စိတ်​ထဲ တည်​ငြိမ်​​အေးချမ်းသွား​စေမယ့်​ မိုဘိုင်းဂိမ်းများ

ရုပ်ထွက်အလန်းစားနဲ့ အပစ်အခတ် အထိုးအကြိတ် အသတ်အဖြတ်တွေနဲ့ ဂိမ်းတွေဆော့ရတာ စိတ်လှုပ်ရှားပြီး ပျော်ဖို့ကောင်းပေမယ့် တခါတလေမှာ အတွင်းစိတ် တည်ငြိမ်အေးချမ်းမှုကို ပေးမယ့် ပေါ့ပေါ့ပါးပါး ဂိမ်းလေးတွေ ကစားကြည့်ရတာ အရသာရှိပါတယ် .... အချိန်တိုင်း စိတ်လှုပ်ရှားရတာတွေ ခေါင်းစားစေတဲ့ အရာတွေ စိတ်ပင်ပန်းစရာတွေ ဦးနှောက်ကို ပေးနေရတာ သိပ်မကောင်းဘူး ....

ဒါကြောင့် တခါတလေမှာ ဦးနှောက်အတွက် စိတ်ထဲ အေးချမ်းလန်းဆန်းမှုကို ပေးမယ့် ဂိမ်းလေးတွေ ဆော့ကြည့်ပါ ... အောက်မှာတော့ ကြည့်လိုက်တာနဲ့ စိတ်ထဲ တည်ငြိမ်အေးချမ်းသွားစေမယ့် ဂိမ်းတွေ စုစည်းပေးထားပါတယ် .... အကုန်လုံး Offline ဂိမ်းတွေပါ ....

ဒီလိုဂိမ်းတွေလိုမျိုး ဂိမ်းကောင်းလေးတွေ ရှိသေးရင်လည်း comment မှာ ပြသွားနိုင်ပါတယ် .... ကျနော်အပါအဝင် မသိသေးတဲ့သူများ သိရတာပေါ့

Enjoy.

Deemo

Deemo
******
ဂိမ်းကတော့ ဇာတ်လမ်းသွားနဲ့ ပေါင်းစပ်ထားတဲ့ rhythm အမျိုးအစားဂိမ်းတစ်ခုပါ ။ offline ဖြစ်ပါတယ် ။ story mode ပါပြီး song ပေါင်း ၄၀ ကျော် ရှိပြီး သီချင်းတွေက အတော်လေး နားထောင်ကောင်းပါတယ် ။ gameplay က ရိုးရှင်းတယ်... နားလည်လွယ်တယ် ။ free to play ပေမယ့် free version မှာ story mode ကန့်သတ်ထားပါတယ် ။ အပြည့်ကစားချင်ရင်တော့ ဒေါ်လာပေးဝယ်ရမှာပါ ။

Story အကြောင်း ပြောပြရရင်

ဇာတ်လိုက် Deemo က ရဲတိုက်ထဲ တစ်ယောက်တည်း အထီးကျန်နေနေတယ် ။ တနေ့တော့ ကောင်းကင်ပေါ်ကနေ ကောင်မလေးတစ်ယောက် ပြုတ်ကျလာတယ် ။ အဲ့ကောင်မလေးက သူ့ကိုယ်သူ ဘယ်သူမှန်းမသိသလို ဘယ်နေရာက လာမှန်းလည်း မသိဘူး ။ ဒါနဲ့ ကောင်မလေးကို သူကျလာတဲ့နေရာကို ပြန်ပို့ပေးရတော့မယ်ပေါ့ ။ ဘယ်လိုပြန်ပို့ပေးမှာလဲ? Deemo ဟာ သူ့ရဲတိုက်ထဲက စန္ဒယားတစ်ခုဟာ တီးခတ်လိုက်တိုင်း သူ့အပေါ်ကနေ သစ်ပင်တစ်ပင် ရှည်ရှည်ထွက်လာတာကို သတိထားမိတယ် ။ ပို့ပေးဖို့ကြိုးစားတဲ့ Demo တစ်ယောက် ကောင်မလေးကို ခင်တွယ်မိတဲ့အခါ ဘယ်လို ဖြစ်မှာလဲ? ကောင်မလေးကရော သူမကိုယ်တိုင် လက်ခံဖို့ခက်ခဲတဲ့ အဖြစ်မှန်သိရတဲ့အခါ ဘယ်လိုဖြစ်မှာလဲ?

