Exp နှင့် Gil တော့ မပေးပေမယ့် Materia တွေကို exchange လုပ်နိုင်မယ့် item ၊ Tomestone သုံးမျိုးနှင့် Hunt seal "Sack of Nut" ပေးပါတယ် ။ Hunt အကောင်ရဲ့ aggro ကို မိမိ သို့ မိမိ party က များများဆွဲနိုင်ခဲ့လျှင်တော့ reward ရတာ ပိုများတတ်ပါတယ် ။ ဒါကြောင့် aggro ရလွယ်အောင် ဆိုပြီး tank တွေနဲ့ provoke ဝိုင်းလုပ်၊ healer တွေနဲ့ healing spell တွေ တရစပ်သုံး ပြီး hunt kill ကြတာ ဖြစ်ပါတယ် ။ Hunt Train တခါလိုက်ရင် Hunt Seal 480 ရပါတယ် ။ Materia တွေကို exchange လုပ်နိုင်မယ့် item လည်း 5 ခု 6 ခုလောက်ရတတ်ပြီး exchange ပြီး materia တွေ စျေးကွက်ပေါ် တင်ရောင်းတတ်ရင် gil အနည်းဆုံး 50K to 75K လောက် ရတတ်ပါတယ် ။
Hunt Seal သုံးမျိုး
Hunt Seal သုံးမျိုးရှိပါတယ် ။ A Realm Reborn မှာ "Allied Seal" ။ Heavensward နှင့် Stromblood မှာ "Centurio Seal" ။ Shadowbringer မှာ "Sack of Nut" ။ Aethryte ticket ဝယ်ဖို့အတွက်က Allied Seal နဲ့ Centurio Seal ရှာယုံနဲ့တင် လုံလောက်ပါတယ် ။ Sack of Nut တော့ materia တွေဝယ်ပြီး ပြန်ရောင်းပြီး gil ရှာလို့ရပါတယ် ။
Hunt Seal နှင့် Gil စုစုပေါင်း
A Realm Reborn
Daily Hunt = 5K gil + 44 Allied Seal
Weekly Hunt = 5K gil + 100 Allied Seal
Total = 10K gil + 144 Allied Seal
Heavenward
Daily Hunt = Level 3 clan Mark = Exp + 75K gil + 75 Centurio Seal
Daily Hunt = Level 2 clan Mark = Exp + 5K gil + 20 centurio seal
Daily Hunt = Level 1 clan Mark = Exp + 5K gil + 15 centurio seal
Weekly Hunt = 5K gil + 100 centurio seal
Total = Exp + 90K gil + 210 centurio seal
Stromblood
Daily Hunt = Level 3 clan Mark = Exp + 75K gil + 75 Centurio Seal
Daily Hunt = Level 2 clan Mark = Exp + 5K gil + 20 centurio seal
Daily Hunt = Level 1 clan Mark = Exp + 5K gil + 15 centurio seal
Weekly Hunt = 5K gil + 100 centurio seal
Total = Exp + 90K gil + 210 centurio seal
Shadowbringer
Daily Hunt = Level 3 clan Mark = Exp + 75K gil + 75 Sack of Nut Seal
Daily Hunt = Level 2 clan Mark = Exp + 5K gil + 20 Sack of Nut seal
Daily Hunt = Level 1 clan Mark = Exp + 5K gil + 15 Sack of Nut seal
Weekly Hunt = 5K gil + 100 Sack of Nut seal
Total = Exp + 90K gil + 210 Sack of Nut
မြင်တဲ့အတိုင်းပဲ Hunt အကုန်လုပ်မယ်ဆိုရင် gil 2 သိန်း 8 သောင်း ရမှာ ဖြစ်ပါတယ် ။ Daily Hunt နေ့တိုင်း အပြည့် လုပ်မယ်ဆိုရင်တော့ဖြင့် တနေ့ကို 2 သိန်း 6 သောင်း ရမယ်  ၊ တပတ်ကို Gil 18 သိန်း 4 သောင်းလောက် ရမှာပါ ။ Hunt Seal တွေ တွက်ကြည့်မယ်ဆိုရင် တပတ်ကို Allied Seal က 408 ၊ Centurio Seal က 1,740 နှင့် Sack of Nut က 870 ရမှာဖြစ်ပါတယ်
____________
http://cablemonkey.us/huntmap2/
Hunt အကောင်တွေ ပေါ်တတ်တဲ့နေရာတွေကို Map အလိုက် စုစည်းပေးထားတဲ့ website ဖြစ်ပါတယ် ။ ဒီအတိုင်း ဘလိုင်းကြီး map ပေါ် လျှောက်သွားပြီး ရှာနေတာထက်စာရင် သူ အမှတ်အသားတွေ မှတ်ပေးထားတဲ့ map ကို ကြည့်ပြီးရှာတာက အချိန်ကုန်သက်သာစေပါလိမ့်မယ် ။
__________
http://heavenswhere.com
Daily Hunt, Weekly Hunt ထဲကအကောင်တွေ ရှိတတ်တဲ့ နေရာတွေကို Map မှာ ပြထားလို့ အလွယ်တကူ ရှာလို့တွေ့နိုင်ပါတယ် ။ ဒါ့အပြင် aether current တို့ fishing spot တို့ vista point တို့ ပြနိုင်လို့ အလွန်အသုံးဝင်တဲ့ website လေးတစ်ခုပါ ။
Zawgyi
စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version
Eorzea ကမာၻႀကီးမွာ
gil ရလို့
experience ရလို့
Hunt ဆိုတာ ဘာလဲ?
Hunt က ဘာတွေပေးလဲ?
Daily Hunt, Weekly Hunt
Hunt Rank "B" , "A" and "S" and "SS"
Hunt Train
Hunt Seal သုံးမျိုး
A Realm Reborn
Heavensward
Stromblood
Shadowbringer
____________
__________
http://heavenswhere.com
Post a Comment
0 Comments