Overwatch Review

Overwatch ဂိမ္းက​ို​ေတာ့ ​ေတာ္​​ေတာ္​မ်ားမ်ား သိၾကမွာပါ ။ RTS မွာ အခုထိ နာမည္ရေနဆဲျဖစ္တဲ့ Warcraft ဂိမ္းတို႔ ၊ Diablo ဂိမ္းတို႔ထုတ္​တဲ့ Blizzard entertainment က ထုတ္​ထားတဲ့ first person shooter ဂိမ္းတခုျဖစ္​ၿပီး ၂၀၁၆ ကမွ ထြက္​ထားတာ သိပ္​မၾကာ​ေသးပါဘူး ။ သူစထြက္တဲ့ ၂၀၁၆ မွာပဲ The best ongoing game ဆု ရခဲ့ပါေသးတယ္​ ။ PS4, Xbox One ႏွင့္ PC မွာ ရရွိႏိုင္ပါတယ္ ။ Overwatch ကေတာ့ Final Fantasy XIV လုိမ်ိဳး cross-play ေတာ့ မရပါဘူး ။

စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version


Overwatch ဟာ PvP Competitive ဂိမ္းျဖစ္ေပမယ့္ တျခား competitive game ​ေတြလို သိပ္​ heavy ႀကီး မျဖစ္လို႔ pressure သိပ္​မမ်ားပါဘူး ။ rank တက္​​ေအာင္​လုပ္​မယ္​ဆိုရင္​​ေတာ့ pressure မ်ားမွာ​ေပါ့ဗ်ာ ။ အခ်ိန္နဲ႔ သတ္မွတ္ထားလို႔ တစ္ပြဲေဆာ့ရင္ အမ်ားဆံုးမွ မိနစ္ ၂၀ ပဲ ၾကာပါတယ္ ။ အခ်ိန္ သိပ္မေပးရတာမို႔ ​Overwatch ဟာ ​ေပါ့​ေပါ့ပါးပါးနဲ႔ ​ေဆာ့​ေပ်ာ္​တဲ့ ဂိမ္​းတစ္​ခုလို႔ ေျပာရတာ ျဖစ္ပါတယ္ ။ ဂိမ္​းထဲစဝင္​တာနဲ႔ tutorial နဲနဲ​ေဆာ့ၾကည္​့ၿပီးရင္​ ၿပိဳင္​ပြဲ​ေတြထဲ သူမ်ားနဲ႔တူတူ ဝင္​​ေဆာ့လို႔တတ္သြားပါၿပီ ​။ Overwatch ထဲက character ​ေတြရဲ႕ လႈပ္​႐ွားမႈ​ေတြဟာ ​ေျပျပစ္​​ေခ်ာ​ေမြ႔ပါတယ္​။ သတိထားရမိသ​ေလာက္​ ထစ္​​ေငါ့တာ​ေတြ ​ေလးလံ​ေနတာ​ေတြ မ႐ွိပါဘူး။ ​ေဆာ့ရ​ေကာင္​းပါတယ္​။ character ပံုစံ​ေတြလည္​း ကာတြန္​း႐ုပ္​​ေပမယ္​့ အျပင္​အဆင္​ဒီဇိုင္​း​ေတြက ​ေတာ္​​ေတာ္​မိုက္ပါ​တယ္​။ ​စမတ္​က်တယ္​။ လႈပ္​႐ွားမႈ​ေျပျပစ္​သလို ႐ုပ္​ထြက္​​ေနရာမွာလည္​း သပ္​ရပ္​တယ္​။ screen tear ျဖစ္​တာတို႔ မ႐ွိဘူး။ ပံုရိပ္​ျပတ္​တာတို႔ မ႐ွိဘူး​ေပါ့ဗ်ာ။ အ​ေရာင္​အ​ေသြး စိုတယ္​။

ၿပီး​ေတာ့ character ​ေတြရဲ႕ animation ​ေတြက အသံနဲ႔ လိုက္​ဖက္​မႈ႐ွိပါတယ္​။ ခ်ကြက္ေတြက လွတယ္​။ လ်င္​ျမန္​တယ္​။ ခ်ရ​တာ အရသာ႐ွိတယ္​။ ဥပမာ Moria ရဲ႕ လက္​ကထြက္​တဲ့ အရည္​လိုလို အ​ေငြ႔လိုလို ခရမ္​း​ေရာင္ႀကီးက ရန္​သူနဲ႔​ေတြ႔ရင္​ ရန္​သူ႔ရဲ႕ ​ေသြးတစ္​တိတိ ​စုပ္​ယူ​ေနတဲ့ အသံနဲ႔ဆို​ေတာ့ ကိုယ္​ပဲ တကယ္ပဲ စုပ္ယူ​ေနသလို ခံစားရပါတယ္​။ Widowmaker ရဲ႕ စႏိုက္​ပါပစ္​တဲ့အသံႀကီးက ဒိန္​းကနဲ ဒိန္​းကနဲနဲ႔ တစ္ေယာက္ေယာက္ထိလို႔ ​ေသသြားရင္​ အရမ္​းအရသာ႐ွိပါတယ္ ။ ​ေျပာသာ​ေျပာရတာ က်​ေနာ္​ပစ္​ရင္​ ပစ္​တိုင္​းလြဲလို႔ အဲ့မိန္​းမကို မကိုင္​ျဖစ္ပါဘူး။


