Final Fantasy 14 Subscription ထည့်နည်း

စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version
Final Fantasy XIV မှာ ဂိမ်း စဝယ်လိုက်ရင် တစ်လစာ Free က တစ်ခါတည်း ပါလာပြီးသားပါ ။ နောင်ကျလို့ ဆက်ဆော့ချင်တဲ့ အခါကျမှ လစဉ်ကြေး ပေးဖို့လိုတာ ဖြစ်ပါတယ် ။

လစဉ်ကြေး Subscription ထည့်နည်း ၄ မျိုးရှိပါတယ် ။

  • Visa, Master, paypal အစရှိတဲ့ card တွေနဲ့ ထည့်နည်း
  • GameTime Card သုံးပြီး ထည့်နည်း
  • Crysta သုံးပြီး ထည့်နည်း
  • Steam Wallet သုံးပြီး ထည့်နည်း

✅ Ps4 မှာ Final Fantasy 14 ဟာ PS Plus မရှိလည်းပဲ ဆော့နိုင်ပါတယ်။ 
✅ PS plus မရှိပဲ ဆော့နိုင်တာဟာ Free Trial ရော Full version မှာပါ ရတာ ဖြစ်ပါတယ်။
✅ PS4 version ကနေ PS5 version ကို Free Upgrade ပေးလုပ်ပါတယ်။

Visa Card, Master Card, Paypal Card သုံးပြီးထည့်နည်း



Square Enix က မြန်မာပြည်က Visa Card တော်တော်များများကို လက်ခံပါတယ် ။ CB Visa Card ၊ KBZ Visa Card ၊ Aya Visa Card တို့ အဆင်ပြေကြပါတယ် ။ ကျနော်ဆို CB Visa Card နဲ့ထည့်ပြီး ဆော့လာတာ ၂ နှစ်ကျော်လာပါပြီ ။ အခုထိ ပြသနာတက်တာ တခါမှ မရှိခဲ့ဖူးပါဘူး ။

Visa နှင့်ထည့်ရင်တော့ card information တွေ ထည့်ပေးရပါတယ် ။ သူ့စနစ်က Card နှင့် Account ကို bind ပစ်လိုက်ပြီး တစ်လကုန်ခါနီးတိုင်း နောက်တစ်လစာကို ကတ်ထဲက အော်တို ဖြတ်ယူသွားပြီး Subscription ထည့်သွားပါတယ် ။ ထိုနည်းကို recurring လို့ခေါ်ပါတယ် ။

Recurring မဖြစ်ချင်ရင်တော့ တခေါက် sub ပြီးတိုင်း card information ကို ပြန်ဖြုတ်တာပဲဖြစ်ဖြစ် ၊ အချက်အလက် အမှားထည့်ပြီး card information ကို update လုပ်တာပဲ ဖြစ်ဖြစ် ၊ ကတ်ထဲ $ မကျန်အောင် မလောက်အောင် သုံးလိုက်တာပဲ ဖြစ်ဖြစ် အော်တိုမဖြတ်အောင် လုပ်နိုင်ပါတယ် ။

GameTime Card သုံးပြီး ထည့်နည်း



Game Time card ကတော့ ရက် ၆၀ စာနဲ့ပဲ လာလေ့ရှိပြီး online store တော်တော်များများမှာ ရောင်းတတ်ကြပါတယ် ။ ကုဒ်နံပါတ်လေးတွေနဲ့မို့ Subscription ထည့်ဖို့ လွယ်တာကြောင့် သုံးကြတာ များပါတယ် ။ ဒါပေမယ့် Game Time Card က ရက် ၆၀ စာ တစ်မျိုးပဲ ရှိတော့ တလလောက်ပဲ ဆော့ချင်တဲ့သူများအဖို့တော့ မသုံးကြပါဘူး ။ တကြိမ်မှာ Game Time Card ၃ ခုစာ တဆက်တည်း ထည့်လို့ရပါတယ် ။ သတ်မှတ်ထားတဲ့ အမြင့်ဆုံးထည့်နိုင်တဲ့ လစဉ်ကြေး ပမာဏ ရက် ၂၀၀ ထက် ပိုလို့မရပါဘူး ။

Crysta သုံးပြီး ထည့်နည်း



၂၀၁၆ ဝန်းကျင်လောက်ကတော့ မြန်မာပြည်က Visa Card တွေက နိုင်ငံတကာမှာ သုံးဖို့ အဆင်မပြေသေးတော့ လစဉ်ကြေး ထည့်ရတာ နဲနဲ ခက်တာကြောင့် Crysta သုံးပြီး subscription ထည့်ကြတာ ဖြစ်ပါတယ် ။ Crysta ကတော့ Square Enix က ဖန်တီးထားတဲ့ Final Fantasy XIV ဂိမ်းမှာပဲ သုံးရတဲ့ ငွေကြေးလှဲလှယ်ပစ္စည်း တစ်ခုပါ ။ Subscription ထည့်ဖို့ခက်တဲ့ region တွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတာ ဖြစ်ပါတယ် ။ Visa ကတ် သုံးပြီး တိုက်ရိုက် sub ရာမှာ မရပေမယ့် Visa ကတ်နဲ့ Crysta ဝယ်၊ ထို Crysta နဲ့ sub တဲ့အခါကျတော့ လွယ်လွယ်ကူကူနဲ့ ရသွားပါတယ် ။

