ထွက်​ရှိလာ​တော့မည့်​ အလန်းစား ဂိမ်းများ

၂၀၁၈ တစ်​နှစ်​မှာ​တော့ Spiderman, Monster Hunter World, Assassin's Creed Odyssey, Detriot: Become Human ... အခု Red Dead Redemption ... စတဲ့ တကယ့်​ အလန်းစားဂိမ်းကြီး​တွေ ထွက်​ခဲ့ပြီးပြီ ။ ​နောက်​နှစ်​မှာ ထွက်​မယ့်​ စိတ်​ဝင်​စားဖို့​ကောင်းတဲ့ ဂိမ်း​တွေ ဘာ​တွေရှိမလဲ?

စောင့်​ဆိုင်းရတာ အခက်​အခဲဆုံးအလုပ်​​ တစ်​ခုပါ ။ ​စောင့်​ဆိုင်းရတာ ခက်​ခဲ​ပေမယ့်​ ဒီလို အလန်းစားဂိမ်း​တွေကို ​စောင့်​ရတာက ထိုက်​တန်​ပါတယ်​ ။ ပြီး​တော့ ​​စောင့်​​နေရင်းနဲ့ ဂိမ်းဝယ်​ဖို့ ကုန်​ကျမယ့်​ ပိုက်​ဆံပါစုမယ့်​ အချိန်​ ရတာ​ပေါ့​နော်​ ....

ဒီ album က​တော့ အလန်းတကာ့ အလန်းစားဂိမ်း​တွေကို ၂၀၁၉ အတွင်း ထွက်​မယ်​လို့ သိရတဲ့ ဂိမ်း​တွေ​ရော အခုထိ ထွက်​မယ့်​ရက်​မသိရ​သေးတဲ့ ဂိမ်း​တွေပါ စုစည်းထားတာ ဖြစ်​ပါတယ်​ ။

Enjoy!


Devil May Cry 5

နှစ်​​ပေါင်းများစွာ ​စောင့်​ခဲ့ရပြီး​နောက်​ အခု​တော့ Devil May Cry ဂိမ်းအသစ်​ ထွက်​လာခဲ့ပါပြီ ။ ဂိမ်းအသစ်​ဆို​ပေမယ့်​ ​ရှေ့က ထွက်​ရှိပြီးခဲ့တဲ့ Devil May Cry ဂိမ်းအားလုံးရဲ့ ဇာတ်​လမ်းနဲ့ ဆက်​စပ်​မှု ရှိ​နေပါတယ်​ ။ Devil May Cry 5 ရဲ့ ဇာတ်​လိုက်​က​တော့ Nero ဖြစ်​ပြီး Nico, Trish, Lady အပြင်​ ကျ​နော်​တို့ရဲ့ ဇာတ်​လိုက်​​ကျော်​ကြီး Dante ပါ ပါလာပါတယ်​ ။ ခပ်​မိုက်​မိုက်​ character ​တွေနဲ့ ​ချောမွတ်​​ပြေပြစ်​ပြီး လျှပ်​စီးလက်​သလို လင်းလင်းလက်​လက်​နဲ့ အမိုက်​စား တိုက်​ကွက်​​တွေနဲ့ Devil May Cry 5 ရဲ့ ဇာတ်​လမ်းက ဘယ်​လိုဘယ်​ပုံ ရှိမလဲဆိုတာကို​တော့ ဂိမ်းထွက်​လာမှ မြည်းစမ်းကြည့်​ရ​တော့မှာ ဖြစ်​ပါတယ်​ ။

Platforms: Xbox One, PS4, PC | Release Date: March 8, 2019


Sekiro: Shadows Die Twice

Sekiro: Shadows Die Twice ဂိမ်းဟာ နာမည်ကြီး developer FromSoftware က ဖန်တီးထားတာဖြစ်ပြီး ဂိမ်မာအများ မျှော်လင့်တကြီးစောင့်စားနေကြတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ ထွက်ရှိပြီးတဲ့ ဗွီဒီယိုတွေအရတော့ Dark Souls ပုံစံလိုမျိုး Stealth-action တွေ ခက်ခက်ခဲခဲ ခုန်ပျံကျော်လွှားရမှာတွေ ပိုများတာ တွေ့ရပါတယ် ။

Platforms: Xbox One, PS4, PC (Expected) | Release Date: 22 March 2019


Resident Evil 2 Remake

Resident Evil 2 Remake ကတော့ 1998 ခုနှစ်က ထွက်ခဲ့တဲ့ survival-horror ဂိမ်း Resident Evil 2 နှင့် နာမည်တူသလို ဇာတ်လမ်းကို remake ပြန်လုပ်ထားတာ ဖြစ်ပါတယ် ။ အခုခေတ် ရုပ်ထွက်နဲ့ ဂိမ်းပလေးနှင့် ဇာတ်လမ်းသွားမှာတော့ နဂိုမူရင်းအရသာ ပြန်ပေးစွမ်းနိုင်လိမ့်မယ်လို့ ထင်ရပါတယ် ။

Platforms: PS4, Xbox One, PC | Release Date: January 29, 2019


Kingdom Hearts III

Kingdom Hearts III လည်း ၁၃ နှစ်တာ အချိန်ကြာ စောင့်မျှော်ရကျိုးနပ်တယ်လို့ ဆိုရမှာပါ ။ Kingdom Heart III မှာ Hercules, Monsters Inc., Toy Story, Pirates of the Caribbean, Frozen, Tangled က character တွေ ထပ်ထည့်ထားပါတယ် ။ ဇာတ်လမ်းက Sora နှင့် သူ့သူငယ်ချင်းတွေကို ဘယ်ဆီ ခေါ်ဆောင်သွားကြမှာလဲ ဆိုတာ မသိရပေမယ့် Kingdom Heart III ဟာ Kingdom Heart II ရဲ့ အဆက်ဖြစ်ပြီး အဆုံးသတ်တစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ် ။