Character အသံအ​ေၾကာင္​း​ေျပာရရင္​ overwatch မွာ အသံထည္​့ထားတာ ​ေတာ္​တယ္​လို႔ ​ေျပာရမလားပဲ။ တုိက္​ပြဲတပြဲတုိက္​​ေနၿပီဆို ကိုယ္​့ဘက္​ သူ႔ဘက္​ ​ေျပာ​ေနၾကတဲ့ အသံ​ေတြ ​ေအာ္​​ေနတဲ့အသံ​ေတြ လႈပ္​႐ွားမႈအသံ​ေတြ အဲ့ အသံ​ေတြက ကုိယ္​့ကို တကယ္​့တုိက္​ပြဲထဲ ​ေရာက္​​ေနသလို ခံစားရ​ေစတယ္​။ "နင္​့​ေနာက္​ကို သတိထား ...." "ငါနဲ႔အတူ တိုက္​မယ္​ ...." "အုပ္​စုစုၾကမယ္​​ေဟ့ ..." "အားး ဘာလုပ္​​ေနၾကတာလဲ တုိက္​မယ္​​ေလ" စသျဖင္​့ စသျဖင္​့ပါ။ ဒီမွာက က်​ေနာ္​ ျမန္​မာမႈျပဳထားတာ။ ဂိမ္​းထဲမွာ​ေတာ့ အဂၤလိပ္လိုခ်ည္​းပဲ ၾကားရမွာပါ။ တကယ္ေတာ့ ဒီအသံ​ေတြက ဘယ္​က​ေန ဘယ္​လို​ေတြလာ​ေတာ့မယ္​ ဘာ special attack ေတြ သံုး​ေတာ့မယ္​ဆိုတာ သတိ​ေပး​ေနသလိုပါပဲ။ ဒီစကား​ေျပာသံ​ေတြ နား​ေထာင္​ၿပီး ဘာ character ​ေတြ႐ွိလဲ ဘယ္​လို attack ​ေတြ လာႏိုင္​လဲဆိုတာ သိရပါတယ္​။


Gameplay အ​ေၾကာင္​း ​ေျပာရရင္​ training ဆိုတဲ့ mode ထဲမွာ tutorial ၃ မ်ိဳး႐ွိပါတယ္​။ ၿပီး​ေတာ့ quick play, competitive play, arcade, game browser ဆိုၿပီး game mode ၄ မ်ိဳး႐ွိပါတယ္​။ tutorial ၃ မ်ိဳးကေတာ့ တခုက အစက စသင္​​ေပးတာ ပစ္​ပံုပစ္​နည္​း ​ေျပးပံု​ေျပးနည္​း လုပ္​နည္​းကိုင္​နည္​း​ေတြ သင္​​ေပးတာ၊ ​ေနာက္​တစ္​ခုက လက္​တည္​​့​ေအာင္​ အပစ္​​ေလ့က်င္​့တဲ့​ေနရာ၊ ​ေနာက္​တစ္​ခုက​ေတာ့ AI အုပ္​စုနဲ႔ player အုပ္​စုတို႔ ယွဥ္​ၿပိဳင္​ရတာပါ။ quick play မွာ​ေတာ့ ​​ထိုးစစ္​ဆင္​တဲ့ ဘက္​နဲ႔ ခံုခံကာကြယ္​တဲ့ဘက္​​ ၂ ဘက္​ ​ေဆာ့ရတာပါတဲ့ mode ၃ မ်ိဳး႐ွိပါတယ္​။ ​ေပးထားတဲ့အခ်ိန္​အတြင္​း သတ္​မွတ္​​ေနရာ​ေရာက္​​ေအာင္​ payload ဆိုတဲ့ ကားကို လိုက္​ပုိ႔ရတဲ့ escort mode ရယ္​၊ သတ္​မွတ္​ထားတဲ့ ​ေနရာကို အခ်ိန္​မီ လိုက္​သိမ္​းရတဲ့ mode ရယ္​၊ ​ေနာက္​တစ္​ခုကေတာ့ ဒီ ၂ မ်ိဳးလံုးပါတဲ့ mode ရယ္​ပါ။ ၂ ခုလံုးပါတယ္​ဆိုတာက အပိုင္း ၂ ပိုင္းျဖစ္သြားတာကို ဆိုလိုတာပါ ။ ပထမ တစ္ပိုင္းက သူ သတ္​မွတ္​ထားတဲ့ ​ေနရာကို Attack ဆိုရင္​ အခ်ိန္​မီဝင္​သိမ္​းရပါတယ္။ တကယ္လို႔ ဝင္​သိမ္​းလို႔ရခဲ့ရင္​ ဒုတိယအပိုင္းအျဖစ္ ကား​တစ္စီးေပၚလာၿပီး အဲ့ဒီကားကို ​ေပးထားတဲ့အခ်ိန္​အတြင္​း သတ္​မွတ္​​ေနရာ​ေရာက္​​ေအာင္​ လိုက္​ပါပို႔​ေဆာင္​​ေပးရပါတယ္​။ တကယ္​လို႔ ကုိယ္​က Defend ​ေနရာက​ေဆာ့ရတာဆိုရင္​ ပထမဆံုး သတ္​မွတ္​​ေနရာကို ကာကြယ္​ရပါတယ္​။ ကာကြယ္​မႏိုင္လို႔ ရံႈးသြားခဲ့ရင္​ ဒုတိယအပိုင္းမွာ ကား​ေပၚလာတဲ့အခါ ကားကို ထြက္​မသြား​ေအာင္​ လိုက္​တားရပါတယ္​။ သတ္​မွတ္​​ေနရာကို ကာကြယ္​လို႔ ရခဲ့ရင္​ေတာ့ ကားကို သူ႔​ေနရာ​ေရာက္​​ေအာင္​ လိုက္​ပို႔​ေပးရတယ္​​ေပါ့။ Competitive mode က်​ေတာ့ နဲနဲ​ေလးနက္​သြားၿပီး quick play က mode ေတြကိုပဲ အခ်ိန္​နဲ႔ အမွတ္​​ေပးစနစ္​နဲ႔ ၂ ခါ ​ေဆာ့ရပါတယ္​ ။