Crysta ဟာ Mog Station ထဲမှာသာ သုံးလို့ရပြီး Crysta နဲ့ Subscription ထည့်လို့ရသလို Mog Station မှာရောင်းတဲ့ ပစ္စည်းမှန်သမျှ အကုန်ဝယ်လို့ရပါတယ် ။ Crysta နဲ့က ဘာ ပြသနာမှ မရှိတော့ ကျနော်တို့ မြန်မာပြည်က ဂိမ်မာတွေ သုံးကြတာ များပါတယ် ။ ကိုယ်လိုချင်တဲ့ ပမာဏအတိုင်း ဝယ်စုထားလို့လည်း ရတယ် ။ တလဆော့ချင်မှ Crysta တလစာ ဝယ်ထည့်ပြီး sub ပြီး ဆော့ရုံ ။

ကျနော်တော့ Crysta နဲ့ sub ထည့်နည်းပဲ သုံးပါတယ် ။ 

Crysta ကို Visa ကတ်သုံးပြီး ထည့်ရတာ ဖြစ်ပါတယ် ။ 1$ = 100 Crysta ကျပါတယ် ။ 
သတိထားရမှာ တခုက Crysta ဟာ ဝယ်ပြီးရင် ပြန်ရောင်းလို့ မရသလို သူများကို gif လက်ဆောင် ပေးလို့ လွဲပြောင်းပေးလို့ မရတော့ပါဘူး။ ဒါကြောင့် crysta ဝယ်ထည့်မယ်ဆိုရင် ကိုယ်လိုသလောက်ပဲ ဝယ်ထည့်တာ အကောင်းဆုံးပါ။

Crysta ထည့်မယ်ဆိုရင် Mog Station ထဲ ဝင်ပါ ။

Add Crysta

Crysta ဘယ်လောက်ထည့်မှာလဲ မေးရင် ကိုယ်လိုချင်တဲ့ amount အတိုင်း ရိုက်ထည့်နိုင်သလို Select the Amount of Crysta ထဲက ကြိုက်ရာရွေးနှိပ်နိုင်ပါတယ် ။


Payment Methods မှာ VISA သို့ Master Card ရွေးနိုင်ပါတယ် ။ ကိုယ့်မှာရှိတဲ့ ကတ်အမျိုးအစားနဲ့ တူတာရွေးပါ။


ရွေးလိုက်တဲ့ ကတ်ရဲ့ detail ထည့်ပါ။ ဒီ detail ကတော့ crysta တခါထည့်မှ ထည့်ပေးရတာ ဖြစ်ပါ တယ်။ အချက်အလက်တွေကို မှတ်မထားတာမို့ စိတ်ချလက်ချ ထည့်လို့ရပါတယ်။

ဒီလိုဆိုရင်တော့ Crysta ထည့်လို့ ပြီးသွားပြီ ဖြစ်ပါတယ် ။

Steam Wallet သုံးပြီး ထည့်နည်း


Steam Wallet နဲ့က Final Fantasy XIV Steam version မှာမှ ရတာ ဖြစ်ပါတယ် ။ Steam wallet နဲ့ subscription ထည့်လို့ရသလို Mog Station က ပစ္စည်းတွေလည်း အကုန်ဝယ်လို့ရပါတယ် ။ Steam Account (Auto Renewal) နှင့် Steam Wallet (One-Time Payment) ဆိုပြီး ၂ မျိုးရှိပါတယ် ။ Auto Renewal ကတော့ တလကုန်ခါနီး နောက်တလစာ အော်တိုဖြတ်ယူ sub ပေးသွားမှာ ဖြစ်ပြီး One-Time Payment ကတော့ တလစာအတွက် မိမိ ကိုယ်တိုင် ထည့်မှရတာ ဖြစ်ပါတယ် ။

Steam Version ဆို ဒီလိုလေး မြင်ရပါမယ် ။


တခြားနည်းတွေနဲ့လည်း sub လို့ရပါသေးတယ် ။

Subscription type "Standard" and "Entry"



Subscription အမျိုးအစား ၂ မျိုး ရှိပါတယ် ။ Standard နှင့် Entry ဆိုပြီးတော့ပါ ။

Standard ကတော့ ဈေးကြီးပါတယ် ။ 14.99$ ပေးရပြီး World တစ်ခုမှာ character ၈ ယောက် အထိ ပေးလုပ်ပါတယ် ။ စုစုပေါင်း character အယောက် ၄၀ အထိ create လုပ်၊ ဆော့နိုင်မှာ ဖြစ်ပြီး Standard မှာ ရက် ၃၀၊ ၆၀၊ ၉၀၊ ၁၈၀ စသဖြင့် ရွေးချယ်စရာ အမျိုးအစား စုံလင်လှပါတယ် ။ ရက်အများကြီး sub တဲ့အတွက်လည်း discount တွေပါ ထပ်ရဦးမှာ ဖြစ်ပါတယ် ။ Game Time Card လည်း ဒီ Standard အမျိုးအစားပဲ ဖြစ်ပါတယ် ။