Platforms: Xbox One, PS4 | Release Date: January 29, 2019


The Elder Scrolls VI

Bethesda ဟာ ​နောက်​ဆုံး​တော့ Elder Scrolls စီးရီးအသစ်​ ဖြစ်​တဲ့ The Elder of Scrolls VI ​ကြေညာလိုက်​ပါတယ်​ ။ ပြခဲ့တဲ့ teaser အတို​လေးကလွဲလို့ ဂိမ်းနဲ့ပတ်​သက်​တဲ့ အချက်​အလက်​​တွေ မသိရပါဘူး ။ မကြာခင်​မှာ သိရလိမ့်​မယ်​လို့ ထင်​ရပါတယ်​ ။

Platforms: PS4, Xbox One, PC (Expected) | Release Date: TBA


Dying Light 2

First-person survival shooter ဂိမ်း Dying Light ရဲ့ အဆက်​ Dying Light 2 ။ ​ရှေ့ဂိမ်းလိုပဲ ဇွန်​ဘီး​တွေ​ကြောင့်​ ကမ္ဘာပျက်​​နေတဲ့ ကမ္ဘာကြီးမှာ အနည်းငယ်​သာကျန်​ရှိ​တော့တဲ့ လူသား​တွေအတွက်​ Parkour ဟာ ဇွန်​ဘီး​တွေ သတ်​ရင်း ကူညီ​ပေးရမှာပါ ။ ဇာတ်​လမ်းမှာ ​ရွေးချယ်​မှု​တွေ လုပ်​နိုင်​သလို ကိုယ့်​​ရွေးချယ်​မှုအလိုက်​ ဇာတ်​လမ်းအ​နေအထား ​ပြောင်းလဲသွားမှာ ဖြစ်​ပါတယ်​ ။

Platforms: Xbox One, PS4, PC | Release Date: TBA


Metro Exodus

Metro Exodus ကတော့ First-person shooter အမျိုးအစားမှာ survival horror နှင့် stealth elements တွေ ရောစပ်ထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ ယိုယွင်းပျက်စီးနေတဲ့ ကမ္ဘာကြီး နောက်ခံပြုထားပြီး အသွင်ပြောင်း အကောင်ကြီးတွေ မကောင်းဆိုးဝါးတွေ လူဆိုးတွေ အပြန်အလှန်ပစ်ခတ် သတ်ဖြတ်မှု အမြဲဖြစ်ပွားနေတဲ့ ရုရှား စွန့်ပစ်နယ်မြေမှာ စုံစမ်းထောက်လှမ်းရမှာ ဖြစ်ပါတယ် ။ ပုန်းခို ကိုယ်ယောင်ဖျောက်နိုင်တဲ့ စွမ်းရည်တွေ ၊ ခက်ခဲကြမ်းတမ်းတဲ့နေရာမှာ အသက်ရှင်နိုင်စွမ်းတွေ အသုံးချပြီး လက်နက်တွေ လိုအပ်တဲ့ ပစ္စည်းအသုံးအဆောင်တွေ ကိုယ်တိုင် ပြုလုပ်ပြီး တိုက်ခိုက်ရမှာ ဖြစ်ပါတယ် ။ နေ့ ည အချိန်စက်ဝန်း နှင့် sand box open world ဖြစ်သော်လည်း linear feature အနည်းငယ် ပါဝင်ပါတယ် ။

Platforms: Xbox One, PS4, PC
Release Date: February 22, 2019


Fire Emblem: Three Houses

Fire Emblem: Three Houses ဂိမ်းဟာ Nintendo မှာသာ ထွက်ရှိမယ့် ဇာတ်လမ်းအသစ်နှင့် Strategy ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ လူသိများကြတဲ့ ရှေ့ Fire Emblem စီးရီးက mechanic တော်တော်များများ ယူသုံးထားပြီး ပြောင်းလဲထားတာတွေလည်း ရှိပါတယ် ။ ဥပမာ.. တိုက်ပွဲထဲ screen အပြည့် ရန်သူရှိနေတာ ၊ Switch အတွက် အထူးလုပ်ထားတဲ့ 3D ရုပ်ထွက်လှလှ စသဖြင့်ပါ ။

Developer: Nintendo | Release Date: Spring 2019


Gears of War 5

Third person shooter ဂိမ်းဖြစ်တဲ့ Gears of War ဂိမ်းစီးရီးမှာ ၅ ခုမြောက် ဂိမ်းစီးရီး Gear of War 5 ထွက်လာပါပြီ ။ ဒီတခါတော့ Gear of War 4 မှာပါခဲ့တဲ့ Kait နေရာက ကစားရမှာပါ ။ Kait မှာ သူမမှတ်ဥာဏ်မှာ မြင်နေရတဲ့အရာကို သိရဖို့ လိုက်စုံစမ်း အဖြေရှာရမှာပါ ။ ဖြစ်နိုင်တာကတော့ သူမအဖွားဆီက အမွေဆက်ခံရထားတဲ့ Locust လည်ဆွဲကြောင့်လို့ ထင်ရပါတယ် ။

Platforms: Xbox One, PC | Release Date: TBA 2019


Gears Tactics

Gears Tactics ကတော့ Gear of War franchise မှာ spin-off တစ်ခုဖြစ်ပြီး turn-based strategy အမျိုးအစား ဖြစ်ပါတယ် ။ ပထမဦးဆုံးထွက်ရှိခဲ့တဲ့ Gear of War ဂိမ်း မတိုင်ခင် ၁၂ နှစ်အလိုမှာ ဇာတ်အိမ်တည်ထားပါတယ် ။ ကိုယ့်တပ်စိတ်ကို ကိုယ့်စိတ်ကြိုက် ပြင်ဆင်နိုင်ပြီး ဗျူဟာအရ ထိုးစစ် ခံစစ် ပြင်ဆင်ရွေးချယ်လို့ ရပါတယ် ။ Gear ဂိမ်းတွေလိုပဲ boss battle အကြီးစားတွေ တိုက်ရမှာပါ ။

