လှုပ်ရှားနေတဲ့ ဓာတ်ပုံ (Gif image) တွေကို ဘယ်လို လုပ်ကြမလဲ

      အခုက facebook က gif image တွေ တင်ခွင့်ပြုလိုက်ပြီဆိုတော့ ဘယ်လိုလုပ်လဲ သိချင်လာကြမှာပါ။ ပျော်စရာပဲဖြစ်ဖြစ် ရိုးရိုးဓာတ်ပုံတွေထက်စာရင် ဒီလှုပ်ရှားနေတဲ့ ဓာတ်ပုံတွေက အမြင်ဆန်းသစ်စေမှာပါ။

      Gif image တွေကို ရိုးရိုးဓာတ်ပုံနဲ့လဲ ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် ဓာတ်ပုံက တစ်ပုံတည်းနဲ့မရပါ။ 0.01 second စီခြားပြီး ရိုက်ထားတဲ့ ဓာတ်ပုံ အနည်းဆုံး ပုံ10 ပုံလောက်ရှိမှ ပြုလုပ်လို့ရမှာပါ။ ဒီလို ပုံအတွဲလိုက် ရဖို့ဆိုရင် camera မှာပါတဲ့ burst mode နဲ့ ရိုက်မှရပါမယ်။ burst mode က ပုံတွေအများကြီး ဆက်တိုက် (တစ်ပုံနဲ့ တစ်ပုံကြား အချိန် 0.01 စက္ကန့်လောက်ပဲ ခြားပြီး) ရိုက်သွားတဲ့ mode ပါ။

      အရင်တုန်းက ဖုန်းတွေမှာတော့ မပါပါ။ ဥပမာ samsung galaxy s2 တို့။ စိတ်မပူပါနဲ့။ အဲ့ဒီ mode မျိုး ဖုန်းတွေမှာလဲ ရှိလာပါပြီ။ မပါတဲ့ ဖုန်းတွေမှာလဲ burst mode နဲ့ရိုက်ပေးတဲ့ camera application တွေ ရှိပါတယ်။ High-Speed camera ဆိုတဲ့ app က free ရပါတယ်။ သူ့မှာ Burst mode အပြင် burst mode နဲ့ ရိုက်ထားတဲ့ ပုံတွေကို လှုပ်ရှားဓာတ်ပုံ (GIF Image) ဖြစ်အောင် လုပ်ပေးတဲ့ function တွေပါပါလို့ သုံးရသူတွေအတွက် အဆင်ပြေစေမှာပါ။ နောက်တစ်ခုက Fast Burst camera Lite ဆိုတဲ့ app ပါ။ သူလဲ free ပါပဲ။ သူကျတော့ free version မှာ burst mode ပါပေမယ့် 4$ ထပ်ပေးရင် zomm တို့ shutter sound တွေ ပိတ်ရတာတို့ focus ချိန်ရတာတို့လို funtion အများကြီးအသုံးပြုရမှာပါ။

      Online photo hosting site တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီ online photo hosting site တွေက ရိုးရိုး cloud storage တွေနဲ့ မတူပါဘူး။ အဲ site တွေက photo တစ်မျိုးပဲ ပေးတင်ပါတယ်။ ဒါပေမယ့် photo နဲ့ ပတ်သက်ပြီး လုပ်ခွင့်တွေ တပြုံကြီးပေးထားပါတယ်။ Photoshop လိုမျိုး ဓာတ်ပုံပြင်တာ အပြင် gif maker တွေလဲ ရပါတယ်။ ထူးခြားဆန်းပြားတဲ့ ဓာတ်ပုံ ဘောင်တွေလဲ ပေးပါတယ်။ ဓာတ်ပုံ share လုပ်ဖို့လဲ လွယ်ပါတယ်။ တစ်လတစ်ခါ ဓာတ်ပုံပြိုင်ပွဲလဲ ရှိတတ်ပါသေးတယ်။ ဆုရရင် ဒေါ်လာတွေပေးပါတယ်။ စသဖြင့် photo နဲ့ ပတ်သက်တာတွေ အစုံစုံရပါတယ်။ အခု ကျနော်က photobucket ဆိုတဲ့ photo hosting site တစ်ခုနဲ့ လုပ်ပြထားပါတယ်။ photobucket အပြင် တခြား site တွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့

