Google Search သုံးနည်း

ဓာတ်ပုံတွေလိုချင်တာပဲဖြစ်ဖြစ် video တွေ ဒေါင်းချင်တာပဲဖြစ်ဖြစ် game တွေ program တွေ သတင်းတွေ လိုချင်တဲ့အခါ အင်တာနက်ဆိုတဲ့ နေရာမှာ ရှာကြည့်ကြပါတယ်။ ဒီလိုရှာတဲ့အခါမှာ search engine တွေ သုံးပြီး လိုက်ရှာကြပါတယ်။ လူအများစု ပြောနေကြတာကတော့ google ကနေ ရှာတယ် googling လုပ်တယ် လို့ပေါ့။ Google ဆိုတာ search engine ပါပဲ။ google လိုမျိုး search engine တွေ အများကြီး ရှိပါတယ်။ သူကျတော့ ရိုးရှင်းပြီး သုံးရလွယ်ကူတာကြောင့် လူကြိုက်များပါတယ်။ google ကို ဘယ်လိုသုံးပြီး ဘယ်လိုမျိုး ရှာကြလဲဆိုတာ ပြောပြပါမယ်။

အရင်ဦးဆုံး google search engine ခေါ်လိုက်ရင် အခုလို တက်လာတာကို တွေ့ရမှာပါ။


သူက ကိုယ် အရှာများဆုံး … ရှာဖွေခဲ့ဖူးတဲ့ စကားလုံးတွေ ….. ရှာဖွေခဲ့ဖူးတဲ့ website တွေကို မှတ်ထားပါတယ်။ အခုလို စာရိုက်ဖို့ cursor ချလိုက်တာနဲ့ အောက်မှာ ကိုယ် ရှာခဲ့ဖူးတဲ့ စကားလုံးတွေ ပြနေတာကို တွေ့ရမှာပါ။


Google မှာက စကားလုံး တစ်လုံးရေးလိုက်တာနဲ့ သူနဲ့ သက်ဆိုင်တဲ့ အရှာအများဆုံး စကားလုံးတွေကို ဖော်ပြပေးပါတယ်။ ကိုယ်ဆက်ရိုက်သွားရင် ကိုယ်ရေးလိုက်တဲ့ စာသားအလိုက် ဖော်ပြပေးနေတာတွေလဲ ပြောင်းသွားတာကို မြင်ရမှာပါ။ တကယ်လို့ အောက်က ဖော်ပြပေးထားတဲ့ စာတွေမှာ ကိုယ်လိုချင်တဲ့ စာမျိုးတွေ့ပြီဆို ရွေးပြီး search လုပ်လိုက်လို့လည်း ရပါတယ်။ ဒါမှမဟုတ် ဒီအတိုင်း ကိုယ် ဆက်ရိုက်သွားပြီး search လုပ်လိုက်လည်း ရပါတယ်။

Search လုပ်ဖို့ လိုချင်တာတွေ ရဖို့ စာရိုက်တဲ့ နေရာမှာ + လေးတွေ ခံပြီး ရိုက်လို့ရပါတယ်။ သူက keywords အလိုက် ရှာပေးပါတယ်။ ဥပမာ final fantasy 9 ဆိုတဲ့ mobile game အလကားရဖို့ ရှာမယ်ဆိုရင်

final fantasy 9 + free download

လို့ ရိုက်ထည့်လိုက်ရင် ဒီ final ဆိုတဲ့ စကားလုံး fantasy ဆိုတဲ့ စကားလုံး 9 ဆိုတဲ့ စကားလုံးတွေပါတဲ့ web page တွေ ဖော်ပြပေးပါလိမ့်မယ်။ ဒါပေမယ့် အနောက်က free download ဆိုတဲ့ စကားပါတဲ့အတွက်ကြောင့် search engine က download အလကားပေးဆွဲတဲ့ site ကို ရှာနေတယ်လို့ ယူဆပြီး final fantasy 9 ဆိုတဲ့ စကားလုံးပါတဲ့အပြင် အလကားပေးတဲ့ website တွေကို ထိပ်ဆုံးစီပြီး ဖော်ပြပေးပါတယ်။ | final fantasy 9 က ပိုက်ဆံပေး ဝယ်မှရတဲ့ mobile phone game ပါ |
 

