Final Fantasy 14 Free Trial account ဖွင့်နည်း
စာဖတ်မရလျှင် ဒီကိုနှိပ်ပါ Zawgyi version
Final Fantasy 14 online က Free trial version မှာ ပင်မဂိမ်း "A Realm Reborn" အပြင် expansion တစ်ခုဖြစ်တဲ့ "Heavensward"အထိပါ ပေးဆော့တော့မှာပါ ။ ဒက်ဘလော်ပါက လာမယ့် ဩဂုတ်လ 11 ရက်နေ့မှာ ပေးမယ့် update မှာ ပြောင်းပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ် ။ ဒီ update ကြောင့် Final Fantasy 14 Online ကို Free ဆော့ချင်တဲ့သူတွေ များပြားလာမှာပါ ။ ဒါကြောင့် Final Fantasy 14 Online Free trial version account ဖွင့်နည်းပြောပြပေးသွားမှာ ဖြစ်ပါတယ် ။ Free Trial version account သာမက တကယ်ဝယ်ဆော့မယ့် account အတွက်ပါ အကျုံးဝင်ပါတယ် ။
ဒီနေရာမှာ သိထားရမှာက Final Fantasy 14 ရဲ့ PC version မှာ ၂ မျိုးရှိတယ် ဆိုတာပါပဲ ။ Steam version နှင့် ရိုးရိုး PC version ဆိုပြီးတော့ပါ ။ ကိုယ်ဘယ်ဟာနဲ့ ယူမလဲဆိုတာ သေချာရွေးယူပါ ။ 
Final Fantasy XIV Steam page ကနေ ဒေါင်းလိုက်တဲ့ Launcher ကနေ အကောင့် ဖွင့်လိုက်မယ်ဆိုရင် ကိုယ့်အကောင့်ဟာ Final Fantasy XIV Steam Version ဖြစ်သွားပါမယ် ။ Square Enix Final Fantasy XIV Website ကနေ အကောင့်ဖွင့်မယ်ဆိုရင် ကိုယ့်အကောင့်ဟာ Final Fantasy XIV PC version ဖြစ်သွားမှာ ဖြစ်ပါတယ် ။
Steam Version နှင့် PC version ဘာကွာသလဲ?
Steam version
  • > Subscription option မှာ steam wallet နဲ့ ဖြည့်လို့ရတဲ့ option တစ်ခုပိုပါတယ် ။
  • > Mog Station မှာ ရောင်းနေတာတွေ Game Time card တွေကို Steam Wallet နဲ့ ဝယ်လို့ရပါတယ် ။
  • > Square Enix က Steam မှာ Final Fantasy 14 နှင့် ပတ်သက်တာတွေ ဈေးလျှော့ရောင်းတာ နည်းပါတယ် ။ ဒါကြောင့် discount နဲ့ဝယ်ရဖို့ အခွင့်အလမ်း နည်းတယ်လို့ ဆိုရမှာပါ ။
  • > Expansion အသစ်တစ်ခုထွက်လို့ Steam ကို Early Access တွေပေးတာလည်း နည်းပါတယ် ။
  • > Steam ပေါ် နောက်ကျမှ ဂိမ်းတင်ဖြစ်ပြီး 2nd platform version လို ဖြစ်နေတာကြောင့် customer support အပိုင်းမှာ နည်းနည်း အားနည်းပါတယ် ။
PC version
  • > Official version ဖြစ်တဲ့အတွက် Final Fantasy 14 နှင့်ပတ်သက်တာတွေ တိုက်ရိုက်ရတယ်လို့ ဆိုရမှာပါ ။
  • > Expansion တွေကို မကြာခဏ ဈေးလျှော့ရောင်းပေးလို့ Steam ထက် ဈေးသက်သက်သာသာ ဝယ်နိုင်တယ် ။
  • > Customer support ကောင်းတယ် ။
  • > Expansion အသစ်ထွက်ရင် Physical version တွေ ရတယ် ။ Collector edition တွေ ဝယ်လို့ ရတယ် ။ in game မှာ feature တွေ ပေးတဲ့ Figure တွေလည်း ဝယ်လို့ရတယ် ။
Final Fantasy 14 Free Trial account ဖွင့်နည်း
Steam version လိုချင်ရင် မိမိ Steam ထဲဝင်ပြီး Final Fantasy XIV Online ကို ရှာပါ ။ ရှာပြီး Install Demo နှိပ်ပါ ။ client ဒေါင်းလုဒ်ဆွဲပါ ။ Launcher Install ပါ ။
Register for free trial ကို နှိပ်ပါ ။ Free Trial account ဖွင့်တဲ့ ပေ့ချ်ကို ရောက်သွားပါလိမ့်မယ် ။ ဖွင့်နည်းကတော့ အောက်မှာ ဖော်ပြထားတဲ့ အဆင့်မှာ အဆင့် 3 က စပြီး လုပ်သွားပါ ။
ရိုးရိုး PC version မှာတော့ အကောင့်ဖွင့်ပြီးမှ Launcher download ဆွဲမှာ ဖြစ်ပါတယ် ။ PC version အတွက် အကောင့်ဖွင့်နည်းကတော့
1. Final Fantasy 14 Free Trial ထဲဝင်ပါ ။
2. Sign Up Now ကို နှိပ်ပါ ။