Deemo ဂိမ်းက​​တော့ PS Vita မှာ ထွက်​ခဲ့ပြီးပါပြီ ။ Nintendo switch အတွက်​​တော့ ၂၀၁၉ ဇန်​န၀ါရီ ၂၉ မှာ ထွက်​လာ​တော့မှာ ဖြစ်​ပါတယ်​ ။ andriod မှာ​တော့ free ပါ ။

Andriod => https://m.apkpure.com/deemo/com.rayark.pluto
iOS => https://itunes.apple.com/us/app/deemo/id700637744?mt=8

OPUS: Rocket of Whispers


OPUS: Rocket of Whispers
*********************
အဲ့ဂိမ်းကတော့ animation အပိုင်း ၊ story အပိုင်း ဆုရခဲ့တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ အပေါ်တည့်တည့်က ကြည့်ပြီး ကစားရမယ့် ဇာတ်လမ်းသွား အမျိုးအစားပါ ။

ပလိတ်ရောဂါတစ်ခုကြောင့် လူတွေ အကုန် သေကုန်သွားကြလို့ ကမ္ဘာကြီးမှာ လူတွေ မရှိတော့ဘူး ။ ဒါပေမယ့် အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ရှိတယ် ။ အဲ့ဒါက John ဆိုတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး သူက ဒုံးကျည်အင်ဂျင်နီယာမိသားစုက ဆင်းသက်လာသူဖြစ်တယ် ။ နောက်တစ်ယောက်က ရိုးရာအရ သေပြီးလူတွေရဲ့ ဝိညာဉ်တွေကို ဒုံးကျည်နဲ့ အာကာသထဲလွတ်တင်ပြီး လွတ်မြောက်အောင် လုပ်ပေးတဲ့ မှော်ဆရာမ ။ သူတို့ ၂ ယောက် ကံကြမ္မာအရ တွေ့ဆုံခဲ့ရပြီး ဒုံးကျည်လုပ်ရင်းနဲ့ ဘယ်လိုဖြစ်မလဲဆိုတာ ကစားရမှာပါ ။

ပတ်ဝန်းကျင်တခွင် နှင်းတွေ တဖွေးဖွေးကျနေပြီး တခါတရံ အကူအညီတောင်းတတ်တဲ့ ဝိညာဉ်တွေ ဟိုတစ်စု ဒီတစ်စု တွေ့ရတတ်တာကလွဲလို့ လူသူကင်းမဲ့နေပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်မှာ တယောက်တည်း အထီးကျန်နေနေရတဲ့ ခံစားချက်ကိုပေးမယ့် ဂိမ်းပလေးပါပဲ ။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ player က ဒုံးကျည်ပြုလုပ်ဖို့ လိုအပ်တာတွေ လိုက်ရှာရမှာပါ ။ စိတ်ခံစားချက် အများကြီးပေးတဲ့ ဂိမ်းလို့ နာမည်ကြီးနေပါတယ် ။

PC, Mac နှင့် Nintendo Switch အတွက် ထွက်ရှိခဲ့ပြီးပါပြီ ။ PC, Mac နှင့် Nintendo Switch မှာ ဒေါ်လာနဲ့ ဝယ်ရမှာ ဖြစ်ပေမယ့် Andriod နှင့် iOS မှာတော့ free ပါ ။