ရိုက်ထည့်ပြီး ရှာလိုက်လို့ website တွေ အများကြီး ကျလာပါပြီ။ ဒီအခါ ဘယ်လို ရွေးမလဲ။

အရင်ဦးဆုံး ဘယ်လို ဖော်ပြလဲ ဆိုတာ ပြောပြပါမယ်။ အပြာရောင်နဲ့ ရေးထားတာက ကိုယ် ရိုက်လိုက်တဲ့ စာလုံး စကားလုံးတွေနဲ့ သက်ဆိုင်တဲ့ ပါဝင်တဲ့ ခေါင်းစဉ်ပါ။ သူ့အောက်က အစိမ်းရောင်နဲ့ စာသားကတော့ အဲ့ ခေါင်းစဉ်ရဲ့ web page လိပ်စာ ( web page address) ပါ။ သူ့အောက်မှာ Date နဲ့ စာသားတွေ ရေးထားတာ တွေ့ရပါလိမ့်မယ်။ အဲ့စာသားတွေက ဒီ web page မှာရှိနေတဲ့ စာသားတွေပါ။ ဒီစာသားတွေက ကိုယ် ရိုက်ထည့်လိုက်တဲ့ စာသားတွေနဲ့ တူပါတယ်။ တစ်ခါတစ်လေ အဲဒီ စာသားတွေမှာ စာလုံး အမည်းကြီး တစ်လုံးတစ်လေ ပြတာကို တွေ့ရပါလိမ့်မယ်။ အဲ့ စာလုံးအမည်းကြီးတွေက ကိုယ်ရိုက်ထည့်ပြီး ရှာတဲ့ စကားလုံးနဲ့ တူကြောင်း ပြနေတာပါ။





အောက်ဆုံးနေရာမှာ Next ကို နှိပ်လိုက်ရင် နောက်တစ်မျက်နှာမှာ ဒီလိုပဲ ကိုယ်ရိုက်တဲ့ စာသား စကားလုံး တွေပါဝင်တဲ့ web page တွေ ဖော်ပြပေးထားတာကို တွေ့ရမှာပါ။ ဆက်တိုက် ကြည့်သွားလို့ရပါတယ်။ အရှေ့ဆုံး စာမျက်နှာမှာ လူရှာ အများဆုံး web page တွေ အရင်ဆုံး ဖော်ပြပေးထားတာပါ။ တစ်ခါတစ်လေ ရှာလို့မရတဲ့အခါ နောက် ၃ ၄ မျက်နှာလောက်မှာ ရှိနေတဲ့ web page မှာ ရှာလို့ ရသွားတတ်ပါတယ်။ ဒါကြောင့် ရှာတဲ့အခါ အနောက်မျက်နှာစာတွေကိုလည်း ဆက်ကြည့်ဖို့ မမေ့ပါနှင့်။

အောက်ဆုံးမှာ Next > ဆိုတာ ကိုနှိပ်လိုက်ရင် နောက်တစ်မျက်နှာ ရောက်သွားမှာပါ။


ကိုယ်လိုချင်တာတွေတော့ တွေ့နေပါပြီ။ ဘယ်လိုကြည့်ပြီး ဘာကို ရွေးရမလဲ။

လိုချင်ဇောနဲ့ အရမ်းရွေးလို့လည်း မရဘူး။ တချို့ web page တွေက အတုတွေရှိတယ်။ google search က ရှိရှိသမျှ website တွေ အကုန် ဖော်ပြပေးပါတယ်။ သူက virus ရှိမရှိ အတု တွေ ရှိမရှိ ထည့် မတွက်ဘူး။ ဒါကြောင့် ရှာတဲ့ ကိုယ်က သေချာရွေးရမှာပါ။ အဓိကက အစိမ်းရောင်စာသား website address ကို ကြည့်ရပါမယ်။ ဘယ် website က စိတ်အချရဆုံးလည်း ဆိုတာလည်း နည်းနည်း သိထားဖို့လိုအပ်ပါတယ်။ ဒါကတော့ ရှာရင်းနဲ့ သိလာမှာပါ။ တစ်ခါရှာရင် ကိုယ် ဘယ် website တွေ ဝင်ကြည့်ဖူးလဲ။ ဘယ်က ဘယ်လိုတွေ ပြလဲ ဆိုတာ မှတ်ထားပါ။

