Dynasty Warriors 9 အကြောင်း အသေးစိတ် သတင်းထွက်လာ


မနေ့က ဂျပန် Famitsu ဆိုသည့် ဂိမ်း မဂ္ဂဇင်းကနေ Dynasty Warriors 9 အကြောင်း အသေးစိတ် အချက်အလက် ဖော်ပြခဲ့ပါသည် ။ Dynasty Warriors 9 သည် PlayStation 4 အတွက်သာ ကြေညာထားတာ ဖြစ်ပြီး တခြား platform တွင် ထွက်မထွက်တော့ အခုထိ မသိရသေးပါ ။ release date လည်း မသိရသေးပါ ။

Famitsu တွင် ဖော်ပြခဲ့သည့် သတင်းအချက်အလက်မှာ

Dynasty Warriors 8 Empire က character ၈၃ ယောက်လုံး အကုန် ပြန်ပါလာမည် ။ Character တွေရဲ့ weapon တွေသည် Dynasty Warriors 8 Empire က ပုံစံအတိုင်း ဖြစ်မည်ဟု ယူဆရသည် ။ Zhou Cang, Cheng Pu ဆိုတဲ့ character အသစ် ၂ ယောက် ထပ်တိုးထားပါသည် ။

周倉
Zhou Cang ။ Yellow Turbans ခေတ်မှာ Zhang Bao လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့သည့် ficitional character ဖြစ်သည် ။ Guan Yu ၊ Guan Ping တို့လိုမျိုး မသေနိုင်တဲ့ စွမ်းအားရှိခဲ့သည်ဟု ပုံဖော်ကြသည် ။
Weapon: Butcher Sword
Seiyuu (JP VA): Chiharu Sawashiro (Miyuki Sawashiro's younger brother, aka. Argon in Show By Rock)

程普 (德謀)
Cheng Pu (Demou) Sun Jian, Sun Ce နှင့် Sun Quan "Sun" မျိုးဆက် ၃ ဆက် လက်အောက်တွင် တာဝန် ထမ်းဆောင်ခဲ့သည့် Veteran Wu general ဖြစ်သည် ။ အမျှော်အမြင်ရှိရှိ ဦးဆောင်မှုကြောင့် အရာရှိ အများအပြား၏ လေးစားမှုကို ရရှိထားသည့် စစ်ဗိုလ်ချုပ် တစ်ဦးလည်း ဖြစ်သည် ။
Weapon: Double Pike*
Seiyuu (JP VA):
*Double Pike သည် Dynasty Warriors 8 Empire တွင် Zhang Fei ၏ မူပိုင် လက်နက်ဖြစ်သည် ။ Dynasty Warriors 9 တွင် Zhang Fei ၏ လက်နက်အသစ် ရမည်လား? သို့မဟုတ် ပုံစံတူ အနေနှင့် ထွက်လာမလား ဆိုတာ မသိရသေးပါ ။

Character အသစ် ထပ်ထည့်ဦးမည် ။
ဂိမ်းမှာ ထုတ်လုပ်နေဆဲ အခြေအနေမှာပဲ ရှိသေးသည် ။ DW8 တုန်းက character အသစ်များစွာ ထည့်ခဲ့ပြီးသည့်အတွက် ယခု DW9 တွင် character အသစ် ထည့်နိုင်ချေ အရေအတွက် နည်းနိုင်ပါသည်။

Open World
=======

လုံးဝကို Open world အမျိုးအစားဖြစ်ပြီး အယူအဆတွေ concept တွေက Toukiden 2 ကို အခြေခံထားသည် ။ သုံးနိုင်ငံခေတ်က ပတ်သက်တဲ့ နေရာတွေကို အရင်ထက် ပိုတိတိကျကျ ပြန်ဆွဲထားပြီး အဓိကစစ်ပွဲ ဖြစ်ပွားခဲ့တဲ့ နေရာတွေကို အသေးစိတ် ပြန်ဆွဲထားသည် ။ ဥပမာ Hulao Gate or Zhongyuan (Central Plains, Guandu) လိုမျိုး ထင်ရှားတဲ့ နေရာတွေ ။ ဂိမ်းတွင်း weather ပြောင်းလဲမှု နှင့် အချိန်ကို အပြင်က real time နဲ့ ချိန်ညှိထားပြီး real ကျကျ ဖန်တီးထားသည် ။ ဥပမာ.... ညမိုက်နေရင် မိုးရွာနေရင် ရန်သူက သိပ် မမြင်နိုင်သလိုမျိုး ။

