Peeny Stove ပြုလုပ်ပုံ

Peeny Stove ဆိုတာကတော့ သတ္တုအချိုရည်ဘူးခွံ နဲ့ ပြုလုပ်တဲ့ မီးဖို အသေးစားတစ်မျိုးဖြစ်ပြီး၊ လောင်စာ အနေနဲ့ အရက်ပျံကို အသုံးပြုပါတယ်။ အကြွေစေ့လေး ထည့်ပြီးသုံးရတဲ့အတွက် Penny Stove လို့ ခေါ်ပါတယ်။

Penny Stove မူကွဲအမျိုးမျိုးရှိတဲ့ အထဲကမှ ကုန်ကြမ်းရရှိမှု လွယ်ကူခြင်း၊ ပြုလုပ်ရလွယ်ကူခြင်း၊ လောင်စာ အလွယ်တကူဝယ်ယူရနိုင်ခြင်း စတဲ့အချက်တွေကို အခြေခံပြီး၊ လက်ရှိ ပုံစံကို ဖောက်သည်ချခြင်း ဖြစ်ပါတယ်။

Outdoor မီးဖိုတွေ ၀ယ်လို့ရတယ်ဆိုပေမယ့်။ လက်ရှိ မြန်မာနိုင်ငံ ဈေးကွက် အနေအထားအရ ၀ယ်ယူဖို့မလွယ်ကူခြင်း၊ လောင်စာပစ္စည်းဖြစ်တဲ့အတွက် လေဆိပ်မှာ လုံခြုံရေးအရ အသိမ်းခံရနိုင်ခြင်း၊ ဈေးနှုန်းမြင့်ခြင်း စတဲ့အချက်တွေကြောင့် Outdoor Camp Stove ကိုသယ်ရတာ အခက်အခဲအနည်းငယ်ရှိပါတယ်။ ဒီ Penny Stove ကတော့ ပျောက်သွားရင်တော့ အလွယ်တကူ ပြန်လည်ပြုလုပ်နိုင်ပါတယ်။

Penny Stove ပြုလုပ်ဖို့အတွက်လိုအပ်တဲ့ ပစ္စည်းတွေကတော့

၁။ အချိုရည်ဘူးခွံနှစ်ခု
၂။ ပေတံ
၃။ Marker Pen
၎။ အပေါက်ဖောက်ဖို့ရန် သံချောင်းတစ်ခု
၅။ စာအုပ်ထူထူတစ်အုပ်
၆။ ဒါး
၇။ ကပ်ကြေ်း
၈။ ကော်ပတ် (မရှိလည်းရပါတယ်)

Credit to Original Writer : Six Wheels, Three men

ကော်ဖီတစ်ခွက်စာကတော့ ၆ မိနစ်လောက်ဆို ရေနွေးဆူပါတယ်။ ကျွန်တော်စမ်းကြည့်တာတော့ 50 ml အရက်ပျံထည့်ထားရင် နာရီဝက်ထိ သုံးလို့ရပါတယ်။ ရေခန်းချက်ရင် ထမင်းတစ်လုံးတော့ ကျက်ပါတယ်။
သုံးတဲ့အခါ အရက်ပျံကို အပြည့် (50-ml) ထည့်သုံးရပါမယ်။ မီးဖိုသုံးပြီးသွားလို့ အရက်ပျံ ပိုနေရင် လေမှုတ်ပြီး ပြန်သိမ်းထားပါ။ တစ်ခါသုံးပြီးသား အရက်ပြန်ကို ဘူးသပ်သပ်နဲ့သိမ်းပါ။ အရက်ပျံအသစ်ထဲမှာ ရောမသိမ်းရပါ။ တစ်ခါမီးရှို့ပြီးသား အရက်ပျံဟာ အသစ်လောက် လောင်အားမကောင်းတော့ပါ။