Map ​ေတြကို ေျပာရရင္ ​မ်ားတယ္လို႔ ေျပာရေပမယ့္ တကယ္ေတာ့ သိပ္မမ်ားပါဘူး ။ ဒါေပမယ့္ အခုထိေတာ့ content အသစ္ေတြ map အသစ္ေတြ ထပ္ထည့္ေနဆဲပါပဲ ။ အ​ေဆာက္​အဦးဒီဇိုင္​း​ေတြ အ​ေနအထား​ေတြက character တစ္​​ေယာက္​ခ်င္​းစီရဲ႕ ရာဇဝင္​မွာပါတဲ့ ​ေနရာ​ေလး​ေတြ​ေပါ့ဗ်ာ။ ​Overwatch မွာ႐ွိတဲ့ character တစ္​​ေယာက္​ခ်င္​းစီရဲ႕ ဇာတ္​လမ္​း​ေတြကို video အပိုင္​း​ေလး​ေတြနဲ႔ သူ႔ website မွာ တင္​ထားပါတယ္​။ အားရင္​ေတာ့ သြားၾကည္​့ၾကည္​့​ေပါ့ဗ်ာ။ သူတို႔ဇာတ္​လမ္​း​ေလးေတြ သိရတာ​ေပါ့။ Map အေနအထားကို ေျပာရရင္ သိပ္မႀကီးသလို သိပ္လည္း မက်ယ္ပါဘူး ။ အ​ေဆာက္​အဦး​ေတြက ဘယ္​​ေနရာမဆို ဝင္​ထြက္​သြားလာလို႔ရ​ေနေတာ့ ​ေျမပံုအ​ေနအထားကြၽမ္​းတဲ့သူ​ေတြဆို တိုက္​ပြဲမွာ အသာစီးရပါတယ္​။ ႏိုင္​တဲ့ ရာခိုင္​ႏႈန္​းမ်ားတယ္​​ေပါ့ဗ်ာ။


Character ဘက္​ျခမ္​းကို ၾကည္​့ၾကည္​့ရ​ေအာင္​

Character ​ေတြက​ေတာ့ အခုဆို Ashe ဆိုတဲ့ အသစ္​တစ္​​ေယာက္​ပိုလာလို႔ စုစု​ေပါင္​း ၂၉ ​ေယာက္​႐ွိသြားပါၿပီ။ Overwatch မွာက ​ေဆာ့ရင္​ တိုက္​ပြဲထဲ ဘယ္​​ေလာက္​ပဲ ​ေ​​သ​ေသ 10 second အတြင္​း ျပန္​ respawn ျဖစ္​​ပါတယ္​။ ၿပီး​ေတာ့ တိုက္​ပြဲတြင္​းမွာပဲ character ​ေတြ ႀကိဳက္​သလို ​ေျပာင္​းလဲတိုက္​လို႔ရပါတယ္​။ tank နဲ႔တိုက္​တာ အဆင္​မ​ေျပဘူးလား ရတယ္​ ​ေသၿပီး ျပန္​ထလာရင္​ ကိုယ္​့ base ထဲမွာပဲ တျခား attack အမ်ိဳးအစား character ​ေရြးၿပီး ျပန္​သြားခ်လို႔ရတယ္​။

