"Nex Machina: Death Machine" Preview (PlayStaion 4, PC via Steam)

အနည်းငယ်လောက်တောင် တိမ်းစောင်းခံမရတဲ့ အခြေအနေမှာ အဆက်မပြတ် ပြေးရင်း ပစ်နေရတဲ့ shooter ဂိမ်းမျိုး ကစားချင်လား?

ဒါဆိုရင် Machina ဆိုတဲ့ shooter ဂိမ်းက သင့်အကြိုက် ဖြစ်စေပါလိမ့်မယ် ။ Nex Machina ဂိမ်းဟာ Pac-Man Championship Edition ဂိမ်းလိုမျိုး အရင် ၁၉၉၀ ဝန်းကျင်တုန်းက ကျော်ကြားခဲ့တဲ့ classic arcade ဂိမ်းကို အခုခေတ်နည်းပညာတွေနဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ arcade အမျိုးအစား ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ အရောင် တောက်တောက်ပပ စိုစိုပြေ HD quality နှင့် အသေးစိတ်ကျကျ ချစ်စရာကောင်းအောင် ဖန်တီးထားတာမို့ မြင်လိုက်တာနဲ့ကို ကစားချင်စိတ် တဖွားဖွားပေါ်လာမှာပါ ။

Nex Machina ဂိမ်းကို Finnish video game studio Housemarque က ဖန်တီးထားတာဖြစ်ပါတယ် ။ ဒီဇိုင်နာ Eugene Jarvis က အကြံပေးအနေနဲ့ ပါဝင်ထားတာဖြစ်ပြီး Eugene Jarvis ဟာဆိုရင် Defender (1981) ၊ Robotron: 20184 (1982) ၊ Smash TV (1990) အစရှိတဲ့ arcade shoot'em up game တွေ ဒီဇိုင်းရေးဆွဲခဲ့တဲ့နေရာမှာ ထင်ရှားကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ် ။ Nex Machina ဂိမ်းဟာ Finnish video game studio Housemarque ရဲ့ ပထမဦးဆုံး ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ် ။


ဂိမ်း plot ကတော့ robot တွေ လာရောက်တိုက်ခိုက်မှုကြောင့် ပျက်စီးနေတဲ့ ကမ္ဘာကြီးကို ကယ်တင်ရမယ့် တစ်ယောက်တည်းသော hero နေရာကနေ ကစားရမှာပါ ။ သင်ဟာ ရန်သူအုပ်ကြားထဲ ရောက်သွားတာပဲ ဖြစ်ဖြစ် bullet လေး တချက် ထိလိုက်တာပဲဖြစ်ဖြစ် instant death တချက်တည်းနဲ့ကို သေနိုင်ပါတယ် ။ သင့်ဆီကို ဦးတည်ပြီး ပစ်လာတဲ့ lasser beam တွေ explosive ball တွေ သင့်ဆီကို ပြေးဝင်လာတဲ့ အသေခံစက်ရုပ်တွေ ရှောင်ရှားပြီး ပစ်ရမှာပါ ။ ဒီကြားထဲ ချုပ်နှောင်ခံထားရတဲ့ လူတွေကိုပါ ကယ်ရဦးမှာမို့ တကယ့်ကို မလွယ်ပါဘူး ။နေရာတိုင်း level တိုင်းမှာ စိန်ခေါ်မှုတွေနှင့် ပြည့်နှက်နေပါတယ် ။ level တစ်ခု တစ်ခုက သိပ်မကြာပါဘူး ။ နေရာကလည်း ကျဉ်းပါတယ် ။ အဆက်မပြတ် ပစ်ခတ်လာတဲ့ ကျည်ဆံတွေ ဗုံးပျံတွေကြား တချက်မှ မထိရအောင် ရှောင်တိမ်းရင်း ပစ်ရင်း လူတွေကို တတ်နိုင်သလောက် ကယ်ရမှာပါ ။ arcade ဆိုတဲ့အတိုင်း တဆင့်အောင်ပြီး နောက်တဆင့်ဆို ပိုပိုပြီး ခက်လာမှာပါ ။ နဲနဲလေးတောင် အတိမ်းအစောင်း လုံးဝခံလို့မရ ၊ ရှောင်တိမ်းဖို့ နေရာတွေလည်း တကယ့်ကို ကျဉ်းကျဉ်းကျပ်ကျပ်လေးတွေနဲ့ အချိန်နဲ့အလိုက် အတိအကျ တွက်နိုင်မှသာ မသေအောင် ကစားနိုင်မှာ ဖြစ်ပါတယ် ။ ရင်တမမနဲ့ ကစားရမှာပါ ။