Platforms: Xbox One, PC | Release Date: TBA


Doom Eternal

Doom Eternal က​တော့ ၂၀၁၆ Doom ရဲ့ reboot ဖြစ်​ပြီး sequel တစ်​ခုလည်း ဖြစ်​ပါတယ်​ ။ ​ရှေ့ဂိမ်းကအတိုင်း အကုန်​ပြန်​ယူထားပြီး အားနည်းချက်​ကို ပြန်​ဖာ​ထေးကာ တဆင့်​မြင့်​တင့်​ထားတဲ့ ဒီ Doom Eternal မှာ​တော့ Doomslayer က အရင်​ကထက်​ပိုကြမ်းလာသလို ရန်​သူ​တွေလည်း အ​ရေအတွက်​ ၂ ဆဖြစ်​လာပြီး ဇာတ်​အိမ်​က​တော့ ကမ္ဘာ​မြေ​ပေါ်မှာ တည်​ထားပါတယ်​ ။

Platforms: PS4, Xbox One, PC (Expected) | Release Date: TBA


The Division 2

Ubisoft အားထည့်​ပြီး လုပ်​ထားတဲ့ ဂိမ်းတစ်​ခုဖြစ်​တဲ့ open-world shooter အမျိုးအစား The Division 2 ။ ​The Division 2 ဟာ ​ရှေ့ဂိမ်း Division ဂိမ်းအ​ပေါ် အပြစ်​အနာအဆာ​တွေ ဖယ်​ရှားပြီး ပို​ကောင်း​​အောင်​ ထပ်​မွန်းမံထားတဲ့ ဂိမ်းတစ်​ခုလို့ ထင်​ရပါတယ်​ ။ ဒီတစ်​ခါ​တော့ ဝါရှင်​တန်​ဒီစီကို အ​ခြေပြုဖန်​တီးထားပြီး မြို့ကို ပြန်​သိမ်းဖို့ ကြိုးစားရတာကို ကစားရမှာ ဖြစ်​ပါတယ်​ ။

Platforms: PC, PS4, Xbox One | Release Date: March 18, 2019


Twin Mirror

Dontnod Entertainment က Bandai Namco နှင့်​ လက်​တွဲပြီး Twin Mirror ဆိုတဲ့ ရင်​ထိတ်​သည်းဖို ဆိုက်​ကိုဂိမ်း (Psychological thriller) အမျိုးအစား ဂိမ်းကို ဖန်​တီးလိုက်​ပါတယ်​ ။ PC, PS4 နှင့်​ Xbox One အတွက်​ ၂၀၁၉ မှာ ထွက်​ရှိလာ​တော့မှာ ဖြစ်​ပါတယ်​ ။ E32018 trailer အရ​ ဇာတ်​လမ်းဟာ Sam ဆိုတဲ့သူအ​ပေါ် ဗဟိုပြုထားပါတယ်​ ။ Sam ဟာ တစ်​​နေ့မှာ အိပ်​​ပျော်​ရာက နိုးထလာတယ်​ ။ သူ့အင်္ကျီမှာ ​ကြောက်​စရာ​ကောင်း​လောက်​​အောင်​ ​သွေး​ပေကျံ​နေ​တာ ​တွေ့လိုက်​ရတယ်​ ။ ဘာ​ကြောင့်​ ဒီလို​သွေး​ပေ​နေရတာလဲဆိုတာ သူ လုံးဝမမှတ်​မိ​တော့ဘူး ။ အဖြစ်​အပျက်​ကို သိရဖို့ စုံစမ်းတဲ့အခါ တစ်​စတစ်​စနဲ့ လက်​ရှိသူနှင့်​ တကယ်​မဟုတ်​သလို အိပ်​မက်​ဆန်​ဆန်​ထဲက သူ ၂ ​ယောက်​ ရှိ​ကြောင်း သိလာရတယ်​ ။ Sam တ​ယောက်​ ဘယ်​လိုစုံစမ်းမှာလဲ ​​မေ့​နေတဲ့ မှတ်​ဥာဏ်​ ပြန်​​ဖော်​နိုင်​မှာလား ဆိုတာကို​တော့ ဂိမ်းထွက်​လာမှ သိရ​တော့မှာ ဖြစ်​ပါတယ်​ ။

Platforms: PS4, Xbox One, PC | Release Date: TBA 2019


Anthem

BioWare က စိတ်ရောကိုယ်ပါ အတော်လေး ရင်းနှီးမြုပ်နှံပြီး လုပ်နေတဲ့ ဂိမ်းတစ်ခုလို့ ပြောရမှာပါ ။ ၂၀၁၇ တုန်းက ၂၀၁၈ မှာပဲ ထွက်တော့မလိုလိုနဲ့ နောက်တော့ အချိန်စောင့်ရမယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ် ။ ဂိမ်းကတော့ မြင်ရာ ဖမ်းသတ်မယ့် ရန်လိုနေတဲ့ သတ္တဝါတွေ နေထိုင်နေတဲ့ ဂြိုလ်ကြီးတစ်ခုမှာ heavy armor တွေတပ်ဆင်ထားတဲ့ ခေတ်လွန် စက်ရုပ်ကို ဝတ်ဆင်ထိန်းချုပ်ကစားရမှာပါ ။ iron-man ဝတ်စုံလိုပေါ့ ။ ပြီးတော့ အွန်လိုင်းချိတ်ဆက်ပြီး သူငယ်ချင်းတွေနဲ့အတူ ခက်ခဲတဲ့ မစ်ရှင်တွေ လုပ်ဆောင်ရင်း ဒီဂြိုလ်ကြီးကို explore လုပ်ရမှာ ဖြစ်ပါတယ် ။ ပုံစံကတော့ Destiny နဲ့ ခပ်ဆင်ဆင် ဖြစ်ပေမယ့် BioWare ရဲ့ world shooter အယူအဆတွေက တခြားဂိမ်းကဟာတွေနဲ့ ကွဲပြားမယ်လို့ ယူဆရတဲ့အတွက် ဂိမ်းထွက်လာမှပဲ ဘယ်လိုလဲဆိုတာ သိရတော့မှာ ဖြစ်ပါတယ် ။

