Final Fantasy Brave Exvius Review


Role playing game ကောင်းကောင်းလေးတွေ ထွက်လေ့ရှိတဲ့ Square Enix က ထုတ်တဲ့ ဂိမ်းတခုပေါ့ ။ အများအားဖြင့် ဒီ company က ထွက်တာတွေက PS4 PS3 အတွက်ပဲ ထွက်လေ့ရှိတယ် ။ mobile အတွက် ထွက်တာတော့ ရှိတယ် ။ ဒါပေမယ့် ရှားတယ် ။ အခု gaming platform က ဖုန်းတွေဘက် အားသာလာတော့ သူလည်း ဖုန်းဂိမ်းတွေ ထုတ်လာတာ များလာတယ် ။ Free to play online game ပါ ။


ဂိမ်းအကြောင်း ပြောရရင် Final Fantasy Brave Exvius က Final Fantasy ထုံးစံအတိုင်း Crystal တွေနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းပေါ့ ။ အဓိက ဇာတ်ကောင်က Grandshelt တိုင်းပြည်က Rain လို့ခေါ်တဲ့ ငယ်ရွယ်နုပျိုတဲ့ တိုင်းပြည်အကျိုး ဆောင်ရွက်ပေးတဲ့ သူရဲကောင်း Knight ငယ်လေးပေါ့ ။ Lasswell ဆိုတဲ့ သူ့ ငယ်သူငယ်ချင်းလည်း ပါတယ် ။ သူလည်း Knight သူရဲကောင်းလေးပါပဲ ။ Rain ရဲ့အဖေ Sir Raegan က Rain နှင့် Lasswell ကို ကျွေးမွေး စောင့်ရှောက်ခဲ့တယ် ။ Lasswell က မိဘမဲ့ကလေးပါ ။ Sir Raegan က ၂ ယောက်လုံးကို လေ့ကျင့်သင်ကြားပေးနေခဲ့ရာကနေ တနေ့မှာ ရုတ်တရက်ပျောက်ခြင်းမလှ ပျောက်သွားခဲ့တယ် ။ အဲ့အချိန်တုန်းက Rain နဲ့ Lasswell ၂ ယောက်လုံးက ငယ်သေးတယ် ။ Rain ကတော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့တဲ့ သူ့အဖေ Sir Raegan ကို မုန်းနေခဲ့တယ် ။ ဒီလိုနဲ့ နေလာလိုက်တာ တနေ့ သူငယ်ချင်း ၂ယောက် airship နဲ့ သွားနေတုန်း လမ်းမှာ monster တွေနဲ့တွေ့ရတော့ လိုက်ချရင်း crystal ထဲမှာ ပိတ်မိနေတဲ့ ကောင်မလေးကို တွေ့ရတယ် ။ အဲ့ကောင်မလေး နာမည်က Fina တဲ့ ။ ကောင်မလေးက သူ့ကိုယ်သူ ဘယ်သူလဲ ဘယ်နေရာကလာလဲ ဘာအကြောင်းကြောင့် ဒီ crystal ထဲ ရောက်နေလဲဆို လုံးဝမသိပဲ အတိတ်မေ့နေတယ် ။ cystal ထဲ ပိတ်မိနေတဲ့ အဲ့ ကောင်မလေးကို ကယ်ပြီးတော့ သူငယ်ချင်း ၂ ယောက် တိုင်ပင်ရပြီ ။ သူ့ကို ခေါ်သွားရရင် ကောင်းမလား ထားခဲ့ရင် ကောင်းမလား ။ အတိတ်လည်းမေ့နေတော့ သွားစရာနေရာလည်းမရှိတော့ ကောင်မလေးက သူ့ကို လမ်းတလျှောက်ခေါ်ဆောင်ပါ ။ သူ့ကို မထားရစ်ပါနဲ့လို့တောင်းပန်နေတော့ အစက ခေါ်ဖို့ သဘောမတူတဲ့ lasswell က Rain ရဲ့ တိုက်တွန်းမှုကြောင့် နောက်ဆုံးတော့ သဘောတူလိုက်ရတယ် ။ ဒီလိုနဲ့ သူငယ်ချင်း ၃ ယောက်သား ခရီးဆက်ခဲ့တယ် ။ ခရီးဆက်ရင် တနေရာ ရောက်ရင် ဒီနေရာက ပြသနာတွေ ဖြေရှင်းရင်း Esper တွေ ခေါ်နိုင်တဲ့ အစွမ်း သူတို့မှာ ရှိမှန်းသိလာကြတယ် ။ တကယ်တော့ Rain က ငယ်ငယ်တုန်းက အမှတ်မထင် crystal ကို ထိဖူးလို့ crystal က အစွမ်းတွေ သူ့ဆီ ဝင်သွားခဲ့တယ် ။ crystal က ပေးတဲ့ vision အစွမ်းနဲ့ Dark Lord က crystal တွေကို တခုပြီးတခု ဖျက်ဆီးနေတာ လိုက်တားရင်း အကြောင်းအရင်းက ဘာလဲဆို ဆော့ရင်း သိလာရမှာပါ ။