မှတ်ချက်။ ။ မီးဘေးဂရုပြုပါ အခန့်မသင့်ရင် မိးလောင်တတ်ပါတယ်။


၁။ ဘူးခွံတစ်ခုကို ကော်ပတ်နဲ့ ၂ လက်မ ခန့် ဆေးသားများ ကွာသွားအောင် ပွတ်တိုက်ထုတ်ပါ။ ဒီနေရာမှာ ကျွန်တော်က မီးဖိုလှအောင် မိတ်ကပ်လိမ်းတဲ့သဘောပါ။ ကော်ပတ်မရှိရင် မလုပ်လည်းရပါတယ်။


၂။ Marker Pen ကိုစာအုပ်ကြားမှာညှပ်ပါ။ Marker Pen ထိပ်က ပုံမှာပြထားတဲ့အတိုင်း အမြင့် ၁.၂၅ လက်မ အမြင့်မှာ ရှိအောင် ပေတံနှင့်ချိန်ပါ။



၃။ ကော်ပတ်စားထားတဲ့ ဘူးခွံကို Marker Pen နဲ့ထိပြီး လှည့်ပေးပါ။ တစ်ပတ်ပြည့်သွားရင် စမှတ်၊ ဆုံးမှတ် တစ်ထပ်တည်းကျတဲ့ Marker လိုင်းတစ်ခု ဘူးခွံပေါ်မှာ ရပါမယ်။


၎။ ဒုတိယဘူးခွံကို အမှတ်အသားပြုလုပ်ရန် ၀.၇၅ လက်မ အမြင့်မှာ စာအုပ်ကြား Marker Pen ညှပ်ပြီး ချိန်ပါ။


၅။ ဒုတိယဘူးခွံကို Marker Pen နဲ့ထိပြီး တစ်ပတ်ပြည့်အောင်လှည့်ပါ။ စမှတ်၊ ဆုံးမှတ် တစ်ထပ်တည်းကျတဲ့ Marker လိုင်းတစ်ခု ဘူးခွံပေါ်မှာရပါမယ်။ ဖြတ်ထုပ်ဖို့အတွက် ဘူးခွံတွေမှာ အမှတ်အသားလုပ်တဲ့သဘောပါ။

 

၆။ ၀.၇၅ လက်မ အမှတ်အသား ပေးထားတဲ့ ဒုတိယ ဘူးခွံပေါ်မှာ Marker နဲ့ အမှတ်အသားတွေ လုပ်ပါမယ်။ ဘူးခွံ ဘေးစောင်းမှာ ၁၂ နေရာကို အကွာအဝေး ညီအောင် မှတ်ပါ။ အလယ်မှာ ၄ နေရာ Marker နဲ့ မှတ်သားပါ။ အလယ်မှာ မှတ်တဲ့အပေါက် ၄ ပေါက်ရဲ့ အကွာအဝေးသည် အကြွေစေ့တစ်စေ့ အုပ်မိတဲ့ အကွာအဝေးဖြစ်ရပါမယ်။ ဆိုလိုတာကတော့ အကြွေစေ့ကို ဖင်မှာ တင်လိုက်ရင် အပေါက် ၄ ပေါက်လုံးကို အုပ်မိနေရပါမယ်။ ပုံမှာပြထားသလိုပေါ့။


 ၇။ အမှတ်အသားလုပ်ထားတဲ့နေရာတွေမှာ သံချောင်းနဲ့ အပေါက်လေးတွေ ပလာယာနဲ့ဖြစ်ဖြစ်ထုပြီး ဖြည်းဖြည်းချင်းဖောက်ပါ။ အပေါက်အရွယ်အစားက သွားကြားထိုးတံ အလွယ်တကူ ၀င်နိုင်တဲ့အရွယ်ဖြစ်ရပါမယ်။