Entry ကတော့ ဈေးသက်သာပြီး 12.99$ ပေးရပါတယ် ။ တစ်မျိုးတည်းပဲ ရှိပြီး World တစ်ခုမှာ character တစ်ယောက်နှုန်းနှင့် character ၈ ယောက် create လုပ်၊ ဆော့နိုင်မှာ ဖြစ်ပါတယ် ။

အကယ်၍ Standard နှင့် sub ပြီး world တစ်ခုမှာ character ၂ ယောက် သို့ ၃ ယောက် ဆော့နေရာကနေ Entry အမျိုးအစား ပြောင်းပြီး Sub ခဲ့လျှင် World မှာ Character ၁ ယောက်ပဲ ဆော့ခွင့်ပေးပြီး ကျန် character တွေက အကုန် lock ဖြစ်သွားမှာ ဖြစ်ပါတယ် ။ ဒီ့အတွက် စစဝင်ခြင်းမှာ ဆော့မယ့် character ရွေးခိုင်းပါလိမ့်မယ် ။ ရွေးပြီးတာနဲ့ ကျန် character အားလုံး lock ကျသွားမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် စိတ်မပူပါနဲ့ ။ Standard အမျိုးအစားရွေးပြီး ပြန် sub လိုက်တာနဲ့ ထို character အားလုံး ပြန်ရလာမှာ ဖြစ်ပါတယ် ။

ဂိမ်းဝယ်တုန်းကရတဲ့ Free playtime ဟာ subscription စ ထည့်လိုက်တာနဲ့ ပျောက်မသွားပါဘူး ။ Free playtime ကုန်သွားမှ ထို sub ဟာ active ဖြစ်မှာ ဖြစ်ပါတယ် ။

Standard တို့ Entry တို့ဟာ Veterans reward အပေါ် အကျိုးသက်ရောက်မှု မရှိပါဘူး ။

Subscription ထည့်နည်း


မိမိ Square Enix ID နှင့် Passwords သုံးပြီး Mog Station ထဲဝင်ပါ ။


Add Subscription ကို နှိပ်ပါ ။ Game Time Card ထည့်ဖို့ရှိတယ်ဆိုရင်လည်း Game Time Card ကို နှိပ်ပါ ။ Steam version သမားဆိုရင် ရွေးချယ်စရာ Steam Wallet ဆိုတာတစ်ခု ထပ်ရှိနေပါလိမ့်မယ် ။


မိမိသုံးချင်တဲ့ နည်းကို ရွေးပြီး Next နှိပ်ပါ ။ ဒီနေရာမှာ ကျနော်က crysta နဲ့ sub ထည့်မှာမို့ Crysta ကို select လုပ်ထားတာ တွေ့ရမှာ ဖြစ်ပါတယ် ။

 
billing cycle တို့ ကုန်မယ့်ရက်တို့ ပြပါလိမ့်မယ် ။ မိမိလိုချင်တဲ့အတိုင်း ဟုတ်မဟုတ် စစ်ဆေးကြည့်ပါ ။ 
 

 

ဟုတ်လျှင်တော့ နောက်တစ်ဆင့် ဆက်သွားပြီးနောက် ဝယ်ပြီးသွားမှာ ဖြစ်ပါတယ် ။

Mog Station - https://secure.square-enix.com/account/app/svc/ffxivshopacctop

Subscription Time အချိန် ဘယ်လိုတွက်သလဲ?

 
ကျနော်က ကိုယ်စုထားတဲ့မုန့်ဖိုးနဲ့ တွက်ဆ ဆော့နေရသမားဖြစ်ပြီး ရထားတဲ့ ကိုယ့်အခွင့်အရေး ပြည့်ပြည့်ဝဝ အသုံးချချင်သမားဆိုတော့ ဂိမ်း စဆော့ကတည်းက ဘယ်အချိန် Sub သွင်းရင် Playtime ပြည့်ပြည့်ဝဝရမှာလဲ? ကုန်မယ့်အချိန် ဘယ်လိုတွက်ထားတာလဲ? ဘယ်အချိန်မှာ တိတိကျကျ ကုန်မှာလဲ? ဆိုတာ အမြဲသိချင်နေခဲ့တာပါ။ ဆော့နေဆဲလူတွေ လိုက်မေးကြည့်တော့ သူတို့လည်း အပေါ်ယံလောက်ပဲ သိထားကြသူတွေ များတယ်။ Google ကြည့်တော့လည်း အဖြေက ကျနော်တို့ မြန်မာပြည်နဲ့ဆို မရေမရာ မသေချာတဲ့ အဖြေတွေ ဖြစ်နေတယ်။ နောက်ဆုံး ကိုယ့်ဟာကိုယ်ပဲ စမ်းသပ်အဖြေရှာမှပဲ ကိုယ်လိုချင်တဲ့ အဖြေရလာတော့တယ်။