Platforms: PS4, Xbox One, PC
Release Date: February 22, 2019


Beyond Good And Evil 2

Ubisoft ရဲ့ space adventure (အာကာသတွင်း စူးစမ်းရှာဖွေခန်း ဖွင့်ရမယ့်) ဂိမ်းတစ်ခုဖြစ်တဲ့ Beyond Good and Evil 2 ဂိမ်းကို ကျနော်တို့တွေ မနှစ် E3 တုန်းက မြင်ခဲ့ရပါတယ် ။ Beyond Good and Evil 2 ကတော့ ၂၀၀၃ ခုနှစ်က ထွက်ခဲ့တဲ့ဂိမ်းရဲ့ ဇာတ်လမ်း မတိုင်ခင်က အဖြစ်အပျက်မှာ ဇာတ်အိမ်တည်ထားတယ်လို့ ဆိုပါတယ် ။ playable character ကို male ဒါမှမဟုတ် female ပြောင်းလို့ရမှာ ဖြစ်ပြီး တခြားဂြိုလ်တွေကိုလည်း explore လုပ်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ် ။

Platforms: Xbox One, PS4, PC(မျှော်လင့်ရ)
Release Date: မသိရသေး


Control

Control ဆိုတဲ့ ဂိမ်းကတော့ Alan Wake နှင့် Quantum Break ဖန်တီးတဲ့ Remedy Entertainment က ဖန်တီးထားတာ ဖြစ်ပါတယ် ။ Trailer ထဲမှာတော့ ဇာတ်လိုက်လို့ ထင်ရတဲ့ အမျိုးသမီးက ပျံနိုင်ပြီး အရာရာကို တစစီဖြစ်အောင် လုပ်​နိုင်​သလို တခြား အရာဝတ္တုတွေအဖြစ် ပြောင်းလဲနိုင်တာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

Platforms: PS4, Xbox One, PC
Release Date: မသိရသေး


Crackdown 3

Crackdown 3 ကတော့ Microsoft ရဲ့ အကောင်းဆုံးသော Xbox Exclusive ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ multiplayer mode အတွက် cloud-based-server နည်းစနစ်သုံးထားပြီး ဂိမ်းတွင်းပတ်ဝန်းကျင်ကတော့ စိတ်ကြိုက်ဖျက်ဆီးလို့ရသလို ကြီးကြီးမားမား ပျက်စီးအောင်လည်း လုပ်လို့ရတယ်လို့ ဆိုပါတယ် ။ ဂိမ်းပလေးကတော့ သူ့ရှေ့ဂိမ်းကအတိုင်း ယူထားပါတယ် ။

Platforms: Xbox One, PC
Release Date: February 2019


Cyberpunk 2077

Witcher ဂိမ်း ဖန်တီးသူ CD Projeck က ဖန်တီးထားတဲ့ Cyberpunk 2077 ကတော့ ဗရုတ်သုတ်ခဖြစ်နေတဲ့ အနာဂတ်ကာလ Sci-fi ကမ္ဘာကြီးကို နောက်ခံထားထားပါတယ် ။ Dexus Ex လို ဇာတ်လိုက်က လူတစ်ပိုင်း စက်ရုပ်တစ်ပိုင်းနဲ့ ပန့်ခ်စတိုင် ဖြစ်ပြီး player တွေအနေနဲ့ ကိုယ်ကစားမယ့် character ကို ယောကျာ်း မိန်းမ ကြိုက်သလို ရွေးချယ်လို့ရသလို ဆံပင်အရောင်ကစ ခြေအဆုံး အသေးစိတ် ပြင်ဆင်လို့ရမှာ ဖြစ်ပါတယ် ။ ခေတ်လွန်ကာလ အပြင်အဆင်တွေနဲ့ အိပ်မက်ကမ္ဘာဆန်ဆန် ပြောင်ပြောင်လက်လက် အဆောက်အအုံတွေနဲ့ open world ညပျော်မြို့ကြီးမှာ ဇာတ်လမ်းသွားကစားရမှာ ဖြစ်ပါတယ် ။

Platforms: PS4, Xbox One, PC (မျှော်လင့်ရ)
Release Date: မသိရသေး


Daemon X Machina

Daemon X Machina ကတော့ ၂၀၁၉ မှာ ထွက်လာတော့မယ့် စက်ရုပ်အက်ရှင်ဂိမ်း (Mech action game) တစ်ခု ဖြစ်ပါတယ် ။ Developer First Studio နှင့် Marvelous Entertainment တို့အပြင် ဂျပန် developer အနည်းငယ် ပါဝင်ပြီး ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ် ။ ဂိမ်းထဲမှာတော့ စက်ရုပ်မှာ ကိုယ့်စိတ်ကြိုက် စက်လက်နက်တွေ တပ်ဆင် ၊ စက်ရုပ်ကို အသေးစိတ်ပြင်ဆင်ပြီး မစ်ရှင်တွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ် ။

