E3 2017 ရဲ့ လူအများ စိတ်အဝင်စားဆုံး ဂိမ်း ၃၀

E3 ပွဲကတော့ တစ်နှစ်တစ်ခါ ကျင်းပတဲ့ ပွဲဖြစ်သလို ဂိမ်းမာတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြတဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ game company တွေက သူတို့ရဲ့ နှစ်ရှည်လများ ဖန်တီးခဲ့တဲ့ ဂိမ်းအသစ်တွေကို ဒီလိုပွဲတွေမှာ ထုတ်ဖော်ပြသကြလို့ပါပဲ ။ ဒီလို ပြသွားတဲ့ ဂိမ်းတွေထဲက လူတွေ စိတ်အဝင်စားဆုံး ဂိမ်း အခု ၃၀ ကို ရေးသား ဖော်ပြလိုက်ရပါတယ် ။

Anthem

Anthem

(EA Bioware; PC/Xbox One/PS4; Fall 2018)
Shoot those monsters … Anthem. Photograph: Electronic Arts

Bioware Edmonton က ဖန်တီးထားတဲ့ စွန့်စားခရီးစဉ်ဇာတ်လမ်း adventure အမျိုးအစား ဂိမ်းတစ်ခုပါ ။ Bioware studio က Mass Effect နှင့် Dragon Age titles တွေကို ဖန်တီးခဲ့တဲ့ developer ဖြစ်ပါတယ် ။ freelancers လို့ခေါ်တဲ့ တပ်ဖွဲ့က အထက်က စေလွှတ်မှုအရ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ ဂြိုလ်သစ်ကို သွားရောက်ရပြီး ဒီမှာ တွေ့ကြုံရတဲ့ monster တွေကို ပစ်ခတ်ရမယ့် co-op online shooter ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ အာကာသယာဉ် ဝတ်စုံကို ability အမျိုးမျိုးနှင့် ပြုပြင် ပြောင်းလဲ တပ်ဆင်နိုင်ပြီး cinematics တွေ စကားပြောတွေနှင့်အတူ mission တွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ် ။

https://youtu.be/EL5GSfs9fi4

A Way Out

A Way Out

(Electronic Arts; PC/PS4/Xbox One; early 2018)
Arresting adventure … A Way Out. Photograph: Electronic Arts

A Way Out ကတော့ နာမည်ကြီး indie game တစ်ခု ဖြစ်တဲ့ Brothers: A Tale of Two Sons ဂိမ်း ဖန်တီးသူ Josef Fares က ဖန်တီးထားတာ ဖြစ်ပါတယ် ။ Leo နှင့် Vincent ဆိုတဲ့ characater ၂ ယောက်နေရာကနေ ကစားရမှာ ဖြစ်ပြီး အာဏာပိုင်တွေ မသိစေပဲ ထောင်ဖောက်ထွက်ပြေးရမှာ ဖြစ်ပါတယ် ။ Leo နှင့် Vincent မှာ လုံးဝ ကွဲပြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိကြပြီး ထောင်ဖောက်ပြေးဖို့အတွက် လိုအပ်တဲ့ အချင်းချင်းယုံကြည်မှု နှင့် ခင်မင်ရင်းနှီးမှုတွေ တည်ဆောက်ရင်း အတိုင်အဖောက်ညီညီ ထောင်ဖောက်ပြေးတဲ့ ဇာတ်လမ်းသွား ကစားရမှာ ဖြစ်ပါတယ် ။

https://youtu.be/yGZGSdgJVPM

Assassin’s Creed Origins

Assassin’s Creed Origins

(Ubisoft; PC/Xbox One/PS4; 27 October)
Fight like an Egyptian … Assassin’s Creed Origins. Photograph: Ubisoft

ဂိမ်းနာမည်အတိုင်းပါပဲ ဟိုးအရင် assassin အဖွဲ့ စတင်တည်ထောင်သူတွေရဲ့ ဇာတ်လမ်းအကြောင်း ဖြစ်ပါတယ် ။ ရှေးခေတ် အီဂျစ်ကို နောက်ခံပြု ရေးဆွဲထားပြီး အဓိက ဇာတ်ကောင်ရဲ့ နာမည်က Bayek လို့ခေါ်ပါတယ် ။ အရင် Assasin creed ရဲ့ battle ၊ skill အစရှိတဲ့ system တစ်ခုလုံး ပြောင်းလဲထားတာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

https://youtu.be/YX0fd4q0baQ


Beyond Good and Evil 2
 
Beyond Good and Evil 2

(Ubisoft, tbc)
Interstellar travel and swearing … Photograph: Ubisoft

Ubisoft ကနေ 2003 ခုနှစ်က ထုတ်ခဲ့ဖူးတဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ဂိမ်းတစ်ခုဖြစ်တဲ့ Beyond Good and Evil ဂိမ်းရဲ့ နောက်ဆက်တွဲ ဂိမ်း ထွက်လာမလားဆိုပြီး Ubisoft Fan တွေ စောင့်မျှော်နေကြတာ ကြာပါပြီ ။ စောင့်မျှော်ရကျိုးနပ်ပြီလို့ ဆိုရမလားပဲ ။ Ubisoft က E3 2017 မှာ Beyond Good and Evil 2 ဂိမ်းကို ကြေညာလိုက်ပါတယ် ။ Beyond Good and Evil 2 ကတော့ 1 ရဲ့ prequel ဖြစ်ပြီး အထဲမှာ player က တိရစ္ဆာန်တပိုင်း လူတပိုင်းတွေရဲ့ အရေး လှုပ်ရှားမှုဘက်မှာ ရပ်တည်ပြီး သူတို့ကို ကူညီ တိုက်ခိုက်ရမှာ ဖြစ်ပါတယ် ။ အာကာသထဲ ကြယ်စု တစ်စုကနေ တစ်စုကို ခရီးသွား ၊ တိုက်ခိုက် ၊ mission တွေ လုပ်ဆောင် စတာတွေ လုပ်ရင်း online ပေါ် တစ်ယောက်နှင့် တစ်ယောက် ချိတ်ဆက် ကစားနိုင်မှာ ဖြစ်ပါတယ် ။