ကျနော်တို့ ဂိမ်းအကောင့် လုပ်တဲ့အချိန်တုန်းက NA (America) region ထားခဲ့တော့ ကျနော်တို့ရဲ့ လစဥ်ကြေးအချိန်ကို PDT (Pacific Day Time) နဲ့ တွက်ပါတယ်။ စတွက်တဲ့အချိန်က လစဥ်ကြေးကို Mog Station မှာ စတင် သွင်းလိုက်တဲ့အချိန်ပဲ ဖြစ်ပါတယ်။ PDT ဟာ ကျနော်တို့ မြန်မာစံတော်ချိန်နဲ့ ကွာခြားတာမို့ ဆော့ချိန် ရက် ၃၀ အပြည့်အဝ ရချင်ရင် မြန်မာစံတော်ချိန် နေ့လည် ၂:၃၀ နှင့် နောက်ပိုင်းအချိန်မှာမှ လစဥ်ကြေး ထည့်ရပါတယ်။ 

ဥပမာပြရရင် ကျနော် အောက်တိုဘာ ၁၆ ရက်နေ့ နေ့လည် ၂:၂၆ လောက်မှာ လစဥ်ကြေး သွင်းလိုက်တယ်။ ကျနော် ရမယ့် Playtime က နိုဝင်ဘာ ၁၄ ရက်နေ့အထိဖြစ်တယ်။ ဒါပေမယ့် နိုဝင်ဘာ ၁၅ ရက်နေ့အထိ ဆော့လို့ရသွားတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လည်ကျော်သည်အထိ။

အဲ့ဒီမှာ

ဘယ်အချိန် ကုန်သွားတာလဲ သိချင်တော့ ကျနော် သတ်မှတ်ထားတဲ့အချိန် ကုန်သည်အထိ ကျနော် ဂိမ်းထဲမှာလျှောက်ဆော့ရင်း ထိုင်စောင့်ကြည့်နေလိုက်တယ်။ ၃ နာရီ ၂၅ မိနစ်လောက်မှာ ဂိမ်းထဲကနေ ကစ်ခံလိုက်ရတယ်။ 

ဆိုတော့ လစဥ်ကြေး ရက် ၃၀ ပြည့်ပြီးတဲ့အပြင် နောက်ထပ် တစ်နာရီ (တိတိကျကျပြောရရင် ၅၉ မိနစ် ၅၉ စက္ကန့်) ထပ်ပေးသေးတယ်ဆိုတာ ကျနော်တွေ့လိုက်ရတယ်။ အဲ့ဒါက Subscrption time ကုန်တဲ့အချိန်လို့ သတ်မှတ်လို့ရပါတယ်။


⏰ စတွက်တဲ့အချိန်က လစဥ်ကြေးကို Mog Station မှာ စတင် သွင်းလိုက်တဲ့အချိန်။
⏰ ကုန်တဲ့အချိန်က လစဥ်ကြေးကို Mog Station မှာ စတင် သွင်းလိုက်တဲ့အချိန် ကစ ရက် ၃၀ + 00:59 မိနစ်။


PDT ဟာ Las Vegas အချိန်နဲ့ တူပါတယ် ။ အချိန်သိဖို့အတွက် google မှာ လိုက်ရှာနေစရာမလို၊ GMT တွေနဲ့ ဂဏန်းတွေ နှုတ်လိုက် ပေါင်းလိုက်နဲ့ လုပ်စရာမလိုတော့ပါဘူး ။ ဖုန်းတွေမှာ World Clock တွေပါတာမို့ Las Vegas မြို့ clock ကို ထုတ်ပြီး main screen ပေါ်တင်ထားလိုက်ရုံနဲ့ ကိုယ့် subscription ဘယ်အချိန်ကုန်မလဲဆိုတာ လွယ်လွယ်ကူကူ သိရှိနိုင်နေပြီ ဖြစ်ပါတယ် ။



Zawgyi



Final Fantasy 14 Subscription ထည့္နည္း

Subscription ထည့္နည္းFinal Fantasy XIV မွာ ဂိမ္း စဝယ္လိုက္ရင္ တစ္လစာ Free က တစ္ခါတည္း ပါလာၿပီးသားပါ ။ ေနာင္က်လို႔ ဆက္ေဆာ့ခ်င္တဲ့ အခါက်မွ လစဥ္ေၾကး ေပးဖို႔လိုတာ ျဖစ္ပါတယ္ ။

လစဥ္ေၾကး Subscription ထည့္နည္း ၄ မ်ိဳး႐ွိပါတယ္ ။

  • Visa, Master, paypal အစ႐ွိတဲ့ card ေတြနဲ႔ ထည့္နည္း
  • GameTime Card သံုးၿပီး ထည့္နည္း
  • Crysta သံုးၿပီး ထည့္နည္း
  • Steam Wallet သံုးၿပီး ထည့္နည္း