တစ်ချို့ website တွေက bot စက်ရုပ်တွေ ရေးထားတာ …. ပြောရရင် ကွန်ပျုတာ program က ရေးဆွဲထားတဲ့ website တွေ ဖြစ်နေတတ်ပါတယ်။ ဒီလို site မျိုးထဲ ဝင်ရင် ဘာမှ တွေ့ရမှာ မဟုတ်ပါဘူး။

တစ်ချို့ကျတော့ website မဟုတ်ဘူး။ နှိပ်လိုက်ရင် PDF စာအုပ်တွေ ဒေါင်းလုပ်ကျလာတယ်။

တစ်ချို့ website တွေဆို ဝင်သွားပါတယ်။ ဒါပေမယ့် webpage က မပေါ်ပဲ loading တွေ ဆက်တိုက်ဖြစ်ပြီး နောက်ဆုံး ဘာမှ မပြတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဆို အပေါ်က address ဘားကို ကြည့်ကြည့်ပါ။ loading တစ်ခါ လုပ်တိုင်း address တစ်မျိုးပြောင်းနေတာကို တွေ့ရပါလိမ့်မယ်။ ဒီလိုမျိုး တစ်မျိုးပြီး တစ်မျိုးပြောင်းနေပြီဆို သတိထားပါ။ virus ဒါမှမဟုတ် survey ဖြစ်နေတတ်ပါတယ်။
တစ်ခါတစ်လေဆို “သင့် ဖုန်း virus ဝင်နေပြီး အခု ဖော်ပြထားတာကို download အမြန်ဆွဲပြီး သွင်းလိုက်ပါ။” တို့ “သင့်ဖုန်းက storage မှာ အမှိုက်တွေ ပြည့်နေပြီး အခု ဖော်ပြထားတဲ့ program ကို download လုပ် install လုပ်ပြီး ရှင်းလင်းလိုက်ပါ။” တို့ ပြတတ်ပါတယ်။ ဒီလိုမျိုး တွေ့ရင် ဘာမှမလုပ်ပဲ ထွက်လိုက်ပါ။ ဒါမှမဟုတ် ပိတ်ပြီး အသစ်တစ်ခု ပြန်ဖွင့်ပါ။ အဲ့ဒါ virus ဒါမှမဟုတ် maleware ဖြစ်နေတတ်လို့ပါ။

Google မှာ ရှာတဲ့အခါ စာသား အပြည့်အစုံ ရိုက်ထည့်ပြီး ရှာလို့လည်း ရပါတယ်။ တစ်ဝက်တစ်ပျက်လည်း google က ရှာနိုင်ပါတယ်။ စာသား မှားရင်လည်း မပူပါနဲ့။ web page တွေ ဖော်ပြရင်း google က အမှန်တွေ ပြပါလိမ့်မယ်။ google က စကားလုံးအပေါ်မူတည်ပြီး website တွေ ဖော်ပြပေးတာကြောင့် ကိုယ်လိုချင်တာကို အမျိုးမျိုး လှည့်ပတ် ရိုက်ထည့်ပြီး ရှာလို့ရပါတယ်။ ကိုယ်ရိုက်ထည့်လိုက်တဲ့အတိုင်း google က ရှာပေးတာကြောင့် စကားလုံး တစ်မျိုး ပြောင်းရှာတိုင်း ဖော်ပြတဲ့ website တွေ မတူတာကို တွေ့ရမှာပါ။ ဥပမာ final fantasy 9 + free download နဲ့ final fantasy 9 + download free က အဓိပ္ပာယ်တူပေမယ့် ဖော်ပြပေးတဲ့ website တွေ အပေါ်ဆုံး တစ်ခု ၂ ခုတော့ တူပေမယ့် အောက်ပိုင်းတွေမှာ ကွဲပြားသွားတာကို မြင်ရမှာပါ။

