Final Fantasy Brave Exvius English version ထွက်ရှိလာပြီ

 

Square Enix က Final Fantasy Brave Exvius mobile Phone game ကို english version ထုတ်လိုက်ပါပြီ။ Role Playing Game အမျိုးအစားဖြစ်တဲ့အပြင် Free to play Online game ဖြစ်တဲ့ ဒီ mobile game ဟာ 2015 October 22 ရက်နေ့ကမှ ထွက်ရှိထားတာဖြစ်ပါတယ်။ အရင်ကတော့ JP only ဖြစ်ပေမယ့် အခုဆို Eng version ပါ ထွက်လာပြီ ဖြစ်ပါတယ်။ IOS နဲ့ Android အတွက် ထွက်ရှိထားတာ ဖြစ်ပါတယ်။ လက်ရှိ ဆော့ကစားသူ ဦးရေ ၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ Eng version က အခုမှ စ ဖြန့်ချီတာ ဖြစ်တဲ့အတွက် Story အပြည့်အဝ ဆော့လို့မရသေးပါ။ လာမယ့် E3 ကျရင် ဒီ game ကို စတင် မိတ်ဆက်မှာ ဖြစ်ပြီး ဒီနောက်ပိုင်းမှာမှ အပြည့်အဝ ဆော့လို့ရတော့မှာ ဖြစ်ပါတယ်။


Vision နဲ့ Lapis လို့ ခေါ်တဲ့ power ၂ မျိုး မျှတနေတဲ့ world မှာ ရုတ်တရက် darkness ရဲ့ လွှမ်းမိုးမှုကို ခံရမယ့် အခြေအနေ ရောက်လာပါတယ်။ ဒီအချိန်မှာ Warriors of Light ဖြစ်တဲ့ Rain နှင့် Lasswell တို့က Crystal power အကူအညီနဲ့ ဒီလွှမ်းမိုးမှုကို ဘယ်လိုနည်းမျိုးနဲ့ တိုက်ဖျက်သွားမယ်ဆိုတာ ဇာတ်လမ်းသွားနဲ့ ဆော့ကစားရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ် story က မဆုံးသေးပါဘူး။ story character အသစ်တွေလည်း ထပ်တိုးနေပါတယ်။


graphic ကတော့ 2D အမျိုးအစားဖြစ်ပါတယ်။ Final Fantasy series တွေမှာ ပါနေကျ ဖြစ်တဲ့ magic spells, eidolons (Esper)တွေပါပါတယ်။ character တစ်ယောက်ချင်းစီမှာ limit break attack တွေပါပါတယ်။ အရင် Final Fantasy series တွေက character တွေ ပါပါတယ်။ 5 ယောက်ပါတဲ့ team လေး ဖွဲ့ပြီး ဆော့ရမှာ ဖြစ်ပါတယ်။ Main mission, Side quest, Dungeon တွေ ပါမှာဖြစ်ပြီး Map တွေမှာ ဖွက်ထားတဲ့ item တွေ လမ်းကြောင်းတွေ ရှိပါတယ်။ item တစ်ခု ချင်းစီ craft လို့ရပါတယ်။ Character တိုင်းမှာ awakening state တွေ ပါရှိပြီး awakening ဖြစ်သွားရင် skill အသစ်တွေ spell အသစ်တွေ ထွက်လာပါတယ်။


အခုလက်ရှိ JP version မှာ အပြည့်အဝ ဆော့လို့ရပေမယ့် Eng version မှာတော့ Story မှာ Port City Lodin မှာ ရပ်နေပါတယ်။ လာမယ့် E3 ပြီးရင်တော့ အကုန် ပွင့်သွားမှာ ဖြစ်ပါတယ်။

Android => https://play.google.com/store/apps/details?id=com.square_enix.android_googleplay.FFBEWW&hl=en
IOS => https://itunes.apple.com/se/app/final-fantasy-brave-exvius/id1078553808?l=en&mt=8
(IOS သမားတွေ download လုပ်ရင် Swedish app store ပြောင်းမှ download လုပ်လို့ရမှာ ဖြစ်ပါတယ်)

စာရေးသူကိုယ်တိုင် ဆော့နေပါတယ်။ Friend code က 274,107,800 ပါ။ add နိုင်ပါတယ်။ 

Post a Comment

0 Comments