✅ Ps4 မွာ Final Fantasy 14 ဟာ PS Plus မရွိလည္းပဲ ေဆာ့ႏိုင္ပါတယ္။ 
✅ PS plus မရွိပဲ ေဆာ့ႏိုင္တာဟာ Free Trial ေရာ Full version မွာပါ ရတာ ျဖစ္ပါတယ္။
✅ PS4 version ကေန PS5 version ကို Free Upgrade ေပးလုပ္ပါတယ္။

Visa Card, Master Card, Paypal Card သံုးၿပီးထည့္နည္း



Square Enix က ျမန္မာျပည္က Visa Card ေတာ္ေတာ္မ်ားမ်ားကို လက္ခံပါတယ္ ။ CB Visa Card ၊ KBZ Visa Card ၊ Aya Visa Card တို႔ အဆင္ေျပၾကပါတယ္ ။ က်ေနာ္ဆို CB Visa Card နဲ႔ထည့္ၿပီး ေဆာ့လာတာ ၂ ႏွစ္ေက်ာ္လာပါၿပီ ။ အခုထိ ျပသနာတက္တာ တခါမွ မ႐ွိခဲ့ဖူးပါဘူး ။

Visa ႏွင့္ထည့္ရင္ေတာ့ card information ေတြ ထည့္ေပးရပါတယ္ ။ သူ႔စနစ္က Card ႏွင့္ Account ကို bind ပစ္လိုက္ၿပီး တစ္လကုန္ခါနီးတိုင္း ေနာက္တစ္လစာကို ကတ္ထဲက ေအာ္တို ျဖတ္ယူသြားၿပီး Subscription ထည့္သြားပါတယ္ ။ ထိုနည္းကို recurring လို႔ေခၚပါတယ္ ။

Recurring မျဖစ္ခ်င္ရင္ေတာ့ တေခါက္ sub ၿပီးတိုင္း card information ကို ျပန္ျဖဳတ္တာပဲျဖစ္ျဖစ္ ၊ အခ်က္အလက္ အမွားထည့္ၿပီး card information ကို update လုပ္တာပဲ ျဖစ္ျဖစ္ ၊ ကတ္ထဲ $ မက်န္ေအာင္ မေလာက္ေအာင္ သံုးလိုက္တာပဲ ျဖစ္ျဖစ္ ေအာ္တိုမျဖတ္ေအာင္ လုပ္ႏိုင္ပါတယ္ ။

GameTime Card သံုးၿပီး ထည့္နည္း



Game Time card ကေတာ့ ရက္ ၆၀ စာနဲ႔ပဲ လာေလ့႐ွိၿပီး online store ေတာ္ေတာ္မ်ားမ်ားမွာ ေရာင္းတတ္ၾကပါတယ္ ။ ကုဒ္နံပါတ္ေလးေတြနဲ႔မို႔ Subscription ထည့္ဖို႔ လြယ္တာေၾကာင့္ သံုးၾကတာ မ်ားပါတယ္ ။ ဒါေပမယ့္ Game Time Card က ရက္ ၆၀ စာ တစ္မ်ိဳးပဲ ႐ွိေတာ့ တလေလာက္ပဲ ေဆာ့ခ်င္တဲ့သူမ်ားအဖို႔ေတာ့ မသံုးၾကပါဘူး ။ တႀကိမ္မွာ Game Time Card ၃ ခုစာ တဆက္တည္း ထည့္လို႔ရပါတယ္ ။ သတ္မွတ္ထားတဲ့ အျမင့္ဆံုးထည့္ႏိုင္တဲ့ လစဥ္ေၾကး ပမာဏ ရက္ ၂၀၀ ထက္ ပိုလို႔မရပါဘူး ။

Crysta သံုးၿပီး ထည့္နည္း



၂၀၁၆ ဝန္းက်င္ေလာက္ကေတာ့ ျမန္မာျပည္က Visa Card ေတြက ႏိုင္ငံတကာမွာ သံုးဖို႔ အဆင္မေျပေသးေတာ့ လစဥ္ေၾကး ထည့္ရတာ နဲနဲ ခက္တာေၾကာင့္ Crysta သံုးၿပီး subscription ထည့္ၾကတာ ျဖစ္ပါတယ္ ။ Crysta ကေတာ့ Square Enix က ဖန္တီးထားတဲ့ Final Fantasy XIV ဂိမ္းမွာပဲ သံုးရတဲ့ ေငြေၾကးလွဲလွယ္ပစၥည္း တစ္ခုပါ ။ Subscription ထည့္ဖို႔ခက္တဲ့ region ေတြအတြက္ ရည္ရြယ္ၿပီး ထုတ္ထားတာ ျဖစ္ပါတယ္ ။ Visa ကတ္ သံုးၿပီး တိုက္႐ိုက္ sub ရာမွာ မရေပမယ့္ Visa ကတ္နဲ႔ Crysta ဝယ္၊ ထို Crysta နဲ႔ sub တဲ့အခါက်ေတာ့ လြယ္လြယ္ကူကူနဲ႔ ရသြားပါတယ္ ။

