Mobius Final Fantasy ရဲ့ Multiplayer အကြောင်း

Mobius Final Fantasy က multiplayer လာပြီဆိုတော့ player တိုင်း စိတ်လှုပ်ရှားနေကြတယ် ။ သူ့ multiplayer က သာမာန် mulitplayer နဲ့ မတူဘူး ။ သူက ကိုယ့်လိုမျိုး player တွေနဲ့ ပေါင်းစုပြီး online ဆော့ရမှာလေ ။ အခုက jp version မှာ ထုတ်နေတုန်းဆိုတော့ en version မှာ အကုန် မရနိုင်သေးဘူး ။ တဖြည်းဖြည်းနဲ့ ထပ်ဖြည့်သွားပါလိမ့်မယ် ။

Multi-player map ကိုဝင်ရင် ရွေးချယ်စရာ ၂ ခု ရှိမယ် ။ host လုပ်ပြီး lobby ကိုယ်တိုင်ဖွင့်မှာလား ဒါမှမဟုတ် သူများ lobby ထဲဝင်ပြီး member လုပ်မလား ဆိုတာပါ ။ host လုပ်ရင် ကိုယ်ရွေးချယ်တဲ့ difficulty ပေါ် မူတည်ပြီး stamina ကုန်မယ် ။ ဒါပေမယ့် battle ပြီးလို့ရှိရင် token 2 ခု
ရရှိမှာပါ ။ member လုပ်ရင်တော့ stamina မကုန်ပေမယ့် ပွဲပြီးရင် token ၁ ခုပဲ ရမှာပါ ။ ဒီ token လေးတွေ ဘယ်မှာ သုံးရလဲဆိုတာတော့ အောက်မှာ ပြောပြထားပါတယ် ။ lobby ဖွင့်ပြီးရင် party ID ကို ကိုယ်နဲ့ တူတူဆော့ချင်တဲ့ player တွေကို ပေးပြီး လာ join ခိုင်းရင် ရပါပြီ ။ အထဲရောက်ရင် အချင်းချင်း chat box ကနေ စကားပြောလို့ရတယ် ။ battle ချနေစဉ် player ကို ထောက်ကြည့်လိုက်ရင် ဘယ်သူတွေ ဘယ် card သုံးနေတာ မြင်နိုင်တယ် ။

Battle မှာ role လေးခု ပါပါတယ် ။ attacker, breaker, support, defender/tank ဆိုပြီးတော့ပါ ။ Attackers ကတော့ life bar အောက်က yellow bar ကို red  ဖြစ်အောင် ချရတာပါ ။ သူက break ဖြစ်သွားရင် damage အများဆုံး ထွက်နိုင်တဲ့ role တစ်ခုပါ ။ Breaker ကတော့ red bar တခုလုံး ကုန်သွားအောင် လုပ်ရပြီး break ဖြစ်အောင် ချရတယ် ။ Support ကတော့ buffs တွေ ( ဥပမာ poison တို့ blind တို့ လို) ဖယ်ပေးပြီး heals သွေးဖြည့်ပေးရတာ လုပ်ပေးရတယ် ။Tank ကတော့ party တခုလုံးရဲ့ damage ထိနှုန်း လျော့ချပေးပြီး defensive buff တွေ တင်ပေးတာ ဥပမာ protect တို့ shield တို့ တင်ပေးတာ ဖြစ်ပါတယ် ။

အခုလောလောဆယ်မှာ boss ဆိုလို့ တကောင်ပဲ ရှိသေးတယ် ။ multiplayer တပွဲ ဆော့ပြီးတိုင်း ထပ်ဆော့ချင်ရင် အစက လုပ်တဲ့အတိုင်း lobby အသစ်တခု ဖန်တီးရမယ် ။ ဝင်ဆော့ချင်တဲ့သူတွေက member ဝင်ရမယ် ။ role ခွဲရမယ် ။ ကိုယ့် role အလိုက် ဟန်ချက်ညီညီ ဆော့မှ အောင်နိုင်မှာပါ ။ jp player တွေ ပြောတာကတော့ card တွေ max ရောက်မှ ဆော့တာ ပိုကောင်းပါတယ် တဲ့ ။ role အလိုက် ဟန်ချက်ညီညီ ဆော့နိုင်ဖို့ အရေးကြီးပါတယ်တဲ့ ။ Final Fantasy 14 ဆော့သမားဆို ပို သိမှာပါ ။ boss fight တွေ ဘယ်လို လာတတ်လဲ ဆိုတာ ။