Platforms: Nintendo Switch
Release Date: 2019


Days Gone

Days Gone ကတော့ ၂၀၁၇ E3 မှာ ပွဲထုတ်ပြလိုက်ပြီး ၂၀၁၈ ထွက်မယ်လို့လည်း ကြေညာခဲ့ပြီးနောက် ကြာမှ ထွက်မယ့်ရက်ကို ၂၀၁၉ ဖေဖော်ဝါရီကို ပြောင်းခဲ့ပါတယ် ။ Days Gone ဂိမ်းဟာ ကမ္ဘာပျက်လုနီးပါး ဖြစ်နေတဲ့ world အပေါ် အခြေခံထားတဲ့ action-adventure survival horror game အမျိုးအစား ဖြစ်ပါတယ် ။ third person view နဲ့ ကစားရမယ့် Single player only ဂိမ်းတစ်ခု ဖြစ်ပြီး ဇာတ်အိမ်ကတော့ ကမ္ဘာအနှံ့ ကပ်ရောဂါ ဖြစ်ပွားကာ ဝရုန်းသုန်းကား ဖြစ်ပြီး ၂ နှစ် အကြာက စတင်ထားတာ ဖြစ်ပါတယ် ။ ဒီ ကပ်ရောဂါကြောင့် ကမ္ဘာတဝန်း သိန်းသောင်းချီတဲ့ လူတွေဟာ ဝိညာဉ် မဲ့ ဖုတ်ကောင်တွေ ဖြစ်ကုန်ကြတယ် ။ လူသားမျိုးနွယ်စုကြီး တစ်ခုလုံး မျိုးတုန်းလုနီးပါး ဖြစ်နေပါပြီ ။ ဒီအချိန်မှာ Player က လမ်းတလျှောက် ကြုံရာ ဖြစ်သလို စားသောက် အသက်ရှင်နေထိုင်ရတာကို နှစ်သက်တဲ့ အမဲလိုက် လူသတ်သမား "Deacon St. John" (Samuel Witwer) နေရာက ကစားရမှာ ဖြစ်ပါတယ် ။ ဂိမ်းက open world ဖြစ်တဲ့အတွက် mission တွေ objective တွေ ရှိသည့်အပြင် ၄င်း mission objective တွေကို အဝေးပစ် အနီးချ လက်နက်ပေါင်းစုံ သုံးပြီး တိတ်တဆိတ် တိုက်ခိုက်နိုင်သလို ဒီအတိုင်း တည့်တည့်ဝင်ပြီး တရကြမ်း တိုက်ခိုက်နိုင်ပြီး ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် ။ နေ့ည အချိန်စက်ဝန်းလည်း ပါတဲ့အတွက် ရန်သူတွေရဲ့ လှုပ်ရှားမှု အမြဲ ပြောင်းလဲနေမှာ ဖြစ်ပါတယ် ။ explore လုပ်ဖို့ ယာဉ်မျိုးစုံ စီးနိုင်ပြီး item ပေါင်းစုံကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် ။

Platforms: PS4
Release Date: February 22, 2019


Dead or Alive 6

Kasumi, Hayate, Helena အစရှိတဲ့ မြင်ဖူးနေကျမျက်နှာပိုင်ရှင်လေးတွေ Dead or Alive 6 မှာ ပြန်မြင်တွေ့ရတော့မှာပါ ။ DoA ရိုးရာမပျက် combo တွေ counter တွေ ပြန်သုံးထားပြီး ရုပ်ထွက်က အခုခေတ်နည်းပညာနဲ့ လုပ်ထားတာမို့ ချောမွတ်ပြေပြစ် အသေးစိတ်ကျကျ ရုပ်ထွက်နဲ့ လှလှပပ တိုက်ခိုက်ရမှာ ဖြစ်ပါတယ် ။ တိုက်ကွက်ပုံစံထဲမှာတော့ Fatal Rush နှင့် Break Guage စနစ်အသစ် ၂ ခု ထပ်ထည့်ထားပါတယ် ။

Platforms: PS4, Xbox One, PC
Release Date: Early 2019


Déraciné

Déraciné ကတော့ Dark Souls ဂိမ်း developer FromSoftware က ဖန်တီးထားတဲ့ နောင်ထွက်လာမယ့် PSVR ဂိမ်းတစ်ခုဖြစ်ပါတယ် ။ တစ်ယောက်တည်း သီးခြားနေတတ်တဲ့ ကျောင်းသူလေးက ဝိညာဉ်တစ်ခုကို ဖိတ်ခေါ်လိုက်တယ် ။ အဲ့ဒီဝိညာဉ်က သင်ဖြစ်ပြီး သင်ဟာ သင့်တည်ရှိမှုကို အများယုံကြည်အောင် သက်သေပြဖို့ လုပ်ရမှာ ဖြစ်ပါတယ် ။

Platform: PSVR
Release Date: မသိရသေး


Death Stranding

Metal Gear ဂိမ်းဖန်​တီးသူ Hideo Kojima က Konami က ထွက်​လာခဲ့ပြီး​နောက်​ပိုင်း သူ့ကိုယ်​ပိုင်​စတူဒီယိုအသစ်​​ထောင်​ကာ ဖန်​တီး​နေဆဲဖြစ်​တဲ့ Death Stranding ဂိမ်းပါ ။ teaser ဗွီဒီယို ၂ ခု ထုတ်​ပြခဲ့​ပေမယ့်​ ဘယ်​လိုမှ ​မှန်းဆလို့ မ​ရ​လောက်​​အောင်​ ထူးခြား​နေပြီး ဂိမ်းအ​ကြောင်း အခုထိ ဘာမှ ​သေချာ​ရေရာ မသိရ​သေးပါဘူး ။ ​open-world action ဂိမ်း​တစ်​ခု ဖြစ်​တာရယ်​ The Walking Dead သရုပ်​​ဆောင်​ Norman Reedus ပုံရယ်​ ​နောက်​ပြီး အရမ်းအ​ရေးကြီးမယ်​လို့ ထင်​ရတဲ့ ​မွေးခါစ က​လေးတစ်​​ယောက်​ရယ်​ ဒီ​လောက်​ပဲ သိရ​သေးတာ ဖြစ်​ပါတယ်​ ။ ​ကောလာဟလသတင်းတခုက​တော့ ၂၀၂၀ ဂျပန်​အိုလံပစ်​မတိုင်​ခင်​​လောက်​ ထွက်​ရှိလိမ့်​မယ်​ဆိုတာပါပဲ ။ ဒီ​တော့ လာမယ့်​ ၂၀၁၉ မှာ ဂိမ်းအ​ကြောင်း ဒီထက်​ပိုသိရလိမ့်​မယ်​လို့ ​မျှော်​လင့်​ရပါတယ်​ ။

