Official version နှင့် Crack version ကွာခြားပုံ


စာဖတ်မရလျှင် ဒီကိုနှိပ်ပါ

PC မှာက official နှင့် crack ဆိုပြီး ၂ မျိုးရှိတယ် .... crack ဈေးနည်းတယ် ... official က ဈေးများတယ် .... ဘာကွာသွားလဲဆိုတော့ official version က ဒေါ်လာနဲ့ ဝယ်ရပြီး သူ့မှာ online ရတဲ့ feature တွေအပြင် developer တွေရဲ့ feed back, customer care တို့ bonus တို့အပြင် game developer တွေက ပေးတဲ့ တိုလီမှုတ်စ အပိုဆာဒါး လေးတွေ အကုန် ရတယ် .... crack ကျတော့ အဲ့လို မဟုတ်ဘူး ... အများအားဖြင့် ဂိမ်းတစ်ခုတည်းပဲ ရတယ် .... official ကို အင်ထုထားတာ







အခုတောင်မှ Assassin Creed origin ဂိမ်းကို hack နေတာ မရသေးဘူး ... crack version ထွက်မလာသေးဘူး .. အရင်ကတော့ မြန်မာပြည်အနေနဲ့ ဂိမ်းကို တရားဝင် ဝယ်မရလေတော့ crack version ပဲ ဆော့ခဲ့ကြရတာပေါ့ ... အခုကျမှ visa card တွေရှိလာသလို တရားဝင်လည်း ဝယ်လို့ရလာတာကြောင့် ပိုပြီး အဆင်ပြေလာတယ် ...... မြန်မာပြည်မှာတော့ Crack game က တရားဝင်ထက် အဆမတန် ဈေးနည်းတာကြောင့် ဝယ်ကြတာများတယ် ... နောက်ပြီး trainer တို့လို mod လေးတွေ ရှိတော့ ကစားရပျော်တယ် ... ဒါကတော့ crack game ရဲ့ အားသာချက်ပေါ့လေ .... ဒီပို့စ်လေးကို ဖတ်ပြီး Crack ဂိမ်းနဲ့ Official ဂိမ်း ဘာကွဲပြားလဲဆိုတာ နားလည်ပြီး ဂျင်းထည့်ခံရခြင်း အ​ကြောင်​ရိုက်​ခံရခြင်းမှ လွတ်မြောက်နိုင်ကြပါစေလို့ မျှော်လင့်ပါတယ် ... အကယ်၍ ပိုက်ဆံတတ်နိုင်မယ်ဆို ဂိမ်းကို တရားဝင်ဝယ်ခြင်းအားဖြင့် game developer ကို support ပေးကြပါလို့လည်း တိုက်တွန်းလိုက်ရပါတယ် ...

|Fros|


Unicode

လူတွေက ဆော့ချင်တာပဲ သိပြီး PC ဂိမ်းအကြောင်း သိပ်မသိကြဘူး .... ဂိမ်းချင်းတူတူ ဟိုမှာ ရောင်းတာက ၆ သောင်းကျော်ပေးရတယ် .... ဒီမှာရောင်းတာကျတော့ ၅ ထောင်ပဲ ရှိတယ် ... ဟိုဆိုင် အမြတ်ကြီး တအားစားတာပဲ မကောင်းဘူး .... တကယ်တော့ အဲ့လို မဟုတ်ဘူး ....

PC မှာက official နှင့် crack ဆိုပြီး ၂ မျိုးရှိတယ် .... crack စျေးနည်းတယ် ... official က စျေးများတယ် .... ဘာကွာသွားလဲဆိုတော့ official version က ဒေါ်လာနဲ့ ဝယ်ရပြီး သူ့မှာ online ရတဲ့ feature တွေအပြင် developer တွေရဲ့ feed back, customer care တို့ bonus တို့အပြင် game developer တွေက ပေးတဲ့ တိုလီမှုတ်စ အပိုဆာဒါး လေးတွေ အကုန် ရတယ် .... crack ကျတော့ အဲ့လို မဟုတ်ဘူး ... အများအားဖြင့် ဂိမ်းတစ်ခုတည်းပဲ ရတယ် .... official ကို အင်ထုထားတာ