The Crew 2

The Crew 2

(Ubisoft; PC/PS4/Xbox One; 2018)

Zooming across the US in a motorboat anyone? … The Crew 2 Photograph: Ubisoft

open-world အမျိုးအစား online driving ဂိမ်းတစ်ခု ဖြစ်ပြီး လေယာဉ်ပျံက အစ မော်တော်ဘုတ်အထိ မည်သည့် ယာဉ်အမျိုးအစားမဆို မောင်းပြိုင်နိုင်မှာ ဖြစ်ပါတယ် ။ မြေပုံကတော့ အမေရိက မြေနေရာအနေအထား အကုန်ယူပြီး ဖန်တီးထားတဲ့အတွက် အမေရိကရှိ သစ်တောအုပ် ၊ ကျောက်တောင်တန်း မြေအနေအထားကနေ နယူးယောက်မြို့အထိ ပြိုင်ကွင်း အမျိုးအစား များစွာကနေ ကိုယ့်စိတ်ကြိုက် ရွေးချယ်ကစားနိုင်မှာ ဖြစ်ပါတယ် ။


Dishonored Death of the Outsider

Dishonored Death of the Outsider

(Bethesda; PC/PS4/Xbox One, 15 September)

New weapons, locations and abilities … Dishonored: Death of the Outsider. Photograph: Bethesda

Stand-alone spin-off တစ်ခု အနေနဲ့ ထွက်လာမယ့် dark stealth adventure စီးရီး တစ်ခု ဖြစ်ပါတယ် ။ သဘာဝလွန် လူသတ်စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ Billie Lurk ဟာ outsider တွေကို သတ်ရင်း outsider တွေရဲ့ မူလရင်းမြစ်ကို သိလာရတဲ့အခါ ဘာတွေ ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းသွား ကစားရမှာ ဖြစ်ပါတယ် ။ brutal combat systems, ထူးခြားတဲ့ level design, ကိုယ်ရွေးချယ်မှုအပေါ်လိုက်ပြီး ပြောင်းလဲ ဆွဲခေါ်သွားမယ့် storytelling တွေက အခုမှ စကစားမယ့် သူတွေအတွက် အကြိုက်တွေ့စေမယ့် အပြင် ပြောင်းလဲထားတဲ့ gameplay content အသစ်တွေကြောင့်လည်း Dishonored Fan တွေအတွက် ကျေနပ်မှု ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ် ။


The Evil Within 2

The Evil Within 2 

(Bethesda; PC/PS4/Xbox One; 13 October)
Surprise return … Evil Within 2. Photograph: Bethesda

မထင်မှတ်ပဲ ထွက်ပေါ်လာတဲ့ survival horror adventure ဂိမ်း Evil Within ဂိမ်းအဆက်ဖြစ်တဲ့ Evil Within 2 ။ Resident Evil ဖန်တီးသူ Shinji Mikami က ရေးဆွဲထားတဲ့ Evil Within 2 ။ ဒီတခါတော့ player က စုံထောက် Sebastian Castellanos နေရာ က ကစားရမှာ ဖြစ်ပြီး အသွင်ပြောင်း အကောင်တွေ ရှိတဲ့နေရာ ၊ အော်ဂလီဆန်ဖို့ကောင်းတဲ့ မြို့ထဲပျောက်ဆုံးသွားတဲ့ သူ့သမီးကို စွန့်စားလိုက်ရှာရမှာ ဖြစ်ပါတယ် ။


Kirby

Kirby

(Nintendo Switch; 2018)
Everyone’s favourite pink blob … Switch Kirby. Photograph: Nintendo

ချစ်ဖို့ကောင်းတဲ့ တုတ်တုတ်လုံးလုံး ပန်းရောင် အကောင်လေး Kirby ရဲ့ ဖြေရှင်းရမယ့် ပဟေဠိတွေနဲ့ ပြည့်နှက်နေတဲ့ စွန့်စားခရီးစဉ် အကြောင်း ကစားရမယ့် Kirby ဂိမ်း ။ ရန်သူတွေကို သူငယ်ချင်းဖြစ်အောင် လုပ်မယ့် ability တွေ ၊ Switch JoyCon set-up နှင့် player ၄ ယောက်အထိ အတူချိတ်ဆက်ပြီး quest တွေကို အတူတူ ကစားနိုင်မှာ ဖြစ်ပါတယ် ။



Life is Strange: Before the Storm

Life is Strange: Before the Storm

(Square Enix; PC/PS4/Xbox One; 31 August)
Photograph: Mike Nelson/EPA

နဂိုမူရင်းဂိမ်းဇာတ်လမ်းရဲ့ အဖြစ်အပျက်မတိုင်မီ ကာလကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ်ပါတယ် ။ ၁၆နှစ်အရွယ် ကောင်မလေး Chloe Price က ထင်ပေါ်ကျော်ကြားနေတဲ့ မိန်းကလေး Rachel Amber ကို ခင်မင်ရင်းနှီးအောင် လုပ်ရင်း သူမ မှာ ဆိုးရွားလွန်းတဲ့ မိသားစုတွင်း လျှို့ဝှက်ချက်တစ်ခု ရှိနေကြောင်း သိလိုက်ရတယ် ။ Denver studio Deck Nine Games က ဖန်တီးထားတာ ဖြစ်ပါတယ် ။


Mario + Rabbids: Kingdom Battle

Mario + Rabbids: Kingdom Battle 

Mario + Rabbids
Surprisingly deep tactical experience … Mario + Rabbids. Photograph: Ubisoft