ဇာတ်ကောင်ဖြစ်တဲ့ Rain က ကူညီတတ်တယ် ။ နွေးထွေးမှုရှိတယ် ။ သနားကြင်နာတတ်တယ် ။ ပျော်ပျော်နေတတ်တယ် ။ ဒါပေမယ့် သူလုပ်ချင်တဲ့ အရာဆို ခေါင်းမာတတ်တယ် ။ Lasswell ကတော့ မျှတွေးတတ်တယ် ။ ဗဟုသုတ စုံတယ် ။ သူက တခုဆို တခုပဲ အာရုံစိုက်တယ် ။ အပို အလုပ်တွေ လုပ်တာ သိပ်မကြိုက်ဘူး ။ သူက သူ့ကို ကျွေးမွေးစောင့်ရှောက်ပေးတဲ့ Rain အဖေ Sir Raegan ကို ကျေးဇူးဆပ်တဲ့အနေနဲ့ Rain ကို နံဘေးနားက အမြဲ စောင့်ရှောက်ပေးရမယ်ဆိုတဲ့ အသိ ထားထားတဲ့အတွက်ကြောင့် Rain ထိခိုက်မယ့် အလုပ်မျိုးဆို အမြဲတားတယ် ။ ကာကွယ်ပေးတယ် ။ ဒါကြောင့် Rain နဲ့ အမြင်မတူလို့ ၂ ယောက် အမြဲစကားများရတယ် ။ ဆော့ရင် သိမှာပါ ။ ဂိမ်းထဲမှာ Rain က Lasswell ကို နောက်တီးနောက်တဲ့ စကားတွေ ပြောလို့ Lasswell အမြဲ အော် ပြောနေတာတွေပေါ့ ။ Lasswell က တော်ရုံနဲ့ သူ့စိတ်ခံစားချက်ကို ဖော်ထုတ်ပြလေ့မရှိတော့ Rain က သူ့ခံစားချက်တွေ ဖော်ပြတတ်အောင် အမြဲ စနောက်တယ် ။ Rain နဲ့ Fina ၂ ယောက် အတိုင်အဖောက် ညီညီ ပြောပြီး Lasswell ကို စ နေတာတွေ တွေ့ရပါလိမ့်မယ် ။ Fina ကတော့ ဘာမှ မသိတဲ့ ကောင်မလေး ။ သူ့မှာ crystal အစွမ်းတွေ ရှိနေတ သူမသိ ။ သူ ဘယ်သူလည်းဆိုတာပဲ Rain နဲ့ Lasswell တို့နဲ့အတူတူ ခရီးဆက်ရင်း ရှာဖွေနေတော့တယ် ။

ဇာတ်လမ်းကတော့ အခုထိ မပြီးသေးဘူး ။ အသစ်တွေ ထပ်ထည့်နေတုန်းဆိုတော့ ဘယ်အချိန်မှ ပြီးမလဲ မသိသေးဘူး ။


Gameplay အပိုင်းပြောရရင်တော့ တခြား mobile phone game တွေလိုမျိုး screen တို့ထိပြီး ပွတ်ဆွဲပြီး ဆော့ရတာပါ ။ battle ထဲဝင်ရင် character name ညာဘက်ပွတ်ဆွဲရင် skill ပေါင်းစုံရှိမယ်။ ဘယ်ဘက်ဆွဲရင် သုံးလို့ရတဲ့ item တွေ ရှိမယ် ။ အပေါ်ဘက် ဆွဲရင် attack အောက်ဘက်ဆွဲရင် defence ရှိတယ် ။ Limit Break attack တွေ ပါတယ် ။ Esper ရဲ့ speial attack တွေပါတယ် ။ Turn based game ဆိုတော့ ကိုယ့် turn ရောက်ရင် သေချာစဉ်းစားပြီး command ပေးရတာပေါ့ ။