Character တ​ေယာက္​ခ်င္​းစီမွာ ထူးျခားတဲ့ စတိုင္​၊ ပါဝါ​ေတြ၊ skill ​ေတြ ႐ွိၾကပါတယ္​။ Tank အမ်ိဳးအစား၊ Defend အမ်ိဳးအစား၊ Attack အမ်ိဳးအစား ​ေနာက္​ၿပီး Support အမ်ိဳးအစားဆိုၿပီး ခြဲျခားထားတာ ​ေတြ႔ရပါတယ္​။ Tank က​ေတာ့ ​ေသြးကန္​ႀကီးပါတယ္​။ skill ​ေတြက ကိုယ္​့အုပ္​စုကို ကာကြယ္​​ေရးစနစ္​​ေပးတဲ့ skill ​ေတြ​ မ်ားတယ္​​ေပါ့။ Attack အမ်ိဳးအစားက်​ေတာ့ dps လုပ္​ဖို႔ သီးသန္​႔​ေပါ့ဗ်ာ။ သူ႔ skill ​ေတြက damage မ်ားတဲ့ skill ​ေတြမ်ားတာဆို​ေတာ့ ထိုးစစ္​ဆင္​ဖို႔ အ​ေကာင္​းဆံုးပါ​ပဲ။ defend အမ်ိဳးအစားကေတာ့ dps ​လုပ္​ဖို႔ skill ​ေရာ ကာကြယ္​တဲ့ skill ​ေတြပါ ပါပါတယ္​။ support က​ေတာ့ ​ေသြးျဖည္​့ဖို႔နဲ႔ ကုိယ္​့အဖြဲ႔ damage ျမင္​့လာ​ေအာင္​ defence ျမင္​့လာ​ေအာင္​ လုပ္​​ေပးပါတယ္​။ အဖြဲ႔တစ္​ဖြဲ႔မွာ dps, tank, support, atk အမ်ိဳးအစား အစံုအလင္​ပါရမယ္​လို႔ သတ္​မွတ္​ထားတာမ​်ိဳးေတာ့ မ႐ွိပါဘူး။ လက္​႐ွိ တိုက္​​ေနတဲ့ တိုက္​ပြဲ အ​ေန​အထားနဲ႔ အဆင္​​ေျပရာကို ခ်​ေနရင္​း နဲ႔ပဲ ​ေျပာင္​းရင္​း ​ေရြးရင္​း ​ေဆာ့ရတာပါ။ က်​ေနာ္​​ေဆာ့​ေနတာ တခါတ​ေလဆို tank မပါပဲ ႏိုင္​သြားတာတို႔၊ support မပါပဲ ႏိုင္​သြားတာတို႔ ႐ွိခဲ့ဖူးပါတယ္​။ ဒါက​ေတာ့ quick play မွာပါ။ တကယ္​့တကယ္ competitive မွာ​ေတာ့ အဲ့လို ​ေဆာ့လို႔မရပါဘူး။ အနည္​းဆံုး heal ​ေပးႏိုင္​တဲ့ တစ္​​ေယာက္​နဲ႔ tank တစ္​​ေယာက္​က​ေတာ့ ပါမွကို ျဖစ္​တာပါ ။ Competitive က ​pressure မ်ားလို႔ က်​ေနာ္​အေနနဲ႔ သိပ္​မ​ေဆာ့ျဖစ္​ပါဘူး။ ​ေပါ့​ေပါ့ပါးပါး quick play ပဲ အ​ေဆာ့မ်ားပါတယ္​။


ေနာက္ Overwatch မွာ တကယ္​့​ေငြနဲ႔ ဝယ္​ရတဲ့ အပိုင္​း​ေတြ ႐ွိပါ​ေသးတယ္​။ ဒါက​ေတာ့ character ​ေတြရဲ႕ skin ​ေတြပါ။ ​ဒါ​ေတြက​ေတာ့ gameplay အ​ေပၚအက်ိဳးသက္​​ေရာက္​မႈ မ႐ွိပါဘူး။ ဒါေပမယ့္ သူမ်ားက ကိုယ့္ကို ၾကည္​့ရင္​ ​ေတြ႔ရမယ္​့ အရာ​ေတြ​ေပါ့။ ႂကြားလို႔ ရတယ္ေပါ့ဗ်ာ။ skin ​ေတြကို in game coil ​ေတြနဲ႔ ဝယ္​လို႔ရပါတယ္​။ ေနာက္ၿပီး level တစ္​ခုတက္​ရင္​ ရတတ္​တဲ့ loot box ​ေတြက​ေနလည္​း ရႏိုင္​ပါ​ေသးတယ္​။ ၿပီး​ေတာ့ competitive match ​ေတြက​ေနလည္​း ရပါတယ္​။ in game coil ​ေတြရတာကလည္​း အဲ့ဒီ loot box ​ေတြက​ေနပါပဲ။