Mushroom kingdom ကြီး ထူးဆန်းတဲ့ အင်အားစုကြောင့် အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားခဲ့တယ် ။ Mario ၊ Luigi တို့ဟာ ယုန်မျက်ပြူးတွေနဲ့ ပူးပေါင်းပြီး အမည်မသိအင်အားစုကြီးကို တွန်းလှန်ရမှာပါ ။ ဂိမ်းအမျိုးအစားကတော့ ဇာတ်လမ်းသွားအနည်းငယ် ၊ turn-based combat နှင့် exploration လုပ်ရတာတွေနဲ့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ် ။ playable characters အနေနဲ့ Mario, Luigi, Princess Peach, နှင့် Yoshi (from the Mario franchise) အပြင် Rabbids လေးကောင် စုစုပေါင်း ၈ ကောင် ပါရှိမှာ ဖြစ်ပါတယ် ။ လေဆာသေနတ်တွေ ကိုင်ပစ်ရမှာ ဖြစ်ပြီး local cooperative play ပါဝင်တဲ့အတွက် player ၂ ယောက် ချိတ်ဆက် ကစား နိုင်မှာ ဖြစ်ပါတယ် ။

https://youtu.be/3bvUwoBXOyc

Metro Exodus

Metro Exodus

(Deep Silver; PC/PS4/Xbox One; 2018)
Grimly post-apocalyptic … Metro Exodus. Photograph: Deep Silver

Metro Exodus ကတော့ First-person shooter အမျိုးအစားမှာ  survival horror နှင့် stealth elements တွေ ရောစပ်ထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ ယိုယွင်းပျက်စီးနေတဲ့ ကမ္ဘာကြီး နောက်ခံပြုထားပြီး အသွင်ပြောင်း အကောင်ကြီးတွေ မကောင်းဆိုးဝါးတွေ လူဆိုးတွေ အပြန်အလှန်ပစ်ခတ် သတ်ဖြတ်မှု အမြဲဖြစ်ပွားနေတဲ့ ရုရှား စွန့်ပစ်နယ်မြေမှာ စုံစမ်းထောက်လှမ်းရမှာ ဖြစ်ပါတယ် ။ ပုန်းခို ကိုယ်ယောင်ဖျောက်နိုင်တဲ့ စွမ်းရည်တွေ ၊ ခက်ခဲကြမ်းတမ်းတဲ့နေရာမှာ အသက်ရှင်နိုင်စွမ်းတွေ အသုံးချပြီး လက်နက်တွေ လိုအပ်တဲ့ ပစ္စည်းအသုံးအဆောင်တွေ ကိုယ်တိုင် ပြုလုပ်ပြီး တိုက်ခိုက်ရမှာ ဖြစ်ပါတယ် ။ နေ့ ည အချိန်စက်ဝန်း နှင့် sand box open world ဖြစ်သော်လည်း linear feature အနည်းငယ် ပါဝင်ပါတယ် ။

https://youtu.be/fbbqlvuovQ0

Monster Hunter World

Monster Hunter World

(Capcom; PC/PS4/Xbox One; 2018)
Freely explorable landscape … Monster Hunter World Photograph: Capcom

Sony conference ရဲ့ လူအများ အံ့သြသွားစေခဲ့တဲ့ အရာကတော့ သန်းပေါင်းများစွာ ရောင်းချရပြီးဖြစ်တဲ့ ဇာတ်လမ်းသွား အက်ရှင် adventure စီးရီးတစ်ခု ဖြစ်တဲ့ Monster Hunter ရဲ့ Monster Hunter World ဆိုတဲ့ ဂိမ်း PS4 အတွက် ထွက်လာမယ်ဆိုတဲ့ ကြေညာချက်ပဲ ဖြစ်ပါတယ် ။ Monster Hunter: World မှာ player ဟာ quest တွေယူ ရွာဘေးပတ်ဝန်းကျင်မှာ ကျက်စားနေတဲ့ Monster တွေကို တိုက်ခိုက်ရမှာပါ ။ open world ဖြစ်တဲ့အတွက် နေရာအနှံ့ လျှောက်သွား ၊ လိုအပ်တဲ့ item တွေ လက်နက်တွေ ဝယ် ၊ quest တွေယူ ၊ monster တွေကို လိုက်ချ ၊ item တွေ လိုက်စု ပြီး အဆင့်မြင့် လက်နက်တွေ အင်္ကျီတွေ လုပ်ရင်း ဇာတ်လမ်းသွား ကစားရမှာ ဖြစ်ပါတယ် ။ online co-operative mode လည်း ပါတဲ့အတွက် player လေးယောက်အထိ ချိတ်ဆက်ပြီး အတူတူ တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ် ။

https://youtu.be/SXB2IHLm4m0

Ori and the Will of the Wisps

Ori and the Will of the Wisps

(Microsoft; Xbox One; tbc)
 Spiritual adventures … Ori and the Will of the Wisps. Photograph: Microsoft

Xbox One ဂိမ်းတွေထဲက အလှပဆုံးနှင့် လူကြိုက်အများဆုံး ဂိမ်းတစ်ခုဖြစ်တဲ့ Ori and the Blind Forest ရဲ့ အဆက် ဖြစ်ပါတယ် ။ စိမ်းလန်းစိုပြေတဲ့ သစ်တောအုပ် Bibel ထဲမှာ ဝိညာဉ်လိုလို ဘာလိုလို အကောင်လေး Ori ရဲ့ စွန့်စားသွားလာခန်းဖွင့်ပြီး ပျောက်ဆုံးနေတဲ့ အမှန်တရား ၊ ထူးခြားဆန်းကြယ်မှုတွေကို ရှာဖွေတာကို ကစားရမှာ ဖြစ်ပါတယ် ။

https://youtu.be/2kPSl2vyu2Y

Skull & Bones

  Skull & Bones

(Ubisoft; PC/PS4/Xbox One; autumn 2018)
GTA meets Pirates of the Caribbean … Skulls & Bones. Photograph: Ubisoft

