HD (High Definition) ဆိုတာလဲ

 

HD (High Definition) ဆိုတာလဲ ကျွန်တော်တို့ မြန်မာနိုင်ငံကလူအများစု နားလည်တာနည်းနည်းလွဲနေကြ လို့ ရှင်းပြချင်ပါတယ်။
——————————————————————
DVD ခေတ်မှာ DVD မှာပါတဲ့ ကွာလတီက 480p ပါ
HD မဟုတ်သေးပါဘူး

Blu-ray ခေတ်ကျတော့ High Definition ဆိုပြီး ဖြစ်သွားပါတယ်
အဲဒီမှာ ၂ မျိုးထပ်ကွဲပါတယ်။

HD ready - 720p ( resolution 1680 x 720 pixels)
Full HD - 1080p ( resolution 1920 x 1080 pixels)
ဆိုပြီးကွဲသွားပါတယ်။
(အနောက်နံပါတ် 720 နဲ့ p ကတော့ progressive scan video ကို အတိုယူပြီး 720p လို့ ခေါ်တာပါ)

တီဗီတွေ ၀ယ်ရင် သတိထားရပါတယ်။ အခုခေတ်တောင် လက်မ ၄၀ ဖြစ်တိုင်း Full HD မဟုတ်ပါ။

Sony TV မှာ လက်မ ၄၀ ကို ဈေး ၃ မျိုးရှိပါတယ်။ မော်ဒယ်မတူပါဘူး
၅ သိန်း မပြည့်တဲ့ မော်ဒယ်က HD ready ပါ
၅ သိန်း ကျော် မော်ဒယ်ကလဲ HD ready ပါ
၆ သိန်း ကျော် မော်ဒယ်မှ Full HD ပါ

မယုံရင် TV ဘူးဘးက ပုံလေးတွေမှာ ကြည့်ကြည့်ပါ။ Full HD - HD ready ပုံမတူပါဘူး

အခု နောက်ဆုံးပေါ် နည်းပညာက Ultra HD 4K (4K တီဗီလို့လဲ ခေါ်တယ်ခင်ဗျ) နဲ့ 8K ပါ

4K - 2160p (resolution 3840×2160 pixels)
8K - 4320p (resolution 7680x4320 pixels)

8K က တီဗီအနေနဲ့တောင် မထွက်သေးပါဘူး။ အခုမှ ပေါ်တဲ့နည်းပညာပါ။

ကွာလတီဘာကွာလဲမေးရင် ယှဉ်ကြည့်ဖူးမှ သိပါတယ်။ ဘာမှ မဆိုင်ပါဘူး

အခုကျွန်တော်ရောင်းနေတဲ့ Full HD ဆိုတာတွေတောင် 4K ကြည့်ဖူးသူများ မှုန်တယ်ပြောပါလိမ့်မယ်။ အဲ့လောက်ကွာပါတယ်။

=============================================

ဈေးကွက်ထဲမှာ ရောင်းနေတဲ့ ခွေတွေမှာ ၂ စားရှိပါတယ်။

တစ်မျိုးက Bluray တံဆိပ်ကပ်ထားတဲ့ DVD ပါ။ DVD စက်နဲ့ကြည့်လို့ရပါတယ်။
DVD စက်နဲ့ ကြည့်လို့ရတဲ့ခွေသာဖြစ်ရင် Bluray လုံးဝမဟုတ်ပါ
Bluray ကို DVD ထဲဆန့်အောင် ပြန်ချုံ့ထားသော ကွာလတီ အနိမ့်ခွေများဖြစ်ပါတယ်။

နောက်တစ်မျိုးက Bluray ခွေ အစစ်ပါ။ ဆိုင်ကြီးတွေမှာသာ ရတတ်ပါတယ်။ လမ်းဘေးဆိုင်တွေမှာ လုံးဝမရှိပါ။
DVD စက်ထဲထည့်ရင် လုံးဝ မဖတ်ပါဘူး။ Blu-ray စက်တွေနဲ့မှ ဖတ်ပါတယ်။
ဒါဆိုရင်တော့ ကွာလတီ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ ရောင်းနေတဲ့ Digital copy ထက်ကောင်းပါတယ်။