Crysta ဟာ Mog Station ထဲမွာသာ သံုးလို႔ရၿပီး Crysta နဲ႔ Subscription ထည့္လို႔ရသလို Mog Station မွာေရာင္းတဲ့ ပစၥည္းမွန္သမ်ွ အကုန္ဝယ္လို႔ရပါတယ္ ။ Crysta နဲ႔က ဘာ ျပသနာမွ မ႐ွိေတာ့ က်ေနာ္တို႔ ျမန္မာျပည္က ဂိမ္မာေတြ သံုးၾကတာ မ်ားပါတယ္ ။ ကိုယ္လိုခ်င္တဲ့ ပမာဏအတိုင္း ဝယ္စုထားလို႔လည္း ရတယ္ ။ တလေဆာ့ခ်င္မွ Crysta တလစာ ဝယ္ထည့္ၿပီး sub ၿပီး ေဆာ့ရံု ။

က်ေနာ္ေတာ့ Crysta နဲ႔ sub ထည့္နည္းပဲ သံုးပါတယ္ ။

Crysta ကို Visa ကတ္သံုးၿပီး ထည့္ရတာ ျဖစ္ပါတယ္ ။ 1$ = 100 Crysta က်ပါတယ္ ။ 
သတိထားရမွာ တခုက Crysta ဟာ ဝယ္ၿပီးရင္ ျပန္ေရာင္းလို႔ မရသလို သူမ်ားကို gif လက္ေဆာင္ ေပးလို႔ လြဲေျပာင္းေပးလို႔ မရေတာ့ပါဘူး။ ဒါေၾကာင့္ crysta ဝယ္ထည့္မယ္ဆိုရင္ ကိုယ္လိုသေလာက္ပဲ ဝယ္ထည့္တာ အေကာင္းဆုံးပါ။

Crysta ထည့္မယ္ဆိုရင္ Mog Station ထဲ ဝင္ပါ ။


Add Crysta


Crysta ဘယ္ေလာက္ထည့္မွာလဲ ေမးရင္ ကိုယ္လိုခ်င္တဲ့ amount အတိုင္း ရိုက္ထည့္ႏိုင္သလို Select the Amount of Crysta ထဲက ႀကိဳက္ရာေရြးႏွိပ္ႏိုင္ပါတယ္ ။


Payment Methods မွာ VISA သုိ႔ Master Card ေရြးႏိုင္ပါတယ္ ။ ကိုယ့္မွာရွိတဲ့ ကတ္အမ်ိဳးအစားနဲ႔ တူတာေရြးပါ။


ေရြးလိုက္တဲ့ ကတ္ရဲ႕ detail ထည့္ပါ။ ဒီ detail ကေတာ့ crysta တခါထည့္မွ ထည့္ေပးရတာ ျဖစ္ပါ တယ္။ အခ်က္အလက္ေတြကို မွတ္မထားတာမို႔ စိတ္ခ်လက္ခ် ထည့္လို႔ရပါတယ္။


ဒီလိုဆိုရင္ေတာ့ Crysta ထည့္လို႔ ၿပီးသြားၿပီ ျဖစ္ပါတယ္ ။

Steam Wallet သံုးၿပီး ထည့္နည္း


Steam Wallet နဲ႔က Final Fantasy XIV Steam version မွာမွ ရတာ ျဖစ္ပါတယ္ ။ Steam wallet နဲ႔ subscription ထည့္လို႔ရသလို Mog Station က ပစၥည္းေတြလည္း အကုန္ဝယ္လို႔ရပါတယ္ ။ Steam Account (Auto Renewal) ႏွင့္ Steam Wallet (One-Time Payment) ဆိုၿပီး ၂ မ်ိဳး႐ွိပါတယ္ ။ Auto Renewal ကေတာ့ တလကုန္ခါနီး ေနာက္တလစာ ေအာ္တိုျဖတ္ယူ sub ေပးသြားမွာ ျဖစ္ၿပီး One-Time Payment ကေတာ့ တလစာအတြက္ မိမိ ကုိယ္တိုင္ ထည့္မွရတာ ျဖစ္ပါတယ္ ။


Steam Version ဆို ဒီလိုေလး ျမင္ရပါမယ္ ။


တျခားနည္းေတြနဲ႔လည္း sub လို႔ရပါေသးတယ္ ။

Subscription type "Standard" and "Entry"



Subscription အမ်ိဳးအစား ၂ မ်ိဳး ႐ွိပါတယ္ ။ Standard ႏွင့္ Entry ဆိုၿပီးေတာ့ပါ ။

Standard ကေတာ့ ေစ်းႀကီးပါတယ္ ။ 14.99$ ေပးရၿပီး World တစ္ခုမွာ character ၈ ေယာက္ အထိ ေပးလုပ္ပါတယ္ ။ စုစုေပါင္း character အေယာက္ ၄၀ အထိ create လုပ္၊ ေဆာ့ႏိုင္မွာ ျဖစ္ၿပီး Standard မွာ ရက္ ၃၀၊ ၆၀၊ ၉၀၊ ၁၈၀ စသျဖင့္ ေရြးခ်ယ္စရာ အမ်ိဳးအစား စံုလင္လွပါတယ္ ။ ရက္အမ်ားႀကီး sub တဲ့အတြက္လည္း discount ေတြပါ ထပ္ရဦးမွာ ျဖစ္ပါတယ္ ။ Game Time Card လည္း ဒီ Standard အမ်ိဳးအစားပဲ ျဖစ္ပါတယ္ ။