၅ ယောက်အဖွဲ့လေး ဖွဲ့ပြီး ဆော့ ရမှာ ။ ပထမ အစတော့ Rain နဲ့ Lasswell ပဲရှိတယ် ။ နောက်တော့ Fina ရလာမယ် ။ ကျန်တဲ့ character တွေတော့ Summon ထဲမှာ သွားခေါ်လို့ရတယ် ။ ဒါပေမယ့် Random ပဲ ကျတယ် ။ Summon ထဲမှာရှိတဲ့ အကောင်တွေက Story နဲ့ မပတ်သက်ဘူး ။ အကောင်ကောင်းတွေ ရခဲတယ် ။ ကောင်းကောင်းရချင်ရင်တော့ Lapis အခု ၅၀၀ သုံးရမယ် ။ Lapis ကလည်း ရတာ ခက်တော့ ချင့်ချိန်သုံးရမှာပေါ့ ။ item နေရာတိုးတာပဲ ဖြစ်ဖြစ် character နေရာ တိုးတာပဲ ဖြစ်ဖြစ် evolve item တွေ ဝယ်တာပဲ ဖြစ်ဖြစ် Energy ကုန်လို့ ပြန်ဖြည့်ချင်တာပဲ ဖြစ်ဖြစ် Lapis ကို သုံးရမှာ ဆိုတော့ ချွေတာ သုံးရမှာ ။ google play ကနေ Lapis တွေ ဝယ်လို့ရပါတယ် ။ ဒါပေမယ့် credit card တော့ လိုမှာပေါ့ ။ တခါတလေ final fanatsy 10 က character တို့ final fantasy 13 က character တို့ စသဖြင့် အရင့်အရင်က Final Fantasy series က character တချို့ ခေါ်နိုင်တဲ့ ရတဲ့ event လေးတွေ လာလေ့ရှိတယ် ။ ဒီလိုကောင်တွေဆို တော်တော်ကောင်းတယ် ။ spell တွေကော skill တွေကော ရှယ်ပဲ ။ အဲ့လိုမျိုး event လာရင်တော့ Lapis ကို မနှမျောပဲ သုံးသာသုံး ။ event က ရက်အကန့်အသတ်ရှိတော့ တကောင်ရအောင်ကို မနဲသုံးရမှာ ။ စာရေးသူတော့ တကောင်ရအောင် Lapis ကို အားမနာတမ်း သုံးပစ်တာပဲ ။ ရသွားရင် ကိုယ့်အဖွဲ့ အင်အားကောင်းလာမှာလေ ။


World, Vortex, Esper နှင့် Colosseum ဆိုပြီးတော့ အမျိုးအစား ၄ မျိုး ရှိတယ် ။ World ကတော့ ဇာတ်လမ်းအတိုင်း ဆော့ရတဲ့ နေရာပါ ။ အထဲမှာ ကျွန်းတွေရှိပြီး ကျွန်းထဲမှာ map သေးသေးလေးတွေပါတယ် ။ ဒါတော့ ဆော့ရင်းနဲ့ တွေ့ရမှာပါ ။ Vortex မှာက Experience ရတဲ့ battle ၊ လက်နက်တွေ လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ရှာရတဲ့ battle ၊ Character ရဲ့ maximum lvl ကို မြှင့်ဖို့ တနည်းအားဖြင့် evolve လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ရှာရတဲ့ battle ၊ Skill တွေ ပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းရှာရတဲ့ battle တွေ ၊ Esper တွေ upgrade လုပ်တဲ့ item တွေ ရှာရတဲ့ battle တွေ ရှိတယ် ။ Esper ကတော့ Esper တွေ lvl မြှင့်တဲ့ နေရာပေါ့ ။ Esper level မြင့်ရင် ကိုယ့် character လည်း attack တွေ defence တွေ မြင့်လာတယ် ။ Colosseum ကတော့ တခြား offline player နဲ့ ယှဉ်ပြိုင်ရတာတွေ ပါတယ် ။ လစဉ် ပြိုင်ပွဲတွေ ရှိတယ် ။ သတ်မှတ် အချိန်ရောက်လို့ အဆင့် ၉၉၉၉ ထဲရောက်နေရင် ဆုတွေရမယ် ။ item အသစ်တွေရမယ် ။ စသဖြင့်ပေါ့ ။ အဲ့ ၉၉၉၉ ထဲရောက်အောင် မနည်းလုပ်ရမှာ ။ ကိုယ်လို သူလိုတွေများတော့ ဆက်မဆော့ပဲနေရင် သူ့အလိုလို အဆင့်ကျလာတယ် ။ ပြိုင်ဘက် သေချာရွေးရတယ် ။ ၅ယောက်အဖွဲ့နဲ့ ချရတာလေ ။ တယောက်ပဲ ဖော်ပြထားတော့ ကျန် ၄ ယောက်က ဘယ်သူမှန်းမသိဘူး ။ ကိုယ့်ထက် ပါဝါကြီးနေရင် ကိုယ်သေပြီ ။ သေရင် အဆင့်ကျရောပဲ ။