Andriod => https://play.google.com/store/apps/details?id=com.sigono.heaven01

iOS => https://itunes.apple.com/us/app/opus-rocket-of-whispers/id1199291635?mt=8

PC => https://store.steampowered.com/app/742250/OPUS_Rocket_of_Whispers/

Old Man Journey


Old Man Journey
*************
Old Man Journey ဂိမ်းကတော့ အဘိုးအိုတစ်ယောက်ရဲ့ ခရီးသွား အတွေ့အကြုံကို ခံစားရစေမယ့် ဂိမ်းတစ်ခုပါ ။ ဂိမ်းပလေးကတော့ point-and-click အမျိုးအစားနဲ့ puzzle လေးတွေ ဖြေရှင်းရတာ ဖြစ်ပါတယ် ။ စကားပြော ဒိုင်ယာလော့ခ်တွေ တခုမှမပါပဲ ပန်းချီကားတစ်ကားပြီး တစ်ကား ထိုင်ကြည့်နေရသလို ကစားရမယ့် ဂိမ်းတစ်ခုပါ ။ စိတ်အပန်းပြေစေမယ့်အပြင် တစ်ယောက်တည်း ခရီးသွားနေရတဲ့ အဘိုးအိုတစ်ယောက်ရဲ့ ခံစားချက်နဲ့ ဇာတ်လမ်းကို ဖော်ကျူးသွားတဲ့ ဂိမ်းကောင်းတစ်ခုပါပဲ ။

PC, Mac, PS4 နှင့် Nintendo Switch အတွက် ရှိပါတယ် ။ ဒေါ်လာနဲ့ ဝယ်ဆော့ရမှာပါ ။

ဂိမ်းဝက်​ဘ်​ဆိုက်​ => http://www.oldmansjourney.com/

Monument Valley


Monument valley
*************
Monument valley ကတော့ puzzle အမျိုးအစားပါ ။ သူလည်းပဲ မိုဘိုင်းဂိမ်းဘက်မှာ ဆုတွေ အများကြီးရခဲ့ပါတယ် ။ ရုပ်ထွက်က တော်တော်လှတယ် ချစ်ဖို့ကောင်းတယ် စိတ်အပန်းပြေစေတယ် ။ ကောင်မလေး Ida ကို သူသွားချင်တဲ့ နေရာကို ဖြောင့်ဖြောင့်ဖြူးဖြူးသွားနိုင်အောင် ပြင်ပေးရမှာပါ ။ ဇာတ်လမ်းသွားလေးလည်း စိတ်ဝင်စားဖို့ကောင်းပါတယ် ။

Monument Valley 1 နှင့် Monument Valley 2 ဆိုပြီး ၂ ခု ရှိပါတယ် ။ ဂိမ်း ၂ ခုလုံး PC အတွက်လည်း ထွက်ထားပါတယ် ။ iOS, Andriod, PC ၃ ခုလုံးမှာ ဆော့ချင်ရင် ဒေါ်လာပေးဝယ်ရမှာပါ ။

Website => https://www.monumentvalleygame.com/mv2

iOS => https://itunes.apple.com/us/app/monument-valley-2/id1187265767?ls=1&mt=8

Andriod => https://play.google.com/store/apps/details?id=com.ustwo.monumentvalley2

Prune
Prune
*****
Prune ဆိုတဲ့ ဂိမ်းလေးက တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ် ။ ရုပ်ထွက်က ဂျပန်ဆန်ဆန် anime ဆန်ဆန် ပန်းချီကားလိုလိုနဲ့ တော်တော်လေး လှပါတယ် ။ သစ်ပင်တစ်ပင်ကို ကိုယ်လိုချင်တဲ့ ဦးတည်ချက်အတိုင်း ပေါက်အောင် ထိန်းပေးရပါတယ် ။ သစ်ပင်ကြီးထွားလာရင် သစ်ကိုင်းတွေ ဖြာထွက်လာမယ် ။ နေလုံးနီနီနားရောက်တာနဲ့ သစ်ကိုင်းတွေဆီကနေ ချယ်ရီပန်းလေးတွေ ဖူးပွင့်လာမယ် ။ သတ်မှတ်အချိန်အတွင်း ကိုယ်စိုက်တဲ့ သစ်ပင်ဟာ နေလုံးနီနီနားရောက်တဲ့အထိ အထိအခိုက်မရှိ ကြီးထွားလာပြီး ချယ်ရီပန်းလေးတွေ လုံလောက်အောင် ဖူးပွင့်လာရင်တော့ level တစ်ခု အောင်ပါပြီ ။ သစ်ပင်ကြီးထွားရာ လမ်းတလျှောက် သစ်ကိုင်းတွေကို လိုသလို လိုက်တိပေးရမှာပါ ။