၈။ ကော်ပတ်စားထားတဲ့ ၁.၂၅" လက်မ အကွာအဝေး အမှတ်အသား ပေးထားတဲ့ ဘူးခွံကို ဖြတ်ထုတ်ပါမယ်။
အရင်ဆုံး ကပ်ကြေးထိုးထည့်ဖို့အတွက် အပေါက်တစ်ခုကို ဒါးပါးနဲ့ သတ္တုဘူးခွံထဲကိုထိုးထည့်ပါ။ အမှတ်အသားရဲ့ အပေါ်နားလောက်မှာ ဒါးနဲ့ထိုးပါ။


၉။ စောနက ဒါးနဲ့ ထိုးထားတဲ့နေရာမှာ ကပ်ကြေးကို ထိုးသွင်းပြီး ဘူးပတ်ချာလည်ကို Marker လိုင်းအပေါ်နားလောက်ကနေ ဖြတ်ပါ။


၁၀။ အချောသပ် Marker လိုင်းအတိုင်း ကပ်ကြေးနဲ့ တိတိကျကျ လိုက်ဖြတ်ပါ။


၁၁။ ပထမ ဘူးခွံတစ်ခုတော့ရသွားပါပြီ။ အဲ့ဒီ ဘူးခွံအ၀ နည်းနည်းကျယ်လာအောင်၊ မဖျတ်ရသေးတဲ့ ဘူးခွံရဲ့ ဖင်မှာ ချွတ်လိုက် တပ်လိုက် အကြိမ်ကြိမ် လုပ်ပေးပါ။ အ၀ နည်းနည်းကျယ်မှ ဘူးခွံနှစ်ခုကို ပြန်စွပ်တဲ့အခါ အဆင်ပြေပါမယ်။


 ၁၂။ ဒီတစ်ခါကတော့ အပေါက်လေးတွေဖောက်ထားတဲ့ ဒုတိယ ဘူးခွံအလှည့်ပါ။ Marker လိုင်းအပေါ်ဘက်နားမှာ ဒါးနဲ့ထိုးပြီး ကပ်ကြေး ၀င်သာမယ့် အပေါက်ဖောက်ပါ။


၁၃။ ကပ်ကြေးထိုးသွင်းပြီး Marker လိုင်းအတိုင်း တိတိကျကျ ကပ်ကြေးနဲ့ လိုက်ဖြတ်ပါ။




၁၄။ ၁.၂၅" လက်မနဲ့ အောက်ခံဘူးခွံတစ်ခု၊ ၀.၇၅" လက်မနဲ့ အပေါ်ကစွပ်ချမယ့် အပေါက်လေးတွေပါတဲ့ ဘူးခွံတစ်ခု၊ စုစုပေါင်းနှစ်ခုကို ရပါပြီ။


၁၅။ အပေါက်ပါပြီး တိုတဲ့ ဘူးခွံကို။ အောက်ခံခွက်ထဲမှာ စွပ်ချပါမယ်။


၁၆။ အောက်ခံခွက် ဘူးခွံထဲမှာ အပေါ်ကနေ အပေါက်လေးတွေပါတဲ့ ဘူးခွံကို ဖြည်းဖြည်းချင်းလှည့်သွင်းပါ။


 ၁၇။ ဘူးခွံနှစ်ခုကို စွပ်ချတဲ့နေရာမှာ။ တစ်ခြမ်း ၀င်သွားရင် နောက်တစ်ခြမ်းကမ၀င်ပဲ ဖြစ်နေတတ်ပါတယ်။ အဲ့ဒီအခါ။ အချိုရည်ဘူးခွံ ဖြတ်စတစ်လက်မလောက်ကို ပုံမှာပြထားတဲ့အတိုင်း၊ ထစ်နေတဲ့ရောမှာ ကြားခံပြီး ဖြည်းဖြည်းချင်းဖိချပါ။


၁၈။ ဘူးခွံကိုအထဲ စွပ်ချတဲ့နေရာမှာ ညီညီညာညာ နဲ့ ၀င်သွားအောင်ထည့်ပါ။ ဘူးပိန်မသွားဖို့လည်း ဂရုစိုက်ပါ။