Overwatch ဂိမ္​းကို ျခံဳငံုၾကည္​့မယ္​ဆိုရင္​ character ​ေတြက ​ကာတြန္​း​႐ုပ္​ဆန္​​ေပမယ္​့ ဒီဇိုင္​း​ေတြက စတိုင္​က်တယ္​ လွတယ္​ မုိက္​တယ္​။ gameplay ၾကည္​့မယ္​ဆိုရင္​လည္​း ​အသြားအလာ ​ေခ​်ာ​မြတ္​​ေျပျပစ္​တယ္​။ ဂိမ္​းတစ္​ခုလံုးရဲ႕ ႐ုပ္​ထြက္​က ​ေသသပ္​တယ္​ အ​ေရာင္​စိုစိုနဲ႔ လွတယ္​။ အ​ေသးစိတ္​က်တယ္​။ battlefield တို႔လို အရမ္​းႀကီး dark မျဖစ္​ဘူး heavy မျဖစ္​ဘူး။ အခ်ိန္သိပ္မေပးရေတာ့ ​ေပါ့​ေပါ့ပါးပါးနဲ႔ ​ေဆာ့လို႔ အရမ္​း​ေကာင္​းပါတယ္​။ အပ်င္​း​ေျပ​ေအာင္​ စိတ္​အပန္​း​ေျပ​ေအာင္​ ​ေဆာ့ဖို႔ အ​ေကာင္​းဆံုး ဂိမ္​းတစ္​ခုလို႔ ဆိုရမွာပဲ ျဖစ္​ပါတယ္​။

8.5/10

Official Website => https://playoverwatch.com/en-us/


Unicode


Overwatch ဂိမ်းကိုတော့ တော်တော်များများ သိကြမှာပါ ။ RTS မှာ အခုထိ နာမည်ရနေဆဲဖြစ်တဲ့ Warcraft ဂိမ်းတို့ ၊ Diablo ဂိမ်းတို့ထုတ်တဲ့ Blizzard entertainment က ထုတ်ထားတဲ့ first person shooter ဂိမ်းတခုဖြစ်ပြီး ၂၀၁၆ ကမှ ထွက်ထားတာ သိပ်မကြာသေးပါဘူး ။ သူစထွက်တဲ့ ၂၀၁၆ မှာပဲ The best ongoing game ဆု ရခဲ့ပါသေးတယ် ။ PS4, Xbox One နှင့် PC မှာ ရရှိနိုင်ပါတယ် ။ Overwatch ကတော့ Final Fantasy XIV လိုမျိုး cross-play တော့ မရပါဘူး ။


Overwatch ဟာ PvP Competitive ဂိမ်းဖြစ်ပေမယ့် တခြား competitive game တွေလို သိပ် heavy ကြီး မဖြစ်လို့ pressure သိပ်မများပါဘူး ။ rank တက်အောင်လုပ်မယ်ဆိုရင်တော့ pressure များမှာပေါ့ဗျာ ။ အချိန်နဲ့ သတ်မှတ်ထားလို့ တစ်ပွဲဆော့ရင် အများဆုံးမှ မိနစ် ၂၀ ပဲ ကြာပါတယ် ။ အချိန် သိပ်မပေးရတာမို့ Overwatch ဟာ ပေါ့ပေါ့ပါးပါးနဲ့ ဆော့ပျော်တဲ့ ဂိမ်းတစ်ခုလို့ ပြောရတာ ဖြစ်ပါတယ် ။ ဂိမ်းထဲစဝင်တာနဲ့ tutorial နဲနဲဆော့ကြည့်ပြီးရင် ပြိုင်ပွဲတွေထဲ သူများနဲ့တူတူ ဝင်ဆော့လို့တတ်သွားပါပြီ ။ Overwatch ထဲက character တွေရဲ့ လှုပ်ရှားမှုတွေဟာ ပြေပြစ်ချောမွေ့ပါတယ်။ သတိထားရမိသလောက် ထစ်ငေါ့တာတွေ လေးလံနေတာတွေ မရှိပါဘူး။ ဆော့ရကောင်းပါတယ်။ character ပုံစံတွေလည်း ကာတွန်းရုပ်ပေမယ့် အပြင်အဆင်ဒီဇိုင်းတွေက တော်တော်မိုက်ပါတယ်။ စမတ်ကျတယ်။ လှုပ်ရှားမှုပြေပြစ်သလို ရုပ်ထွက်နေရာမှာလည်း သပ်ရပ်တယ်။ screen tear ဖြစ်တာတို့ မရှိဘူး။ ပုံရိပ်ပြတ်တာတို့ မရှိဘူးပေါ့ဗျာ။ အရောင်အသွေး စိုတယ်။

