% ပြည့်ရကြောင်း စမ်းသပ်ပြီး အာမခံပါသည် ။
ipad air 3G အား icloud ကျော်ပြီးပါ က 3G သုံးလို့ မရတော့ပါ Wifi သာ သုံးလို့ ရမည် ဖြစ်ပါတယ် ။
- ၁။ သင့် Ipad air ကို Hardware နည်းဖြစ် icloud ကျော်မည် ဖြစ်ပါသဖြင့် Touch မှန်ကို ခွာပြီး စက်ပြားအားထုတ်လိုက်ဖို့ လိုအပ်ပါသည်။ (မှန်ခွာရာတွင် သတိထားခွာရန်လိုအပ်ပါသည်)
- ၂။ စက်ပြားထုတ် ပြီးပါ က ပုံတွင် ပြထားသည်အတိုင်း R1506 ကို ဖြုတ်ထုတ်လိုက်ပါ။ CPU နှင့် အလွန်နီးပြီး အလွန်သေးငယ် သည့်အတွက် အပူမသုံးပဲ ဇာဂနာ နှင့် သာ ကလှော်ထုတ် လိုက်ပါ။ ထို Resistor လေးပြုတ်သွားလျှင် ရပါပြီ R1507 သည် Schematic Diagram တွင် သာပါပြီး ဘုတ်ပြားပေါ်တွင် မရှိပါ ။
- ၃။ ipad air အား ပြန်ပြီးတပ်ဆင်လိုက်ပါ။ ပြီးနောက် ပါဝါဖွင့်လိုက်ပါ။ ထိုအခါ DFU mode သို့ ရောက်ပြီး ဘာပုံမှပေါ်မည်မဟုတ်ပါ။ သို့ သော် စိုးရိမ်စရာမရှိပါ။
- ၄။ ကွန်ပြူတာနှင့်ချိတ်ဆက်ပြီး Firmware ပြန်တင်လိုက်ပါ။ firmware တင်ရာတွင် နဂိုမူလ ipad air 3G Firmware (iPad Air Cellular): iPad4,2_9.2.1_13D15_Restore.ipsw ကိုမတင်ပဲ ipad air wifi firmware (iPad Air Wi-Fi): iPad4,1_9.2.1_13D15_Restore.ipsw ကိုတင်လိုက်ပါ
- ၅။ Firmware တင်ပြီးသွားပါက icloud ကျော်သွားပြီ ဖြစ်ပါသဖြစ် မိတ်ဆွေ အသုံးပြုလို့ ရပါပြီ ခင်ဗျာ ......
Credit to Original writer : နေဒွန်းဝင်း
Copy from Myanmar Mobile User Facebook Group
0 Comments