PC, iOS, Andriod အတွက် ထွက်ရှိထားပါတယ် ။ ဒေါ်လာပေးဝယ်ရမှာပါ ။

Website => http://www.prunegame.com/

Andriod => https://play.google.com/store/apps/details?id=com.Polyculture.Prune

iOS => https://itunes.apple.com/us/app/prune/id972319818?mt=8

Botanicula

Botanicula
********
Botanicula ဂိမ်းက အိပ်မက်ဆန်ဆန်လေးနဲ့ ချစ်စရာကောင်းပြီး ဂိမ်းပလေးဟာလည်း အတော်စိတ်ဝင်စားဖို့ကောင်းပါတယ် ။ ရယ်စရာကောင်းတဲ့ အကောင်လေးတွေ တစ်နေရာကနေ တစ်နေရာသွားရဖို့ အတားအဆီးတွေကြားမှာ လိုအပ်တဲ့ ပစ္စည်းတွေ လိုက်စုဆောင်းရမှာပါ ။ အတားအဆီးတွေ ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကတော့ စဉ်းစားပြီးဆော့ရမယ့် puzzle အပိုင်းပေါ့ ။ စကားပြောတွေ ဒိုင်ယာလော့ခ်တွေ ဘာမှ မပါဘူး ။

PC, iOS, Andriod အတွက် ထွက်ရှိထားပါတယ် ။ ဒေါ်လာပေးဝယ်ရမှာပါ ။

Website => http://botanicula.net/

Andriod => https://play.google.com/store/apps/details?id=air.com.amanitadesign.botanicula

El

El
**
El ကတော့ ဘေးတိုက်သွား (side scrolling) flying game အမျိုးအစားဖြစ်ပြီး ရည်ရွယ်ချက်ပျောက် စိတ်ဓာတ်ကျ လေလွှင့်​နေတဲ့ ခံစားချက်ပေးမယ့် သရုပ်ဖော်ပန်းချီပုံ ရုပ်ထွက်နှင့်ပါ ။ အတော်လှပါတယ် ။ El ဆိုတဲ့ ကောင်လေးဟာ ထူးဆန်းပြီး စွန့်ပစ်အချူပ်ထောင်ထဲ အိပ်ပျော်ရာကနေ နိုးထလာခဲ့တယ် ။ သူ့မှာ ပျံနိုင်တဲ့ မှော်ထီးတစ်လက် ရှိပါတယ် ။ ဒီမှော်ထီးတစ်လက်နဲ့ လေလွှင့်ပျံသန်းရင်း သူ့ရဲ့ ရည်မှန်းချက်က ဘာလဲဆိုတာ ရှာဖွေတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ် ။

El က Andriod အတွက်သာရှိပြီး iOS အတွက်တော့ ထွက်ထားတာ မတွေ့ရပါဘူး ။ El ကတော့ free to play ပါ ။

Andriod => Download: http://apps.qoo-app.com/en/app/5115

Alto's Adventure

Alto's adventure
*************
အဲ့ဂိမ်းကတော့ နှင်းလျှောစီးတဲ့ ဂိမ်းပါ ။ ရိုးရိုးပါပဲ အဆက်မပြတ် နှင်းလျှောစီးနေရပြီး scoreboard တွေ နဲ့ အမှတ်အများဆုံး ဖြစ်အောင် ကစားရမှာပါ ။ ပေါ့ပေါ့ပါးပါးနဲ့ ရုပ်ထွက်လည်း သိပ် ဟဲဗီးကြီး မဟုတ်တော့ ဆော့ပျော်မယ့် ဂိမ်းတစ်ခုပါပဲ ။ Alto's Odyssey ဆိုပြီးလည်း ထွက်ရှိထားပါသေးတယ် ။ ဒါကျတော့ ဒေါ်လာပေးဝယ်ရမှာပါ ။

PC, Mac အတွက်လည်း ထွက်ထားပြီး ဆော့ချင်ရင်တော့ ဒေါ်လာနဲ့ ပေးဝယ်ရမှာပါ ။ Andriod နှင့် iOS မှာတော့ free ။

