Requirement
=======
Android
----------
-----
iOS
-----
iPhone 5+
iOS 8 and above
Q 3 . Account လုပ်မရဘူး ။
ဒါတောင်မှ မရရင်
KSA
#qzksa
#Fros
Unicode
Pokemon Go တချို့ဖုန်းတွေမှာ ဆော့မရတာ ရှိပါလိမ့်မယ် ။ ဖြေရှင်းတဲ့ နည်းလမ်းတွေ ရှိပါတယ် ။ တွေ့ကြုံနေကျ ပြသနာ ဖြေရှင်းနည်း ပြောပြပါမယ် ။ တခု သိထားရမှာက pokemon go က Phone အတွက်ပဲ ထုတ်ထားတာ ဖြစ်ပါတယ် ။ tablet အတွက် မရပါ ။
Q 1. pokemon go application သွင်းမရဘူး ။
သွင်းမရဘူးဆိုတော့ ကိုယ့်ဖုန်းက သူ့သတ်မှတ်ချက်နဲ့ ကိုက်ညီမညီ စမ်းစစ်ရပါမယ် ။
Requirement
=======
Android
----------
Android version 4.4 to 6.0.1
Strong internet connection
GPS and Location service
-----
iOS
-----
iPhone 5+
iOS 8 and above
Strong internet connection
GPS and Location service
အထက်က ပြထားတဲ့အချက်အလက်နဲ့ ကိုယ့်ဖုန်း ကိုက်ညီမှု ရှိလား မရှိရင်ဆော့မရဘူးပေါ့ ။ ရှိရင်တော့ App ကို ဘယ်က download လုပ်လဲ ဆိုတာ ဆန်းစစ်ရမယ် ။ တခြားကနေ download လုပ်ထားရင် ဒီ့ပြင် တခြား market ကနေ Website တွေကနေ ဆွဲကြည့်ပါ ။ တချို့ Market တွေလည်း အဆင်ပြေပါတယ် ။ google play ကတော့ စိတ်အချရဆုံး အဆင်ပြေဆုံးပါ ။ google play က download ဆွဲထားတာတောင်မှ ပြသနာ တက်နေတယ် ဆိုရင်တော့ ဖုန်း operating system နဲ့ဆိုင်သွားပါပြီ ။ error တွေရှိနေလို့ သွင်းမရတာ ဖြစ်ပါတယ် ။ root လုပ်ထားရင် error တွေ ရှိတတ်ပါတယ် ။ official version တွေမှာ version update လုပ်တာများရင် version တမျိုးတည်း သုံးတာကြာရင် error တက်တတ်ပါတယ် ။ error ပျောက်အောင် (ဥပမာ ph တခုလုံး reset ချတာမျိုး error ကင်းတဲ့ rom ရွေးတင်တာမျိုး) အရင် လုပ်ပြီးမှ pokemon go သွင်းကြည့်ကြည့်ပါ ။
အကြံပြု ချက် ။ https://apps.qoo-app.com/en/app/4186 ဒီကနေလည်း download ဆွဲ ဆော့နိုင်ပါတယ် ။ admin ကိုယ်တိုင်ဆော့နေတာ ဘာ ပြသနာမှ မရှိပါ ။
Q 4. pokemon go သွင်းလို့ရတယ် ။ ဒါပေမယ့် screen ကြီးဖြူပြီး ဘာမှ တက်မလာဘူး ။
app ကို clear uninstall လုပ်ပြီး install ပြန် လုပ်ကြည့်ပါ ။ ပြီးတော့ phone error နဲ့ ဆိုင်ပါတယ် ။ phone အမျိုးအစားနဲ့ ဆိုင်ပါတယ် ။ မရရင် တခြားဖုန်းမှာ စမ်းကြည့်တာပဲ ဖြစ်ဖြစ် လုပ်ကြည့်ပါ ။
Q 3 . Account လုပ်မရဘူး ။