  • Deviant Art 
  • Postimage
  • Flickr
  • Imgur
  • Pinterest
  • TinyPic
  • Image Shack 
တို့ပါပဲ။ ကိုယ်ကြိုက်တာ ရွေးပြီးသုံးလို့ရပါတယ်။ အားလုံးက gif maker တွေ ရှိကြပါတယ်။


      Gif image လုပ်မယ်ဆိုရင် အရင်ဦးဆုံး Camera ထဲ ဝင်လိုက်ရင် ညာဘက် ဒေါင့်နားက ခွေးသွားစိတ်ပုံလေးကို နှိပ်လိုက်ရင် ပုံမှာ ပြထားတဲ့အတိုင်း burst shot ကို တွေ့ရမှာပါ။ On ထားရပါမယ်။


ပြီးရင် camera ပုံ (ခါတိုင်း ဓာတ်ပုံရိုက်ရင် နှိပ်နေကျ) ကို ဆက်တိုက်နှိပ်ထားရင် ပုံထဲကအတိုင်း အဆက်မပြတ် တစ်ချတ်ချတ်နဲ့ ရိုက်သွားတာကို တွေ့ရမှာပါ။ အနည်းဆုံး ပုံ ၁၀ ပုံ လောက် ထွက်လာပါမယ်။


အနီအဝိုင်းနဲ့ ပြထားသလို ပုံထောင့်မှာ ဒီလို သင်္ကေတ ပြထားတဲ့ပုံမျိုးမြင်ရရင်တော့ အဲ့ဒါ burst mode နဲ့ရိုက်လိုက်တဲ့ ပုံတွဲတွေပါပဲ။ အဲ့ဒါဆို Gif image လုပ်လို့ရပါပြီ။


ဖွင့်လိုက်ရင်တော့ ဒီလိုလေး မြင်ရမှာပါ။

Gif image တွေကို computer မှာ video converter program တွေနဲ့လဲ လုပ်လို့ရပါတယ်။ ဒါပေမယ့် online gif maker တွေနဲ့ လုပ်ရင် ပိုမြန်ပါတယ်။ အခု online gif maker ပါတဲ့ cloud storage တစ်ခုလဲ ဖြစ်တဲ့ photobucket ဆိုတဲ့ photo hosting site တစ်ခုနဲ့ လုပ်ပြပါ့မယ်။


Photobucket က android နဲ့ ios တွေအတွက်လဲ app ထွက်တယ်။ ကျနော်က photobucket မှာ account လုပ်ပြီး သုံးနေပြီးသားမို့လို့ ဖုန်းမှာ ဒီလို မြင်နေရတာပါ။ မြင်တဲ့အတိုင်း အောက်ကပုံတွေက ကျနော် တင်ထားတဲ့ ပုံတွေပါ။ အဲ့ဒီမှာ GIF Maker ကို တွေ့တယ်မလား။ အဲဒါကနေ လုပ်ရတာပါ။ ကျနော် တဆင့်ချင်း ပြပါ့မယ်။ ပထမဦးဆုံး GIF maker နှိပ်လိုက်ရင်