Crack ကို သေချာ ရှင်းပြရရင်

ဂိမ်းတစ်ခုပဲ ဖြစ်ဖြစ် program တစ်ခုပဲ ဖြစ်ဖြစ် သုံးဖို့ဆိုရင် ဝယ်ရတယ် ... dollar နဲ့ပေါ့ .... ကိုယ်က အဲဒီ ဂိမ်းဝယ်လိုက်ရင် ဒါဟာ တရားဝင် ပိုင်ဆိုင်သွားတာပဲ ... Hacker တွေက အဲ့ဒါကို အလကားသုံးရအောင် ဆိုပြီး Crack ကို လုပ်ထားကြတာ ..... Crack ဂိမ်း install လုပ်တော့မယ်ဆို ဂိမ်းခွေ cover မှာ ရေးထားတာ တွေ့ရပါလိမ့်မယ် .... ဂိမ်းမသွင်းမီ antivirus ပိတ်ထားပါ ... internet ဆက်ထားလျှင် ဖြုတ်ထားပါ ဆိုပြီးတော့ပေါ့ .... အဲ့ဒါက official version ရဲ့ အစိတ်အပိုင်းတစ်ခုကို ဖျက်ပစ်ထားတဲ့ အရာ crack မှာ ပါနေလို့ပဲ ...... official version မှာ ဝယ်လိုက်တာနဲ့ ဂိမ်းထဲ တနေရာမှာ game ထုတ်တဲ့ company က တရားဝင် key တွေ ထည့်ပေးလိုက်ပြီးသား ... game company တွေက သူတို့ ဂိမ်းဝယ်ထားတဲ့သူတွေကို online တက်တာနဲ့ တရားဝင် ဝယ်ထားတာ ဟုတ်မဟုတ် လှမ်းစစ်လေ့ရှိတယ်.... ဒါကြောင့် official version ဝယ်ထားသူတွေဟာ internet ဆက်လိုက်ရင် ဘာပြသနာမှ မတက်တာပဲ ဖြစ်တယ် ... official ဝယ်ထားသူတွေက game တစ်ခုခု ဖြစ်သွားရင် developer ဆီ complain တက်လို့ရတယ် ... တခါတလေ game developer ဆီက ထူးထူးခြားခြား feature လေးတွေ ရတတ်တယ်.... ..

အဲ့ဒီလို game company က key လှမ်းစစ်တာကို စစ်လို့မရအောင် Crack က အဲ့ဒီ key ကို ဖျက်ပစ်ထားတာပဲ ဖြစ်တယ် ... Key ကို worm program လေးတွေ ထည့်ပြီး ဖျက်ပစ်ပြီး တကယ့် ဝယ်ပြီးသားမျိုး ဖြစ်အောင် program ကို လိမ်ထားကြတယ် .... အင်ထုထားကြတာ .... အလကားသုံးရအောင် လုပ်ရတဲ့ နည်းက ၃ မျိုး ရှိပါတယ် ... patch ထည့်နည်း ၊ serial number အတုလုပ် ထည့်နည်း နှင့် Crack ထည့်နည်းဆိုပြီးတော့ပါ ... အန္တရာယ် အနည်းဆုံးက serial number အတု ထည့်နည်း ၊ ဒုတိယလိုက်တာက patch ထည့်နည်း ၊ အန္တရာယ် အများဆုံးကတော့ crack ထည့်နည်းပါပဲ ... Crack ထည့်နည်းက ဘာကြောင့် အန္တရာယ် များတာလဲဆိုတော့ official ဟုတ်မဟုတ် လှမ်းစစ်တဲ့အခါ အဓိက သုံးတဲ့ key ကို ဖျက်ပစ်ထားတဲ့ worm program လေးတွေကြောင့်ပါ ... worm ထဲက တချို့ဆို computer system ကို အနှောင့်အယှက်ပေးတတ်တယ် ... anti virus program ထည့်ထားရင် anti viurs က အဲဒီ worm တွေကို အန္တရာယ်ရှိတယ်ဆိုပြီး သတ်မှတ်ထားတာများတာကြောင့် ဖျက်ပစ်ကြတာများတယ် ... ဖျက်ပစ်ခံထိတော့ ပျက်သွားပြီး ဂိမ်းက တက်မလာတော့ဘူး .... မ run နိုင်တော့ဘူး ...

