ကောင်းတတ်ဖို့


ကျွန်တော်တိုု့ ရဲ့ ဘဝလမ်းခရီးတစ်လျှောက်မှာ
သူများအပေါ် ကောင်းတတ်ရမယ်။
ကိုုယ့်အပေါ်လည်း ကောင်းတတ်ရမယ်။
သူများအပေါ် ကောင်းတတ်ခြင်းဟာ ခရီးဝေးဝေး ပိုုပေါက်မြောက်စေတယ်။
ကိုုယ့်အပေါ် ကောင်းတတ်ခြင်းဟာ ဘဝကိုု ပိုုမိုုစိုုပြေစေပါတယ်။
အမှန်တော့ ဘယ်သူ့အပေါ် ပဲကောင်းကောင်း၊
ကောင်းခြင်းဆိုုတာ........
အချစ်ကိုုဆန့်ထုုတ်ခြင်းပါ။ နွေးထွေးမှု ကိုု ကူးစက်စေခြင်းပါ။
သူများကိုု အကျိုးဖြစ်ထွန်းစေတယ်။ ကိုုယ်လည်း စိတ်ချမ်းသာတယ်။

ကိုုယ်အဆင်ပြေနေတဲ့အခါမှာ၊
သူများအပေါ် ကောင်းတတ်ဖိုု့ လိုုအပ်လှပါတယ်။
ကိုုယ်က အဆင်ပြေနေတော့၊ သဘောကောင်းရတယ်။ နိမ့်ချတတ်ရတယ်။
အဲလိုု မလုုပ်နိုုင်ခဲ့ရင်တောင်မှ....
အနည်းဆုုံးတော့ မဝင့်ဝါမိဖိုု့၊ မကြွားဝါမိဖိုု့၊
အထက်စီး မနေမိဖိုု့ ဆင်ခြင်ရပါမယ်။

ဒီနေရာမှာ ကောင်းတယ်ဆိုုတာ ရင်းနှီးလွယ်တဲ့သဘော၊
ခင်မင်ပျော့ပြောင်းတဲ့သဘော၊
စိတ်သဘောထားကြီးတယ်ဆိုုတာ
ပြစ်တင်မှုထက် ခွင့်လွတ်မှုကို လျင်မြန်စေတဲ့ သဘော၊
တုုန့်ပြန်မှုထက် လျစ်လျူရှု့မှုကို အမြဲဦးစားပေးတဲ့သဘော၊
သင်ချမ်းသာတယ်။
သင့်အနီးအနားမှာရှိတဲ့လူတွေ သင့်ချမ်းသာတဲ့ဒဏ်ကိုု မခံစားမိစေဘူး၊
သင်ပညာရှိတယ်။
သင့်အနီးအနားကလူတွေ သင့်ပညာမာန်ကိုု မရိပ်မိစေဘူးဆိုုရင်...
လူမူရေးမှာ သင်တော်တော်ကိုု အဆင်ပြေနေပါပြီ။

အဲ..အဆင်မပြေတဲ့အခါမှာ၊ ကိုုယ့်အပေါ် ကောင်းမွန်တတ်ရတယ်။
ပတ်ဝန်းကျင်တစ်ခုုလုုံး ကိုုယ့်ကိုု အထင်မကြီးပါဘူးဆိုု
ကိုုယ့်ယုုံကြည်ချက်လေးတော့ အနည်းဆုုံးထိန်းထားရမှာလေ၊
ဘယ်သူမဆိုု ဘဝခရီးမှာ အခက်အခဲ တွေ့ရတတ်တယ်။
တစ်ခါခါ ဘဝ အမှောင်ကိုု ဖြတ်သန်းသွားရတတ်ပါတယ်။

အဲဒီအခါမျိုးမှာ၊ ဘယ်သူမှ ကိုုယ့်ကိုု မချစ်တာတောင်မှ
ကိုုယ့်ကိုုယ်ကိုု တော့ ချစ်တတ်ရမယ်။
ကိုုယ့်အပေါ် ကိုုယ်ပြန်ကောင်းတတ်ရမယ်။
စိတ်ထဲမှာ မွေးမြူထားရမဲ့ စကားတစ်ခွန်းကတော့...
“ ငါတစ်ရက် အောင်မြင်ရမယ်။”

ကိုုယ့်အပေါ် ကောင်းတတ်ရတယ်ဆိုုတာ
အတိ်တ်က အမှားတွေအပေါ် တောက်တချက်ချက် မခေါက်မိစေဖိုု့၊
မိမိစိတ်နဲ့ မိမိ အဆင်ပြေစေဖိုု့၊
တောင်ကျကျ၊ ပြားကျကျ၊ အပြုံးမပျက်စေဖိုု့ ဖြစ်ပါတယ်။
ညဉ့်နက်ထက် သန်းခေါင်မကျနိုင်ပါဘူး
သန်းခေါင်လွန်ရင်တော့ မိုုးလင်းလာမှာပေါ့၊
ကိုုယ့်အပေါ် ကိုုယ် ကောင်းတတ်တဲ့လူတိုုင်း
မိုုးမြန်မြန် လင်းနိုုင်ကြပါစေ။

Ref: we chat
Credit to Sayar Aung Ko Latt

Post a Comment

0 Comments