ပြီးတော့ character တွေရဲ့ animation တွေက အသံနဲ့ လိုက်ဖက်မှုရှိပါတယ်။ ချကွက်တွေက လှတယ်။ လျင်မြန်တယ်။ ချရတာ အရသာရှိတယ်။ ဥပမာ Moria ရဲ့ လက်ကထွက်တဲ့ အရည်လိုလို အငွေ့လိုလို ခရမ်းရောင်ကြီးက ရန်သူနဲ့တွေ့ရင် ရန်သူ့ရဲ့ သွေးတစ်တိတိ စုပ်ယူနေတဲ့ အသံနဲ့ဆိုတော့ ကိုယ်ပဲ တကယ်ပဲ စုပ်ယူနေသလို ခံစားရပါတယ်။ Widowmaker ရဲ့ စနိုက်ပါပစ်တဲ့အသံကြီးက ဒိန်းကနဲ ဒိန်းကနဲနဲ့ တစ်ယောက်ယောက်ထိလို့ သေသွားရင် အရမ်းအရသာရှိပါတယ် ။ ပြောသာပြောရတာ ကျနော်ပစ်ရင် ပစ်တိုင်းလွဲလို့ အဲ့မိန်းမကို မကိုင်ဖြစ်ပါဘူး။


 Character အသံအကြောင်းပြောရရင် overwatch မှာ အသံထည့်ထားတာ တော်တယ်လို့ ပြောရမလားပဲ။ တိုက်ပွဲတပွဲတိုက်နေပြီဆို ကိုယ့်ဘက် သူ့ဘက် ပြောနေကြတဲ့ အသံတွေ အော်နေတဲ့အသံတွေ လှုပ်ရှားမှုအသံတွေ အဲ့ အသံတွေက ကိုယ့်ကို တကယ့်တိုက်ပွဲထဲ ရောက်နေသလို ခံစားရစေတယ်။ "နင့်နောက်ကို သတိထား ...." "ငါနဲ့အတူ တိုက်မယ် ...." "အုပ်စုစုကြမယ်ဟေ့ ..." "အားး ဘာလုပ်နေကြတာလဲ တိုက်မယ်လေ" စသဖြင့် စသဖြင့်ပါ။ ဒီမှာက ကျနော် မြန်မာမှုပြုထားတာ။ ဂိမ်းထဲမှာတော့ အင်္ဂလိပ်လိုချည်းပဲ ကြားရမှာပါ။ တကယ်တော့ ဒီအသံတွေက ဘယ်ကနေ ဘယ်လိုတွေလာတော့မယ် ဘာ special attack တွေ သုံးတော့မယ်ဆိုတာ သတိပေးနေသလိုပါပဲ။ ဒီစကားပြောသံတွေ နားထောင်ပြီး ဘာ character တွေရှိလဲ ဘယ်လို attack တွေ လာနိုင်လဲဆိုတာ သိရပါတယ်။

