Warcraft III Frozen Throne ဂိမ်း screen အပြည့် ဖြစ်အောင် ဘယ်လိုလုပ်မလဲ



အရင်တုန်းကတော့ screen resolution တွေ စတုရန်း ကျကျ 4:3 size နဲ့ လာကြတာများတယ် ။ ဒီတုန်းက CRT monitor တွေပဲ ရှိကြတာကိုး ။ Wide screen Monitor ဆို မရှိသလောက်ပါပဲ ။ ထို့အတူ ဂိမ်းတွေလည်း resolution ကို စတုရန်း size နဲ့ ပဲ ထုတ်ကြတယ် ။ အခုကတော့ နည်းပညာ အဆင့်မြင့်လာပြီး wide screen မော်နီတာတွေ ထုတ်လာကြသလို ဂိမ်းတွေလဲ wide screen ratio နဲ့ ပဲ ထုတ်လာကြတယ် ။ အရင်က ဂိမ်းတွေ ဥပမာ Warcraft III Frozen Throne လိုမျိုး ဂိမ်းတွေကို Wide screen monitor မှာ ကစားကြတော့ Full screen အပြည့်မရပဲ resolution က နံဘေးနှစ်ဖက်က မည်းပြီး စတုရန်း ဆိုဒ်ပဲ ပြတော့တယ် ။ သူ့ ဂိမ်း default size က 1274 x 768 ဆိုတော့ wide screen resolution ဖြစ်တဲ့ 1366 x 768 မှာ အပြည့်မဝင်ပဲ ပိုနေတဲ့ နေရာမှာ အမည်းကြီး ဖြစ်နေတာပါ ။ အခု ပြောပြမယ့် နည်းကတော့ wide screen resolution မှာ ဘေး ၂ ဘက် အမည်းပြားကြီး မပေါ်ပဲ အပြည့်ဝင်အောင် လုပ်တဲ့ နည်းလေး ဖြစ်ပါတယ် ။
.
တစ်ခုတော့ ရှိပါတယ် ။  တစ်ခုကိုစတုရန်းပုံ resolution ကို ထောင့်မှန်စတုဂံပုံ resolution ဖြစ်အောင် လုပ်လိုက်ရင် စတုရန်းပုံက ပြဲပြဲကြီး ဖြစ်သွားပါလိမ့်မယ် ။ စာရေးထားတဲ့ သရေပြားကြီးကို ဆွဲဆန့်လိုက်ရင် စာလုံးတွေ ပြဲပြဲကြီး မြင်ရသလိုမျိုးပါ ။
.
.
Full screen ဖြစ်အောင် လုပ်ဖို့ရာ Wndows registery ကနေ ပြင်ရမှာမို့ သင့်ရဲ့ Windows registery ကို ဖွင့်ရပါမယ် ။
.
ဖွင့်ဖို့အတွက် ပထမဦးဆုံး Windows ကီး နှင့် R ကီးကို တပြိုက်နက်တည်း နှိပ်လိုက်ပါက Run box တက်လာတာကို မြင်တွေ့ရမှာပါ ။
.
Run box မှာ regedit လို့ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ ။
.
ကိုယ်ပြင်လိုတဲ့ registry entry လမ်းကြောင်းကို ရှာရပါမယ် ။ အခုက Warcraft III Frozen Throne ကို ပြင်မှာ ဖြစ်တဲ့အတွက် "HKEY_CURRENT_USER > Software > Blizzard Entertainment > Warcraft III > Video" ရှိတဲ့နေရာ ကို ရှာရပါမယ် ။
.

Resheight နဲ့ Reswide ဆိုတာ ရှာပြီး အဲ့ဒီမှာ ဂဏန်းတွေ ပြင်ရပါမယ် ။ ပြင်ရမယ့်ဂဏန်းတွေက ကိုယ့် windows ရဲ့ resolution နဲ့ တူရပါမယ် ။ အကယ်၍ ကိုယ့် windows resolution က 1366 x 768 ဆိုလျှင် ပြင်ရမယ့် ဂဏန်းလည်း 1366 x768 ပဲ ဖြစ်မှ Full screen အပြည့်ရမှာ ဖြစ်ပါတယ် ။
.
ကိုယ့် windows resolution က ဘာမှန်းမသိတဲ့အခါ desktop ပေါ် လွတ်တဲ့ တနေရာမှာ right click နှိပ်ပြီး screen resolution ကို နှိပ်လိုက်ရင် windows ငယ် တခု တက်လာပြီး အထဲမှာ ကိုယ့် windows resolution ဘယ်လောက်ရှိလဲဆိုတာ ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ် ။
.
ဂဏန်းပြောင်းတဲ့အခါမှာ decimal ကို ရွေးပြီး ပြောင်းပေးပါ ။
.
.


အကုန်လုံး လုပ်ပြီးရင်တော့ ပြီးသွားပါပြီ ။ ဖွင့်ထားတာတွေ ပိတ်ပြီး ဂိမ်းထဲ ဝင်လိုက်ရင် Full screen အပြည့် ဖြစ်နေတာကို မြင်တွေ့ရမှာပါ ။ ဒီလိုနည်းကို တခြား ဂိမ်းတွေမှာလည်း လိုသလို အသုံးချနိုင်ပါတယ် ။


Reference => http://www.zakyri.com/2013/02/how-to-make-frozen-throne-full-screen-on-windows-7-8-347907.html?m=1

KSA
#qzksa
#Fros

Post a Comment

0 Comments