Crack ဂိမ်းဖြစ်အောင် လုပ်ပေးတဲ့ hacker အုပ်စုတွေရှိတယ် .... 3DM တို့ skidrow တို့ လိုမျိုး အုပ်စုတွေ ... 3DM ကတော့ တရုတ်က hacker အုပ်စု ... skidrows ကတော့ ဥရောပက hacker တွေ ... ဂိမ်းတစ်ခု ထွက်လာတာနဲ့ သူတို့က ဝယ်ပြီး hack တော့တာပဲ ... hack လို့ရရင် crack version ထွက်လာတယ် ... နောက်ပြီး trainer တို့ cheat program တို့ ထွက်လာကြရော ... သူတို့ရန်က ကာကွယ်ဖို့ဆိုပြီး Denovo တို့လို့ DRM တွေ ထွက်လာပေမယ့် သိပ်ကြာကြာ မခံလိုက်ရပါဘူး ... hack လိုက်တာ အကုန် ကျိုးပေါက်ကုန်လို့ အခုဆို Denovo လည်း အသံတောင် မကြားရတော့ဘူး ... အဲ့ဒီ hacker အုပ်စုတွေကတော့ နာမည်ကြီးပြီး လူအသုံးများ အားပေးမှုများတဲ့ crack ဂိမ်းထွက်ရာ နေရာတွေပေါ့ ... crack တစ်ခု ထွက်လာပြီဆိုတိုင်း ကစားလို့ရတာ မဟုတ်ဘူး ... အထဲမှာပါလာတတ်တဲ့ worm တွေရဲ့ ရန်ကိုလည်း ထည့်တွက်ရတယ် .... windows system တွေမှာ တစ်ခုခုနဲ့ ညှိနိုင် မညှိနိုင် ကြည့်ရသေးတယ် ... ညှိနေရင် windows တက်မလာတာတို့ blue screen of death တွေ ပြတာတို့ ဖြစ်တတ်တာကိုး .... အားလုံးအဆင်ပြေပါရဲ့ အချိန်ကြာရင် ထဖောက်ပြီး game မ run နိုင်တတ်တာကိုလည်း သတိထားရသေးတယ် ... ဒါကြောင့် ဂိမ်းတစ်ခုထွက်ပြီး crack ထွက်ပြီးတာတောင်မှ stable ရတဲ့အထိ အချိန်စောင့်ကြည့်ရတယ်

နောက်ပြီး Crack version က တစ်ခုဆို တစ်ခုပဲ ရတယ် ... ဥပမာ ပြရရင် Sims 4 ပထမဦးဆုံး ထွက်လာတော့ hacker တွေက hack လိုက်တာ crack version ထွက်လာတယ် ... ဒါပေမယ့် ၁ လလောက်ကြာတော့ sim4 expansion pack ၁ခု ထွက်လာတယ် ... အဲ့ဒီ expansion pack ပါပါအောင် ဆိုပြီး နောက်တခါ hack ရပြန်တယ် ... sims 4 expansion ပါပါတဲ့ crack version ထွက်လာတယ် ... နောက်တစ်ခါ EA က sims 4 expansion pack တစ်ခု ထပ်ထုတ်ပြန်တယ် ... hacker တွေက hack ပြီး အခုထွက်လာတာနဲ့ ပေါင်းပြီး crack version ထုတ်ရပြန်တယ် .... (EA ကတော့ အတော် နှိပ်စက်တာ) ... ဒါကြောင့် sims4 expansion အကုန်ပါအောင် ၁ နှစ်နီးနီးစောင့်ပြီး ထွက်လာတဲ့ crack ဝယ်ဆော့မှ ခဏခဏ ဝယ်နေရတဲ့ ဘဝက လွတ်မြောက်သွားတော့တယ် ... patch တွေထွက်လာလည်း အဲ့လိုပဲ .... တခါထွက်ရင် crack တစ်ခုနဲ့.... patch ထွက်တာ အကုန်လုံးကုန်တဲ့အချိန်မှာ ထွက်တဲ့ crack ကျမှ ပြီးပြည့်စုံတဲ့ crack version ဖြစ်တော့တာ .... ဒီနေရာမှာ official version ဝယ်ထားသူတွေ အနေနဲ့ကတော့ patch ထွက်ထွက် expansion ထွက်ထွက် အေးဆေး download ဆွဲဆော့ရုံပဲ ... expansion ဆို ဒေါ်လာလေးတွေနဲ့ ဝယ်ရတာကလွဲလို့ပေါ့ .....