Ubisoft က သူ့ fan တော်တော်များများဟာ Assassin's Creed IV ရဲ့ ပင်လယ်ပြင်မှာ သဘောင်္တွေနဲ့ တိုက်ပွဲတိုက်ရတာ သဘောကျကြတယ်ဆိုတာ သိနေပါတယ် ။ ဒါကြောင့် ပင်လယ်ပြင် တိုက်ပွဲတွေ တိုက်လို့ရမယ့် Skull and Bones ဂိမ်းကို E3 2017 မှာ ကြေညာခဲ့တာ ဖြစ်ပါတယ် ။ အလယ်ခေတ်ကို နောက်ခံပြု ပြီး ဖန်တီးထားတာ ဖြစ်ပါတယ် ။ player တွေက ဓားပြ ကပ္ပတိန် ဆော့ရမှာပါ ။ လိုအပ်တဲ့ ပစ္စည်းတွေ သဘောင်္ပေါ်တင်ပြီး ပင်လယ်ပြင်ကြီးထဲ ရွက်လွှင့်မယ် ။ တခြားသဘောင်္တွေကို ဓားပြတိုက်ပြီး ပစ္စည်းတွေ သိမ်းယူမယ် ။ ဂိမ်းကတော့ multiplayer tactical action-adventure အမျိုးအစား ဖြစ်ပါတယ် ။ အပြင်ကနဲ့ တထပ်တည်းကျအောင် ဖန်တီးထားတဲ့အတွက် ပင်လယ်ပြင်မှာ ရွက်လွှင့်ရင် လေကြောင်းအခြေအနေ ၊ ရာသီဥတုအခြေအနေ ၊ စားနပ်ရိက္ခာလုံလောက်မှု ၊ ရန်သူသဘောင်္နှင့် တိုက်လျှင် ကိုယ့်ဘက် အပျက်အစီး အနည်းဆုံးနှင့် ရန်သူ့ကိုနိုင်အောင် ဘယ်လို တိုက်ခိုက်ရမလဲဆိုတာ သေချာစဉ်းစား တွက်ချက်ပြီး ကစားရမှာ ဖြစ်ပါတယ် ။


https://youtu.be/_9YYYVG0YQI


Wolfenstein II: The New Colossus


Wolfenstein II: The New Colossus

(Bethesda; PC/PS4/Xbox One/27 October)
Battle Nazi cyborgs in Wolfenstein II. Photograph: Bethesda

ဒုတိယကမ္ဘာစစ်ခေတ် ၁၉၆၁ ခုနှစ် ဝန်းကျင်ကို အခြေခံထားတဲ့ first person shooter အမျိုးအစား Wolfenstein II: The New Colossus ။Player ဟာ BJ Blazkowicz, aka “Terror-Billy,” ဆိုတဲ့သူ ဖြစ်ပြီး နာဇီတွေ ထိန်းချုပ်ထားတဲ့ အမေရိကနယ်မြေထဲက အရဲရင့်ဆုံး တော်လှန်ရေးခေါင်းဆောင်ကို ရှာဖွေဖို့ အမိန့်နဲ့ စေလွှတ်ခံရတယ် ။ အမေရိကတို့ရဲ့ နာဇီလက်အောက်က လွတ်မြောက်ရေးဟာ သင့်အပေါ်မှာ မူတည်နေတယ် ။ သင့်တစ်ယောက်တည်းသာ အဆင့်မြင့်လက်နက်တွေ တပ်ဆင် အသုံးပြုနိုင်တယ် ။ နာဇီတွေ ကြီးစိုးရာ အမေရိကနယ်မြေထဲ ဝင်ရောက်ပြီး နာဇီတပ်သားနှင့် cyborg စစ်သားတွေကို နှိမ်နင်းရမှာ ဖြစ်ပါတယ် ။

 https://youtu.be/xHht8480cEo

Yoshi

Yoshi (Nintendo; Switch; tbc)

Mario’s loveable dinosaur is back in Switch Yoshi. Photograph: Nintendo

ချစ်စရာကောင်းတဲ့ ဒိုင်နိုဆောလေး Yoshi ပြန်လာပါပြီ ။ စက္ကူထူ cardboard တွေ ဝါဂွမ်းတွေ ရောင်စုံခဲတံတွေနဲ့ လှပချစ်စရာကောင်းအောင် တည်ဆောက်ထားတဲ့ ကမ္ဘာလေးမှာ စွန့်စားခရီးသွားရမှာ ဖြစ်ပါတယ် ။ cardboard အရှေ့အနောက် လှန်ပြီး  ခုန်တက်လိုက် ဆင်းလိုက် အတားအဆီးတွေ့လျှင် မှိုလုံးနဲ့ ပစ်ပေါက်လိုက် နှင့် coin တွေ နိုင်သလောက် ယူရင်း ကစားရမှာ ဖြစ်ပါတယ် ။

https://youtu.be/sx_C9jJ0AlA

Vampyr

 Vampyr 

(Pc, PS4, Xbox One/ November 2017)
 

၁၉၁၈ လန်ဒန်မြို့ကြီးမှာ တုတ်ကွေးကပ်ရောဂါ ဆိုက်ကပ်ခဲ့တဲ့ ကာလကို နောက်ခံထားပြီး ဇာတ်လမ်းရေးထားတဲ့ ဇာတ်လမ်းသွား အက်ရှင် (single player only) ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ Jonathan Reid ဆိုသူက ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ အမြဲတမ်းသွေးဆာနေတဲ့ ဆန္ဒနှင့် ဆရာဝန်ဖြစ်ခြင်း သစ္စာအကြား ဗျာများနေရသူတစ်ယောက် ဖြစ်နေပါတယ် ။ ပြီးတော့ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်တွေ သဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ် ။ semi open world အမျိုးအစား ဖြစ်ပါတယ် ။ နက်မှောင်ပြီး ကျောချမ်းစရာ အသွင်အပြင် enviroment ၊ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ကွက်တွေ နှင့်အပြင် ဆရာဝန်တစ်ယောက် ဖြစ်တာမို့လို့ လူနာတွေကို ကုသပေးရင်း ပင်ကိုယ်သွေးဆာနေတဲ့ စိတ်ဆန္ဒကို ဘယ်လိုမျိုး ပြေပျောက်အောင် လုပ်မလဲ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းသွားကစားရမှာ ဖြစ်ပါတယ် ။

https://youtu.be/QDd8TJwVZ0s


 
Super Mario Odyssey


Super Mario Odyssey

(Nintendo Switch: October 27)