Platforms: PS4 | Release Date: TBA


Ghost of Tsushima

Ghost of Tsushima ဂိမ်းက​တော့ Infamous ဂိမ်းနှင့်​ Sly Cooper ဂိမ်း ဖန်​တီးသူ Developer Sucker Punch Productions က ဖန်​တီးထားတာ ဖြစ်​ပါတယ်​ ။ ဂိမ်းက​တော့ ၁၂၉၄ ခုနှစ်​က ဂျပန်​ကို မွန်​ဂို​တွေ ကျူး​ကျော်​ဝင်​​ရောက်​တိုက်​ခိုက်​တဲ့ အချိန်​တုန်းက Tsushima ကျွန်း​မှာ ဖြစ်​ပျက်​သွားတာကို အ​ခြေခံထားတာ ဖြစ်​ပါတယ်​ ။ ဇာတ်​လိုက်​က​တော့ တစ်​ဦးတည်း​သော ဆာမူရိုင်းတစ်​​ယောက်​ဖြစ်ပြီး ကလဲ့စား​ချေချင်​စိတ်​ပြင်းထန်​​နေတဲ့ assassin အဖြစ်​ ​ပြောင်းလဲသွားတဲ့​နောက်​ ဂျပန်​ပြည်​က​နေ မွန်​ဂို​တွေကို တိုက်​ထုတ်တဲ့ ဇာတ်​လမ်းကို ကစားရမယ်​လို့ ထင်​ရပါတယ်​ ။

Platforms: PS4 | Release Date: TBA


The Last Of Us Part II

ဂိမ်​မာအများစု ​မျှော်​လင့်​တကြီး ​စောင့်​စား​နေကြတဲ့ hype ​နေကြတဲ့ ဂိမ်းက​တော့ Naughty Dog ရဲ့ The Last of Us: Part II ဂိမ်းပါပဲ ။ ​ရှေ့စီးရီးနဲ့ မတူတဲ့ အချက်​က​တော့ Joel မဟုတ်​ပဲ Ellie ​လေးကိုင်​ရမှာ ဖြစ်​ပါတယ်​ ။ ရိုးရာမပျက်​ PlayStation မှာပဲ ထွက်​မှာပါ ။ PS4 exclusive ဂိမ်းပါ ။

Platforms: PS4 | Release Date: TBA


Ori and the Will of the Wisps

၂၀၁၅ မှာ ထုတ်​ခဲ့တဲ့ Ori and the Blind Forest ဂိမ်း အကြီးအကျယ်​​အောင်​မြင်​ခဲ့ပြီး​နောက်​ Developer Moon Studio ဟာ ​နောက်​ဆက်​တွဲ ဂိမ်းတစ်​ခု ဖန်​တီး​နေပါတယ်​ ။ အဲ့ဒါက​တော့ Ori and the Will of the Wisps ဂိမ်း ဖြစ်​ပြီး Ori and the Blind Forest က ​နောက်​ဆုံးခန်းမှာ ရှိခဲ့တဲ့ အရာက ဘာ​လေးလဲဆိုတာ မကြာခင်​သိရ​တော့မှာပါ ။ Ori and the Will of Wisps ဂိမ်းဟာလည်း သူ့​ရှေ့ဂိမ်းထက်​ မညံ့​တဲ့ ဂိမ်းပ​လေး​တွေ ဇာတ်​လမ်းဇာတ်​ကွက်​​တွေ ချပြလိမ့်​မယ်​လို့ ယုံကြည်​ရပါတယ်​ ။

Platforms: Xbox One, PC | Release Date: TBA 2019


Rage 2

Rage 2 ကတော့ ၂၀၁၀ က ထွက်ရှိခဲ့တဲ့ Rage ရဲ့ အဆက်ဖြစ်ပြီး ဂိမ်မာ တော်တော်များများဟာ ဒီလို နောက်ဆက်တွဲ ထွက်မယ်လို့တောင် မထင်ထားခဲ့ကြပါဘူး ။ Rage 2 ဟာ first person shooter ဂိမ်းတစ်ခု ဖြစ်ပြီး Avalanche Studio နှင့် Id Software တို့ ပူးပေါင်းဖန်တီးထားတာ ဖြစ်ပါတယ် ။ Avanlanche Studio ဟာ Mad Max နှင့် Just Cause ဂိမ်းတို့လို ကြီးမားကျယ်ပြန့်ပြီး ပရမ်းပတာဖြစ်နေတဲ့ world တွေ ဖန်တီးတဲ့နေရာမှာ ၊ နောက်ပြီး ယာဉ်စီးတိုက်ခိုက်ရတာတွေ special effect တွေ ထည့်ရာမှာ အတွေ့အကြုံအများကြီးရှိတဲ့အပြင် Id software ကလည်း 2016's Doom တို့လို First person shooting ဂိမ်းတွေ လုပ်တဲ့နေရာမှာ ကျွမ်းကျင်ကြတယ်ဆိုတော့ အခု Rage 2 ဟာလည်း ဂိမ်းပလေးတွေ ကောင်းမယ်လို့ မျှော်လင့်ရပါတယ် ။

