E3 2017 အကျဉ်းချူပ်


E3 ပွဲကတော့ တစ်နှစ်တစ်ခါ ကျင်းပလေ့ရှိတဲ့ ပွဲတစ်ခုပါ ။ ဒီပွဲမှာ နာမည်ကြီး game company တွေက သူတို့ရဲ့ ဂိမ်းအသစ်တွေ ကြေညာ မိတ်ဆက် ပြသကြသလို ဂိမ်းစက် အသစ်တွေလည်း ပွဲထုတ်ပြကြပါတယ် ။ E3 2017 ကတော့ ဇွန်လ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ အမေရိကန် လော့စ်အိန်ဂျလိစ်မြို့က Los Angeles Convention centre မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ် ။ ဒီနှစ်တော့ ဂိမ်းစက်အသစ်ဆိုလို့ Nintendo Switch အပြင် အခု E3 2017 ပွဲမှာ မိတ်ဆက်လိုက်တဲ့ Xbox One နေရာကို ဆက်ခံမယ့် Xbox One X ပါဆိုရင် ၂ ခုရှိသွားပါပြီ ။

EA က ယခုနှစ် E3 မှာ ဂိမ်းအသစ်ပြတာ တော်တော်များပါတယ် ။ ဒီအထဲမှာမှ လူတော်တော်များများရဲ့ စိတ်ကို ဖမ်းစားသွားတဲ့ ဂိမ်းကတော့ Anthem ပါပဲ ။ BioWare က ဖန်တီးထားတာ ဖြစ်ပြီး ခေတ်လွန် ခေတ်ပျက်ကာလ ဇာတ်လမ်းသွား အမျိုးအစား ဂိမ်းတစ်ခုပါ ။ Star Wars Battlefront 2 ဂိမ်းကိုလည်း gameplay trailer အသစ်နှင့်အတူ နောင်ထွက်ရှိလာမယ့် content တွေ free ပေးတော့မယ် ဆိုတဲ့ သတင်းနဲ့အတူ E3 မှာ ဖော်ပြသွားပါတယ် ။ Sport အမျိုးအစားဂိမ်းဖြစ်တဲ့ FIFA 18 နှင့် Madden NFL 18 တို့ရဲ့ trailers နှင့် gameplay အသစ်တွေ နောက်ပြီး မကြာသေးမီကမှ သတင်းထွက်ထားတဲ့ Need for Speed: Payback ကိုလည်း gameplay trailer နဲ့အတူ ပြသသွားခဲ့ပါတယ် ။

Indie ဂိမ်းတွေ ပြကြတဲ့အထဲမှာ လူတွေ စိတ်ဝင်စားမှု အများဆုံးခံရဆုံး ဂိမ်းတစ်ခုကတော့ A Way Out ဆိုတဲ့ ဂိမ်းပါပဲ ။ Brothers: A Tale of Two Sons ဂိမ်းကို ဖန်တီးခဲ့တဲ့ Starbreeze studio ဆိုတဲ့ developer က ဖန်တီးခဲ့တာ ဖြစ်ပါတယ် ။ ထောင်ဖောက်ပြေးရမယ့် စွန့်စားခရီးစဉ်ဇာတ်လမ်း ဖြစ်ပြီး player ၂ ယောက် ချိတ်ဆက်ပြီး online ဖြစ်စေ local ဖြစ်စေ ကစားနိုင်မှာ ဖြစ်ပါတယ် ။

Microsoft က Xbox Scorpio လို့ နာမည်ဝှက်ပေးထားတဲ့ Console ကို Xbox One X ဆိုတဲ့ အမည်နှင့် E3 မှာ ဖော်ထုတ်ပြသလိုက်ပါတယ် ။ Microsoft ကတော့ Xbox One X ဟာ Xbox One ရဲ့နေရာကို ဆက်ခံမယ့် ဂိမ်းစက်တစ်ခု ဖြစ်မှာ ဖြစ်ပြီး ထုတ်ပြီးခဲ့တဲ့ Xbox ဂိမ်းစက်ထဲမှာ အသေးဆုံး console ဂိမ်းစက် တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ် ။ clock 1.172GHz ရှိ 6-teraflop GPU ပါဝင်ပြီး 4K စနစ် gaming ကိုအပြည့်အဝ ပေးနိုင်တယ်လို့ ဆိုပါတယ် ။ ဒီနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ ကမ္ဘာအနှံ့ စတင်ရောင်းချမှာ ဖြစ်ပြီး ဂိမ်းစက်နှင့် တွဲဖက်ပြီး exclusive ဂိမ်း ၂၂ ဂိမ်းအပါအဝင် ဂိမ်းပေါင်း ၄၂ ဂိမ်း နှင့်အတူ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ် ။

Bethesda က လူတော်တော်များများ မထင်မှတ်ထားတဲ့ The Evil Within 2 နှင့် Wolfenstein: The New Colossus ဂိမ်းကို ထုတ်ပြခဲ့ပါတယ် ။ နောက်ပြီး VR ဂိမ်း အမျိုးအစားတွေ ဖြစ်တဲ့ Doom VFR နှင့် Fallout 4 VR မိတ်ဆက် ပြသခဲ့တဲ့အပြင် Dishonored 2 ရဲ့ ထွက်ရှိလာမယ့် DLC ၊ Nintendo Switch အတွက် ထွက်လာမယ့် Skyrim တို့ကို E3 2017 ပွဲမှာ ကြေညာသွားခဲ့ပါတယ် ။