Mario က သူ့ဦးထုပ်နဲ့ပုံတူ လှေသဘောင်္ကြီး Odyssey ကို စီးပြီး လက်ထပ်ဖို့ ခေါ်ဆောင်သွားတဲ့ Bowser ဆီကနေ မင်းသမီးလေး Peach ကို ကယ်ထုတ်ဖို့ အတွက် Mushroom Kingdom ကနေ တခြား Kingdom အများအပြား ထိရောက်အောင် ခရီးသွားရမှာပါ ။ နေရာတွေက အစုံပါပဲ ။ New York မြို့ကို အခြေခံပြီး ဖန်တီးထားတဲ့ New Donk မြို့လဲ ပါပါသေးတယ် ။ Mario တို့ ထုံးစံ နံရံပေါ် ပြေးတက် ၊ အနားစွန်းတွေမှာ တွဲလောင်းခို ၊ ခုန်တက် ၊ ခုန်ဆင်းနဲ့ coin တွေ နိုင်သလောက် ယူရမှာ ဖြစ်ပါတယ် ။ ဒီနေရာမှာ ထူးခြားတာတစ်ခုက Cappy လို့ခေါ်တဲ့ Mario ရဲ့ ဦးထုပ်ပါပဲ ။ ဦးထုပ်ကို အကွာဝေး တစ်ခုထိရောက်အောင် ပစ်နိုင်တယ် ။ ဒီလို ပစ်နိုင်တဲ့ အစွမ်းနဲ့ ရန်သူတွေကို အဝေးကနေ ပစ်နိုင်တယ် ၊ ဦးထုပ် အစွမ်းနဲ့ အရာဝတ္တုတွေကို activate ဖြစ်လာအောင် လုပ်နိုင်တယ် ၊ အကောင်တွေ ယာဉ်တွေကို ယာယီ ထိန်းချုပ်နိုင်အောင် ပြုလုပ်ပေးတယ် ။ တခါတလေမှာတော့ ကစားရင်း တိုင်တွေ နံရံတွေထဲ ဝင်ပြီး 2D ပုံစံ ကစားရတာတွေလည်း ပါဝင်ပါသေးတယ် ။ ဒါ့အပြင် local 2 player co-op mode လည်း ပါပါတယ် ။ co-op mode မှာတော့ player 1 က mario ၊ Player 2 က cappy နေရာက ကစားရမှာပါ ။ Player 2 ရဲ့ cappy ကတော့ Mario ဦးခေါင်းပေါ် ပျံဝဲနေရမှာ ဖြစ်ပြီး အနီးအနားမှာ ရှိတဲ့ ရန်သူတွေကို တိုက်ခိုက်ရမှာ ဖြစ်သလို အရာဝတ္တုတွေ activate လုပ်ရမှာ ဖြစ်ပါတယ် ။

https://www.youtube.com/watch?v=wGQHQc_3ycE



Far Cry 5
Far Cry 5 (PS4, Xbox One, PC/ February 27, 2018)

သူ့ရှေ့ကလိုမျိုးပဲ Fary Cry 5 က first person shooter အမျိုးအစား action adventure ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ open world အမျိုးအစားလည်း ဖြစ်တဲ့အတွက် လွတ်လပ်စွာ သွားလာလှုပ်ရှားလို့ ရမှာ ဖြစ်ပါတယ် ။ ဇာတ်လမ်းကတော့ စိတ်ကူးယဉ်တိုင်းပြည် Montana မှာ အာဏာရှင်နဲ့ ပြည်သူတွေကြား ပဋိပက္ခ ဖြစ်တာကို နောက်ခံပြု ဖန်တီးထားပြီး Player က ဒီလို ပဋိပက္ခဖြစ်အောင် လုပ်နေတဲ့ Joseph Seed ကို ဖမ်းဖို့အတွက် စေလွှတ်ခံရတဲ့ အဖွဲ့ လက်ထောက်နေရာက ကစားရမှာ ဖြစ်ပါတယ် ။ ကိုယ်ကစားမယ့် character တွေကို ကိုယ်တိုင် ဖန်တီးပြီး ကစားရမှာ ဖြစ်ပါတယ် ။ ယာဉ်ပေါင်းစုံ စီးပြီး explore လုပ်နိုင်သလို ပစ်ခတ်လို့ရတဲ့ လက်နက် ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းကနေ လူသုံးကုန် ပစ္စည်းတွေဖြစ်တဲ့ ခက်ရင်းခွ ၊ ပုဆိန် အစရှိတဲ့ ပစ္စည်းပေါင်းစုံကို လက်နက်အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။ တိရစ္ဆာန်တွေ ယဉ်ပါးအောင် လုပ်ပြီး ကိုယ်နဲ့အတူ တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ် ။ တစ်ယောက်တည်း ကစားရမယ့် single campaign ၊ ၂ ယောက် (သို့) အများနှင့် ကစားနိုင်မယ့် local cooperative campaign တွေအပြင် map editor တွေပါ ပါဝင်မှာ ဖြစ်ပါတယ် ။

https://www.youtube.com/watch?v=WX_h8rneDxU


God of War

God of War (PS4/Q1 2018)