တခါမှ မသေပဲ ကျွမ်းကျင်စွာ ကစားပြီး အောင်နိုင်ခဲ့ရင်တော့ reward အနေနဲ့ ရလာမယ့် bonus point တွေ item upgrade တွေ skill အကောင်းစားတွေက နောက်တဆင့်မှာ အောင်နိုင်ဖို့ အခွင့်အလမ်း များလာအောင် အထောက်အကူ ဖြစ်လာပါလိမ့်မယ် ။ level တစ်ခုရောက်တိုင်း သင့်အနေနဲ့ အဓိက လုပ်ရမှာက ကိုယ့်ကို တိုက်လာတဲ့ ရန်သူတွေကို ပစ်ခတ် ချေမှုန်းရမှာပါ ။ ဒုတိယ ရည်ရွယ်ချက်ကတော့ လမ်းတစ်လျှောက်တွေ့ရတဲ့ လူတွေကို ကယ်တင်ဖို့ပါပဲ ။ လူတွေနား ကပ် သွားလိုက်ယုံနဲ့ ကယ်တင်ပြီးသား ဖြစ်သွားမှာပါ ။ ကြည့်လိုက်ရင် လွယ်တယ်လို့ ထင်ရပေမယ့် တကယ် ကစားတဲ့အခါ မလွယ်လှပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ အချိန်ကလည်း ကန့်သတ်ထားတဲ့အပြင် ရန်သူတွေ အဆက်မပြတ် တရစပ် ပစ်ခတ်လာတဲ့ bullet တွေ ဗုံးပျံတွေကြား ကိုယ့်အသက် မပါအောင် ရှောင်တိမ်းပြေးလွှားရရင်းနဲ့ကို အလုပ်ရှုပ်နေမှာမို့လို့ပါ ။ လူတွေကို ကယ်ဖို့ကိုတော့ သိပ်အားမပေးပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ risk တော်တော်များလို့ပါ ။ အဓိကက level clear ဖြစ်အောင် ကစားဖို့ပါပဲ ။ boss fight ဆိုရင်တော့ ပြောမနေတော့ပါဘူး ။ ပစ်ခတ်လာတဲ့ အခေါက်အရေအတွက်က သာမာန်ထက် ပိုများလာပြီး ပိုရှုပ်ထွေးလာမှာ ဖြစ်သလို ပိုပို ခက်ခဲလာမှာမို့ သင့်ကို အသက်ရှုမနိုင်လောက်အောင် ဒုက္ခလှလှကြီး ပေးတော့မှာပါ ။

ဒီလို ခက်ခဲ ကြမ်းတမ်းတဲ့ Nex Machina world ကြီးမှာ အသက်ရှင်ဖို့ အဓိက အကျဆုံးအချက်က Dashing ကို မှန်အောင် သုံးဖို့ပါပဲ ။ သုံးတတ်ရင်တော့ level တစ်ခု clear ဖြစ်ဖို့ လွယ်သွားမှာ ဖြစ်သလို မသုံးတတ်ရင်တော့ သေတွင်းထဲ ခုန်ဆင်းလိုက်သလို ဖြစ်သွားပါလိမ့်မယ် ။ Dashing သုံးလိုက်တဲ့အချိန်မှာ invulnerable ဖြစ်သွားပြီး ဟိုခုန် ဒီခုန်နဲ့ လျှောက်ပစ်နိုင်ပေမယ့် သင့် character ရဲ့ lunge က တစ်တိတိနဲ့ ကုန်နေမှာ ဖြစ်ပါတယ် ။ လုံးဝ ကုန်သွားရင်တော့ life တစ်ခု ကုန်သွားမှာပါ ။


Secondary weapons တွေ ကတော့ scenario တချို့တွေမှာသာ ရနိုင်ပေမယ့် အများကြီး အထောက်အကူ ရပါတယ် ။ secondary weapon တွေမှာ ဘာတွေ ပါတတ်လဲဆိုတော့ powerful lasers, rockets, floating bombs, နှင့် အနီးကပ် ချရတဲ့ တချက်ထိ သေ sword တွေပါပဲ ။ ဒါပေမယ့် ဒီလို weapon တွေက recharge တွေ cooldown meter တွေ ရှိတာမို့ အခြေအနေတွေ သေချာ ချိန်ဆပြီးမှ သုံးတာ အကောင်းဆုံးပါပဲ ။

တစ်ပွဲ တစ်ပွဲက တစ်နာရီအောက်လောက်ပဲ ရှိတဲ့အပြင် level တိုင်း လျှို့ဝှက်ချက် အများကြီး ရှိတဲ့အတွက် ကြိမ်ဖန်များစွာ ပြန်လှန် ကစားနိုင်မှာ ဖြစ်ပါတယ် ။ leaderboard တွေ ရှိတာ မို့လို့ ကိုယ့်စွမ်းရည် ဘယ်လောက်ရှိလဲဆိုတာ ကမ္ဘာတဝန်းက player record တွေနဲ့ ပြိုင်နိုင်မှာ ဖြစ်ပါတယ် ။ local multiplayer support ပေးထားတဲ့အတွက် player ၂ ယောက် အတူ ကစားနိုင်မှာ ဖြစ်ပါတယ် ။ အားမရတဲ့အချက်ကတော့ online play ရှိပေမယ့် leaderboard အတွက် single player only ဖြစ်နေတာပါပဲ ။ Nex Machina ဂိမ်းကတော့ လွန်ခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က PlayStaion 4 နှင့် PC အတွက် ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ် ။

ခက်ခက်ခဲခဲ ကစားလိုက်ရလို့ အောင်မြင်သွားရတဲ့ အရသာဟာ ဘယ်လောက်ကောင်းလဲဆိုတာ gamer တိုင်း သိကြပါတယ် ။ ဒီလို အရသာမျိုး ပြန်ခံစားချင်ရင်တော့ Nex Machina ဆိုတဲ့ shooter arcade ဂိမ်းလေးကို ကစားကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေ ။

Gamespot 9/10
Destructoid 9.5/10
EGM 9/10
Dualshockers 9.5/10
Trusted Reviews 9/10
Steam 9/10

Steam link => http://store.steampowered.com/app/404540/Nex_Machina/

Gameplay video => https://www.gamespot.com/videos/nex-machina-video-review/2300-6439537/




Ref : Gamespot
Steam
Wikipedia

Post a Comment

0 Comments