ဖုန်းမှာက အကုန်လုံး အတိုချုံး ပြရတဲ့အတွက် website address တွေက အပြည့်ပြလေ့ မရှိပါဘူး။ computer မှာဆို အပြည့်ပြပါတယ်။ ဒီ address ကို သေချာ ကြည့်ရပါမယ်။ https:// ခံထားတာမျိုးဆို စိတ်ချရပါတယ်။ မခံထားရင်တော့ သတိထား ဝင်ကြည့်ရပါမယ်။ ကိုယ် တစ်ခုခု မသင်္ကာဘူးဆိုရင် ထွက်ပစ်လိုက်ပါ။ တစ်ခြား website မှာ ရှာကြည့်ပါ။




တစ်ချို့ website တွေဆို ဝင်လိုက်တာနဲ့ သူပြထားတာကို ကြည့်ချင်ရင် အဖွဲ့ဝင်ပါ လို့ ပြထားတဲ့ box တက်လာပါတယ်။ အဲ့လိုမျိုးဆို တစ်ချို့ကျတော့ အမှန်တကယ်ပါ။ တချို့ကျတော့ အလိမ်တွေ ဖြစ်နေတတ်ပါတယ်။ ကိုယ့် email လိပ်စာထည့်မိပြီး ဝင်ကြည့်ပေမယ့် ဘာမှ မတွေ့ရင် အလိမ်နဲ့ တိုးသွားရင်တော့ ကိုယ့် email တစ်ခုလုံး ဖောက်ခံထိတော့မယ် ဆိုတာ သေချာနေပါပြီ။

Website တစ်ခုမှာ download ဆွဲမယ့် စာသားတွေ့နေပါပြီ။ ဒါပေမယ့် ဘယ်တစ်ခုက အစစ် မှန်း မသိဘူး ဖြစ်နေတယ်။

ဒီလိုဆိုရင်တော့ တကယ့် download အစစ်က ကိုယ် ရှာနေတဲ့ file ရဲ့ စာသား နံဘေး ဒါမှမဟုတ် advertisement download ရဲ့ အောက် တစ်ခုကျော် ၂ ခုကျော်မှာ ရှိနေတတ်ပါတယ်။ ကွန်ပျူတာနဲ့ဆိုရင် download ဆိုတဲ့ button လေးကို မြှားထောက်ကြည့်လိုက်ရင် ဘယ်ဘက်ထောင့်နေရာမှာ address ပြပါတယ်။ ဒီ address ကို ကြည့်ပြီး ဘယ်ဟာ အတု အစစ်ဆို ခွဲခြားလို့ ရပါတယ်။ ဖုန်းမှာဆိုရင် ဘယ်ဟာ အတု ဘယ်အစစ်လဲဆို ကိုယ် download လုပ်ဖူးတဲ့ အတွေ့အကြုံကပဲ ပြောပြပါလိမ့်မယ်။

အနီရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာကို ကြည့်ပါ။ အဲ့ဒါ download ရဲ့ address ပါပဲ။

တစ်ချို့ကျတော့ download အစစ်ကတော့ တွေ့ပါပြီ။ ဝင်လိုက်တာနဲ့ survey ကြီးနဲ့ တိုးပါလေရော။ survey ဆိုတာ ပုံတွေပြပြီး ဘယ်ဟာ အစစ်အမှန်လဲ ဒီဟာတွေထဲက သင့်မှာ ဘာရှိတတ်လဲ ဘာတို့ ညာတို့ …. ပြောရရင် လူတိုင်း ဖြေမတတ်တဲ့ မေးခွန်းတွေ တစ်သီကြီး မေးထားတာကို ဆိုလိုတာပါ။ တစ်ခု ဖြေလို့ မှန်ရင် နောက်တစ်ခုမေး နဲ့ မပြီးနိုင်အောင် မေးပါတယ်။ တကယ်ဆို ကိုယ်လိုချင်တာက အဲ့ဒီနေရာမှာ ရှိကို မရှိတာပါ။ ကိုယ်ကသာ ခေါင်းမူးအောင် ဖြေလိုက်ရပေမယ့် အဲ့ website ကတော့ ဝင်ကြည့်တဲ့ view count နဲ့ ပိုက်ဆံ အများကြီး ရသွားပါလိမ့်မယ်။

