အမှိုက်တွေကို ရှင်းထုတ်လိုက်ပါ






ဘဝတစ်လျှောက်လုံးမှာ ကြုံတွေ့ရသမျှတွေကို သင်ဦးနှောက်နဲ့ မှတ်တမ်းတွေအကန့်လိုက် သိမ်းဆည်းထားကြပါတယ်။

အဲ့လိုသိမ်းဆည်းထားတဲ့အရာတွေထဲမှာ မလိုအပ်တဲ့အမှိုက်တွေ များစွာပါဝင်ပါတယ်။


အမှိုက်ဆိုတာဘာလဲ?

အမှိုက်ဆိုတာ သင့်ဘဝတစ်လျှောက်မှာ သင်ကြုံတွေ့ခဲ့ရတဲ့ ဝမ်းနည်းစရာဖြစ်ရပ်တွေ နားကျဉ်းစရာဖြစ်ရပ်တွေ ရှုံးနိမ့်ခဲ့ရတာတွေ အားငယ်နေရတာတွေ ချိုးနှိမ်ခံရတာတွေ စသဖြင့် သင့်ဘဝကိုအဆိုးတွေသယ်ဆောင် ပေးခဲ့တဲ့မှတ်ဉာဏ်တွေပဲ ဖြစ်ပါတယ်။


အဲ့ဒီအမှိုက်တွေက သင့်ကို နလန်မထူအောင် သင့်စိတ်တွေကိုရောဂါပေးနေတဲ့ မှတ်ဉာဏ် တွေပဲဖြစ်ပါတယ် ဒါတွေကို သင်ပြန်တွေးပြီး သင့်စိတ်ကိုသင်ကိုယ်တိုင် ပြန်သတ်မိနေ တယ်ဆိုတာကို သင်သတိထားမိပါရဲ့လား။

ဒီလိုဆိုးဝါးတဲ့အတိတ်တွေကို သင်သိမ်းဆည်းထားနေသရွေ့ သင့်ဦးနှောက်ကို အမှိုက်ပုံကြီး အကြီးကြီးဖြစ်အောင် ရောဂါတွေဖြန့်ဝေနေပါလိမ့်မယ်။


အဲ့တော့ သင် အဲ့ဒီအမှိုက်လို မှတ်သားဉာဏ်တွေကို ဆက်သိမ်းထားသင့်ပါရဲ့လား?


သင့်ဦးနှောက်ထဲက ဘဝအတွက် အရေးမပါတဲ့ အမှိုက်တွေကို တဖြည်းဖြည်းချင်း ရှင်းထုတ်လိုက်ပါ  သန့်ရှင်းသွားတဲ့ အခန်းတွေမှာ သင့်ဘဝတွက်အရေးပါတဲ့အရာတွေကို အစားထိုးသိမ်းဆည်းပါ။


အချိန်မှီမရှင်းထုတ်ခဲ့ရင် အဲ့အမှိုက်ဆိုးတွေက သင့်ဦးနှောက်တစ်ခု လုံးကို ဝါးမြိုသွားပါလိမ့်မယ် ဘဝတွက်အရေးပါတဲ့အရာတွေကို သိမ်းဆည်းဖို့တွက် နေရာလွတ်တွေ လိုအပ်နေပါလိမ့်မယ်။


ဒါကြောင့် သင့်ဦးနှောက်ကို သန့်စင်ပါ
အမှိုက်မှန်သမျှကိုရှင်းထုတ်လိုက်ပါ
အမှိုက်တွေနဲ့အလေးမခံပါနဲ့
သင့်ဘဝတွက် အရေးပါဆုံးအရာတွေနဲ့
သင့်ဘဝတစ်ခုလုံးကိုတည်ဆောက်ပါ
ကျွန်မတို့တွေ ဘာအတွက်များဒီအမှိုက်တွေကို
တွယ်တာနေကြမှာလဲ ။


အတွေးသစ် အမြင်သစ်တွေနဲ့ ဒီနေ့ကစပြီး နာကျင်စရာတွေ
စိတ်ပျက်စရာတွေ
ဝမ်းနည်းစရာတွေ
အားငယ်စရာတွေ
စတဲ့ အမှိုက်တွေကို ရှင်းထုတ်ပီး
ဘဝတွက် တန်ဖိုးရှိတာလေးတွေနဲ့
အစားထိုး သိမ်းဆည်းကြရအောင်လားရှင်။

လေးစားစွာဖြင့်
May July


Credit to original writer May July

Post a Comment

0 Comments