Gameplay အကြောင်း ပြောရရင် training ဆိုတဲ့ mode ထဲမှာ tutorial ၃ မျိုးရှိပါတယ်။ ပြီးတော့ quick play, competitive play, arcade, game browser ဆိုပြီး game mode ၄ မျိုးရှိပါတယ်။ tutorial ၃ မျိုးကတော့ တခုက အစက စသင်ပေးတာ ပစ်ပုံပစ်နည်း ပြေးပုံပြေးနည်း လုပ်နည်းကိုင်နည်းတွေ သင်ပေးတာ၊ နောက်တစ်ခုက လက်တည့်အောင် အပစ်လေ့ကျင့်တဲ့နေရာ၊ နောက်တစ်ခုကတော့ AI အုပ်စုနဲ့ player အုပ်စုတို့ ယှဉ်ပြိုင်ရတာပါ။ quick play မှာတော့ ထိုးစစ်ဆင်တဲ့ ဘက်နဲ့ ခုံခံကာကွယ်တဲ့ဘက် ၂ ဘက် ဆော့ရတာပါတဲ့ mode ၃ မျိုးရှိပါတယ်။ ပေးထားတဲ့အချိန်အတွင်း သတ်မှတ်နေရာရောက်အောင် payload ဆိုတဲ့ ကားကို လိုက်ပို့ရတဲ့ escort mode ရယ်၊ သတ်မှတ်ထားတဲ့ နေရာကို အချိန်မီ လိုက်သိမ်းရတဲ့ mode ရယ်၊ နောက်တစ်ခုကတော့ ဒီ ၂ မျိုးလုံးပါတဲ့ mode ရယ်ပါ။ ၂ ခုလုံးပါတယ်ဆိုတာက အပိုင်း ၂ ပိုင်းဖြစ်သွားတာကို ဆိုလိုတာပါ ။ ပထမ တစ်ပိုင်းက သူ သတ်မှတ်ထားတဲ့ နေရာကို Attack ဆိုရင် အချိန်မီဝင်သိမ်းရပါတယ်။ တကယ်လို့ ဝင်သိမ်းလို့ရခဲ့ရင် ဒုတိယအပိုင်းအဖြစ် ကားတစ်စီးပေါ်လာပြီး အဲ့ဒီကားကို ပေးထားတဲ့အချိန်အတွင်း သတ်မှတ်နေရာရောက်အောင် လိုက်ပါပို့ဆောင်ပေးရပါတယ်။ တကယ်လို့ ကိုယ်က Defend နေရာကဆော့ရတာဆိုရင် ပထမဆုံး သတ်မှတ်နေရာကို ကာကွယ်ရပါတယ်။ ကာကွယ်မနိုင်လို့ ရှုံးသွားခဲ့ရင် ဒုတိယအပိုင်းမှာ ကားပေါ်လာတဲ့အခါ ကားကို ထွက်မသွားအောင် လိုက်တားရပါတယ်။ သတ်မှတ်နေရာကို ကာကွယ်လို့ ရခဲ့ရင်တော့ ကားကို သူ့နေရာရောက်အောင် လိုက်ပို့ပေးရတယ်ပေါ့။ Competitive mode ကျတော့ နဲနဲလေးနက်သွားပြီး quick play က mode တွေကိုပဲ အချိန်နဲ့ အမှတ်ပေးစနစ်နဲ့ ၂ ခါ ဆော့ရပါတယ် ။


Map တွေကို ပြောရရင် များတယ်လို့ ပြောရပေမယ့် တကယ်တော့ သိပ်မများပါဘူး ။ ဒါပေမယ့် အခုထိတော့ content အသစ်တွေ map အသစ်တွေ ထပ်ထည့်နေဆဲပါပဲ ။ အဆောက်အဦးဒီဇိုင်းတွေ အနေအထားတွေက character တစ်ယောက်ချင်းစီရဲ့ ရာဇဝင်မှာပါတဲ့ နေရာလေးတွေပေါ့ဗျာ။ Overwatch မှာရှိတဲ့ character တစ်ယောက်ချင်းစီရဲ့ ဇာတ်လမ်းတွေကို video အပိုင်းလေးတွေနဲ့ သူ့ website မှာ တင်ထားပါတယ်။ အားရင်တော့ သွားကြည့်ကြည့်ပေါ့ဗျာ။ သူတို့ဇာတ်လမ်းလေးတွေ သိရတာပေါ့။ Map အနေအထားကို ပြောရရင် သိပ်မကြီးသလို သိပ်လည်း မကျယ်ပါဘူး ။ အဆောက်အဦးတွေက ဘယ်နေရာမဆို ဝင်ထွက်သွားလာလို့ရနေတော့ မြေပုံအနေအထားကျွမ်းတဲ့သူတွေဆို တိုက်ပွဲမှာ အသာစီးရပါတယ်။ နိုင်တဲ့ ရာခိုင်နှုန်းများတယ်ပေါ့ဗျာ။

Character ဘက်ခြမ်းကို ကြည့်ကြည့်ရအောင်

Character တွေကတော့ အခုဆို Ashe ဆိုတဲ့ အသစ်တစ်ယောက်ပိုလာလို့ စုစုပေါင်း ၂၉ ယောက်ရှိသွားပါပြီ။ Overwatch မှာက ဆော့ရင် တိုက်ပွဲထဲ ဘယ်လောက်ပဲ သေသေ 10 second အတွင်း ပြန် respawn ဖြစ်ပါတယ်။ ပြီးတော့ တိုက်ပွဲတွင်းမှာပဲ character တွေ ကြိုက်သလို ပြောင်းလဲတိုက်လို့ရပါတယ်။ tank နဲ့တိုက်တာ အဆင်မပြေဘူးလား ရတယ် သေပြီး ပြန်ထလာရင် ကိုယ့် base ထဲမှာပဲ တခြား attack အမျိုးအစား character ရွေးပြီး ပြန်သွားချလို့ရတယ်။