၁၉။ အပေါက်ပါတဲ့ ဘူးခွံကို အဆုံးထိဝင်သွားအောင် ထိုးထည့်စရာမလိုပါဘူး။ အပေါက်ပါတဲ့ဘူးခွံဟာ ပုံမှာပြထားသလို အောက်ခံဘူးခွံနှစ်ခမ်းသာအောက် နည်းနည်းရောက်သွားပြီိဆို ရပါပြီ။


၂၀။ မီးတောက်အနိမ့်အမြင့်အတွက် အချိုရည်ဘူးရဲ့ အပေါ်ပိုင်းကို ကပ်ကြေးနဲ့ဖြတ်ထုပ်ပြီးသုံးပါတယ်။ မီးဖိုဒါက်ကို ကျွန်တော်ကတော့ သံဇကာကို ပြန်ကွေးပြီးသုံးပါတယ်။ မီးဖိုဒေါက်ကတော့ ဘာသုံးသုံးရပါတယ်။ အဓိက ကတော့ မီးဖိုဒေါက်ရဲ့အမြင့်ဟာ မီးဖိုနှုတ်ခမ်းရဲ့ ၀.၅ လက်မ အမြင့်မှာရှိရင်ရပါတယ်။


 ၂၁။ အရက်ပျံကို အလယ်အပေါက် ၄ ပေါက်နေရာကနေ ဖြည်းဖြည်းချင်း လောင်းထည့်ပါ။



၂၂။ ဘေးပတ်ချာလည်း အပေါက်တွေထိ အရက်ပျံ လျှံတက်လာပြီဆိုရင် အလယ်မှာ အကြွေစေ့လေးထည့်ပါ။


၂၃။ မီးညှိလိုက်ပါ။ အရမ်းလှတဲ့ မီးဖိုလေးတစ်ခု သင်ရပါပြီ။
မီးဘေးဂရုပြုပါ။ စတင် စမ်းသပ်ခါစမှာ လောင်စာတွေနဲ့ ခပ်ဝေးဝေးနေရာမှာ စမ်းသပ်တာကောင်းပါတယ်။ ဖြစ်နိုင်ရင် ဇလုံခပ်ကြီးကြီးထဲမှာ ထည့်စမ်းပါ။


၂၄ ။ အိုးအနေနဲ့ကတော့ ငါးသေတ္တာဘူးခွံကို သုံးပါတယ်။


၂၅။ Wind Shield လေကာ ကိုလည်း မိမိ အဆင်ပြေရာ သံပြားနဲ့ ပြုလုပ်နိုင်ပါတယ်။ မီးဖို ပတ်ချာလည်တစ်လက်မ အကွာအဝေး မှာ လေကာ ရှိရပါမယ်။


၂၆။ ၅၀ Ml အရက်ပျံကို နာရီဝက်ထိ အသုံးခံပါတယ်။ မီးငြိမ်းချင်တယ်ဆိုရင် လေခပ်ပြင်းပြင်းနဲ့ မှုတ်ချလိုက်ပါ။

Credit to Original writer : Six Wheels, Three men

Comments

Popular posts from this blog

Mi Phone အားလုံးအတွက် Zawgyi Font ထည့်နည်း ပေါင်းစုံ

Warriors Orochi 3 Ultimate -Mystic Weapons Guide-

Zapya for PC

All Mi phone model can use Myanmar Font and Root

မြေဧက ဖွဲ့ နည်း တွက်နည်း

Dynasty Warriors 8:XLCE -Editor- PC Only

စိတ်မလွင့်အောင် တရားရှုမှတ်နည်း

ပီယလက်စွပ်အကြောင်း

သောက်ရေသန့်လုပ်ငန်း အချို့များတွင် ရှိသောအားနည်းချက်များ

ဟိုမရောက် ဒီမရောက် စာပေ