၂၀၁၈ နှစ်သစ်မင်္ဂလာ

မိတ်ဆွေ
၂၀၁၈ ဝင်ခဲ့ပြီလေ
မင်္ဂလာနဲ့ ပြည့်စုံနေတဲ့ ဒီနှစ်သစ်မှာ..
ဘယ်လို အနှစ်သာရ ရှိရှိနဲ့ အသက်ရှင်နေထိုင်ကြမလဲ
ကျနော့ရဲ့ သဘောနဲ့ ဆိုရင်တော့လေ..
ကိုယ့်ကိုယ်ကို အမှန်တကယ် ချစ်ပါတော့မယ်။

၂၀၁၈..
ကိုယ့်ကိုယ်ကို တကယ် ချစ်ပါတော့မယ်။
သူများ မျက်နှာကို ကြည့်ပြီး အသက်မရှင်တော့ဘူး
သူများ ချီးမွမ်းတာရော၊ ဝေဖန်ကဲ့ရဲ့တာတွေရော သိပ်မမူတော့ဘူး
ကိုယ့်သဘောအတိုင်းပဲ အသက်ရှင်တော့မယ်။
ကိုယ့်အယူအဆ အတိုင်းပဲ ကိုယ်ရပ်တည်တော့မယ်။

၂၀၁၈…
ကိုယ့်ကိုယ်ကို တကယ်ချစ်တော့မယ်။
စိတ်ပျက်စရာတွေ..စိတ်ထဲကို မသွင်းတော့ဘူး
စိတ်ညစ်စရာတွေ..စိတ်ထဲကို မထည့်တော့ဘူး
တစ်ရက်စိတ်ချမ်းသာရင် တစ်ရက်၊ တစ်နှစ်စိတ်ချမ်းသာရင် တစ်နှစ်ပေါ့
အတိတ်ဆိုတာ အခိုးအငွေ့လိုပဲ ပျံ့ လွင့်ပျောက်ကွယ်စေတော့မယ်။
စိတ်ညစ်စိတ်ပျက်စရာတွေ၊ အားလုံး အနိစ္စ သဘောနဲ့ မေ့ပစ်လိုက်တော့မယ်။

၂၀၁၈..
ကိုယ့်ကိုယ်ကို သေသေချာချာ ချစ်တော့မယ်။
ဘာပဲဆုံးရှုံးဆုံးရှုံး ၊ ကျန်းမာရေးကို အဆုံးရှုံး မခံတော့ဘူး၊
မန္တလေးတောင်ကို မနက်တိုင်းတက်မယ်။
ဆရာမ သင်ပေးတဲ့ ယောဂ လေ့ကျင့်ခန်းကို မနက်တိုင်း ကြိုးစားပြီးလုပ်ပါမယ်။
စားသင့်တဲ့ အစာ၊ ကျန်းမာတဲ့အစာ ဆင်ခြင်ပြီး စားသောက်ပါ့မယ်။
ရှောင်သင့်တဲ့ အစားအစာ၊ အားလုံးရှောင်နိုင်အောင် ကြိုးစားပါ့မယ်။

၂၀၁၈…
ဘာပဲစွန့်ပစ်စွန့်ပစ်၊ မူမှန်တဲ့ စိတ်နေစိတ်ထားကိုတော့ မစွန့်ပစ်သင့်ဘူး။
ကျေးဇူးတင်သင့်တဲ့အရာအားလုံးကို ကျေးဇူးတင်မယ်။
မေ့သင့်တဲ့ အရာအားလုံးကိုလည်း မေ့ပစ်လိုက်တော့မယ်။
တန်ဖိုးထားသင့်တဲ့ အရာအားလုံးကို တန်ဖိုးထားမယ်။
လျစ်လျူရှု့ သင့်တဲ့အရာများအားလုံးကိုလည်း လျစ်လျူရှု့ ပါတော့မယ်။

၂၀၁၈…
ကိုယ့်ဘေးနားကလူတွေကို သေသေချာချာ ချစ်ပါတော့မယ်။
ကိုယ့်ကို အလေးထား ချစ်မြတ်နိုးတဲ့လူတွေ၊
အသက်နဲ့လဲပြီး သင်တို့ကို ပြန်ချစ်ပါမယ်။
ဒီဘဝမှာ..သင်တို့ကို ရေစက်ဆုံနိုင်ခြင်းဟာ..
ကံကောင်းခြင်း၊ ကုသိုလ်ကောင်းခြင်းကြောင့်ပါ။
သင်တို့ရဲ့ တည်ရှိမှုကြောင့် ကျနော့ဘဝဟာ ပိုမို စိုပြေသွားစေသလို၊
ကုန်ဆုံးသွားတဲ့အချိန်အတွက်၊ နောင်တရစရာ မချန်လပ်ခဲ့ပါ။

ကိုယ့်ကို အမုန်းစိတ်ထားတဲ့လူများ၊
ကြည်ကြည်သာသာပဲ လက်လွတ်ပါတော့မယ်။
အဆက်ဖြတ်သင့်ရင်လည်း၊ အဆက်ဖြတ်ပါတော့မယ်။
သင်တို့ ကျနော့ကို မုန်းမုန်းမေ့မေ့ ရှိနိုင်ကြပါစေ။
မုန်းခြင်းဟာ သင်တို့ရဲ့ အတွင်းစိတ်ကို ထိခိုက်စေနိုင်ပြီး၊
မေ့ခြင်းဟာ သင်တို့ကို လွတ်မြောက်စေနိုင်ပါတယ်။
အမုန်းကို မေ့လိုက်ခြင်းဟာ အားလုံးအတွက် ..
အကောင်းဆုံးထွက်ပေါက်ပါ။

၂၀၁၈…
အချိန်ကို တကယ် မဖြုန်းတီးချင်တော့ဘူး
ရယ်စရာရှိရင် အားရပါးရ ရယ်မောတော့မယ်။
ပြုံးစရာရှိရင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးပါတော့မယ်။
လွတ်လွတ်လပ်လပ် တွေးခေါ်မယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုမယ်။
ကိုယ့်ကိုယ်ကို ဒီထက်ကောင်းအောင် ကြိုးစားမယ်။
သူများကို ကူညီနိုင်သလောက် ကူညီမယ်။
သုံးသင့်ဖြုန်းသင့်တဲ့ ပိုက်ဆံကို မချွေတာတော့ဘူး ။
အလုပ်အတွက်နဲ့ မိသားစုကို မစတေးတော့ဘူး။
ရေစက်ရှိလို့ လာရောက်ဆုံတွေ့ရတဲ့ မိတ်ဆွေများအားလုံးကို
ဆက်သွယ်ဖြစ်အောင် ကြိုးစားပါမယ်။

 ရေစက်ရှိလို့ ဒီစာဖတ်ရှု မိသူများ မိတ်ဆွေအပေါင်းတို့...

 ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ၊
အနှစ်သာရ ရှိသော နှစ်သစ်ဖြစ်ပါစေ။
အောင်မြင်သော နှစ်တစ်နှစ် ဖြစ်ပါစေ။

Ref: WeChat

Credit to Original Writer *Aung Ko Latt*

Post a Comment

0 Comments