ဓါတ်တူရာ ဓါတ်ဆွဲတတ်သလိုု
လူတူရာ လူစုုဝေးတတ်ပါတယ်။
ဇာမဏီနဲ့ အတူပျံသန်းနေရင်
သင် ဥဒေါင်းလောက် လှပနိုုင်သလောက်
ဝံပုုလွေနဲ့ အတူ ပြေးနေမှတော့
သင်လည်း သားရဲ အဆင့်လောက်ပဲ ရှိမှာပါ။
လူ့ဘဝခရီးမှာ...
ဘယ်ပုုံဘယ်နည်း ကြိုးစားရမယ်ဆိုုတာထက်၊
ဘယ်သူတွေနဲ့ အတူကြိုးစားမယ်ဆိုုတာက
အချိန်တော်တော်များများမှာ
ပိုုပြီး အရာရောက်နေတတ်ပါတယ်။
လူဆိုုတာ...
ကိုုယ်တန်ဖိုုးကိုု ကိုုယ်သိသင့်သလိုု၊
ကိုုယ့်ဇာတ်ခုုံကိုု ကိုုယ်အလေးထားသင့်ပါတယ်။
တန်ဖိုုးဆိုုတာ သင့်ရဲ့ အရည်အချင်းပါ။
ဇာတ်ခုုံဆိုုတာ သင်အလုုပ်လုုပ်နေတဲ့ ဋ္ဌာနပါ။
သင့်အရည်အချင်းကိုု အကြီးမားဆုုံး ဖေါ်ထုုတ်နိုုင်တဲ့နေရာဟာ
သင်တန်ဖိုုးအရှိဆုုံး ဇာတ်ခုုံပါ။
လူဆိုုတာ...
သူများအသိုုင်းအဝိုုင်းကိုု ဇွတ်မတိုုးသင့်သလိုု
သူများအလိုုကျ နေထိုုင်ပြောဆိုုပေးဖိုု့လည်း မလိုုအပ်ပါဘူး၊
ဝတ်စုုံတူညီဝတ်ဆင်တိုုင်းလည်း စိတ်ချင်းမညီကြသလိုု
အဖွဲ့ ကျတိုုင်းလည်း စိတ်ချင်းမပေါင်းနိုုင်ကြပါ။
တကယ်လိုု့ သင်ဟာ လင်းယုုန်တစ်ကောင်ဖြစ်ခဲ့မယ်ဆိုုရင်
စာကလေးတွေရဲ့ ဝေဖန်သံကိုု သင်လျစ်လျူရှု နိုုင်ရပါမယ်။
သင်ရဲ့ အမြင့်၊ သင်ရဲ့ အမြန်နဲ့ သင့်ရဲ့ အားအင်တွေကိုု
သူတိုု့ မြင်လည်းမမြင်သလိုု၊ နားလည်း မလည်ကြပါ။
သင်ကိုုယ့်ကိုုယ်ကိုုပဲ သိဖိုု့လိုုပါတယ်။
ရည်ရွယ်ချက်ကိုုသိတယ်၊
လားရာကိုု သိတယ်။ ကိုုယ့်စွမ်းရည်ကိုုလည်း ကိုုယ်သိတယ်။
သူများကိုု သိပ်အရေးစိုုက်စရာမလိုုပါ။
နေ့မအား၊ ညမအား ကြိုးစားနေခြင်းဟာ
ပိုုမိုုထူးချွန်တဲ့ မိမိကိုုယ်မိမိ တွေ့ရှိဖိုု့ပါ။
မြက်ပင်ကလေးတစ်ပင်ဟာ
ညောင်ပင်ကြီးနဲ့ ဘယ်တော့ကမှ အမြင့်ချင်းမပြိုင်ပါဘူး၊
မင်းလည်း မင်းမဟာ ကောင်းကင်နဲ့မင်းမိုု့
ငါလည်း ကျယ်ပြောတဲ့ ကွင်းပြင်နဲ့ ငါပါ။
ရေအေးခွက်ဟာ