2018 မှ ထွက်မယ်လို့ပဲ သိရပြီး ရက်အတိအကျ မကြေညာသေးတဲ့ God of War ဂိမ်းကို E3 2017 မှာ gameplay video တခုနှင့်အတူ God of War ဖန်တွေကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေခဲ့ပါတယ် ။ ဒီ video ထဲမှာတော့ Kratos ရဲ့ အားရစရာကောင်းတဲ့ ရက်စက်ပြင်းထန်လှတဲ့ တိုက်ကွက်တွေ စွမ်းအားတွေ မြင်တွေ့ရမှာပါ ။ Kratos နှင့် သူ့ မွေးစားသား Atreus တို့ မြူနှင်းတွေဆိုင်းနေပြီး ငေးမောဖွယ်ကောင်းတဲ့ ရှုခင်းတွေကြား ဖြတ်သန်း ခရီးဆက်ပြီး demon တွေကို တိုက်ခိုက်နေတာကို ပြထားပါတယ် ။ Kratos အနေနဲ့ ရောက်ရှိနေတဲ့ နေရာဟာ သူ့အတွက် အစိမ်းသက်သက် ဖြစ်နေတာမို့လို့ မြေခံရေခံကျွမ်းကျင်တဲ့ Atreus အကူအညီနှင့် သွားလာနေရတာကို မြင်ကွင်းပြောင်းပြပြီး ကစားပြထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

https://www.youtube.com/watch?v=gOE2BVRCUkM



Spider-man

Spider-man (PS4/2018)

Marvel နှင့် Insomniac Games တို့က ဖန်တီးလိုက်တဲ့ Spider-Man ဂိမ်း ။ အရင် ကစားနေကျ ရုပ်ရှင်ထဲ မြင်ဖူးနေကြ spider-man နှင့်မတူ ကွဲပြားခြားနားနေပြီး environment အသစ် ၊ game element အသစ် ၊ story အသစ် နှင့် သြချရလောက်အောင် ကောင်းမွန်တဲ့ ရုပ်ထွက်တွေနဲ့ Spider-Man ဂိမ်းအသစ် ။ ဒီထဲမှာတော့ Peter Parkar က အတိုက်အခိုက်ကျွမ်းကျင်ပြီး နယူးယောက်မြို့မှာ မတရားမှုတွေ ကူညီဖြေရှင်းပေးနေကြ သူတစ်ယောက် ဖြစ်ပါတယ် ။ သူရဲ့ တကိုယ်တည်းဘဝ ၊ သူရဲ့အလုပ်အကိုင် နှင့် လူစွမ်းကောင်းတစ်ယောက် အဖြစ် ဘဝ အကြား အရှုပ်အထွေးတွေနှင့်အတူ နယူးယောက်မြို့ကြီးမှာ ဖြစ်ပွားနေတဲ့ မတရားမှုတွေကို ဘယ်လို ကူညီ ဖြေရှင်းမလဲ ဆိုတာ ဇာတ်လမ်းသွား ကစားကြရမှာ ဖြစ်ပါတယ် ။

https://www.youtube.com/watch?v=K4zm30yeHHE



Call of Duty: WWII

Call of Duty: WWII (PS4, Xbox One, PC)

E3 2017 မှာ First person shooter အမျိုးအစား ဖြစ်တဲ့ Call OF Duty : World War II လည်း ပြခဲ့ပါတယ် ။ ဒီအထဲ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က အသစ်ထည့်လိုက်တဲ့ War ဆိုတဲ့ mode အသစ်ပါပဲ ။ Battlefield ဂိမ်း ရဲ့ လုပ်ရမယ့် အဆင့် အများကြီးရှိတဲ့ objective လိုမျိုး နှင့် Overwatch လိုမျိုး အဖွဲ့လိုက် ညီညွတ်မှ လုပ်နိုင်မယ့် mechanics တွေ ပေါင်းစပ်ထားတဲ့ War Mode အသစ်နဲ့ဆို Call of Duty: World War II ဟာဆိုရင် Call Of Duty စီးရီးကို ပြန် ဦးမော့စေလာမယ့် စီးရီး တစ်ခု ဖြစ်မှာ ဖြစ်ပါတယ် ။

https://www.youtube.com/watch?v=SY8y9DoOhSA



Days Gone

Days Gone

(Sony Interactive Entertainment; PS4; Q1/Q2 2018)

Days Gone ဂိမ်းဟာ ကမ္ဘာပျက်လုနီးပါး ဖြစ်နေတဲ့ world အပေါ် အခြေခံထားတဲ့ action-adventure survival horror game အမျိုးအစား ဖြစ်ပါတယ် ။ Single player only ဖြစ်ပြီး ဇာတ်အိမ်ကတော့ ကမ္ဘာအနှံ့ ကပ်ရောဂါ ဖြစ်ပွားကာ ဝရုန်းသုန်းကား ဖြစ်ပြီး ၂ နှစ် အကြာက စတင်ထားတာ ဖြစ်ပါတယ် ။ ဒီ ကပ်ရောဂါကြောင့် ကမ္ဘာတဝန်း သိန်းသောင်းချီတဲ့ လူတွေဟာ ဝိညာဉ် မဲ့ ဖုတ်ကောင်တွေ ဖြစ်ကုန်ကြတယ် ။ လူသားမျိုးနွယ်စုကြီး တစ်ခုလုံး မျိုးတုန်းလုနီးပါး ဖြစ်နေပါပြီ ။ ဒီအချိန်မှာ Player က လမ်းတလျှောက် ကြုံရာ ဖြစ်သလို စားသောက် အသက်ရှင်နေထိုင်ရတာကို နှစ်သက်တဲ့ အမဲလိုက် လူသတ်သမား "Deacon St. John" (Samuel Witwer) နေရာက ကစားရမှာ ဖြစ်ပါတယ် ။ ဂိမ်းက open world ဖြစ်တဲ့အတွက် mission တွေ objective တွေ ရှိသည့်အပြင် ၄င်း mission objective တွေကို အဝေးပစ် အနီးချ လက်နက်ပေါင်းစုံ သုံးပြီး တိတ်တဆိတ် တိုက်ခိုက်နိုင်သလို ဒီအတိုင်း တည့်တည့်ဝင်ပြီး တရကြမ်း တိုက်ခိုက်နိုင်ပြီး ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် ။ နေ့ည အချိန်စက်ဝန်းလည်း ပါတဲ့အတွက် ရန်သူတွေရဲ့ လှုပ်ရှားမှု အမြဲ ပြောင်းလဲနေမှာ ဖြစ်ပါတယ် ။ explore လုပ်ဖို့ ယာဉ်မျိုးစုံ စီးနိုင်ပြီး item ပေါင်းစုံကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် ။

https://www.youtube.com/watch?v=SjnyqAXiV0o



Detroit: Become Human

Detroit: Become Human (PS4)

