အခုတလော hot ဖြစ်နေတဲ့ pokemon go ဆိုတဲ့ mobile game ကို Niantic CEO ဖြစ်တဲ့ John Hanke ရဲ့ SXSW presentation မှာ ဖော်ထုတ်ပြသ လိုက်ပါပြီ။
Video ထဲမှာ Hanke က Pokemon go game နဲ့ ပတ်သက်တာတွေ တင်ပြသွားတာကို တွေ့မြင် ရမှာပါ။ ဆော့တဲ့သူတွေ ဟာ အပြင်လောကမြင်ကွင်းနဲ့ ရောနှောထားတဲ့ Pokemon လေးတွေကို game ရဲ့ ဇာတ်လမ်းအတိုင်း လိုက်ဖမ်းရမှာပါ။ Japan မှာ ဒီ တစ်လက စပြီး customer တွေကို အစမ်းပေးကစားနေပါပြီ။ player တွေဟာ pokemon လေးတွေ လိုက်ဖမ်း၊ လေ့ကျင့်ပေးပြီး တခြား monster တွေ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ လိုက်ဖမ်းရာမှာ အကူပစ္စည်းဖြစ်တဲ့ (Samsaung ရဲ့ galaxy watch မျိုး) Pokemon Go Plus လို့ခေါ်တဲ့ လက်ပတ်ကို အသုံးပြုပြီး ဆော့ရမှာပါ။ ဒီ လက်ပတ်ကို smartphone တွေနဲ့ bluetooth ကို အသုံးပြုကာ ချိတ်ဆက်ထားပါတယ်။ အနီးအနားမှာ pokemon လေးတွေ ရှိတဲ့အခါ pokemon go plus လက်ပတ်က LED မီးနဲ့ မှိတ်တုတ်မှိတ်တုတ်လင်းပြီး Vibrate ဖြစ်ကာ player ကို အသိပေးပါတယ်။
Pokemon Go Game ကို ၂၀၁၆ မှာ Google playstore နဲ့ App store တွေမှာ free download ရနိုင်မယ်လို့ မှန်းထားကြပါတယ်။ game ကတော့ app in purchase ပါ။
KSA
0 Comments