ဖျော်ပြီးကာစ ကွန်ကရစ်ထဲ သကြားထည့်ခြင်း နှင့် ဆားထည့်ခြင်း..။

  ေဖ်ာ္ျပီးကာစ ကြန္ကရစ္ထဲ သၾကားထည့္ျခင္း ႏွင့္ ဆားထည့္ျခင္း..။

ေဖ်ာ္ျပီးကာစ မမာေသးတဲ့ ကြန္ကရစ္ထဲ သၾကားနဲ႔ ဆား ကို သီးျခားစီ ထည့္လိုက္ရင္ ဘာေတြ ေျပာင္းလဲသြားမယ္ ထင္ပါသလဲ။ ျမည္းေတာ့ မၾကည့္ပါနဲ႔။ လွ်ာကို ဘိလပ္ေျမ ေပါက္သြားလိမ့္မယ္။

သၾကားနဲ႔ ဆားက ဆိုဒ္အင္ဂ်င္နီယာေတြအတြက္ အသံုး၀င္မယ့္ ေဆးျမီးတိုပါ။
စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version

ဆိုဒ္ထဲကို ကြန္ကရစ္ကား ေရာက္လာျပီ။ ဒါေပမယ့္ formwork က မျပီးေသးဘူး။ ဒါမွမဟုတ္ ေလာင္းေနရင္း တခုခုျဖစ္လို႔ ကြန္ကရစ္ကို ကားထဲမွာ တန္းလန္း ရပ္ထားရတယ္။ မၾကာခင္ ကားထဲက ကြန္ကရစ္က မာေတာ့မယ္။ ကြန္ကရစ္ခ်က္ခ်င္း မေလာင္းႏိုင္ေသးလို႔ မာသြားမွာ စိုးရိမ္ေနရတဲ့ အခ်ိန္ေရာက္လာရင္ ကြန္ကရစ္ထဲ သၾကား 1% by volume ေလာက္ကို ထည့္ျပီး ေမြလိုက္ပါ။ ကြန္ကရစ္ initial setting နည္းနည္း ၾကာသြားမယ္။ သၾကားက retarder admixture တမ်ိဳးပါ။ ကြန္ကရစ္ရဲ႕ plasticity state ကို ၾကာေစပါတယ္။ side effect မရွိပါဘူး။ အခ်ိ္န္တန္ရင္ သူ႔အတိုင္း မာသြားပါလိမ့္မယ္။ coca cola လို အခ်ိဳရည္ဆို ကြန္ကရစ္က သၾကားထက္ ပိုၾကိဳက္ပါတယ္။

ေနာက္တခုက ကြန္ကရစ္လမ္းမွာ လမ္းကြဲေနတာကို ဖာေနတယ္။ ကြန္ကရစ္က ေလာင္းျပီး အနည္းဆံုး ၁ နာရီေက်ာ္မွ ကားေတြ သြားရမယ္။ ကားေတြ ပိတ္ေတာ့မယ္။ အဲဒီလိုမ်ိဳး အခ်ိန္နည္းနည္း အတြင္းမွာ ကြန္ကရစ္ကို မာသြားေစခ်င္ရင္ အိမ္သံုးဆား (ကယ္ဆီရမ္ ကလိုရိုက္) ကို ထည့္ေမႊလိုက္ျပီး ခ်က္ခ်င္း ေလာင္းလိုက္ပါ။ မၾကာခင္ ကားေတြ ျဖတ္သြားလို႔ရမယ္။ accelerating admixture ေတြက salt base ေတြ ျဖစ္ပါတယ္။ ဒါေပမယ့္ သံေခ်ာင္းေတြ ရွိတဲ့ ကြန္ကရစ္မွာ ဆားထည့္လိုက္ရင္ ေနာက္ ႏွစ္ အနည္းငယ္အတြင္း သံေခ်ာင္းေတြမွာ သံေခ်းတက္လာႏိုင္ပါတယ္။ ေသခ်ာေပါက္ သံေခ်းတက္မယ္ မဟုတ္ေပမယ့္ ျပင္ပက ေရ ေလ တို႔နဲ႔ ထိစပ္ေနရင္ တက္မွာ ေသခ်ာပါတယ္။ ဒါေၾကာင့္ ကြန္ကရစ္ ထဲ ဆားထည့္ျပီး ခ်က္ခ်င္း မာေစတာကို သံေခ်ာင္း မပါတဲ့ ကြန္ကရစ္ လမ္း လိုမ်ိဳး ေတြမွာ သံုးသင့္တယ္။

လူၾကီး လမ္းေၾကာင္းရွိလို႔ ကြန္ကရစ္ကို အျမန္မာေစခ်င္တဲ့ အင္ယာေတြအတြက္ ကြန္ကရစ္လမ္းမွာ ဆားကို ထည့္သံုးတာ အဖိုးတန္ ေဆးျမီးတို ျဖစ္လိမ့္မယ္။ concrete properties လည္း မေျပာင္းပါဘူး။

ဒါေတြ ဘယ္သူေျပာတာလဲ ဆိုရင္ေတာ့ Concrete , 2nd edition, by Sidney Mindess, J Francis Young, David Darwin တို႔ ေရးတဲ့ စာအုပ္ စာမ်က္ႏွာ ၁၈၂ - ၁၈၇ ။ set retarding admixture , set accelerating admixture အခန္းမွာ ဖတ္ႏုိင္ပါတယ္။ ဒီစာအုပ္ကို အင္တာနက္မွာ ရွာလို႔ ရတယ္။

ဟုတ္ မဟုတ္ မယံုသူ စမ္းၾကည့္ပါေလ။ ...