Entry ကေတာ့ ေစ်းသက္သာၿပီး 12.99$ ေပးရပါတယ္ ။ တစ္မ်ိဳးတည္းပဲ ႐ွိၿပီး World တစ္ခုမွာ character တစ္ေယာက္ႏႈန္းႏွင့္ character ၈ ေယာက္ create လုပ္၊ ေဆာ့ႏိုင္မွာ ျဖစ္ပါတယ္ ။

အကယ္၍ Standard ႏွင့္ sub ၿပီး world တစ္ခုမွာ character ၂ ေယာက္ သို႔ ၃ ေယာက္ ေဆာ့ေနရာကေန Entry အမ်ိဳးအစား ေျပာင္းၿပီး Sub ခဲ့လ်ွင္ World မွာ Character ၁ ေယာက္ပဲ ေဆာ့ခြင့္ေပးၿပီး က်န္ character ေတြက အကုန္ lock ျဖစ္သြားမွာ ျဖစ္ပါတယ္ ။ ဒီ့အတြက္ စစဝင္ျခင္းမွာ ေဆာ့မယ့္ character ေရြးခိုင္းပါလိမ့္မယ္ ။ ေရြးၿပီးတာနဲ႔ က်န္ character အားလံုး lock က်သြားမွာ ျဖစ္ပါတယ္ ။ ဒါေပမယ့္ စိတ္မပူပါနဲ႔ ။ Standard အမ်ိဳးအစားေရြးၿပီး ျပန္ sub လိုက္တာနဲ႔ ထို character အားလံုး ျပန္ရလာမွာ ျဖစ္ပါတယ္ ။

ဂိမ္းဝယ္တုန္းကရတဲ့ Free playtime ဟာ subscription စ ထည့္လိုက္တာနဲ႔ ေပ်ာက္မသြားပါဘူး ။ Free playtime ကုန္သြားမွ ထို sub ဟာ active ျဖစ္မွာ ျဖစ္ပါတယ္ ။

Standard တို႔ Entry တို႔ဟာ Veterans reward အ​ေပၚ အက်ိဳးသက္​​ေရာက္​မႈ မ႐ွိပါဘူး ။

Subscription ထည့္နည္း


မိမိ Square Enix ID ႏွင့္ Passwords သံုးၿပီး Mog Station ထဲဝင္ပါ ။


Add Subscription ကို ႏွိပ္ပါ ။ Game Time Card ထည့္ဖို႔႐ွိတယ္ဆိုရင္လည္း Game Time Card ကို ႏွိပ္ပါ ။ Steam version သမားဆိုရင္ ေရြးခ်ယ္စရာ Steam Wallet ဆိုတာတစ္ခု ထပ္႐ွိေနပါလိမ့္မယ္ ။


မိမိသံုးခ်င္တဲ့ နည္းကို ေရြးၿပီး Next ႏွိပ္ပါ ။ ဒီေနရာမွာ က်ေနာ္က crysta နဲ႔ sub ထည့္မွာမို႔ Crysta ကို select လုပ္ထားတာ ေတြ႕ရမွာ ျဖစ္ပါတယ္ ။

 

billing cycle တို႔ ကုန္မယ့္ရက္တို႔ ျပပါလိမ့္မယ္ ။ မိမိလုိခ်င္တဲ့အတိုင္း ဟုတ္မဟုတ္ စစ္ေဆးၾကည့္ပါ ။

 

 

ဟုတ္လွ်င္ေတာ့ ေနာက္တစ္ဆင့္ ဆက္သြားၿပီးေနာက္ ဝယ္ၿပီးသြားမွာ ျဖစ္ပါတယ္ ။

Mog Station - https://secure.square-enix.com/account/app/svc/ffxivshopacctop


Subscription Time အခ်ိန္ ဘယ္လိုတြက္သလဲ?


က်ေနာ္က ကိုယ္စုထားတဲ့မုန္႔ဖိုးနဲ႔ တြက္ဆ ေဆာ့ေနရသမားျဖစ္ၿပီး ရထားတဲ့ ကိုယ့္အခြင့္အေရး ျပည့္ျပည့္ဝဝ အသုံးခ်ခ်င္သမားဆိုေတာ့ ဂိမ္း စေဆာ့ကတည္းက ဘယ္အခ်ိန္ Sub သြင္းရင္ Playtime ျပည့္ျပည့္ဝဝရမွာလဲ? ကုန္မယ့္အခ်ိန္ ဘယ္လိုတြက္ထားတာလဲ? ဘယ္အခ်ိန္မွာ တိတိက်က် ကုန္မွာလဲ? ဆိုတာ အၿမဲသိခ်င္ေနခဲ့တာပါ။ ေဆာ့ေနဆဲလူေတြ လိုက္ေမးၾကည့္ေတာ့ သူတို႔လည္း အေပၚယံေလာက္ပဲ သိထားၾကသူေတြ မ်ားတယ္။ Google ၾကည့္ေတာ့လည္း အေျဖက က်ေနာ္တို႔ ျမန္မာျပည္နဲ႔ဆို မေရမရာ မေသခ်ာတဲ့ အေျဖေတြ ျဖစ္ေနတယ္။ ေနာက္ဆုံး ကိုယ့္ဟာကိုယ္ပဲ စမ္းသပ္အေျဖရွာမွပဲ ကိုယ္လိုခ်င္တဲ့ အေျဖရလာေတာ့တယ္။ 