==============================================

ဘယ်ထဲမှ မ၀င်ဘဲ ၀ယ်တဲ့သူတွေကို ဒုက္ခပေးတဲ့ခွေတွေကတော့ တရားဝင် Bluray မထွက်သေးပဲ ခိုးရိုက် ခိုးကူး ဘယ်က ထွက်လာမှန်းမသိတဲ့ ကြား ကွာလတီတွေပါ။ မှုန်တုန်ဝါးတား .. အသံမကောင်း .. စာတန်းထိုးမမှန် .. ဆိုင်တွေက ကြည်ပြီဆိုပြီးရောင်းလိုက်ပြီး အိမ်ရောက်တိုင်း ဒေါသထွက်ရတဲ့ခွေတွေပါ

အဲဒီမှာ အဆင့်တွေ အမျိုးမျိုးရှိပါတယ်

ပထမဆုံး အဆင့်က CAM လို့ ခေါ်တယ်၊ ရုပ်ရှင်ရုံထဲ ကင်မရာလေးဖွက်ယူသွားပြီး ခိုးရိုက်ထားတာပါ။ လှုပ်တုတ်တုတ်တောင်ဖြစ်နေတတ်ပါတယ်။

ဒုတိယက TS လို့ ခေါ်ပါတယ်။ သူလဲ မထူးခြားနားပါ။ သူကတော့ ကင်မရာနဲ့ခိုးရိုက်ထားတယ်မထင်ရလောက်အောင် နည်းနည်း ငြိမ်ပါတယ်

သူ့နောက်မှာတော့ R4 R5 စသည်ဖြင့် အစဉ်လိုက်လာပါတယ်။

R5 ပြီးရင် R6 အဆင့်ဟာ DVD မရောက်ခင် အဆင့်ပါ။ ရုပ်က လုံးဝကြည်သွားပါတယ်။ အသံမကောင်းသေးပါဘူး။

R6 ပြီးရင် DVD ထွက်ပါတယ်။ တစ်ချို့တွေက DVD မထွက်ပဲ Bluray တန်းထွက်ပါတယ်။

နောက်တစ်မျိုးကတော့ HDTV Rip … WebRip လို့ခေါ်ပါတယ်။ တီဗီမှာပြတာကို HD စက်နဲ့ ကူးထားတာပါ။ အတော်ကို ကြည်ပါတယ်။ Bluray ခွေ အစစ်လောက်တော့ မရပါ။

ဒီမှာကြည်ပြီဆိုပြီးစရောင်းရင် R5 R6 တွေများပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စာတန်းထိုးကိုကြည့်ရင် သိသာပါတယ်။ အဲဒီခွေတွေ စာတန်းထိုးမပါတာ မမှန်တာများပါတယ်။

ဒီက ခွေရောင်းတဲ့သူများကြည်တယ်ဆိုတာ ကျွန်တော်ဖြင့် အလွန်ကြောက်ပါတယ်။ ဘယ်လိုကြည်တယ်ဆိုတာ မပြောလို့ပါ။

အိမ်ရောက်မှ အသံမကောင်း စာတန်းထိုးမမှန် ဒေါသထွက်လို့ ၀ယ်မကြည့်ဖြစ်တာကြာပါပြီ။

===========================================

ဒီလောက်ရှင်းပြရင်ဖြင့် အတော်အတန် သဘောပေါက်ပြီထင်ပါတယ်။

ခွေကွာလတီပေါ် မူတည်သလို တီဗီ ကွာလတီပေါ် ဆောင်းဘောက်ကွာလတီပေါ်မူတည်ပါတယ်။

နောက်ပြီး တကယ့် Bluray ကို Full HD တီဗီနဲ့ကြည့်ဖူးမှ HD ကွာလတီ အစစ်အမှန်ကို သိမှာပါ။

အခုခွေရောင်းတဲ့သူအများစုကတော့ CRT TV အဟောင်းလေးနဲ့ ကြည့်ပြီး ကြည်လှချည့်ပြောနေတာ ဘယ်လိုမှ နားမလည်နိုင်ပါ။

ကျေးဇူးတင်ပါတယ်။

All credit to original uploader

Post a Comment

0 Comments