Website => http://www.noodlecake.com/games/altos-adventure/

iOS => https://itunes.apple.com/app/altos-adventure/id950812012?mt=8

Andriod => https://play.google.com/store/apps/details?id=com.noodlecake.altosadventure

Jellyfish
 
Jellyfish
******
အကောင်မွေးတဲ့ ဂိမ်းလေးပါ ။ ရေခူကို မွေးရမှာပါ ။ ရေခူဆို သိတဲ့အတိုင်း ကိုယ်ထည်က အရောင်သွေးကြည်လင်တောက်ပနေပြီး ရေထဲမှာ အရောင်လင်းနေတတ်ပြီး တရွေ့ရွေ့ သွားနေတတ်တဲ့ အကောင်ပါ ။ အဲ့ဒီ ရေခူကို အချိန်မှန် အစာကျွေး သန့်ရှင်းရေးလုပ်ပေးနဲ့ ကစားရမှာပါ ။ ဂိမ်းပလေးက ရိုးရှင်းပြီး ရုပ်ထွက်က စိတ်အပန်းပြေစေလို့ relax ဖြစ်စေမှာ ဖြစ်ပါတယ် ။

Jellyfish ဂိမ်းကတော့ Andriod နှင့် iOS မှာ free ရှိပါတယ် ။ PC အတွက်လည်း ရှိပါတယ် ။ PC မှာတော့ ဒေါ်လာပေးဝယ်ရမှာပါ ။

Andriod => https://play.google.com/store/apps/details?id=jp.co.yamadapp.jellyfish

iOS => https://itunes.apple.com/us/app/jellyfish-aquarium-free/id1050599544?mt=8

AbyssRium-Make your aquarium

AbyssRium-Make your aquarium
**************************
ဒီဂိမ်းကတော့ ငါးကန်မွေးရမှာပါ ။ ငါးအမျိုးတွေ ကိုယ်တိုင်ကိုယ်ကျ ဖန်တီး ၊ ပြီးတော့ ကိုယ့်ငါးကန်ထဲ ထည့်မွေးရမှာ ဖြစ်ပါတယ် ။ အပြင်မှာ ငါးကန်မွေးသလို ငါးတွေ အချိန်မှန်အစာကျွေး ရေလဲ သန့်ရှင်းရေး လုပ်ပေးရမှာပါ ။

Andriod နှင့် iOS မှာ ရရှိနိုင်ပါတယ် ။ free ပါ ။

Andriod => https://itunes.apple.com/app/id1068366937
iOS => https://play.google.com/store/apps/details?id=com.idleif.abyssrium

My Oasis- Calming and Relaxing Jdle Clicker Game
My Oasis- Calming and Relaxing Jdle Clicker Game
***************************************
ဒီဂိမ်းကတော့ စိတ်အပန်းပြေစေတဲ့ clicker ဂိမ်းတစ်ခုပါ ။ အိုအေစစ်ကျွန်းပေါ်မှာ ပန်းတွေ တိရစ္ဆာန်တွေ ဖန်တီး ၊ တီးလုံးအလိုက် ကိုယ်စိတ်ကူးပေါက်ရာ ဖန်တီးနိုင်ပါတယ် ။ ဘာ သတ်မှတ်ချက်လည်း မရှိပါဘူး ။ တီးလုံးကလည်း တကယ် relax ဖြစ်စေ စိတ်အပန်းပြေစေပါတယ် ။ iOS နှင့် Andriod ပေါ်မှာဆို touch screen မို့လို့ ဟို တို့ ဒီတို့ ကစားရမှာ ဖြစ်ပြီး computer ပေါ်မှာ ဆိုရင်တော့ mouse နဲ့ လိုက် click ပြီး ဖန်တီးကစားရမှာပါ ။

PC, iOS, Andriod အတွက် ထွက်ရှိထားပါတယ် ။ free ပါ ။

Andriod => https://play.google.com/store/apps/details?id=com.buffstudio.myoasis

-----End-----

Post a Comment

0 Comments