မက်ဆေ့ခ်ျပို့ပြီး ကစားရမယ့် Anybody Out There: Dead City


Message တစ်စောင် သင့်ဆီ ရောက်လာ၏ ။ Sam ဆိုသူထံမှ ဖြစ်သည် ။ စာထဲမှာ ရေးထားသည်က "ကျွန်တော့်ကို ကူညီပါ" ဟူ၍ ဖြစ်၏ ။ သင်ဟာ message ကနေ တဆင့် ပြန်မေးရင်း Sam ဟာ လူသေကောင်တွေ ဖုတ်ဝင်ပြီး လိုက်ကိုက်လို့ ကမ္ဘာပျက်မတတ် ဖြစ်ပျက်နေတဲ့ နေရာမှာ ရောက်နေတာ ဖြစ်ကြောင်း သိလိုက်ရတယ် ။ သေရေးရှင်ရေး ပြေးနေရတဲ့ Sam ကို သင်ဘယ်လိုအကြံအဥာဏ်တွေ ပေးမှာလဲ? Sam ရဲ့ အသက်က သင့်ရဲ့ ပြောစကားတွေ သင့်အကြံအဥာဏ်တွေ အပေါ် မူတည်နေပါတယ် ။

အဆိုပါ ဂိမ်းကတော့ Anybody Out There: Dead City ဆိုတဲ့ မိုဘိုင်းဖုန်းဂိမ်း ဖြစ်ပြီး လူအများသုံးနေကြ messenger app လိုမျိုး ကနေတဆင့် ကစားရမှာ ဖြစ်ပါတယ် ။ Sam ရဲ့ ပို့စာတွေ အပေါ် မူတည်ပြီး ရွေးချယ်စရာ ပြန်စာ များစွာထဲက ရွေးချယ်ပြီး ပြန်ပို့ရမှာ ဖြစ်ပါတယ် ။ သေရေးရှင်ရေး ပြေးနေရတဲ့ Sam ကို မှန်ကန်တဲ့ အကြံအဥာဏ်တွေ လမ်းညွှန်မှုတွေ သင် ပေးနေရင်းနဲ့ Sam ရဲ့အကြောင်းတွေ သင်သိလာရမှာ ဖြစ်ပါတယ် ။ အပြင်က အချိန်နဲ့ တစ်ထပ်တည်းကျအောင် လုပ်ထားတဲ့အတွက် တချို့သော သင့်ပြန်စာတွေက သင့်ကို ၁၅ မိနစ် ၊ မိနစ် ၂၀ ကြာအောင် စောင့်ခိုင်းပါလိမ့်မယ် ။ ဒါကြောင့် သင်က မှန်ကန်တဲ့ ပြန်စာကို ရွေးချယ်ရမှာ ဖြစ်ပါတယ် ။

Sam တစ်ယောက် ဘာကြောင့် ဒီနေရာကို ရောက်နေရတာလဲ? ဘာတွေ ဖြစ်ပွားခဲ့လို့လဲ? ကမ္ဘာပျက်မတတ် ဖြစ်ပျက်နေတဲ့ ကြောက်စရာကောင်းတဲ့ နေရာကနေ Sam တစ်ယောက် လွတ်မြောက်နိုင်ပါ့မလား?

ယခု လက်ရှိမှာ Anybody Out There: Dead City ဂိမ်းဟာ App Store နှင့် Google Play တွေမှာ ရရှိနေပြီ ဖြစ်ပါတယ် ။

Google PlayStore => https://play.google.com/store/apps/details?id=com.headupgames.anybodyouttheredeadcity&hl=en

Post a Comment

0 Comments