World map ရှိပြီး World map ပေါ်တွင် အဓိက မြို့ ၁၀ မြို့ ရှိမှာ ဖြစ်ပြီး မြို့ငယ်နှင့် ရွာငယ် အမြောက်အများ ပါရှိမည် ။ player တွေက စစ်ပွဲ တိုက်နေစဉ် အတောအတွင်း မြို့တွေထဲ ဝင်နိုင်မည် ။ item တွေကို မြို့တွေမှာ ဝယ်ယူနိုင်မည် ။

Open World Transportation
=============

အဓိက travel method က မြင်းစီးတာ ဖြစ်ပြီး Fast Travel feature အသစ် ထပ်ထည့်ရန် စီစဉ်ဆဲ ဖြစ်သည် ။ DW6 က swimming feature ပြန်ပါလာပြီး မြစ်ကြီးတွေ ဖြစ်တဲ့ Changjiang နှင့် Yellow River လိုမျိုးမှာ ရေကူးနိုင်မည် ။ မြစ်ကြီးတွေမှာ ရေကူးလျှင် ၅ မိနစ်ခန့် အချိန် ကြာမည် ။ မြစ် ၊ ချောင်း ၊ ပင်လယ်တွေ ဖြတ်ကူးဖို့ လှေကို အသုံးပြုနိုင်မည် ။

Story Mode
========

Story mode က character တစ်ယောက်တည်းနှင့် သွားမှာ ဖြစ်ပြီး history progression (သမိုင်းကြောင်းဇာတ်လမ်းသွား) က ဘယ် character နဲ့ပဲ ကစား ကစား ၊ character တစ်ယောက်ချင်းစီရဲ့ အနေအထားတွေ အဖြစ်အပျက်တွေဟာ သမိုင်းကြောင်းအရ တူညီနေမည် ။ What-if story အပိုင်း လုံးဝမရှိ ။ Story progression က (Era) ခေတ်အလိုက် သွားမည် ။ ဥပမာ Yellow Turban Rebellion, Anti-Dong Zhuo Coalition စသဖြင့် ။ ခေတ်သည် စ ယူကစားမည့် character အပေါ် မူတည်သည် ။ ဥပမာ Wang Yuan Ji ကို ယူကစားလျှင် Liu Bei, Cao Cao မရှိတော့သည့် အချိန် ကနေ စမည် ။ story အတိုင်း ကစားနေရင်း ကြားဖြတ်ပြီး တခြား character ယူကစားနိုင်မည့် feature ထည့်သွင်းမည် ၊ မသွင်းမည်ကို အခုထိ ဆွေးနွေးနေဆဲ ဖြစ်သည် ။ NPC တွေရဲ့ ပြောစကားတွေဟာ ခေတ်အလိုက် ပြောင်းလဲ နေမည် ။ ဥပမာ Yellow Turban Rebellion ခေတ်မှာ Nanman ဒေသကို သွားကြည့်ပါက Nanman လူတွေဟာ Zhang Jiao အကြောင်း ပြောဆိုနေကြသည်ကို တွေ့ရမည် ။

Battle and Mission
========

ခေတ်တစ်ခေတ်စီမှာ Main mission တစ်ခုစီ ရှိသည် ။ ထို main mission ပြီးမှ နောက်တစ်ခေတ်ကို ရောက်မည် ။ main mission မှာ အလွန်ခက်သည် ။ သို့သော် သက်ဆိုင်ရာ mission တွေ လုပ်ခြင်းအားဖြင့် main mission ရဲ့ difficulty ကို လျှော့ချနိုင်မည် ။ တစ်ချိန်တည်းမှာ နေရာအနှံ့ စစ်ပွဲ အမြောက်အမြား ဖြစ်နေမည် ။ player အနေနှင့် ကိုယ်ပါဝင်လိုသည့် စစ်ပွဲ တစ်ပွဲသာ ရွေးချယ်ကာ ပါဝင်တိုက်ခိုက်နိုင်မည် ။ စစ်ပွဲတွေမှာ stage အလိုက် မခွဲခြားထားပေ ။ player ဟာ castle တွေကို နည်းမျိုးစုံဖြင့် ဥာဏ်ရှိသလို တိုက်ခိုက် သိမ်းယူနိုင်မည် ။ ဥပမာ ကုန်းမြင့်တနေရာက ရုတ်တရက် အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်တာမျိုး... ညမှောင်ရိပ်ခိုကာ ရန်သူ့စခန်းထဲ တိတ်တဆိတ်ဝင်ရောက် စီးနင်းပြီး ခေါင်းဆောင်တယောက်တည်းကို သတ်ပြီး သိမ်းယူတာမျိုး... စသဖြင့် ။ သီးသန့် cutsence တွေနှင့် subquest တွေ ပါရှိမည် ။ ဥပမာ.... မြှားပစ် အမဲလိုက်ခိုင်းတာမျိုး ၊ လူရိုင်းမျိုး (သို့) လူမျိုးစုတွေနဲ့ တိုက်ပွဲ တိုက်ခိုင်းတာမျိုး ။

