ခွင့်လွှတ်တတ်ခြင်းရဲ့ အခြားတဖက်၌

ခွင့်လွှတ်တတ်ခြင်းရဲ့ အခြားတဖက်၌ Unicode version


ခံယူလိုက်ပါတယ် ။

ဒဲ့ရင်ဆိုင် ခဲ့မိတယ် ။


ကိုယ့်ဝတ္တရားတွေကို ကျေပွန်အောင် ကြိုးစားခဲ့ပါတယ် ။




ကိုယ့်အပေါ် မယုံကြည်နိုင်သူတွေကိုလည်း ယုံကြည်လာဖို့ 




က



Unicode

တချို ့အရာတွေကို လိုက် ရှင်းပြမနေတော့ပဲ
အဆုံးသတ်လိုက်တာ အေးချမ်းပါတယ် ။
တချို ့အရာတွေကိုကျ တော့လည်း မမြင်ယောင်ဆောင်
နေလိုက်တာ စိတ်သက်သာစေပါတယ် ။
တချို ့လူတွေကို ခွန် ့တုန် ့ပြန်ပြောမနေတော့ဘဲ
အရှုံးပေးလိုက်တာ နှလုံးအေးပါတယ် ။

ပေးတိုင်းပြန်မရတဲ့ ဆက်ဆံရေးကို အပြစ်မတင်ချင်ဘူး
ဘဝထဲမှာ မရှိသင့်တဲ့ အရာတွေကိုပဲ ဖယ်ထုတ်ပစ်လိုက်
တာဟာ ကိုယ့်စိတ်ကိုယ် ကယ်တင်လိုက်ခြင်းသာ ဖြစ်တယ်လို ့
ခံယူလိုက်ပါတယ် ။

ဆယ်ကျော်သက်အရွယ်တုန်းကဆို ထစ်ခနဲဆို စိတ်နဲ ့အတူ
လူပါ ရောက်လို ့ မနေတတ် မထိုင်တတ် ပြဿနာကို
ဒဲ့ရင်ဆိုင် ခဲ့မိတယ် ။

အသက်လေး တဖြေးဖြေး ကြီးလာတော့
အကောင်းနဲ ့ အဆိုးဒွန်တွဲနေတဲ့ လောကကြထဲ လူအမျိုးမျိုး
စိတ်အထွေထွေပါလား ဆိုတဲ့အသိတွေနဲ ့အတူ
ခွင့်လွှတ်နိုင်ခြင်း ၊ စွန် ့လွှတ်နိုင်ခြင်းတွေကို ပိုင်ဆိုင်ခဲ့ပါပြီ ။

ကိုယ့်ဘဝထဲ မခေါ်ပဲဝင်လာတဲ့ ဧည့်သည်တွေရှိသလို
ကိုယ်ခေါ်လို ့ ဝင်လာကြတဲ့ ဧည့်သည်ရယ် ဆိုပြီး
နှစ်မျိုးနှစ်စား ရှိနေပါတယ် ။
ဘယ်လိုဧည့်သည်တွေပဲရောက်လာပါစေ ကိုယ့်ဖက်က
နွေးထွေးစွာကြိုဆိုခဲ့တယ်
က်ုိယ့်ဝတ္တရားတွေကို ကျေပွန်အောင် ကြိုးစားခဲ့ပါတယ် ။

မနေချင်လို ့ ထွက်သွားကြရင်လည်း တားစီးဖို ့ မကြိုးစား
တော့ဘူး ကိုယ့်မေတ္တာတွေ တစ်နေ ့သူတို ့နားလည် လာလိမ့်မယ် ။

စွန် ့ခွာသွားသူအားလုံးကို တမ်းတမနေတော့ပါဘူး
တစ်နေ ့ ကိုယ့်တန်ဖိုးတွေသိလာကြမှာပါ ။

အထင်မြင်လွဲသွားသူတွေကိုလည်း လိုက်ရှင်းပြမနေတော့
ပါဘူး ကိုယ့်စေတနာတွေ တစ်နေ ့သိလာကြမှာပါ ။

ကို်ယ့်အပေါ် မယုံကြည်နိုင်သူတွေကိုလည်း ယုံကြည်လာဖို ့
မတောင်းဆိုတော့ပါဘူး အချိန်က စကားပြောသွား ပါလိမ့်မယ် ။

ဘယ်အရာကိုဖြစ်ဖြစ် မေတ္တာသန် ့သန် ့သာ ပေးခဲ့ပါတယ် ။
ကိုယ့်စေတနာ မေတ္တာတွေဆိုတာ ပေးလိုက်တိုင်း
အရှုံးဆိုတာမှ မရှိတာ မေတ္တာဆိုတာ ရောင်ပြန်ဟပ် စမြဲပါ ။

တစ်ခုလေးပါ ကိုယ့်ဖက်က စေတနာအမှန် မေတ္တာသန် ့စွာ
ကြိုဆိုခဲ့ပေမဲ့ ပြန်ထွက်သွားချိန် ရင်ဝကို ဆောင့်ကန်ထွက်
သွားသူတွေကိုတော့ မမေ ့နိုင်ခဲ့ပါဘူး ။

ဒါပေမဲ့ တန်ဖိုးရှိရှိ နေတတ်ခဲ့ပါပြီ သိက္ခာရှိရှိ ချစ်တတ်ခဲ့ပါပြီ
ခွင့်လွှတ်ခြင်းတွေနဲ ့အတူ စွန် ့လွှတ်တတ်ခဲ့ပါပြီ ။
ကိုယ်ရှာဖွေတွေ ့ရှိခဲ့တဲ့ နေရာမှန်မှာ ကျေနပ်ခြင်းတွေနဲ ့အတူ
ဥပက္ခာတရားတွေထဲ ပျော်နေပါပြီ ။

စိတ်နှလုံးအေးချမ်းခြင်းဆိုတာ ကိုယ်ကပေးလို ့ သူရရှိသလို


Credit to original writer

Post a Comment

0 Comments