Platforms: PS4, Xbox One, PC | Release Date: TBA 2019


Sea of Solitude

Sea of Solitude ဂိမ်းကတော့ EA က ထုတ်မယ့် ဂိမ်းတစ်ခုဖြစ်ပါတယ် ။ အထီးကျန်နေတဲ့ မိန်းကလေးတစ်ယောက် သူမရဲ့ မှတ်ဥာဏ်တွေဟာ သူမကို မကောင်းဆိုးဝါးပုံစံ ပြောင်းလဲသွားစေခဲ့ပြီးနောက် အရာရာပျက်စီးနေတဲ့ ကမ္ဘာကြီးထဲ ရောက်သွားတယ် ။ သူမဟာ လူသားဘဝ ပြန်ရဖို့အတွက် ဒီကမ္ဘာထဲကနေ လွတ်မြောက်အောင် လမ်းရှာရမှာ ဖြစ်ပါတယ် ။

Platforms: Xbox One, PC (မျှော်လင့်ရ)
Release Date: မသိရသေး


Skull & Bones

အိန္ဒိယပင်လယ်ထဲ အခြေပြုဖန်တီးထားတဲ့ ဒီ Skull & Bone ဂိမ်းဟာ သင့်ကို ပင်လယ်ဓားပြဖြစ်အောင် လုပ်ခိုင်းမှာ ဖြစ်ပါတယ် ။ single player ရော multiplayer ပါ ပါမှာ ဖြစ်ပြီး ဂိမ်းပ​လေးက​တော့ သ​ဘောင်္​တွေနဲ့ ပင်လယ်တိုက်ပွဲတိုက်ရမှာ ဖြစ်ပါတယ် ။

Platforms: Xbox One, PS4, PC
Release Date: 2019


Babylon's Fall

နာမည်ကြီး Platinum Games Studio က ဖန်တီးထားတဲ့ နောက်ဆုံးထွက် ဂိမ်းတစ်ခုပါ ။ trailer video တွေအရတော့ fantasy themed action game စိတ်ကူးယဉ်ဆန်ဆန် အက်ရှင်ဂိမ်း အမျိုးအစားတစ်ခုလို ဖြစ်နေပါတယ် ။ ထူးခြားတဲ့ မှော်အစွမ်းတွေ ပိုင်ဆိုင်ထားတဲ့ Knight တစ်ယောက်နေရာက ကစားရမှာပါ ။

Platform: PS4, PC
Release Date: TBA 2019


Star Wars: Jedi Fallen Order

နောက်​ထွက်​လာမယ့်​ Star Wars game အသစ်​ Star Wars: Jedi Fallen Order က​တော့ Titanfall စီးရီး ဖန်​တီးသူ Respawn Entertainment က ဖန်​တီးထားတာ ဖြစ်​ပါတယ်​ ။ Star Wars: Episode III Revenge of the Sith ပြီး​နောက်​ အသက်​ရှင်​ကျန်​ရစ်​တဲ့ Jedi Padawan ​နေရာက ကစားရမှာ ဖြစ်​ပါတယ်​ ။

Platforms: PS4, Xbox One, PC (Expected) | Release Date: Holiday 2019


Wolfenstein: Youngblood

Wolfenstein: Youngblood ဂိမ်းကတော့ Wolfenstein II: The New Colossus မှာ ဖြစ်ခဲ့တဲ့ ဒုတိယအကြိမ် အမေရိကန်တော်လှန်ရေးကို BJ Blazkowicz က စမီးမွှေးခဲ့ပြီး ၁၉ နှစ်အကြာ ၁၉၈၀ ခုနှစ်က ပဲရစ်မြို့မှာ အခြေခံထားပါတယ် ။ Wolfenstein: Youngblood မှာ Blazkowicz ရဲ့ အမွှာ သမီး ၂ ယောက် Jess နှင့် Soph နေရာက ကစားပြီး နာဇီတွေကို တိုက်ထုတ်ရမှာ ဖြစ်ပါတယ် ။ ဂိမ်းကတော့ single player ရော co-op ပါ ကစားနိုင်မှာ ဖြစ်ပါတယ် ။

Platforms: Xbox One, PS4, PC, Nintendo Switch (Expected) | Release Date: 2019


Halo Infinite

Halo Infinite ဂိမ်းဟာ သူ့ရဲ့ first person shooter franchise မှာ နောက်ဆုံးထွက်ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ ဂိမ်းကို ဘယ်နေရာမှာ အခြေပြု ဖန်တီးထားတယ် ဘယ်လို ဖြစ်မယ် ဆိုတဲ့ အကြောင်းတွေ သိပ်မကြားရပေမယ့် master chief အ​နေနဲ့ ကစားရမှာ ဖြစ်​ပြီး ဂလက်ဆီကြီးကို ကယ်တင်ဖို့ မစ်ရှင်လုပ်ဆောင်ရမယ့် ပုံစံ ရှိလိမ့်မယ်လို့ ထင်ရပါတယ် ။

Platforms: Xbox One, PC (Expected) | Release Date: TBA


Indivisible

Indivisible ဟာ Skullgirls ဂိမ်းဖန်​တီးသူ Lab Zero Games ရဲ့ ပ​ရော့ဂျက်​တစ်​ခု ဖြစ်​ပါတယ်​ ။ Metroidvania စတိုင်​ exploration နှင့်​ Valkyrie Profile လိုမျိုး turn-based combat ​ပေါင်းစပ်​ထားပါတယ်​ ။ Indivisible ဟာ Ajna ဆိုတဲ့ ​ကောင်​မ​လေးဇာတ်​လမ်း ဖြစ်​ပါတယ်​ ။ သူမနှင့်​ သူမဖခင်​ဟာ တိတ်​ဆိတ်​ငြိမ်​သက်​တဲ့ မြို့ငယ်​​လေးတစ်မြို့ရဲ့ အပြင်​ဘက်​မှာ ​နေထိုင်​ကြ​ပေမယ့်​ တ​နေ့ သူမခန္ဓာကိုယ်​တွင်းက ထူးဆန်းတဲ့စွမ်းအား ​ပေါ်ထွက်​လာတယ်​ ။ သူမဟာ ဒီစွမ်းအားဖြစ်​လာရခြင်းရဲ့ အ​ကြောင်းအရင်းကို သိရဖို့ ​စွန့်​စားခရီးထွက်​ကာ အ​ဖြေရှာရပါ​တော့တယ်​ ။