Detroit: Become Human ကတော့ သိပ္ပံစိတ်ကူးယဉ် action adventure ဂိမ်း တစ်ခုဖြစ်ပြီး Quantic Dream က ဖန်တီးထားပြီး Sony Interactive Entertainment က ထုတ်လုပ်တာ ဖြစ်ပါတယ် ။ ခေတ်လွန်ကာလ Motor city မှာ စက်ရုပ်တွေဟာ လူချမ်းသာတွေရဲ့ အောက်ခြေသိမ်းအလုပ်ကို လုပ်ပေးရတာ ဖြစ်ပါတယ် ။ ဒါပေမယ့် တစုံတယောက်ရဲ့ လှုံ့ဆော်မှုကြောင့် စက်ရုပ်တွေဟာ သူတို့အတွက် ရေးထားတဲ့ program တွေကို ချိုးဖောက်ပြီး စိတ်ခံစားချက်အရ ပြုမူလုပ်ဆောင်လာကြတယ် ။ အံ့သြငေးမောဖွယ်ကောင်းတဲ့ အသေးစိတ်ကျကျ ရုပ်ထွက်တွေ ၊ သဘာဝကျကျ မျက်နှာ အမူအရာ လှုပ်ရှားမှုတွေ ၊ game over လုံးဝမရှိပဲ အရာရာတိုင်းမှာ ရွေးချယ်မှုတွေ လုပ်ရမှာ ဖြစ်ပြီး ကိုယ့်ရွေးချယ်မှုအလိုက် ဇာတ်လမ်း အနေအထား ပြောင်းလဲသွားမယ့် story ပုံစံ ၊ ပဟေဠိဆန်ဆန် တိုက်ခိုက်မှုတွေနဲ့ ရွေးချယ် ဖြေရှင်းရင်း ကစားရမှာ ဖြစ်ပါတယ် ။

https://www.youtube.com/watch?v=CfCbw8wfdXk


Uncharted: The Lost Legacy

Uncharted: The Lost Legacy (PlayStation 4/August 22, 2017)

Uncharted: The Lost Legacy ကတော့ action-adventure ဂိမ်းတစ်ခုဖြစ်ပြီး Standalone expansion တစ်ခုအဖြစ် ထွက်လာမှာပါ ။ Player က Chole Frazer နေရာက ဆော့ရမှာ ဖြစ်ပြီး Nadine Ross နှင့်အတူ ပြည်တွင်းစစ် ဖြစ်နေတဲ့ ကြားထဲက india တောင်တန်းတွေထဲမှာ ရှိနေတဲ့ Tusk of Ganesh ကို စွန့်စားရှာဖွေမှာ ဖြစ်ပါတယ် ။ gameplay ကတော့ အရှေ့ဂိမ်းလိုမျိုးပါပဲ အခက်အခဲ အတားအဆီးတွေကို ခုန်လိုက် နံရံပေါ် ပြေးတက်လိုက် တွန်းလိုက် လုပ်ပြီး ကျော်လွှား ၊ အဝေးပစ် အနီးချ လက်နက်တွေနှင့် ပုန်းခိုကိုယ်ယောင်ဖျောက်ကာ လျှပ်တပြက် တိုက်ခိုက်နိုင်ပြီး တနေရာက တနေရာကို လမ်းလျှောက်သွားနိုင်သလို ယာဉ်မျိုးစုံစီးပြီး သွားလာနိုင်မှာ ဖြစ်ပါတယ် ။ ပဟေဠိတွေ ဖြေရှင်းရင်း Chole နှင့် Nadine တို့ Tusk of Ganesh ကို ဘယ်လိုတွေ့အောင် ရှာကြမလဲဆိုတာကို ကစားရမှာ ဖြစ်ပါတယ် ။

https://www.youtube.com/watch?v=B8QiF7ycXDo



Ace Combat 7

Ace Combat 7 (PlayStation 4, Xbox One, Microsoft Windows / early 2018)

Project Ace က ဖန်တီးထားပြီး Bandai Namco က ထုတ်လုပ်ထားတဲ့ Ace Combat 7 ဟာ အက်ရှင်နဲ့ flight simulation ပေါင်းစပ်ထားတဲ့ Arcade ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ Flight simulation ဆိုတဲ့အတိုင်း တိုက်လေယာဉ် ပေါင်းစုံကို အပြင်မှာ တကယ် ကိုယ်တိုင် မောင်းနှင် တိုက်ခိုက်ရသလိုမျိုး မောင်းနှင်ရမှာ ဖြစ်ပါတယ် ။ စိတ်ကူးယဉ် ကမ္ဘာကြီးထဲက ဖန်တီးထားတဲ့ နေရာတွေ မြို့တွေမှာ ဝေဟင်တိုက်ပွဲတွေ တိုက်ရမှာ ဖြစ်ပါတယ် ။ တိုက်လေယာဉ်တွေကတော့ ယခု မျက်မှောက်ခေတ် ရှိပြီးသား တိုက်လေယာဉ်တွေ အပြင် ခေတ်ရှေ့ပြေး တိုက်လေယာဉ် ၊ စိတ်ကူးယဉ်ဖန်တီးထားတဲ့ တိုက်လေယာဉ် အထိ အမျိုးအစား စုံလင်စွာ ပါရှိတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

https://www.youtube.com/watch?v=tni14koiD9o



Need For Speed: Payback

Need For Speed: Payback (PlayStation 4, Xbox One, Microsoft Windows / November 10, 2017)