account မလုပ်မီ အစမှာ မိမိရဲ့ မွေးတဲ့ ခုနှစ် လ ရက် ကို ဖြည့်ခိုင်းတာ တွေ့ရပါလိမ့်မယ် ။ ဒီမှာ သူ့သတ်မှတ်ချက်က အသက် ၁၃ နှစ် ကျော်ရပါမယ် ။ ၁၃နှစ် မကျော်ရင် pokemon go မပေးဆော့ဘူး ။ သတိထားရမယ့် အချက်ပါ ။ မွေးသက္ကရာဇ်တွေ ဖြည့်ပြီးတော့ နောက် တမျက်နှာ ဘာနဲ့ sign up လုပ်မလဲလို့ မေးပါလိမ့်မယ် ။ ဒီမှာ ရွေးချယ်စရာ ၂ မျိုး ရှိပါလိမ့်မယ် ။ Google နဲ့ pokemon trainer ဆိုပြီးတော့ ။ ၂ ခုလုံး တူတူပါပဲ ။ server ကွာသွားပါတယ် ။ pokemon trainer ကျတော့ server ခဏ ခဏ ကျတတ်လို့ အနောက်နိုင်ငံတွေမှာ ဝင်မရတာတို့ အလိုလို sign out ဖြစ်သွားတို့ ဖြစ်နေတာ တွေ့ရပါတယ် ။ သူကတော့ အရင်ကတည်းက ရှိနေတဲ့ server ဆိုတဲ့ သူ့မှာ train တာတို့ item ဝယ်တာတို့ မှာ Team တွေ ရှာတာတို့မှာ ပြသနာ မရှိဘူးပေါ့ ။ ပြီးတော့ မြန်မာနိုင်ငံလည်း မပါဘူး ။ google ကျတော့ ဒီလို မဖြစ်ပါဘူး ။ သူက server အသစ်ပေမယ့် ကြီးတယ် ။ pokemon trainer server မျိုး sign out ဖြစ်သွားတာတို့ မရှိဘူး ။ Google နဲ့ Niantic တို့ ပူးပေါင်းလုပ်ဆောင်နေဆဲဆိုတော့ မကြာခင်မှာ Google server လည်း pokemon trainer server မျိုး လုပ်ဆောင်နိုင်တဲ့ server ဖြစ်လာပါလိမ့်မယ် ။ အခုလောလောဆယ်တော့ မြန်မာပြည်အနေနဲ့ google တခုပဲ ရွေးချယ်ခွင့်ရှိတော့ google နဲ့ပဲ ချိတ်ကစားပါ ။
Q 4 . GPS signal not found ပြနေတယ် ။
အရင်ဦးဆုံး ကိုယ့်ဖုန်းမှာ GPS ရှိမရှိ သိထားဖို့ လိုအပ်ပါတယ် ။ GPS signal က ပိန်းပိတ်နေတဲ့ တိုက်ကြားထဲ တိုက်ခန်းထဲမှာ မမိပါ ။ မိုးအုံ့နေရင်လည်း မမိပါ ။ တိမ်ထူထပ်နေရင်လည်း မမိပါ ။ ကောင်းကင်မှာ satellite ( ဂြိုလ်တု) နည်းနေရင်လည်း မမိပါ ။ ကောင်းကင်ကြည်လင်တဲ့ နေ့မျိုးမှာ နံဘေးမှာ တိုက်တာအဆောက်အအုံတွေ မရှိတဲ့ နေရာမျိုး ကုန်းမြင့်နေရာမျိုးမှာ စမ်းကြည့်ပါ ။ ရပါလိမ့်မယ် ။ GPS က ကောင်းကင်မှာ အနည်းဆုံး satellite ၃ လုံး ရှိနေမှ အလုပ်လုပ်ပါတယ် ။ ဒီနေရာမှာ ကိုယ့်နယ်မြေရဲ့ ကောင်းကင်မှာ satellite ဘယ်လောက်လုံးရှိလဲဆိုတာ ကြည့်နိုင်ပါတယ် ။ Satellite checker နဲ့ ကြည့်လို့ရပါတယ် ။ ကိုယ့်ဖုန်း ကနေ ကောင်းကင်မှာရှိတဲ့ နီးစပ်ရာ satellite ၃ လုံးဆီကို signal ပို့ပါတယ် ။ ဒီ Satellite ၃ လုံးကနေ ပြန်ပို့တဲ့ signal က phone ဆီ ရောက်မှ GPS အလုပ်လုပ်ပါတယ် ။ သူလည်း သုံးတဲ့သူများရင် GPS က မဖတ်နိုင်တော့ဘူး ။ အချိန်နဲနဲ စောင့်ရပါလိမ့်မယ် ။ satellite checker က app ပါ ။ Android ရော iOS မှာ ရနိုင်ပါတယ် ။
ကောင်းကင်ရှင်းလင်း ကြည်လင်တဲ့နေ့မျိုးမှာ စမ်းကြည့်ပါ ။ mock location off လုပ်ထားပါ ။ google playstore service ဖွင့်ထားပါ ။ playstore service ကို latest update ရအောင် လုပ်ထားပါ ။