Crack ဂိမ်​းကို ကိုယ်​တိုင်​ download ဆွဲနိုင်​ပါတယ်​ .... ဒီ 3DM တို့ skidrow တို့ကဆို crack ဂိမ်​း​တွေ အလကား ​ပေးဆွဲတယ်​ .... ဝယ်​စရာမလိုဘူး .... ဆွဲရင်​​တော့ ကိုယ်​့ဘက်​က ဆွဲမယ်​့ game data ​တွေအတွက်​ internet data ကုန်​ကျစရိတ်​ ခံနိုင်​ရမှာ​ပေါ့​လေ .... အခုက​တော့ data ခဲခဲ download လုပ်​​ပေးတဲ့ service ဆိုင်​​တွေလည်​း ​ပေါများလာပြီ .... အဲ့ ဆိုင်​​တွေမှာ သွားဆွဲခိုင်​းရင်​ ရသလို telenor, ooredoo, mpt လိုင်​း​တွေ သုံးပြီး အိမ်​မှာ ထိုင်​ပြီး download ဆွဲလို့လည်​း ရပါတယ်​ ... night pack ​တွေ ဝယ်​ပြီး အပင်​ပန်​းခံ download ဆွဲနိုင်​ရင်​​တော့ အပြင်​မှာဝယ်​တာထက်​ သက်​သာတာ​ပေါ့​လေ ... ဒါက​တော့ ကိုယ်​အဆင်​​ပြေရာ ကိုယ်​သုံးတာ​ပေါ့

အခုတောင်မှ Assassin Creed origin ဂိမ်းကို hack နေတာ မရသေးဘူး ... crack version ထွက်မလာသေးဘူး .. အရင်ကတော့ မြန်မာပြည်အနေနဲ့ ဂိမ်းကို တရားဝင် ဝယ်မရလေတော့ crack version ပဲ ဆော့ခဲ့ကြရတာပေါ့ ... အခုကျမှ visa card တွေရှိလာသလို တရားဝင်လည်း ဝယ်လို့ရလာတာကြောင့် ပိုပြီး အဆင်ပြေလာတယ် ...... မြန်မာပြည်မှာတော့ Crack game က တရားဝင်ထက် အဆမတန် စျေးနည်းတာကြောင့် ဝယ်ကြတာများတယ် ... နောက်ပြီး trainer တို့လို mod လေးတွေ ရှိတော့ ကစားရပျော်တယ် ... ဒါကတော့ crack game ရဲ့ အားသာချက်ပေါ့လေ .... ဒီပို့စ်လေးကို ဖတ်ပြီး Crack ဂိမ်းနဲ့ Official ဂိမ်း ဘာကွဲပြားလဲဆိုတာ နားလည်ပြီး ဂျင်းထည့်ခံရခြင်း အ​ကြောင်​ရိုက်​ခံရခြင်​းမှ လွတ်မြောက်နိုင်ကြပါစေလို့ မျှော်လင့်ပါတယ် ... အကယ်၍ ပိုက်ဆံတတ်နိုင်မယ်ဆို ဂိမ်းကို တရားဝင်ဝယ်ခြင်းအားဖြင့် game developer ကို support ပေးကြပါလို့လည်း တိုက်တွန်းလိုက်ရပါတယ် ...

|Fros|

Post a Comment

0 Comments