ဒီလိုလေး မြင်ရမှာပါ။ ဒီမှာ Photobucket နဲ့ Gallery ဆိုတာ ၂ မျိုး တွေ့ရပါမယ်။ Photobucket ထဲဝင်ရင် ဒီ photobucket မှာ ကိုယ်တင်ထားတဲ့ ပုံတွေထဲကနဲ့ Gif image ပြုလုပ်ရမှာပါ။ Gallery ထဲဝင်ရင်တော့ ကိုယ့်ဖုန်းထဲမှာရှိတဲ့ photo တွေနဲ့ gif image လုပ်ရမှာပါ။ online ပေါ်တင်ပြီးမှ gif လုပ်ရင်လဲ ရပါတယ်။ gallery ထဲက တိုက်ရိုက် လုပ်ရင်လဲ ရပါတယ်။ အဲဒါတော့ ကိုယ့်သဘောပါ။ ကျနော်ကတော့ online ပေါ်တင်ပြီးမှ လုပ်ရင် phone bill ပိုကုန်လို့ gallery ထဲကနေပဲ gif image ကို လုပ်ပါမယ်။



Fetching gallery media လုပ်ပြီးရင် ကိုယ့်ဖုန်းထဲမှာရှိတဲ့ လတ်တလော ရိုက်ထားတဲ့ပုံတွေ မြင်ရပါပြီ။



Gif image ပြောင်းချင်တဲ့ ပုံအကုန်လုံးကို အမှန်ခြစ်လိုက်ပါမယ်။ ပြီးရင် ညာဘက် အပေါ်ထောင့်နားက ညာဘက်ထိုးနေတဲ့ မြှားလေးကို နှိပ်လိုက်ပါမယ်။


နှိပ်ပြီးရင် ကိုယ်ရွေးထားတဲ့ ပုံတွေ အကုန်လုံးစုပြီး လှုပ်ရှားနေတဲ့ ပုံ ပြင်ဆင်တဲ့ နေရာကို ရောက်သွားပါပြီ။ ဒီမှာ အလယ်က 13.0fps ဆိုတာက ပုံကို အမြန်ရွှေ့လျားစေမလား နှေးနှေးနဲ့ တစ်ပုံခြင်းစီ သွားစေမလားဆိုတာ ချိန်ညှိ ပေးတဲ့ အရာဖြစ်ပါတယ်။ fps များရင် ပုံလှုပ်ရှားတာ မြန်လာပါမယ်။ နည်းရင် နှေးပါမယ်။ သူ့နံဘေးနားက မြှားကွေးကတော့ ပုံကို 1234 အတိုင်း လှုပ်ရှားစေမလား ဒါမှမဟုတ် 4321 အတိုင်း လှုပ်ရှားစေမှာလားဆိုတာ ရွေးရတာပါ။ တချက်နှိပ်ရင် တစ်မျိုးပြောင်းပါတယ်။


   အကုန်လုံး စိတ်ကြိုက်ပြင်ပြီးလို့ save နှိပ်လိုက်ရင် ပုံမှာပြထားတဲ့အတိုင်း ပေါ်လာမှာပါ။ ကိုယ်လုပ်လိုက်တဲ့ gif image က ကိုယ့် online gallery ထဲဝင်သွားပါတယ်။ ကိုယ့်ဖုန်းထဲက gallery ထဲမှာလဲဝင်သွားပါတယ်။ ပုံညာဘက်ထောင့်နားက share ပုံလေးကို နှိပ်ပြီး ကိုယ့်သူငယ်ချင်းတွေနဲ့အတူ share လုပ်လို့ရပါပြီ။


ဒါကတော့ ကွန်ပျူတာမှာ gif image လုပ်လို့ရကြောင်း ပြတာပါ။ Xilosoft video converter အပြင် တခြား video converter တွေနဲ့လဲ လုပ်လို့ရပါတယ်။ online gif converter လောက် သိပ်မချောမွေ့ဘူး။ converter နဲ့ ပြောင်းရင်တော့ အသေးစိတ် လိုက်ညှိပေးရပါတယ်။ capture interval တို့ duration တို့ ညှိပေးရမှာပါ။

Computer မှာ သုံးရတဲ့ (online မလိုသော) Gif ပြုလုပ်တဲ့ program ပါ။ ဒီ site မှာ ဝင်ယူပါ။ => http://www.soft-ddl.net/2012/11/blumentals-easy-gif-animator-prov53.html

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

KSA

Post a Comment

0 Comments