Platforms: PS4, Xbox One, PC, Switch | Release Date: TBA 2019


Metroid Prime 4

Metroid Prime 4 က​တော့ Metriod Prime စီးရီးမှာ ​နောက်​ဆုံးထွက်​ဂိမ်းတစ်​ခု ဖြစ်​ပါတယ်​ ။ အဓိက ဂိမ်းစီးရီးနဲ့ မတူတဲ့အချက်​က Metriod Prime 4 ဟာ နဂို Metriod ဂိမ်းဖန်​တီးသူ Retro Studio က မဟုတ်​ပဲ တခြား အမည်​မသိ Developer က ဖန်​တီးမှာ ဖြစ်​ပါတယ်​ ။

Platforms: Switch | Release Date: TBA


Bayonetta 3

Bayonetta 3 ဂိ​မ်းဟာ Platinum Games က ထုတ်​တဲ့ အက်​ရှင်​ဂိမ်းစီးရီးက ​နောက်​ဆုံးထွက်​ဂိမ်းတစ်​ခု ဖြစ်​ပါတယ်​ ။ အ​သေးစိတ်​ကျကျ မသိရ​ပေမယ့်​ Bayonetta ဟာ ​ရှေ့ဂိမ်း​တွေကထက်​ စိန်​​ခေါ်မှုအကြီးစားနှင့်​ ရင်​ဆိုင်​ရမယ့်​ပုံပါပဲ ။

Platforms: Switch | Release Date: TBA


Nioh 2

Sony က samurai-action ဂိမ်းတစ်ခုဖြစ်တဲ့ Nioh ဂိမ်းရဲ့ နောက်ဆက်တွဲ Nioh 2 ကြေညာလိုက်တာကတော့ အံ့သြဖို့ကောင်းပါတယ် ။ တော်တော်များက ထွက်မယ်လို့တောင် မထင်ထားခဲ့ကြပါဘူး ။ ဇာတ်လမ်းနဲ့ ပတ်သက်လို့ ဘာမှ မသိရသေးပေမယ့် ဇာတ်လိုက်က အရင်ဂိမ်းရဲ့ ဇာတ်လိုက် William Adams ဖြစ်လိမ့်မယ်လို့ ထင်ရပါတယ် ။

Platforms: PS4 | Release Date: TBA


Mario & Luigi: Bowser's Inside Story + Bowser Jr.'s Journey

၂၀၁၇ ထွက်​ Mario & Luigi: Superstar Saga remake ထွက်​ပြီး​နောက်​ ရယ်​စရာ​တွေ ပြည့်​နှက်​​နေတဲ့ အဆိုပါစီးရီးရဲ့ တတိယ​မြောက်​ဂိမ်းဟာ 3DS အတွက်​ remastered အဖြစ်​ ထွက်​လာ​တော့မှာ ဖြစ်​ပါတယ်​ ။ ဗီလိန်​​လေး Fawful ပြန်​ပါလာပြီး Bowser ကို ထူးဆန်းတဲ့မှို စားမိ​အောင်​ လုပ်​ပြီး Mario တို့ ညီအကိုကို မျိုချမိ​အောင်​ လှည့်​စားဦးမှာပါ ။ 3DS အတွက်​ ပိုမို​ကောင်းမွန်​​အောင်​ လုပ်​ထားတဲ့ ရုပ်​ထွက်​ နှင့်​အတူ remake feature အသစ်​​တွေပါ ပါဝင်​လာဦးမှာ ဖြစ်​ပါတယ်​ ။

Platforms: 3DS | Release Date: TBA 2019


Session

Session ဂိမ်းကတော့ စကိတ်စီးဂိမ်း (skateboarding simulation) ဖြစ်ပြီး မနှစ်ကမှ kickstarter မှာ စတင်ခဲ့တာ ဖြစ်ပါတယ် ။ ဂိမ်းအကြောင်းသိပ်မပြလို့ မသိရပေမယ့် စကိတ်စီးဂိမ်းတွေ မပျောက်သေးတာကတော့ ဝမ်းသာစရာတစ်ခုပါ ။

Platforms: Xbox One | Release Date: Q3/4 2019



Left Alive

Left Alive ဂိမ်းက​တော့ Square Enix က ထုတ်​မယ့်​ Stealth/ survival action/ third person shooter အမျိုးအစားဖြစ်​ပါတယ်​ ။ ဂိမ်းဟာ Metal Gear Solid ဂိမ်းဆန်​ဆန်​ဖြစ်​​နေပြီး စက်​လက်​နက်​​ပေါင်းစုံ တပ်​ဆင်​လို့ရမယ့်​ စက်​ရုပ်​တွေစီးပြီး ပစ်​ရတာ​တွေပါမယ်​လို့ ပြထားတဲ့အတွက်​​ကြောင့်​ လူ​တော်​​တော်​များများ စိတ်​ဝင်​စား​နေကြပါတယ်​ ။ ပြီး​တော့ ဂိမ်းရဲ့ ​world နှင့်​ setting ​တွေက Front Mission 5 နှင့်​ Front Mission Evolved ကြားထဲက ​နေရာယူထားတယ်​လို့ ဆိုပါတယ်​ ။

Platform: PS4, PC
Release date: March 5, 2019

======The End======

Post a Comment

0 Comments