ဘယ်တော့မှ ကော်ဖီခွက်နဲ့ အနွေးချင်း မပြိုင်ပါဘူး၊
မင်းဟာမင်း အငွေ့ တစ်ထောင်းထောင်းပေမဲ့လိုု့၊
ငါလည်း ငါ့အေးမြမှု နဲ့ငါပါ။
ဘယ်လိုုပဲနေနေ
ထမင်းသုုံးနပ်ပါ။
ဘယ်လိုုပဲ အသက်ရှင်ရှင်
ကျန်းမာဖိုု့က အဓိကပါ။
ပြိုင်ဆိုုင်ချင်ရင် ပျော်ရွှင်မှု ဆုုံးပါးရပါတယ်၊
မနာလိုုဖြစ်ရင် လောဘ ဒေါသ ပွားရပါတယ်၊
စိတ်ထားရှင်းလေ၊ သောကနည်းလေဖြစ်သလိုု
ရောင့်ရဲလွယ်လေ၊ ပျော်ရွှင်မှု စစ်စစ်ရရှိလေဖြစ်ပါတယ်။
သင်နဲ့ထိုုက်တန်ရင်
သင်မပြိုင်လည်း၊ သင်ပိုုင်သွားမှာပါ။
သင်နဲ့ မထိုုက်ခဲ့ရင်
ဘယ်လောက်ပဲ လောဘတက်တက်
ရပြီးရင်တောင် ပြန်ဆုုံးရှုံးသွားတတ်ပါတယ်။
ဘယ်သူပဲဖြစ်ဖြစ်၊ ဘာကိစ္စကိုုပဲ ဖြစ်ဖြစ်
အကောင်းဆုုံး ကြိုးစားပြီးရင် ကျေနပ်သင့်ပါပြီ၊
စိတ်ပျိုရင် ကိုုယ်နုုပါတယ်၊
စိတ်ထောင်းရင်လည်း ကိုုယ်ကျေပါတယ်၊
လူဆိုုတာ..
သူများရဲ့ လမ်းပြမြေပုုံကိုု လိုုက်လျှောက်ခြင်းထက်
ကိုုယ်ပိုုင်လမ်းကိုု လျှောက်လှမ်းတာ အချမ်းမြေ့ ဆုုံးပါ။
သူများရဲ့ ပြင်ပ တောက်ပြောင်မှုနဲ့
ကိုုယ့်အတွင်းစိတ်က အားနည်းချက်ကိုု
သွားမနှိုင်းယှဉ်မိဖိုု့ လိုုပါတယ်။
တောင်တက်သမားတိုုင်း သိကြပါလိမ့်မယ်။
တောင်ထိပ်တစ်ခုကို ရောက်တိုုင်းရောက်တိုုင်း
နောက်တောင်ထိပ်တစ်ခုုက ပိုုမြင့်တယ်လိုု့ အမြဲခံစားရပါတယ်။
အမြင့်တွေ့တိုုင်းသာ တက်ရမယ်ဆိုုရင်
ဘယ်တော့မှ တက်လိုု့ ပြီးတော့မှာ မဟုုတ်ပါ။
ဘဝမှာ၊ ပျော်ရွှင်မှု စစ်စစ်ကိုု ရယူခံစားလိုုရင်..
ရောင့်ရဲမှုနဲ့ အတူ၊
မိသားစုုဝင်တွေနဲ့ အေးအေးချမ်းချမ်းနေထိုုင်မယ်၊
သူငယ်ချင်းများနဲ့ ရိုုးရိုုးသားသားပေါင်းသင်းမယ်၊
သူများကိုု အတတ်နိုုင်ဆုုံး ကူညီမယ်၊
စိတ်ညစ်စေတဲ့ အရာများအားလုုံးကိုု လွတ်ချမယ်။
ပျော်ရွှင်နိုုင်ကြပါစေ။
Credit to Original writer Sayar U Aung Ko Latt
0 Comments