Character တယောက်ချင်းစီမှာ ထူးခြားတဲ့ စတိုင်၊ ပါဝါတွေ၊ skill တွေ ရှိကြပါတယ်။ Tank အမျိုးအစား၊ Defend အမျိုးအစား၊ Attack အမျိုးအစား နောက်ပြီး Support အမျိုးအစားဆိုပြီး ခွဲခြားထားတာ တွေ့ရပါတယ်။ Tank ကတော့ သွေးကန်ကြီးပါတယ်။ skill တွေက ကိုယ့်အုပ်စုကို ကာကွယ်ရေးစနစ်ပေးတဲ့ skill တွေ များတယ်ပေါ့။ Attack အမျိုးအစားကျတော့ dps လုပ်ဖို့ သီးသန့်ပေါ့ဗျာ။ သူ့ skill တွေက damage များတဲ့ skill တွေများတာဆိုတော့ ထိုးစစ်ဆင်ဖို့ အကောင်းဆုံးပါပဲ။ defend အမျိုးအစားကတော့ dps လုပ်ဖို့ skill ရော ကာကွယ်တဲ့ skill တွေပါ ပါပါတယ်။ support ကတော့ သွေးဖြည့်ဖို့နဲ့ ကိုယ့်အဖွဲ့ damage မြင့်လာအောင် defence မြင့်လာအောင် လုပ်ပေးပါတယ်။ အဖွဲ့တစ်ဖွဲ့မှာ dps, tank, support, atk အမျိုးအစား အစုံအလင်ပါရမယ်လို့ သတ်မှတ်ထားတာမျိုးတော့ မရှိပါဘူး။ လက်ရှိ တိုက်နေတဲ့ တိုက်ပွဲ အနေအထားနဲ့ အဆင်ပြေရာကို ချနေရင်း နဲ့ပဲ ပြောင်းရင်း ရွေးရင်း ဆော့ရတာပါ။ ကျနော်ဆော့နေတာ တခါတလေဆို tank မပါပဲ နိုင်သွားတာတို့၊ support မပါပဲ နိုင်သွားတာတို့ ရှိခဲ့ဖူးပါတယ်။ ဒါကတော့ quick play မှာပါ။ တကယ့်တကယ် competitive မှာတော့ အဲ့လို ဆော့လို့မရပါဘူး။ အနည်းဆုံး heal ပေးနိုင်တဲ့ တစ်ယောက်နဲ့ tank တစ်ယောက်ကတော့ ပါမှကို ဖြစ်တာပါ ။ Competitive က pressure များလို့ ကျနော်အနေနဲ့ သိပ်မဆော့ဖြစ်ပါဘူး။ ပေါ့ပေါ့ပါးပါး quick play ပဲ အဆော့များပါတယ်။


နောက် Overwatch မှာ တကယ့်ငွေနဲ့ ဝယ်ရတဲ့ အပိုင်းတွေ ရှိပါသေးတယ်။ ဒါကတော့ character တွေရဲ့ skin တွေပါ။ ဒါတွေကတော့ gameplay အပေါ်အကျိုးသက်ရောက်မှု မရှိပါဘူး။ ဒါပေမယ့် သူများက ကိုယ့်ကို ကြည့်ရင် တွေ့ရမယ့် အရာတွေပေါ့။ ကြွားလို့ ရတယ်ပေါ့ဗျာ။ skin တွေကို in game coil တွေနဲ့ ဝယ်လို့ရပါတယ်။ နောက်ပြီး level တစ်ခုတက်ရင် ရတတ်တဲ့ loot box တွေကနေလည်း ရနိုင်ပါသေးတယ်။ ပြီးတော့ competitive match တွေကနေလည်း ရပါတယ်။ in game coil တွေရတာကလည်း အဲ့ဒီ loot box တွေကနေပါပဲ။

Overwatch ဂိမ်းကို ခြုံငုံကြည့်မယ်ဆိုရင် character တွေက ကာတွန်းရုပ်ဆန်ပေမယ့် ဒီဇိုင်းတွေက စတိုင်ကျတယ် လှတယ် မိုက်တယ်။ gameplay ကြည့်မယ်ဆိုရင်လည်း အသွားအလာ ချောမွတ်ပြေပြစ်တယ်။ ဂိမ်းတစ်ခုလုံးရဲ့ ရုပ်ထွက်က သေသပ်တယ် အရောင်စိုစိုနဲ့ လှတယ်။ အသေးစိတ်ကျတယ်။ battlefield တို့လို အရမ်းကြီး dark မဖြစ်ဘူး heavy မဖြစ်ဘူး။ အချိန်သိပ်မပေးရတော့ ပေါ့ပေါ့ပါးပါးနဲ့ ဆော့လို့ အရမ်းကောင်းပါတယ်။ အပျင်းပြေအောင် စိတ်အပန်းပြေအောင် ဆော့ဖို့ အကောင်းဆုံး ဂိမ်းတစ်ခုလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

8.5/10

Official Website => https://playoverwatch.com/en-us/

Post a Comment

0 Comments