MOG multi-player shop vendor တွေမှာ summon boss ability cards တွေ ရောင်းတယ် ။ ဝယ်ချင်ရင် ခုနက multiplayer ဆော့လို့ boss ကနေ ကျလာတဲ့ token နဲ့ ဝယ်ရမယ် ။ ထို့အတူ weapon တွေလည်း ရောင်းတယ် ။ ဒီမှာ ရောင်းတာတွေက တော်တော်ကောင်းတယ် ။ card တွေဆို 3 star တွေနဲ့ လာတာ ။ 5 stars အထိ upgrade လုပ်လို့ရတယ် ။ weapon တွေ damage မြင့်တယ် ။ token တွေ သုံးပြီး upgrade လုပ်လို့ရတယ် ။ အခုတော့ content တွေ ထပ်ထည့်နေတုန်းလို့ ပြောထားလို့ max ဘယ်လောက်ရှိလဲဆိုတာတော့ မသိရသေးဘူး ။ နောက်ပြီး multiplayer emote တွေ ဝယ်လို့လည်း ရတယ် ။ multiplayer ထဲ ရောက်လို့ တွေ့ရင် အချင်းချင်း emote နဲ့ စကားပြောလို့ ရတာပေါ့ ။ ဥပမာ ကိုယ်က clap ဆိုတဲ့ emote သုံးလိုက်တာနဲ့ ကိုယ့် character က လက်ခုတ်တီးနေတာ ကျန်တဲ့ player က မြင်တာမျိုးပါ ။

Lobby တခု ဖွင့်ပြီးရင် ဝင်ဆော့မယ့် player လေးယောက်ပြည့်မှ multiplayer စ မှာပါ ။ လေးယောက်မပြည့်ရင် ပြည့်အောင် ၁၅ မိနစ် စောင့်ရပါမယ် ။ အကယ်၍ ၁၅မိနစ် ကြာတောင်မှ တယောက်မှ လာမ join ဘူးဆိုရင် ရှိတဲ့ player နဲ့ တခြားတယောက်နဲ့အတူ ဆော့ရမှာပါ ။ multiplayer ဆော့ချင်ရင်တော့ ကိုယ်နဲ့တူတူဆော့မယ့်သူ ၃ ယောက် ကြို ရှာထားရင် ပိုကောင်းမယ် ။ အချိန် သိပ်မကုန်တော့ဘူးပေါ့ ။ အကြောင်းသိတွေဆိုတော့ ဆော့တဲ့ အခါ ပြသနာ သိပ်မရှိနိုင်ဘူးပေါ့ ။ ဆေးထိုးတတ်တဲ့ လူများပါလာရင်တော့ မသိပါ ။ :P အဓိကကတော့ ကိုယ် ယူတဲ့ role အလိုက် ဟန်ချက်ညီညီ ဆော့နိုင်မှ ရမှာပါ ။

အချက်အလက်တွေက jp version အတွက် ရေးထားတာများလို့ en version အတွက် ရှာရသလောက် ရေးလိုက်ပါတယ် ။ မှားတာလဲ ပါပါလိမ့်မယ် ။ ကိုယ်ကိုယ်တိုင် စမ်းသပ်ကြည့်တာ အကောင်းဆုံးပေါ့ ။ admin လဲ စမ်းကြည့်ဦးမှ :D

Mobius Final Fantasy က free to play online game ဖြစ်ပြီး Android နဲ့ iOS အတွက် ထွက်ရှိထားပြီး ဖြစ်ပါတယ် ။

Comments

Popular posts from this blog

Mi Phone အားလုံးအတွက် Zawgyi Font ထည့်နည်း ပေါင်းစုံ

Warriors Orochi 3 Ultimate -Mystic Weapons Guide-

လှုပ်ရှားနေတဲ့ ဓာတ်ပုံ (Gif image) တွေကို ဘယ်လို လုပ်ကြမလဲ

Dynasty Warriors 8:XLCE -Editor- PC Only

ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြန် ဗေဒင်ဆရာကြီး မိုခ

ဂေါတမမြတ်စွာဘုရား၏ ပုံတော်အစစ်

All Mi phone model can use Myanmar Font and Root

ဖူးစာရှင်

ပိုက်ဆံ တကယ်ရတဲ့ app,တွေအကြောင်း

ပီယလက်စွပ်အကြောင်း