3. Sign in with Square Enix account နှင့် မသက်ဆိုင်တာမို့ ဒီအတိုင်းထားပြီး ညာဘက်က ပေးထားတဲ့ ကွက်လပ်တွေကို ဖြည့်ပါ ။
4. United States ပဲထားပါ ။ United States ထားထားတဲ့အတွက် မိမိ account region ဟာ America/ North America ဖြစ်တယ်ဆိုတာ သိထားရပါမယ် ။ ဒီ region ဟာ နောင် ဂိမ်းဝယ်တဲ့ နေရာမှာ အဓိက ကျ ပါတယ် ။
5. Email ကတော့ မိမိသုံးမယ့် email ကို ရိုက်ထည့်ပါ ။ Final Fantasy 14 နှင့် သက်ဆိုင်တဲ့ သတင်းတွေ၊ Subscrption ထည့်တာတွေ၊ တခုခု ဝယ်တာ ခြမ်းတာတွေက အကုန်လုံး ဒီ email နဲ့ အသိပေးမှာမို့ သေချာမှတ်ထားရပါမယ် ။
6. မိမိသုံးမယ့် Square Enix ID ကို ရေးထည့်ပါ ။ ဒီ ID ဟာ Final Fantasy 14 နှင့်ဆိုင်တဲ့ နေရာမှန်သမျှမှာ သွားပေါ်နေမှာမို့ မိမိကိုကိုယ်စားပြုမယ့် စာသား ထည့်သုံးပါ ။ အာမေဋိတ်တွေ ထည့်သုံးမရပါ ။
7. Passwords ကတော့ ကိုယ့်စိတ်ကြိုက် ရိုက်နိုင်ပါတယ် ။ စာလုံးချည်း သက်သက် ၊ နံပါတ်ချည်း သက်သက် ၊ သင်္ကေတချည်း သက်သက် ထည့်လို့မရပါ ။ မိမိ Square Enix ID စာသား နှင့် တပုံစံတည်းတူလို့ မရပါ ။ အာမေဋိတ်တွေ ထည့်မရပါ ။ စာလုံး သို့ နံပတ် သို့ အက္ခရာ ဆက်တိုက် ထပ်နေ တူနေ လို့ မရပါ ။
8. Date of Birth ထည့်ပါ ။ Security Question တွေ ရွေးပြီး Answer တွေ ဖြည့်ပါ ။
9. Platform မှာတော့ ကိုယ်ဆော့မယ့် platform ကိုရွေးပါ ။ PC ပေါ်မှာ ဆော့မယ်ဆို PC ကိုရွေး ၊ PS4 ပေါ်မှာ ဆော့မယ့်ဆို PS4 ကိုရွေးပါ ။
10. အကုန်လုံး ဖြည့်ပြီးသွားရင် Submit ကို နှိပ်ပါ ။
ပြီးရင် ဒီလို ပေါ်လာပါလိမ့်မယ် ။
11. ကိုယ့် email ဆီသွားပြီး ကုဒ်နံပါတ်ယူပြီး ထည့်ပြီး Submit လုပ်ပေးလိုက်ပါ ။
ဒါပြီးရင်တော့ မိမိ Square Enix account ပြုလုပ်ခြင်း ပြီးဆုံးသွားပါပြီ ။
ရိုးရိုး PC version လိုချင်ရင် အကောင့်ဖွင့်ပြီးဆုံးပြီး အဆင့်က Download Game ဆိုတာ နှိပ်ပြီး Launcher ဒေါင်းယူပါ ။  မိမိ mail ထဲကိုလည်း Launcher ဒေါင်းဖို့ link ပို့ပါလိမ့်မယ် ။ ဒါမှမဟုတ် Final Fantasy 14 ထဲဝင်ပြီး Client ဒေါင်းပါ ။
12. Install လုပ်ပြီးလျှင် launcher ထဲဝင်ပါ ။
13. Next ကိုနှိပ်ပါ ။
14. ဒီအဆင့်မှာ နည်းနည်းလေးတော့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားပါလိမ့်မယ် ။  ဒီမှာ တော့ ရှေ့မှာ အကောင့်ဖွင့်ထားပြီး ဖြစ်တဲ့အတွက် I currently posses Square Enix account ကို နှိပ်ပါ ။
15. မိမိ Square Enix account နဲ့ password ကိုရိုက်ထည့်ပါ ။ Onetime password နေရာမှာ လုံးဝ ထည့်စရာ မလိုပါဘူး ။ Log in လုပ်ပါ ။
16. Next ကို နှိပ်လိုက်ရင် ဂိမ်းကို စတင် download ပါလိမ့်မယ်။
ဒီနေရာမှာ Launcher ပုံစံလေး ပြောင်းသွားပါလိမ့်မယ် ။ ဒါက Launcher version အဟောင်းပါ ။
ဒါက version အသစ်ပါ ။ အခု သုံးနေတဲ့ Launcher ပါ။
17. Download ပြီးသွားရင်တော့ ဂိမ်းထဲ ဝင်ပြီး ဆော့လို့ရပြီ ဖြစ်ပါတယ် ။
ဘယ် World မှာ ကစားရမှန်းမသိ ဖြစ်နေရင်၊ character creation တွေအကြောင်း သိချင်ရင် ဒီ Final Fantasy XIV Starter Guide ထဲ ဝင်ဖတ်နိုင်ပါတယ် ။
Thank you for reading...
Zawgyi
စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version
Steam version
PC version
12. Launcher ရပြီးလျှင် install လုပ်ပါ ။
13. Install လုပ်ပြီးလျှင် launcher ထဲဝင်ပါ ။
Thank you for reading...
Post a Comment
0 Comments