Self/Less movie preview


2015 film
6.5/10·IMDb
19%·Rotten Tomatoes
1.5/4·Roger Ebert
2/5·The Guardian

ဘာကြောင့် rating တွေ ဒီလောက်နည်းနေရလဲ မသိဘူး .... ဒီ movie က ကြည့်ကောင်းရက်သားနဲ့

Deadpools မှာ ပါတဲ့ မင်းသား Ryan Reynolds က အဓိက မင်းသား ။ စလာတော့ နင့်နေအောင် ချမ်းသာနေတဲ့ အဘိုးအို သူဌေးကြီး Ben Kingsley က ကင်ဆာရောဂါနဲ့ သေတော့မယ် ။ အသက် ဆက်ရှင်ချင်တယ် ။ ဒါကြောင့် သူက တခြား ခန္ဓာကိုယ်မှာ သိပ္ပံနည်းပညာသုံးပြီး စိတ်ချင်းလဲပြီး နေလို့ရအောင် လုပ်ပေးတဲ့ အဖွဲ့ရဲ့ လျှို့ဝှက် အစီအစဉ်ကို သူလက်ခံလိုက်တယ် ။ လတ်လတ်ဆတ်ဆတ် သေပြီးသား သူရဲ့ ခန္ဓာကိုယ်မှာ သူ့ဝိညာဉ်နေမယ်ပေါ့ ။ ဒီလိုနေရရင် သူက မသေတော့ဘူးလေ ။ ငွေရေးကြေးရေး ကိစ္စ အကုန်လုံး စီစဉ်ပြီး ခန္ဓာကိုယ်အသစ်နဲ့ တခြားနေရာမှာ စိတ်သစ်လူသစ်နဲ့ နေတုန်း တဖြည်းဖြည်းနဲ့ သူ့ဝိညာဉ် နေနေတဲ့ ခန္ဓာကိုယ်က မှတ်ဥာဏ်တွေ တစွန်းတစ ပေါ်လာတယ် ။ စိတ်ကူး ခိုင်းစေရာ လုပ်ရင်း အဖြေရှာရင်း သူ့ကို ကူညီပေးတဲ့သူတွေက သူ့ကို လိုက်သတ်နေကြပြီ ။ ခန္ဓာကိုယ် ပိုင်ရှင်က ဘယ်သူလဲ? ဘာကြောင့် ဒီလို ရောက်လာခဲ့ရတာလဲ? သူကိုယ်တိုင်ကရော ဘယ်သူလဲ?

စလာကတည်းကကို တော်တော် စိတ်ဝင်စားစရာ ကောင်းတယ် ။ သရဲကားလား အောက်မေ့နေတာ .... မဟုတ်ဘူး ။ စိတ် ၂ ခု လွန်ဆွဲနေတာကို ပြထားတာ ။ သေချာပြောရရင် ဝိညာဉ် ၂ ခု ပေါ့ ။ လူတွေ သေဆုံးသွားရင် ဝိညာဉ်က တဝဲလည်လည် ဖြစ်တတ်တယ်ဆိုတာ အယူအဆလည်း ပါတယ် ။ မင်းသားက သူ့ကို ခန္ဓာကိုယ်လွဲပြောင်းပေးပြီး ဘဝ အသစ်မှာ စဖို့ ထားထားခဲ့ပေမယ့် မှတ်ဥာဏ် အဟောင်းတွေနဲ့ သူ့ခန္ဓာကိုယ်ပိုင်ရှင် မှတ်ဥာဏ်က အတိတ်ကို ပြန်ရှာဖို့ ခဏခဏ လမ်းညွှန်နေတယ် ။ အတိတ်ကအကြောင်းတွေ သိရဖို့ တနေရာ ရောက်တိုင်း အဲ့လူတွေက ရောက်လာပြီး သူ့ကို တားကြတယ် ။ နောက်ဆုံး သတ်ဖို့အထိ လုပ်ကြကော ။

မိုက်တယ် ။ အက်ရှင်ပြကွက်တွေပါပေမယ့် အက်ရှင်ကား စစ်စစ်လည်း မဟုတ်ဘူး ။ ဒရာမာလည်း ပါနေတယ် ။ တော်တော် စိတ်ဝင်စားဖို့ ကောင်းတဲ့ movie ပဲ ။ မကြည့်သေးတဲ့သူတွေ ကြည့်ကြည့် ။ ဇာတ်လမ်း အစကနေ အဆုံးထိ သိချင်စိတ်တွေတပြုံ ကြီးနဲ့ မထတမ်း ကြည့်နေမိလိမ့်မယ် ။

Post a Comment

0 Comments