State Combo
=======

Moveset အသစ် တစ်ခု ထပ်တိုးထားသည် ။ State Combo ဟု ခေါ်ပြီး အဆိုပါ moveset က ကိုယ့်ဘေးပတ်ပတ်လည်မှာ ရှိတဲ့ ရန်သူ အခြေအနေအပေါ် မူတည်ပြီး ပြောင်းလဲနေမည် ။
State Combo မှာ အဆင့် သုံးဆင့် ရှိမည် ။
-Trigger attack: Begins the combo
-Flow attack: Combo that changes based on enemy situations
-Finish attack: Powerful attack that ends the combo

ဥပမာ တစ်ခုပြရလျှင် player ဘေး ပတ်လည်က ရန်သူတွေဟာ လေထဲ မြောက်တက်နေစဉ် player က သူတို့အပေါ် ပျံပြီး ခုန်ချရတာမျိုး ။

Interactive Actions
========

တုံ့ပြန်မယ့် Actions တွေသည် ဘေးပတ်လည်ရှိ မြေအနေအထားနှင့် ပစ္စည်းတွေ အပေါ် မူတည်ပြီး ပြောင်းလဲနေမည် ။ ဥပမာ ၊ ကျောက်တုံးပေါများတဲ့ မြေအနေအထားမှာ ကျောက်တုံးပစ် လောက်လေးခွအကြီးစား သုံးနိုင်မည်။ ရေခဲတောင်တက်နေရာတွင် သုံးသည့် ကြိုးနှင့်တွဲထားသည့် ပုဆိန်ကို castle နံရံတွေ တွယ်တက်သည့်နေရာ (သို့) တောင်တက်သည့်နေရာတွင် သုံးနိုင်မည် ။ မြေအနေအထားက ဆီပုံးတွေ ရှိနေလျှင် မီးရှို့ပြီး တိုက်ခိုက်နိုင်မည်။

Other Action Revisions & Additions
============

Development team က အရင်စီးရီးကလိုမျိုး 1vs thousand feel မျိုး ရမည့် Mosou ကို ပြန်ထည့်စေချင်နေသည် ။ (ထည့်မည် မထည့်မည်ကို သေချာမပြောသေးပါ) DW5 က မြှားပစ်လျှင် မိမိကိုယ်တိုင် မြှားကို ကိုင်ပြီးပစ်နေသလို မြင်ကွင်းမျိုး ဖြစ်နေမည့် Archery FPS mode ပြန်ပါလာမည် ။

၂၀၁၇ မတ်လ ၃၁ ရက်နေ့မှာ Producer Suzuki က Twitter မှာ Liu Bri မှာ မုတ်ဆိတ် ရှိသင့် မရှိသင့်နှင့် ပတ်သက်ပြီး fan တွေရဲ့ မဲဆန္ဒ ကောက်ခံခဲ့သည် ။ မုတ်ဆိတ်ရှိသင့်သည် ဆိုသည့်ဘက်က မဲ အရေအတွက် ၆၇% နှင့် နိုင်သွားခဲ့သည် ။

Producer Suzuki က အဆိုပါ မဲဆန္ဒ ကောက်ခံရာတွင် ရေးခဲ့ကြသည့် comment များကို reference အနေနှင့် ယူပြီး ဂိမ်းကို ဆက်လက် ဖန်တီးသွားမည်ဟု ပြောကြားခဲ့သည် ။ (ထို comment အများစုမှာ SW: Spirit of Sanada ထဲက Sanada Yukimura ပုံစံမျိုး မုတ်ဆိတ်မရှိသည့် Liu Bei အငယ် နှင့် မုတ်ဆိတ်ရှိသည့် Liu Bei အကြီး ဟု ၂ မျိုးလုံး ပါသင့်သည်ဆိုသော comment များ ဖြစ်နေပါသည်)
Character models တွေသည် PS4-grade graphics နှင့် ကိုက်ညီအောင် အသေးစိတ် ပြန်လည် ရေးဆွဲထားသည် ။ Character တွေရဲ့ costume တွေသည် ပြိုးပြိုးပြက်ပြက် ဖြစ်မနေတော့ပဲ သုံးနိုင်ငံခေတ်က အငွေ့အသက်မျိုး ရစေမည့်ဘက်ကို ဦးတည် ရေးဆွဲထားသည့် ဒီဇိုင်းမျိုး ဖြစ်မည် ။

Dynasty Warriors 9 သည် ယခုလက်ရှိတွင် ဖန်တီးရေးဆွဲနေသည့် အခြေအနေမှာပဲ ရှိနေသေးတာ ဖြစ်ပါသည် ။

Post a Comment

0 Comments