က်ေနာ္တို႔ ဂိမ္းအေကာင့္ လုပ္တဲ့အခ်ိန္တုန္းက NA (America) region ထားခဲ့ေတာ့ က်ေနာ္တို႔ရဲ႕ လစဥ္ေၾကးအခ်ိန္ကို PDT (Pacific Day Time) နဲ႔ တြက္ပါတယ္။ စတြက္တဲ့အခ်ိန္က လစဥ္ေၾကးကို Mog Station မွာ စတင္ သြင္းလိုက္တဲ့အခ်ိန္ပဲ ျဖစ္ပါတယ္။ PDT ဟာ က်ေနာ္တို႔ ျမန္မာစံေတာ္ခ်ိန္နဲ႔ ကြာျခားတာမို႔ ေဆာ့ခ်ိန္ ရက္ ၃၀ အျပည့္အဝ ရခ်င္ရင္ ျမန္မာစံေတာ္ခ်ိန္ ေန႔လည္ ၂:၃၀ ႏွင့္ ေနာက္ပိုင္းအခ်ိန္မွာမွ လစဥ္ေၾကး ထည့္ရပါတယ္။  

ဥပမာျပရရင္ က်ေနာ္ ေအာက္တိုဘာ ၁၆ ရက္ေန႔ ေန႔လည္ ၂:၂၆ ေလာက္မွာ လစဥ္ေၾကး သြင္းလိုက္တယ္။ က်ေနာ္ ရမယ့္ Playtime က ႏိုဝင္ဘာ ၁၄ ရက္ေန႔အထိျဖစ္တယ္။ ဒါေပမယ့္ ႏိုဝင္ဘာ ၁၅ ရက္ေန႔အထိ ေဆာ့လို႔ရသြားတယ္။ ႏိုဝင္ဘာ ၁၅ ရက္ေန႔ ေန႔လည္ေက်ာ္သည္အထိ။ 

အဲ့ဒီမွာ 

ဘယ္အခ်ိန္ ကုန္သြားတာလဲ သိခ်င္ေတာ့ က်ေနာ္ သတ္မွတ္ထားတဲ့အခ်ိန္ ကုန္သည္အထိ က်ေနာ္ ဂိမ္းထဲမွာေလွ်ာက္ေဆာ့ရင္း ထိုင္ေစာင့္ၾကည့္ေနလိုက္တယ္။ ၃ နာရီ ၂၅ မိနစ္ေလာက္မွာ ဂိမ္းထဲကေန ကစ္ခံလိုက္ရတယ္။ 

ဆိုေတာ့ လစဥ္ေၾကး ရက္ ၃၀ ျပည့္ၿပီးတဲ့အျပင္ ေနာက္ထပ္ တစ္နာရီ (တိတိက်က်ေျပာရရင္ ၅၉ မိနစ္ ၅၉ စကၠန္႔) ထပ္ေပးေသးတယ္ဆိုတာ က်ေနာ္ေတြ႕လိုက္ရတယ္။ အဲ့ဒါက Subscrption time ကုန္တဲ့အခ်ိန္လို႔ သတ္မွတ္လို႔ရပါတယ္။

⏰ စတြက္တဲ့အခ်ိန္က လစဥ္ေၾကးကို Mog Station မွာ စတင္ သြင္းလိုက္တဲ့အခ်ိန္။
⏰ ကုန္တဲ့အခ်ိန္က လစဥ္ေၾကးကို Mog Station မွာ စတင္ သြင္းလိုက္တဲ့အခ်ိန္ ကစ ရက္ ၃၀ + 00:59 မိနစ္။

PDT ဟာ Las Vegas အခ်ိန္နဲ႔ တူပါတယ္ ။ အခ်ိန္သိဖို႔အတြက္ google မွာ လိုက္႐ွာေနစရာမလို၊ GMT ေတြနဲ႔ ဂဏန္းေတြ ႏႈတ္လိုက္ ေပါင္းလိုက္နဲ႔ လုပ္စရာမလိုေတာ့ပါဘူး ။ ဖုန္းေတြမွာ World Clock ေတြပါတာမုိ႔ Las Vegas ၿမိဳ႕ clock ကို ထုတ္ၿပီး main screen ေပၚတင္ထားလိုက္ရံုနဲ႔ ကုိယ့္ subscription ဘယ္အခ်ိန္ကုန္မလဲဆိုတာ လြယ္လြယ္ကူကူ သိ႐ွိႏိုင္ေနၿပီ ျဖစ္ပါတယ္ ။




Post a Comment

0 Comments