( Credit to Myanmar Civil Engineer )
#credit 

Unicode

ဖျော်ပြီးကာစ မမာသေးတဲ့ ကွန်ကရစ်ထဲ သကြားနဲ့ ဆား ကို သီးခြားစီ ထည့်လိုက်ရင် ဘာတွေ ပြောင်းလဲသွားမယ် ထင်ပါသလဲ။ မြည်းတော့ မကြည့်ပါနဲ့။ လျှာကို ဘိလပ်မြေ ပေါက်သွားလိမ့်မယ်။

သကြားနဲ့ ဆားက ဆိုဒ်အင်ဂျင်နီယာတွေအတွက် အသုံးဝင်မယ့် ဆေးမြီးတိုပါ။

ဆိုဒ်ထဲကို ကွန်ကရစ်ကား ရောက်လာပြီ။ ဒါပေမယ့် formwork က မပြီးသေးဘူး။ ဒါမှမဟုတ် လောင်းနေရင်း တခုခုဖြစ်လို့ ကွန်ကရစ်ကို ကားထဲမှာ တန်းလန်း ရပ်ထားရတယ်။ မကြာခင် ကားထဲက ကွန်ကရစ်က မာတော့မယ်။ ကွန်ကရစ်ချက်ချင်း မလောင်းနိုင်သေးလို့ မာသွားမှာ စိုးရိမ်နေရတဲ့ အချိန်ရောက်လာရင် ကွန်ကရစ်ထဲ သကြား 1% by volume လောက်ကို ထည့်ပြီး မွေလိုက်ပါ။ ကွန်ကရစ် initial setting နည်းနည်း ကြာသွားမယ်။ သကြားက retarder admixture တမျိုးပါ။ ကွန်ကရစ်ရဲ့ plasticity state ကို ကြာစေပါတယ်။ side effect မရှိပါဘူး။ အချိန်တန်ရင် သူ့အတိုင်း မာသွားပါလိမ့်မယ်။ coca cola လို အချိုရည်ဆို ကွန်ကရစ်က သကြားထက် ပိုကြိုက်ပါတယ်။

နောက်တခုက ကွန်ကရစ်လမ်းမှာ လမ်းကွဲနေတာကို ဖာနေတယ်။ ကွန်ကရစ်က လောင်းပြီး အနည်းဆုံး ၁ နာရီကျော်မှ ကားတွေ သွားရမယ်။ ကားတွေ ပိတ်တော့မယ်။ အဲဒီလိုမျိုး အချိန်နည်းနည်း အတွင်းမှာ ကွန်ကရစ်ကို မာသွားစေချင်ရင် အိမ်သုံးဆား (ကယ်ဆီရမ် ကလိုရိုက်) ကို ထည့်မွှေလိုက်ပြီး ချက်ချင်း လောင်းလိုက်ပါ။ မကြာခင် ကားတွေ ဖြတ်သွားလို့ရမယ်။ accelerating admixture တွေက salt base တွေ ဖြစ်ပါတယ်။ ဒါပေမယ့် သံချောင်းတွေ ရှိတဲ့ ကွန်ကရစ်မှာ ဆားထည့်လိုက်ရင် နောက် နှစ် အနည်းငယ်အတွင်း သံချောင်းတွေမှာ သံချေးတက်လာနိုင်ပါတယ်။ သေချာပေါက် သံချေးတက်မယ် မဟုတ်ပေမယ့် ပြင်ပက ရေ လေ တို့နဲ့ ထိစပ်နေရင် တက်မှာ သေချာပါတယ်။ ဒါကြောင့် ကွန်ကရစ် ထဲ ဆားထည့်ပြီး ချက်ချင်း မာစေတာကို သံချောင်း မပါတဲ့ ကွန်ကရစ် လမ်း လိုမျိုး တွေမှာ သုံးသင့်တယ်။

လူကြီး လမ်းကြောင်းရှိလို့ ကွန်ကရစ်ကို အမြန်မာစေချင်တဲ့ အင်ယာတွေအတွက် ကွန်ကရစ်လမ်းမှာ ဆားကို ထည့်သုံးတာ အဖိုးတန် ဆေးမြီးတို ဖြစ်လိမ့်မယ်။ concrete properties လည်း မပြောင်းပါဘူး။

ဒါတွေ ဘယ်သူပြောတာလဲ ဆိုရင်တော့ Concrete , 2nd edition, by Sidney Mindess, J Francis Young, David Darwin တို့ ရေးတဲ့ စာအုပ် စာမျက်နှာ ၁၈၂ - ၁၈၇ ။ set retarding admixture , set accelerating admixture အခန်းမှာ ဖတ်နိုင်ပါတယ်။ ဒီစာအုပ်ကို အင်တာနက်မှာ ရှာလို့ ရတယ်။

ဟုတ် မဟုတ် မယုံသူ စမ်းကြည့်ပါလေ။ ...

( Credit to Myanmar Civil Engineer )
#credit

Post a Comment

0 Comments