Android အတွက် ဖြေရှင်းနည်း။
- ပထမနည်း ။ Setting => Location မှာ turn on လုပ်ပြီး High accuracy မှာ ထားပေးပါ ။
- ဒုတိယနည်း ။ Setting => About Phone မှာ ၇ ချက် တို့လိုက်ရင် developer option တက်လာပါလိမ့်မယ် ။ ဒီထဲမှာမှ mock location ကို disable လုပ်ပေးပါ ။
- တတိယနည်း ။ Setting => Application manager => Pokemon Go => Permissions => Location မှာ on ထားပေးပါ ။
- ဖုန်းကို restart ချကြည့်ပါ ။
- Pokemon Go latest version ရောက်မရောက် ကြည့်ပါ ။ မရှိရင် သွင်းပါ ။
- power saving mode တွေ လုပ်ထားရင် ပိတ်ပါ ။
- airplane mode ကို ခဏဖွင့်ပြီး ပြန်ပိတ်ပြီး ထပ်စမ်းကြည့်ပါ ။
Q 5 . pokemon လေးတွေ မပေါ်ဘူး ဖြစ်နေတယ် ။
ဒီအကောင်လေးတွေက random ပေါ်နေတာပါ ။ နေရာ အတည်အကျ အချိန်အတိအကျ မရှိဘူး ။ GPS နဲ့ server နဲ့ ကစားလို့ ရနိုင်တဲ့ နေရာက data တွေနဲ့ ပေါင်းစပ်ပြီး နေရာဒေသ အလိုက်ပေါ်တာ ဖြစ်ပါတယ် ။ နေရာတိုင်း ပေါ်နိုင်ပါတယ် ။ များတာ နည်းတာပဲ ကွာတာပါ ။ ဒါကြောင့် gps မိနိုင်တဲ့ internet ကောင်းကောင်းရတဲ့ နေရာတွေမှာ ဆော့ခိုင်းတာ ဖြစ်ပါတယ် ။ သူများရပြီး ကိုယ်မရလို့ စိတ်မညစ်ပါနဲ့ ။ ကိုယ်ရောက်နေတဲ့ နေရာက server မှာ ဆော့တဲ့သူတွေများရင် ပြည့်သိပ်ပြီး ဖြစ်နေလို့ ဒီလို ဖြစ်ရတာပါ ။ Satellite က လူသုံးများလွန်းလို့ ကိုယ်သုံးတဲ့အချိန် signal strength တွေကျနေတာကြောင့် ဘာမှမမိတာ ဖြစ်ပါတယ် ။
Q 6 . We aren't detecting your phone's orientation. Would you like to turn off AR mode? လို့ ပြနေတယ် ။
AR mode အလုပ်မလုပ်ဘူးဆိုတာ ဖုန်းမှာ Gyroscope မရှိတာကြောင့် ဖြစ်ရတာပါ ။ ဒီလို error မျိုး အရများတဲ့ phone တွေက Sony Experia, HTC 626S နှင့် Huawai ဖုန်းတွေ ဖြစ်ကြပါတယ် ။ iOS 10 beta 2 တင်ထားတဲ့ iPhone တွေမှာလည်း ဒီလို error မျိုး တက်ပါတယ် ။ AR mode ဖွင့်ထားရင် pokemon လေးတွေကို အပြင်ရှုခင်းနဲ့အတူတူ မြင်ရမှာပါ ။ AR mode မရှိလည်း pokemon လေးတွေ ဖမ်းလို့ရပါတယ် ။ Gyroscope က ဖုန်းထဲကို စက်ရုံက စထုတ်ကတည်းက ထည့်ပေးလိုက်တာဖြစ်ပါတယ် ။ gyroscope မပါတဲ့ ဖုန်းတွေတော့ လုံးဝ ထည့်လို့မရပါ ။ အပေါ်က ဖော်ပြထားတဲ့ ဖုန်းတွေမှာ ကိုယ့်ဖုန်းပါခဲ့ရင် တခြားဖုန်းလဲပြီး ဆော့မှ ရမှာပါ ။ iOS သမားတွေတော့ iOS version အနိမ့်ကို ဆင်းမှပဲ အဆင်ပြေမှာ ဖြစ်ပါတယ် ။
အဆင်ပြေပါစေ ။ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
KSA
#qzksa
#Fros
0 Comments