Need for Speed စီးရီးရဲ့ ၁၃ ခုမြောက် စီးရီး ဖြစ်တဲ့ Need For Speed: Payback မှာ Creative director William Ho က ဇာတ်လမ်းက လူသုံးယောက်ပေါ် မူတည်ပြီး ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ်ပြီး အဲဒီ Playable character သုံးယောက်မှာ လုံးဝကွဲပြားတဲ့ skill တွေ ရှိကြတယ်လို့ ဆိုပါတယ် ။ Day and Night cycle ပါတဲ့ open world ဖြစ်တဲ့အပြင် ဇာတ်လမ်းက အက်ရှင်ပါဝင်ပြီး ရုပ်ရှင်ကြည့်နေရသလိုမျိုး ကစားရမှာ ဖြစ်ပါတယ် ။ Need For Speed: Payback မှာတော့ offline single player mode ပါဝင်မှာ ဖြစ်ပါတယ် ။

https://www.youtube.com/watch?v=JBkS6oNBBCw


FIFA 18

FIFA 18 (PlayStation 4, Nintendo Switch, Xbox One, PlayStation 3, Xbox 360, Microsoft Windows / September 29, 2017)

FIFA 18 ကတော့ FIFA 17 နဲ့ သိပ်မကွာလှပါဘူး ။ Frostbite engine နည်းပညာသစ် စသုံးထားတဲ့ FIFA 17 က စစထွက်ခြင်းမှာ ရုပ်ထွက်၊ gameplay အပိုင်းမှာ လုံးဝ ထူးခြားပြောင်းလဲမှုတွေနဲ့ ထွက်ရှိလာခဲ့ပေမယ့် အခု ထွက်လာမယ့် FIFA 18 မှာတော့ facial animation တွေ ပိုပြီး ပီပြင်အောင် လုပ်ထားတာရယ် ၊ လှုပ်ရှားမှုတွေ ပိုပြီး သဘာဝကျအောင် ပြု ပြင်ထားတာရယ် နောက်ပြီး nintendo switch အတွက်ထွက်လာမယ် ဆိုတာတွေ အပြင် တခြား ထူးထူးခြားခြား ပြောင်းလဲတာမျိုး တွေ့ရမှာ မဟုတ်ပါဘူး ။ PC နဲ့ PS4 pro မှာ အသေးစိတ်ကျကျ ရုပ်ထွက်တွေနဲ့ ကစားနိုင်မှာ ဖြစ်ပြီး switch version မှာတော့ သူ့စက်နဲ့သူ ကိုက်ညီတဲ့ ရုပ်ထွက်မျိုးနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ် ။

https://www.youtube.com/watch?v=DnYykW71tQk



Xenoblade Chronicles 2

Xenoblade Chronicles 2 (Nintendo Switch)

တိမ်တွေများအကြား ခရီးဆက်ရင်း နောက်ဆုံးနှင့် အကောင်းဆုံး ဘုံဗိမ္မာန်သဖွယ် ဖြစ်တည်ပေးမယ့် Elysium ကို ရှာရမယ့် Rex ။ ရန်သူတွေကို တိုက်ခိုက်နိုင်အောင် သူ့ကို Blade လို့ခေါ်တဲ့ ကြီးမားတဲ့ စွမ်းအင်တွေကို ပေးခဲ့တဲ့ သူငယ်ချင်း Pyra ။ နေ့ည အချိန်စက်ဝန်းပါတဲ့ open world အမျိုးအစား ၊ real-time action-based battle system ၊ quest, objective အစရှိတဲ့ RPG element တွေနဲ့ ပြည့်စုံတဲ့ Xenoblade Chronicles 2 မှာ ဇာတ်လိုက် Rex က သူ့သူငယ်ချင်း Pyra ကို ကူညီပြီး Elysium ကို ဘယ်လို ဘယ်ပုံနည်းနဲ့ ရှာဖွေကြမလဲ ဆိုတာကို ဇာတ်လမ်းသွား ကစားရမှာ ဖြစ်ပါတယ် ။

https://www.youtube.com/watch?v=Xjpao-nD5YU



Dissidia Final Fantasy NT

Dissidia Final Fantasy NT (PlayStation 4/ early 2018)

အရင့်အရင်က Portable ဂိမ်းစက်တွေမှာပဲ ထွက်ခဲ့တဲ့ Dissidia Final Fantasy အခုတော့ PlayStation 4 မှာ ထွက်လာတော့မှာပါ ။ Dissidia Final Fantasy NT ဆိုတဲ့ အမည်နှင့် ၂၀၁၈ အစောပိုင်းမှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ် ။ ထွက်ရှိပြီးသား Final Fantasy ဂိမ်းတွေထဲက လက်ရွေးစင် character တွေထဲက စိတ်ကြိုက် ရွေးချယ်ပြီး ၃ ယောက်တစ်ဖွဲ့နှင့် ၂ ဖွဲ့ ပြိုင်ရမယ့် arcade fighting အမျိုးအစား ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ အရောင်စိုစို အနုစိတ်စတ် ဖန်တီးထားတဲ့ ဂိမ်းရုပ်ထွက် ၊ ရွေးချယ်နိုင်မယ့် character အယောက် ၂၀ ကျော် ၊ လျှပ်စီးလက်သလို fast paced fighting style ၊ skill ပေါင်းစုံ ထုတ်သုံးနိုင်သလို Final Fantasy ဂိမ်းတွေမှာ ပါနေကျ ဖြစ်တဲ့ Ifrit, Shiva, Odin တို့လို summon တွေ ခေါ်ထုတ် တိုက်ခိုက်နိုင်ခြင်း ၊ တစ်ပွဲပြီးတိုင်း ရလာတဲ့ exp နှင့် gil တွေနှင့် skill အသစ်တွေ ယူနိုင်သလို Character အသွင်အပြင် ကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်ခြင်း စတဲ့ feature ပေါင်းစုံပါဝင်တဲ့အတွက် Final Fantasy ကြိုက်သူ fighting ဂိမ်းကြိုက်သူတွေအတွက် သဘောကျစရာ ဂိမ်းတစ်ခုပါ ။

https://www.youtube.com/watch?v=6NBRPeVowuY

-------END-------

Post a Comment

0 Comments