ဇာတ်လမ်းသွား အမျိုးအစား Blue Reflection ဆိုတဲ့ ဂိမ်းဟာ အနောက်နိုင်ငံတွေအတွက် english version ထွက်ရှိလာတော့မည်

 Koei Tecmo က developer Gust ရဲ့ ယခုခေတ်အခြေအနေကို ဇာတ်အိမ်တည်ကာ ရေးဆွဲထားတဲ့ ဇာတ်လမ်းသွား အမျိုးအစား Blue Reflection ဆိုတဲ့ ဂိမ်းဟာ အနောက်နိုင်ငံတွေအတွက် english version ထွက်ရှိလာတော့မှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ် ။ အဆိုပါ ချစ်စရာကောင်းတဲ့ Anime ဂိမ်းတစ်ခုဖြစ်တဲ့ Blue Reflection ဂိမ်းဟာ PC နှင့် PlayStation 4 အတွက် ဒီနှစ် စက်တင်ဘာ ၂၆ ရက်နေ့တွင် မြောက်အမေရိကတွင် လည်းကောင်း ၊ စက်တင်ဘာ ၂၉ ရက်နေ့တွင် ဥရောပတွင် လည်းကောင်း အသီးသီး ထွက်ရှိလာတော့မှာ ဖြစ်ပါတယ် ။

အကယ်၍ သတ်မှတ်ထားတဲ့ retailer ကနေတဆင့် pre-order မှာခဲ့လျှင် ဂိမ်းထဲမှာ School Swimsuit နှင့် Atelier ဂိမ်းမှ Rorona style costumes အပြင် FreeSpace! ဆိုတဲ့ ဂိမ်းထဲမှာ အသုံးပြုနေတဲ့ mobile app ရဲ့ theme ကို ရရှိမှာ ဖြစ်ပါတယ် ။ PlayStation 4 version ဝယ်ပါက exclusive တစ်ခု ဖြစ်တဲ့ original custom theme ကိုပါ ရရှိမှာ ဖြစ်ပါတယ် ။

ဂိမ်းအကြောင်း

Blue Reflection ဂိမ်းဟာ Hoshinomiya (Girls’ High School) မိန်းကလေး အထက်တန်းကျောင်း ကို နောက်ခံထားပြီး ဇာတ်လမ်းရေးဆွဲထားတာ ဖြစ်ပါတယ် ။ အဆိုပါ ကျောင်းမှာ player ဟာ အထက်တန်းကျောင်းသူလေး Hinako Shirai အနေနဲ့ ကစားရမှာ ဖြစ်ပါတယ် ။ Hinako ဟာ ဘဲလေးအကကို အလွန် နှစ်သက်သူ တစ်ယောက်ဖြစ်သလို အကလည်း အလွန်တော်တဲ့သူပါ ။ ဒါပေမယ့် အက်ဆီဒင့် တစ်ခုကြောင့် ဘဲလေးအက မကနိုင်တော့ပဲ ရပ်နားလိုက်ရတယ် ။ စိတ်ဓာတ်တွေကျပြီး ဘယ်သူ့မှကို အဆက်အဆံ မလုပ်တော့ပဲ တစ်ကိုယ်ထီးတည်း အထီးကျန် နေခဲ့တယ် ။


ဒီအချိန်မှာ သူမရဲ့ အထီးကျန်ဘဝကို အဆုံးသတ်သွားအောင် လုပ်ပေးတဲ့ သူငယ်ချင်းအသစ် ၂ ယောက်ကို သူမ တွေ့သွားခဲ့တယ် ။ သူတို့ကတော့ မှော်ပညာတွေ တတ်နေတဲ့ Shijou လို့ခေါ်တဲ့ အမွှာ ညီအမ နှစ်ယောက်ပါ ။ တစ်ယောက်က အမြဲတမ်းတက်ကြွ ဖြတ်လတ်ပြီး နွေးထွေးဖော်ရွေတဲ့အတွက်ကြောင့် အတန်းဖော်တွေရဲ့ နှစ်သက်မှုကို ခံရတဲ့ ကောင်မလေး Yuzu ။ နောက်တစ်ယောက်က ယုတ္တိကျကျ တွေးခေါ်တတ်ပြီး တကိုယ်ကောင်းဆန်တတ်တဲ့ ကောင်မလေး Lime ။

အမွှာ ညီအစ်မ ၂ ယောက်ဟာ Hinako ကိုယ်ထဲ စွမ်းအားတစ်မျိုး ထည့်ပေးလိုက်တယ် ။ အဲ့ဒါကတော့ Reflector ဆိုတဲ့ စွမ်းအားပါ ။ ဒီ စွမ်းအားက သူမကို ယခုလက်ရှိကမ္ဘာကြီးနဲ့ တပြိုင်တည်း ဖြစ်ပျက်နေတဲ့ ထူးဆန်းအံသြဖွယ် ကမ္ဘာကြီးက အရာတွေကို လိုသလို ဖန်တီးနိုင်ခွင့် အသုံးချနိုင်ခွင့်ကို ပေးတယ် ။ Hinako ဟာ ဒီ ထူးဆန်းတဲ့ ကမ္ဘာကြီးထဲမှာ သူမရဲ့ အတွေးနဲ့တင် အရာရာကို ဖန်တီးနိုင်တယ် ။ ဒါပေမယ့် သိပ်မကြာခင်မှာ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုက သူမနဲ့ သူမရဲ့ သူငယ်ချင်းတွေကို စောင့်ကြိုနေတာကို သိလိုက်ရတယ် ။

Blue Reflection ဂိမ်းမှာ turn based fighting တွေ ပါဝင်ပြီး skill ပေါင်းစုံ ထုတ်သုံးနိုင်မှာ ဖြစ်ပါတယ် ။ day and night cycle ပါဝင်တဲ့အတွက် မနက်ခင်းဆို ကျောင်းသွားရပြီး ကျောင်းသွားရာလမ်းတွင် သူငယ်ချင်းအသစ်တွေ မိတ်ဖွဲ့နိုင်သလို တခါတရံ မေးခွန်းတွေ မေးပါတယ် ။ player ရဲ့ အဖြေပေါ်လိုက်ပြီး relationship အတက်အကျ ရှိပါတယ် ။ relationship မြင့်လျှင် battle ချသည့်အခါ support တွေ ရနိုင်သလို ဇာတ်လမ်းမှာလည်း အကျိုးသက်ရောက်မှု ရှိနေမှာ ဖြစ်ပါတယ် ။ တနေ့တာကတော့ Hinako အိပ်တဲ့အချိန်မှာ အဆုံးသတ်ပါတယ် ။ ကျောင်းဆင်း အားလပ်ချိန် ဖြစ်တဲ့ ညနေ နှင့် ညမှာတော့ တခြား ကမ္ဘာထဲ စူးစမ်းလေ့လာကာ monster တွေ သတ်နိုင်သလို ကျောင်းနေဖက် သူငယ်ချင်းတွေရဲ့ ပြသနာတွေ ဖြေရှင်း ၊ စိတ်ကူးထဲက အခက်အခဲတွေ ကူညီပေး ၊ သို့မဟုတ် item တွေ ပြုလုပ် စတာတွေ လုပ်နိုင်မှာ ဖြစ်ပါတယ် ။

Post a Comment

0 Comments