PC Gaming Show အချိန်မှာတော့ တခြား ကြေညာချက် အနည်းငယ်အပြင် အရင် Age of Empire ဂိမ်းကို remaster ပြန်လုပ်ထားတဲ့ Age of Empires: Definitive Edition နှင့် XCOM 2 ရဲ့ ထွက်လာမယ့် DLC အသစ်ကို ထုတ်ပြသွားခဲ့ပါတယ် ။

Ubisoft ကတော့ လူအများ မျှော်လင့်စောင့်စားနေကြတဲ့ Beyond Good and Evil 2 ကို ထုတ်ပြသွားခဲ့ပါတယ် ။ The Crew 2 trailer အပြင် လတ်တလောကမှ သတင်းထွက်ထားတဲ့ Assassin's Creed Origins ကိုလည်း မိတ်ဆက်ပြသသွားခဲ့ပါတယ် ။

ဂိမ်းဘုရင် ဖြစ်တဲ့ Sony ကတော့ God of War, Detroit: Become Human နှင့် Days Gone ဂိမ်းတွေရဲ့ gameplay အသစ်တွေ demos နှင့် ထွက်လာနိုင်မယ့် အချိန်ကိုပါ ထုတ်ပြသွားခဲ့ပါတယ် ။ Insomniac Games ရဲ့ Spider-Man ဂိမ်းကတော့ သြချရလောက်အောင် ကောင်းမွန်လှတဲ့ performance တွေနဲ့ ပြသွားခဲ့ပါ တယ် ။ ဒါ့အပြင် ဘယ်သူမှ ထွက်လာမယ်လို့ မထင်မှတ်ထားတဲ့ Shadow of the Colossus remake နှင့် မာနကြီး Monster Hunter စီးရီး PS4 အတွက် ထွက်လာမယ်ဆိုတဲ့ သတင်းတွေက Sony ပရိသတ်တွေကို မှင်သက် အံ့သြစေခဲ့ပါတယ် ။

Nintendo ကတော့ သူ့ show time မှာ Breath of the Wild ဂိမ်းရဲ့ DLC packs အသစ် ၂ ခု ဖော်ပြခဲ့ပါတယ် ။ နောက်ပြီး Super Mario Odyssey ဆိုတဲ့ ဂိမ်းအသစ်ကို ပြသပြီး အောက်တိုဘာလမှာ ထွက်လာမယ် ဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။ Nintendo က Game Freak ဟာ Nintendo Switch အတွက် Pokemon RPG ဂိမ်း ပြုလုပ်နေဆဲဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ် ။ cross-platform ကစားလို့ ရမယ့် Rocket League ဂိမ်းဟာလည်း handheld console တွေအတွက် ဒီနှစ်အတွင်း ထွက်ရှိလာတော့မှာ ဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ် ။

==========
Games confirmed for the Xbox One X by Microsoft at E3 2017 include:
==========
Metro Exodus
Forza Motorsport 7
Deep Space Galactic
PlayerUnknown Battlegrounds
Assassin’s Creed Origins
State of Decay 2
The Darwin Project
Minecraft 4K
Dragonball Fighter Z
Black Desert
The Last Night
The Artful Escape
CodeVein
Sea of Thieves
Tacoma
Super Lucky’s Tale
Cuphead
Crackdown 3
Osiris New Dawn
Raiders of the Broken Planet
Unruly Heroes
Path of Exile
Battlerite
Surviving Mars
Fable Fortune
Observer
Robocraft Infinity
Dunk Lords
Minion Masters: Forced To Duel
Brawlout
Ooblets
Dark and Light
Strange Brigade
Riverbond
Hello Neighbour
Shift
Conan Exiles
Ashen
Life Is Strange: Before The Storm
Middle Earth: Shadow of War
Ori and the Will of the Wisps
Anthem

==========
Sony PlayStation ကပြသသွားခဲ့တဲ့ ဂိမ်းများ
==========
Shadow of the Colossus
Spider-Man gameplay trailer
Uncharted: The Lost Legacy
Detroit: Become Human gameplay/cinematic trailer
Destiny 2 cinematic trailer
Strange Brigade
The Inpatient (VR)
Horizon Zero Dawn: The Frozen Wilds DLC
Bravo Team (VR)
God of War gameplay trailer
Days Gone gameplay
Monster Hunter World
Marvel vs Capcom Infinite
Call of Duty WWII
Skyrim VR
Starchild
Monster of the Deep (Final Fantasy)
Moss

==========
Nintendo က ပြသသွားခဲ့တဲ့ ဂိမ်းများ
==========
Metroid Prime 4 in development
Pokemon RPG for Switch being developed by Game Freak
Rocket League coming to Switch (holiday season)
Metroid coming to 3DS
Xenoblade Chronicles 2 coming holiday season
New Yoshi game
New Kirby game
Seven new Amiibo (4x Zelda, 3x Super Mario Odyssey)

==========
EA က ပြသွားခဲ့တဲ့ ဂိမ်းများ
==========
Madden 18
Battlefield 1
FIFA 18
Need For Speed: Payback
A way out
Anthem
NBA Live 18
Star Wars: Battlefront II

==========
Ubisoft က ပြသွားခဲ့တဲ့ ဂိမ်းများ
==========
Just Dance 2017
Ghost Recon Wildlands
South Park: The Fractured But Whole
The Division: Underground and Survival DLC
Eagle Flight
Star Trek: Bridge Crew
For Honor
Trials of the Blood Dragon
Grow Up
Watch Dogs 2
Steep

==========
Bethesda က ပြသွားခဲ့တဲ့ ဂိမ်းများ
==========
Quake Champions
Fallout 4 DLC
Skyrim Special Edition
Prey
Doom DLC
Dishonored 2
Elder Scrolls Legends
Nuka World
Unto the Evil
Collector's Edition

Photo credit to uploadvr

Post a Comment

0 Comments