ပျိုမေတို့အကြိုက် သနပ်ခါးကျောက်ပျဉ် နှင့် သနပ်ခါး



မေမေပြောပြတဲ့
ပျိုမေတို့အကြိုက် သနပ်ခါးကျောက်ပျဉ်ဆိုတာ

သနပ်ခါးကျောက်ပျဉ် အသစ်ဆိုရင်
ရေလေးဆေးလိုက်ပြီးတာနဲ
သနပ်ခါးတုံးသွေးလိုက်လို့ မရပါဘူး
ကျောက်သားအစစ်ကိုထွင်းထားတဲ့ ကျောက်ပျဉ်ဖြစ်ဖြစ်
ဘိလပ်မြေလိုမျိုးကို ပုံပြုထားတဲ့
ကျောက်ပျဉ်ဖြစ်ဖြစ်
ပထမဦးဆုံး အသုံးမပြုခင်မှာ
ဝယ်လာတဲ့ကျောက်ပျဉ်ကို ရေစင်စင်ဆေး
ရေပုံးထဲကိုထည့်ပြီး တစ်ည စိမ်ထားပါ

နောက်တစ်ရက်မှာ
နနွန်းတက်နဲ့ ဆီ+ဆားနဲ့ ကိုသွေးပြီး
တစ်နေကုန် နေလှမ်းထားရပါတယ်
ဆီခြောက်တော့မှ
သနပ်ခါးကျောက်ပျဉ်ကို ရေထပ်ဆေးပြီးမှ
မိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံးကို သွေးရပါတယ်
ထွက်လာတဲ့ သနပ်ခါးကလေးတွေက
ညက်နေပြီး တနေကုန်ပါးပြင်ပေါ် အရာထင်နေပါတယ်တဲ့
ကဲ
ကျောက်ပျဉ်အသစ်ကိုဘယ်လို
အသုံးပြုရသလဲ ဆိုတာ သိသွားပြီပေါ့

မေမေပြောပြတယ်

ကျောက်ပျဉ်ပေါ်
သနပ်ခါးသွေးတာ
လေ့ကျင့်ခန်းတစ်ခုလုပ်တာနဲ့ တူတူပဲတဲ့
ဒါပေမဲ့
ကြမ်းပြင်ပေါ် ချသွေးရတာမဟုတ်ပဲ
မိမိခါးအလည်လောက် အမြင့်ရှိတဲ့နေရာမှာ
ထားပြီး သွေးရမယ်တဲ့
သနပ်ခါးကို အားစိုက်သွေးနေရတော့
လေ့ကျင့်ခန်းလုပ်နေတယ်လို့ မထင်ရပေမယ့်
နှစ်နဲ့ချီပြီး
နေ့စဉ်သွေးနေရတော့
လက်မောင်းကြွက်သားတွေက
ပိုပြီးသန်မာလာတယ်
ပျော့အိပြီး ရွဲကျခြင်း မရှိဘူးတဲ့
ဘယ်ညာတော့လှည့်သွေးပေါ့တဲ့

ငရုပ်သီးထောင်းတာလဲအတူတူပဲတဲ့

ခေါင်းလေ့ကျင့်ခန်းကတော့
ရေအိုးရွက်တာပါတဲ့

မေမေ ရဲ့ အမေ(အဖွား) ပြောပြတာလို့ပြောတယ်

ကျေးဇူးတင်ပါတယ် မေမေ

-----------------------------

ကျောက်ပြင် မတရားချောနေလို့ ဘယ်လိုလုပ်ရမလဲ?

ကျောက်ပျဉ်ပေါ်ကို အိမ်ဆောက်တဲ့သဲနဲ့ သနပ်ခါးတုံးအကုန်နဲ့ ရေထည့် သနပ်ခါးသွေးသလို သွေးပေး စိတ်ကြိုက်ရရင် ရပ်ပြီး ရေဆေးချလိုက်ရင် ရပါပြီ

မှိုတက်နေတဲ့ သနပ်ခါးတုံးကို ဘယ်လို ဆေးရမလဲ?

ရေနွေးနဲ့ ပြုတ်ပြီး ဆေးလို့ရပါတယ် ။ ဆပ်ပြာ မလိုပါဘူး

----------------------------

သနပ်ခါးတုံးတွေ လိမ်းမကုန်ခင် ဒီတိုင်းထားမယ့်အစား
ရေ ပွက်ပွက်ဆူနေတဲ့ အထဲ ထည့်ပြုတ်
ခဏအကြာ ပြန်ဆယ်
တစ်ခါ ရေအေးနဲ့ ထပ်စိမ်ပြီး
ဘရပ်ရှ် အနုလေးနဲ့ တိုက်ဆေး
ရေစစ်ပြီး နေလှမ်းထားလိုက်ပါ ။
နေပူနဲ့ခြောက်အောင်လှမ်းနော် ။
သနပ်ခါးနံ့လေး မယုံနိုင်လောက်အောင် မွှေးနေတာတွေ့ရမှာပါ ။
မှိုလည်း မတက်တော့ဘူးနော်
တနှစ်ပတ်လုံးထားထားလို့ ရပြီ ။

Credit.
MayMay Su

Post a Comment

0 Comments