တခြား Final Fantasy series အတိုင်းပဲ အကောင်ကြီးကြီးတွေ (Ifrit တို့ Shiva တို့ စသဖြင့်) ခေါ်ချရတာတွေ Elemental attack တွေ crystal တွေ ပါတာပေါ့လေ ။ အကောင်ကြီးကို Esper လို့ နာမည်ပေးထားတယ် ။ Esper က character တွေမှာထည့်ထားရင် character ရဲ့ stats တွေ များလာတယ် ။ Esper ရဲ့ special ability တွေ Esper attck တွေ သုံးလို့ရတယ် ။ ဒါပေမယ့် element vulnerability ရှိတယ် ။ ဥပမာ Ifrit ဆို Blizzard attack ခံမနိုင်ဘူး ။ weakness ဖြစ်နေတယ် ။ item တွေ သုံးပြီး ခုခံနိုင်အောင် မြှင့်ပေးလို့ ရပါတယ် ။ Esper က ဇာတ်လမ်းသွားအတိုင်း ဆော့မယ်ဆို ၃ ကောင်လောက်ပဲ ရမှာ ။ အခုလောလောဆယ်တော့ ၈ ကောင် ရှိတယ် ။ နောက်ထပ် ထပ်ထည့်ဦးမလားတော့ မသိဘူး ။ Esper တွေကို လျှောက်သွားလို့ရတဲ့ Map တွေမှာ ဖွက်ထားတယ် ။ ကိုယ်ရှာတတ်ရင် သွားခေါ်လိုက်ရင် ရတယ် ။ ဒါပေမယ့် battle ချရမယ် ။


အဲ့ဒီ ဂိမ်းထဲမှာ Feature တွေ တော်တော်စုံတယ် ။ usable item တွေ ကိုယ်ကိုယ်တိုင် ပြုလုပ်လို့လည်းရတယ် ။ ဒါပေမယ့် လိုအပ်တဲ့ ပုံစံတို့ ပစ္စည်းတို့ ရှာရမယ် ။ ပုံစံကိုတော့ မြို့က ဈေးတွေမှာ ဝယ်လို့ရတယ် ။ ပစ္စည်းတွေကျတော့ battle တိုက်မှ ရတယ် ။ နေ့စဉ် တခုပဲ ဖွင့်ခွင့်ရှိတဲ့ Vortex ထဲက အခန်းတွေမှာ ရှာလို့ရတယ် ။ လက်နက်တွေလည်း ထို့အတူပဲ ။ လိုအပ်တဲ့ ပုံစံတို့ item တို့ ရှာပြီး လုပ်လို့ ရတယ် ။ နောက်တခုက abilities ။ ဒီတခုတော့ မဆိုးဘူး ။ Abilities တွေက အသေ သတ်မှတ်ထားတာ မဟုတ်ဘူး ။ တခြား character တွေမှာလည်း ထည့်လို့ရတယ် ။ အရေးကြီးတဲ့ cure လို့ ability လိုမျိုးကို မရနိုင်တဲ့ တခြား character မှာ ထည့်လို့ရတာတော့ သဘောကျတယ် ။ ဒါပေမယ့် နဂိုမူလ cure ability ရတဲ့ character ရဲ့ cure လောက် မကောင်းပေမယ့် တော်တော် အသုံးဝင်ပါတယ် ။ poison attack ability တို့ fire attack ability တို့ စတာတွေ ပြုလုပ်ပြီး ကိုယ်ထည့်ချင်တဲ့ character မှာ ထည့်လို့ရတယ် ။


Graphic ကတော့ 2D ပါ ။ Esper attack sence တွေတော့ HD နဲ့ လုပ်ထားတယ် ။ memory သိပ်မစားဘူး ။ online game ပေမယ့်လည်း data သိပ်မစားဘူး ။ 1 နာရီကြာ ဆော့မှ အများဆုံး 10 mb လောက်ပဲ ကုန်တယ် ။ requirement သိပ်မတောင်းဘူး ။ ဖုန်းလည်း မရွေးဘူး ဆိုတော့ ဘယ် mobile devices မှာပဲ ဖြစ်ဖြစ် ဆော့ရ အဆင်ပြေတယ် ။ ဇာတ်လမ်းလည်း မဆိုးဘူး ။ စာရေးသူတော့ ကြိုက်တယ် ။ Free to play online rpg game ဖြစ်တဲ့အတွက် rpg ကြိုက်သမားတွေ စမ်းကြည့်သင့်ကြောင်း အကြံပြုလိုက်ရပါတယ် ။



Post a Comment

0 Comments