မကြာမီ ထွက်ရှိလာတော့မယ့် Final Fantasy type 0 online (smartphone game)
-----------
Unicode
-----------
Square Enix က ပြီးခဲ့တဲ့ 2015 september လတုန်းက စတင်မိတ်ဆက်ခဲ့တဲ့ Final Fantasy Type-0 Online ဆိုတဲ့ game ကို ယခုလအတွင်း China မှာ open beta test အနေနဲ့ စတင်ဖြန့်ချီတော့မယ်လို့ June 9 ရက်နေ့က event တစ်ခုမှာ ကြေညာခဲ့ပါတယ်။ မကြာခင်မှာ Japan, North America, နှင့် Europe တွေမှာ ဖြန့်ချီမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Final Fantasy Type-0 online ဟာ မူရင်း Final Fantasy Type-0 (PSP) ကို အခြေခံပြီး ထုတ်ခဲ့ဖူးတဲ့ Final Fantasy Agito ကို ပြန်လည် ဆန်းသစ်ထားတဲ့ multiplayer hack-and-slash game ဖြစ်ပါတယ်။ Free to Play online game အမျိုးအစား ဖြစ်ပါတယ်။ Chinese developer Perfect World နှင့် ပူးပေါင်း ထုတ်လုပ်ထားတာဖြစ်ပြီး Android, iPhone နှင့် PC အတွက် လာမှာ ဖြစ်ပါတယ်။
Final Fantasy Agito (smartphone game) တော့ 2015 December 1 ရက်ကတည်းက ပိတ်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။
Final Fantasy Type-0 Online trailer => https://youtu.be/wJRjIgx5Ugw
Post a Comment
0 Comments