Google search ဘားရဲ့ အောက်မှာ All, IMAGES, SHOPPING, VIDEO စသဖြင့် စာသားတွေ တွေ တွေ့ပါလိမ့်မယ်။ အဲဒါလေးတွေ နှိပ်ပြီး ကိုယ်ရှာချင်တဲ့ အမျိုးအစားကို ချုံ့ပြီး ရှာလို့ရပါတယ်။ IMAGE ဆိုရင် ကိုယ်ရှာတာနဲ့ သက်ဆိုင်တဲ့ ပုံတွေ အများကြီး တွေ့ရပါလိမ့်မယ်။ VIDEO ဆိုလည်း ထိုနည်းလည်းကောင်းပါပဲ။


ဝင်ကြည့်ပြီးတဲ့ link တွေဆို ခရမ်းရောင်နဲ့ ပြပါတယ်။ သေချာကြည့်ရင် တွေ့ပါလိမ့်မယ်။ computer မှာဆို အပြာရောင်စာသားအောက်က link ကို အပြည့် ပြပါတယ်။


internet ဆိုတာက အတုရော အစစ်ရော ရှိတဲ့အပြင် ရှိသမျှအရာတွေ အကုန် ရှာလို့ရပါတယ်။ ပိုက်ဆံပေးဝယ်ရတဲ့ program တွေကို internet မှာ ရှာတတ်ရင် အလကား ရနိုင်ပါတယ်။ ရှာတတ်ရင် ရွှေပါပဲ။ အတုရော အစစ်ပါ ရှိတဲ့အတွက် အန္တရာယ်ရှိတာတွေ ရှောင်ရှားနိုင်ဖို့ လိုအပ်ပါတယ်။ အလကားရတာတွေ download ဆွဲရင်း virus တွေ ဝင်သွားရင်တော့ ဒုက္ခများရပါပြီ။ တစ်ချို့ program တွေဆို install လုပ်လိုက်တာနဲ့ ရှိရှိသမျှ ကိုယ့် computer ထဲက ဟာတွေ အကုန်မွှေနှောက်ရှာပြီး ယူသွားပါလိမ့်မယ်။ ကိုယ်ကတော့ ဘာမှ မသိပဲ ကျန်ရစ်ပါလိမ့်မယ်။ ဒီလိုမျိုး အန္တရာယ်ကိုလည်း ရှောင်ရှားတတ်ရပါမယ်။

ရှာတဲ့အခါ လောဘမကြီးဖို့  .... အလောသုံးဆယ် မဖြစ်ဖို့ ...... နောက်ပြီး တစ်ခုတွေ့သော်လည်း နောက် ၃ ၄ ခု ထပ်ရှာကာ အားလုံး နှိုင်းယှဉ်ပြီး ဖြစ်နိုင်ချေ ရှိမရှိ စမ်းစစ်တတ်ဖို့ လိုအပ်ပါတယ်။ google search လုပ်ရင် တစ်မျက်နှာတည်း ကြည့်ရုံနဲ့ မပြီးသေးပါဘူး။ နောက် စာမျက်နှာတွေမှာလည်း ရှိသေးတယ်ဆိုတာ သတိရပါ။ အရေးကြီးဆုံးက address ကို ကြည့်တတ်ဖို့ပါပဲ။ address ကြည့်တတ်ပြီး website တွေ ဝင်တဲ့အခါ ဖြစ်လာတဲ့ အခြေအနေတွေ ကြည့်ပြီး ရှောင်ရှားသင့်တာ ရှောင်ရှားနိုင်ရင် အန္တရာယ်ကင်းကင်းနဲ့ ကိုယ်လိုချင်တာ ရှာလို့ရလာနိုင်မှာပါ။

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

KSA

Post a Comment

0 Comments